သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ ညဖက္ဖမ္းဆီးႏွိမ္နင္းမႈေတြနဲ႔ ပစ္ခတ္မႈေတြ ဆက္လက္ျဖစ္ပြား


ကမာရြတ္ လွည္းတန္းက ညဖက္ဆႏၵျပပဲြ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကို အၾကမ္းဖက္ႏွိမ္နင္းမႈေတြ မလုပ္ဖို႔ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာက ဝိုင္းဝန္း ေတာင္းဆိုေနတဲ့ ၾကားကပဲ ေသာၾကာေန႔ညတုန္းက ရန္ကုန္တိုင္း ျမဳိ႕နယ္တခ်ဳိ႕မွာ စစ္တပ္နဲ႔ရဲတပ္ဖဲြ႕ဝင္ေတြက ေနအိမ္ထဲက ျပည္သူတခ်ဳိ႕ကို ပစ္ခတ္ရင္း ဝင္ေရာက္ဖမ္းဆီး ႐ိုက္ႏွက္တာေတြ ရွိခဲ့တဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ဖိႏွိပ္မႈေတြ ရွိေနတဲ့ၾကားကပဲ ရန္ကုန္ျမဳိ႕နယ္တခ်ဳိ႕မွာ ျမဳိ႕ခံေတြက ညဘက္ဆႏၵျပပဲြေတြ ဆက္လက္ ဆင္ႏႊဲေနတာပါ။

(.... ဒီမိုကေရစီရရွိေရး .. ဒို႔အေရး ဒို႔အေရး ၊ စစ္အာဏာရွင္စနစ္ က်ဆုံးေရး .. ဒို႔အေရး ဒို႔အေရး ၊ အေရးေတာ္ပုံ ... ေအာင္ရမည္ ေအာင္ရမည္ )

သာေကတ ၊ လႈိင္ ၊ မဂၤလာေတာင္ၫြန္႔၊ တာေမြျမဳိ႕နယ္ေတြမွာ ည ၈ နာရီဝန္းက်င္ သံပုံးတီးဆန္႔က်င္ဆႏၵျပမႈေတြနဲ႔အတူ လမ္းေပၚထြက္ဆႏၵျပၾကတာပါ။ ကမာရြတ္ လွည္းတန္းလမ္းမွာေတာ့ လူအုပ္စုႀကီးဟာ ဖေရာင္းတိုင္ကိုယ္စီ ထြန္းညႇိကိုင္ေဆာင္ရင္း လမ္းမကိုပိတ္ထိုင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

မဂၤလာေတာင္ၫြန္႔ျမဳိ႕နယ္မွာ မတ္လ(၁၂)ရက္ ေသာၾကာညပိုင္း စစ္သားနဲ႔ရဲေတြက ဆႏၵျပသူေတြကို အၾကမ္းဖက္ျဖဳိခဲြ ဖမ္းဆီးေနတာကို ၾကဳံရေၾကာင္း မဂၤလာေတာင္ၫြန္႔ ျမဳိ႕ခံ အမ်ဳိးသမီးတဦးက VOA ကိုေျပာပါတယ္။

" မဂၤလာေတာင္ၫြန္႔မွာ အခု နာရီဝက္ေလာက္ရွိၿပီ ။ ရဲေတြ ဝင္ၿပီးေတာ့ ေသနတ္ေတြနဲ႔ အေသပစ္ၿပီးေတာ့ ၊ ရပ္ကြက္ထဲ ဆႏၵျပသူေတြကို လိုက္ၿပီးႏွိမ္နင္းေနတာ လူတေယာက္ ထိသြားတယ္လို႔ေတာ့ ေျပာတယ္။ အခုထက္ထိ ေသနတ္ကို ဆက္တိုက္ျဖစ္ေနတယ္။ "

ေသာၾကာေန႔ ညနက္ပိုင္း သာေကတျမဳိ႕နယ္ သုမနလမ္းထဲက အိမ္တအိမ္ကို ရဲေတြ ဝင္ေရာက္ၿပီး တအိမ္ထဲကပဲ လူငယ္(၃)ဦးကို လမ္းမေပၚ ေခၚထုတ္ၿပီး ဝိုင္းဝန္း႐ိုက္ႏွက္ေနတဲ့ ေဖ့စ္ဘြတ္ခ္ေပၚက Live လႊင့္တဲ့ ဗီဒီယိုမွာ ျမင္ေနရပါတယ္။

( ... ဟာ ေသြးေတြထြက္ကုန္ၿပီ ၊ .. ဘာလို႔ ႐ိုက္ေနတာလဲ ကြာ... )

သာေကတမွာ အနည္းဆုံး လူငယ္(၄)ဦးကို ဖမ္းဆီးသြားၿပီးေနာက္ ည(၁၂)နာရီေက်ာ္ (၁)နာရီအခ်ိန္မွာ သာေကတ အမွတ္(၁)ရဲစခန္းကို ျမဳိ႕ခံျပည္သူေတြက သြားဝိုင္းခဲ့ၾကၿပီး ရဲစခန္းထဲက ပစ္ခတ္သံေတြ ေပၚလာၿပီးေနာက္ ညနက္ပိုင္းမွာလူစဲြခဲြလိုက္ၾကတဲ့ ဗီဒီယိုကိုလည္း ျမင္ေတြ႕ရပါတယ္။

" သာေကတမွာ ေလာေလာဆယ္ ရဲစခန္းကို ဝိုင္းေနပါတယ္။ က်ေနာ္တို႔လူ ၄ ေယာက္ကို ေခၚသြားလို႔ပါ။ .... ေလာေလာဆယ္ ပစ္ေနပါၿပီ အသံဗုံး မဟုတ္ပါဘူး။ လုံးဝ ပစ္ေနတာပါ။ အေပၚေထာင္ပစ္တာလည္း ျဖစ္ႏိုင္ပါတယ္။ ခုထိ ဘယ္သူမွ မထိေသးပါဘူး။ ရဲစခန္းကို အားလုံးဝိုင္းၿပီး သမဖို႔ လုပ္ေနခ်ိန္မွာပဲ ရဲစခန္းက က်ေနာ္တို႔ကို အသံဗုံးေတြ ေသနတ္ေတြနဲ႔ လွမ္းပစ္ေနပါတယ္။ က်ေနာ္တို႔ဖက္ကလည္း အေျခအေနၾကည့္ၿပီး ေရွ႕တက္ဖို႔ လုပ္ေနပါတယ္။ သာေကတရဲစခန္းကို ဝိုင္းေနတာပါ။ သာေကတကလူေတြ ထြက္လာပါတယ္။ အခုေလာေလာဆယ္ လူအင္အားစုၿပီး ေသနတ္ကို ေရွာင္ဖို႔ လုပ္ေနပါတယ္။ .... "

စစ္တပ္နဲ႔ရဲ တပ္ဖဲြ႕ေတြဟာ ညအခ်ိန္ေရာက္လာၿပီဆိုတာနဲ႔ ရပ္ကြက္ေတြထဲဝင္ၿပီး ေန႔ခင္းဖက္ဆႏၵျပသူေတြ ၊ NLD ပါတီဝင္ေတြနဲ႔ CDM လႈပ္ရွားမႈထဲ ပါဝင္သူေတြကို ေနအိမ္ေတြထဲ ဝင္ဆဲြၿပီး လိုက္လံဖမ္းဆီးေနတယ္လို႔ ျမဳိ႕ခံေတြက ေျပာပါတယ္။

အထူးသျဖင့္ NLD ပါတီဝင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဒီရက္ပိုင္းမွာ ပိုက္စိပ္တိုက္ လိုက္လံရွာေဖြ ဖမ္းဆီးေနတယ္လို႔ အမည္မေဖၚလိုသူ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ NLD လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ေျပာပါတယ္။

" အခု လႈိင္မွာ ဝင္ေမႊေနတယ္။ လႈိင္ျမဳိ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လိုက္ဖမ္းေနတယ္။ ကိုေက်ာ္ေက်ာ္ထြနး္ကိုလည္း ရွာေနတယ္ ၊ အခု မခိုင္မာေဌး အိမ္ေရွ႕မွာ တေယာက္မွ မိမသြားဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေရွာင္ေနရတယ္။ အခါတိုင္းေန႔ဆိုရင္ သပိတ္ေခါင္းေဆာင္ေတြပဲ လိုက္ဆဲြတာ။ အခုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လိုက္ဆဲြၿပီ။ ဒီေန႔ကစေတာ့ လႈိင္မွာ စဆဲြတာ။ အကုန္လုံးကေတာ့ လြတ္ရာကို ေရွာင္ေနရတယ္။ "

ေဖေဖၚဝါရီ(၁)ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး စစ္တပ္နဲ႔ရဲရဲ႕ ပစ္ခတ္မႈေတြေၾကာင့္ လမ္းေပၚက ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြ အပါအဝင္ လုံျခဳံေရးတပ္ဖြဲ႔ရဲ႕ဖမ္းဆီး ထိမ္းသိမ္းမႈအတြင္း ဒီကေန႔အခ်ိန္ထိ ေသဆုံးခဲ့သူ (၈၀)ထက္မနည္း ရွိသြားၿပီျဖစ္ၿပီး ၊ အဖမ္းဆီးခံရသူေပါင္း (၂၁၀၀)ရွိရာက တခ်ဳိ႕ကို ျပန္လႊတ္ေပးခဲ့တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ မွတ္တမ္းမွာ ေဖၚျပထားပါတယ္။

[ Unicode ]

yangon hle-dan
yangon hle-dan

ရန်ကုန်မှာ ညဖက်ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်း တောင်းဆိုနေတဲ့ ကြားကပဲ သောကြာနေ့ညတုန်းက ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲက ပြည်သူတချို့ကို ပစ်ခတ်ရင်း ဝင်ရောက်ဖမ်းဆီး ရိုက်နှက်တာတွေ ရှိခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားကပဲ ရန်ကုန်မြို့နယ်တချို့မှာ မြို့ခံတွေက ညဘက်ဆန္ဒပြပွဲတွေ ဆက်လက် ဆင်နွှဲနေတာပါ။

(.... ဒီမိုကရေစီရရှိရေး .. ဒို့အရေး ဒို့အရေး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး .. ဒို့အရေး ဒို့အရေး ၊ အရေးတော်ပုံ ... အောင်ရမည် အောင်ရမည် )

သာကေတ ၊ လှိုင် ၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်တွေမှာ ည ၈ နာရီဝန်းကျင် သံပုံးတီးဆန့်ကျင်ဆန္ဒပြမှုတွေနဲ့အတူ လမ်းပေါ်ထွက်ဆန္ဒပြကြတာပါ။ ကမာရွတ် လှည်းတန်းလမ်းမှာတော့ လူအုပ်စုကြီးဟာ ဖရောင်းတိုင်ကိုယ်စီ ထွန်းညှိကိုင်ဆောင်ရင်း လမ်းမကိုပိတ်ထိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မတ်လ(၁၂)ရက် သောကြာညပိုင်း စစ်သားနဲ့ရဲတွေက ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးနေတာကို ကြုံရကြောင်း မင်္ဂလာတောင်ညွန့် မြို့ခံ အမျိုးသမီးတဦးက VOA ကိုပြောပါတယ်။

" မင်္ဂလာတောင်ညွန့်မှာ အခု နာရီဝက်လောက်ရှိပြီ ။ ရဲတွေ ဝင်ပြီးတော့ သေနတ်တွေနဲ့ အသေပစ်ပြီးတော့ ၊ ရပ်ကွက်ထဲ ဆန္ဒပြသူတွေကို လိုက်ပြီးနှိမ်နင်းနေတာ လူတယောက် ထိသွားတယ်လို့တော့ ပြောတယ်။ အခုထက်ထိ သေနတ်ကို ဆက်တိုက်ဖြစ်နေတယ်။ "

သောကြာနေ့ ညနက်ပိုင်း သာကေတမြို့နယ် သုမနလမ်းထဲက အိမ်တအိမ်ကို ရဲတွေ ဝင်ရောက်ပြီး တအိမ်ထဲကပဲ လူငယ်(၃)ဦးကို လမ်းမပေါ် ခေါ်ထုတ်ပြီး ဝိုင်းဝန်းရိုက်နှက်နေတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က Live လွှင့်တဲ့ ဗီဒီယိုမှာ မြင်နေရပါတယ်။

( ... ဟာ သွေးတွေထွက်ကုန်ပြီ ၊ .. ဘာလို့ ရိုက်နေတာလဲ ကွာ... )

သာကေတမှာ အနည်းဆုံး လူငယ်(၄)ဦးကို ဖမ်းဆီးသွားပြီးနောက် ည(၁၂)နာရီကျော် (၁)နာရီအချိန်မှာ သာကေတ အမှတ်(၁)ရဲစခန်းကို မြို့ခံပြည်သူတွေက သွားဝိုင်းခဲ့ကြပြီး ရဲစခန်းထဲက ပစ်ခတ်သံတွေ ပေါ်လာပြီးနောက် ညနက်ပိုင်းမှာလူစွဲခွဲလိုက်ကြတဲ့ ဗီဒီယိုကိုလည်း မြင်တွေ့ရပါတယ်။

" သာကေတမှာ လောလောဆယ် ရဲစခန်းကို ဝိုင်းနေပါတယ်။ ကျနော်တို့လူ ၄ ယောက်ကို ခေါ်သွားလို့ပါ။ .... လောလောဆယ် ပစ်နေပါပြီ အသံဗုံး မဟုတ်ပါဘူး။ လုံးဝ ပစ်နေတာပါ။ အပေါ်ထောင်ပစ်တာလည်း ဖြစ်နိုင်ပါတယ်။ ခုထိ ဘယ်သူမှ မထိသေးပါဘူး။ ရဲစခန်းကို အားလုံးဝိုင်းပြီး သမဖို့ လုပ်နေချိန်မှာပဲ ရဲစခန်းက ကျနော်တို့ကို အသံဗုံးတွေ သေနတ်တွေနဲ့ လှမ်းပစ်နေပါတယ်။ ကျနော်တို့ဖက်ကလည်း အခြေအနေကြည့်ပြီး ရှေ့တက်ဖို့ လုပ်နေပါတယ်။ သာကေတရဲစခန်းကို ဝိုင်းနေတာပါ။ သာကေတကလူတွေ ထွက်လာပါတယ်။ အခုလောလောဆယ် လူအင်အားစုပြီး သေနတ်ကို ရှောင်ဖို့ လုပ်နေပါတယ်။ .... "

စစ်တပ်နဲ့ရဲ တပ်ဖွဲ့တွေဟာ ညအချိန်ရောက်လာပြီဆိုတာနဲ့ ရပ်ကွက်တွေထဲဝင်ပြီး နေ့ခင်းဖက်ဆန္ဒပြသူတွေ ၊ NLD ပါတီဝင်တွေနဲ့ CDM လှုပ်ရှားမှုထဲ ပါဝင်သူတွေကို နေအိမ်တွေထဲ ဝင်ဆွဲပြီး လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အထူးသဖြင့် NLD ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းမှာ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ အမည်မဖေါ်လိုသူ ရန်ကုန်တိုင်းဒေသကြီးရဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

" အခု လှိုင်မှာ ဝင်မွှေနေတယ်။ လှိုင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ဖမ်းနေတယ်။ ကိုကျော်ကျော်ထွန်းကိုလည်း ရှာနေတယ် ၊ အခု မခိုင်မာဌေး အိမ်ရှေ့မှာ တယောက်မှ မိမသွားဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှောင်နေရတယ်။ အခါတိုင်းနေ့ဆိုရင် သပိတ်ခေါင်းဆောင်တွေပဲ လိုက်ဆွဲတာ။ အခုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ဆွဲပြီ။ ဒီနေ့ကစတော့ လှိုင်မှာ စဆွဲတာ။ အကုန်လုံးကတော့ လွတ်ရာကို ရှောင်နေရတယ်။ "

ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုတွေကြောင့် လမ်းပေါ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ရဲ့ဖမ်းဆီး ထိမ်းသိမ်းမှုအတွင်း ဒီကနေ့အချိန်ထိ သေဆုံးခဲ့သူ (၈၀)ထက်မနည်း ရှိသွားပြီဖြစ်ပြီး ၊ အဖမ်းဆီးခံရသူပေါင်း (၂၁၀၀)ရှိရာက တချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG