သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းယူၿပီး ၄၂ ရက္ေျမာက္ ႏိုင္ငံတဝန္း ကန္႔ကြက္ဆႏၵျပမႈမ်ား ဆက္ျဖစ္ေန


ရန္ကုန္ၿမိဳ႕က စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပပြဲအတြင္း လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ားႏွင့္ ထိပ္တုိက္ရင္ဆုိင္ေနတဲ့ ဆႏၵျပသူမ်ား။ (မတ္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနတာ ၄၂ ရက္ေျမာက္တဲ့ ဒီေန႔မွာလည္း ႏိုင္ငံတဝန္း ၿမိဳ႕အစံုမွာ ကန္႔ကြက္ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕ လႈိင္သာယာၿမိဳ႕နယ္ထဲက ဆႏၵျပပြဲကို လက္နက္ကိုင္ လုံၿခံဳေရးတပ္ေတြ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ၇ ေယာက္ ေသဆံုးၿပီး ေတာ္ေတာ္မ်ားမ်ား ဒဏ္ရာရခဲ့ပါတယ္။

ခုခ်ိန္အထိ အတည္ျပဳႏိုင္သေလာက္ ၇ ေယာက္ေသဆံုးခဲ့ၿပီး ၁၀ ေယာက္ထက္မနည္း ထိခိုက္ဒဏ္ရာရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လႈိင္သာယာအျပင္ တာေမြၿမိဳ႕နယ္မွာ ၁ ေယာက္၊ ေရႊျပည္သာၿမိဳ႕နယ္မွာ ၁ ေယာက္၊ သဃၤန္းကၽြန္းၿမိဳ႕နယ္မွာ ၁ ေယာက္ ဒီေန႔ ေသနတ္ထိမွန္ ေသဆံုးခဲ့ပါတယ္။

ပဲခူးၿမိဳ႕မွာလည္း ဆႏၵျပသူေတြကို ပစ္ခတ္လို႔ အနည္းဆံုး ၁ ေယာက္ ေသဆံုးခဲ့ပါတယ္။ ဖားကန္႔ၿမိဳ႕မွာလည္း အသက္ ၃၀ အရြယ္ ဆႏၵျပသူတေယာက္ ေသနတ္ထိမွန္ ေသဆံုးခဲ့ပါတယ္။ မႏၱေလးၿမိဳ႕မွာလည္း အခုညေနပိုင္းက မဟာေအာင္ေျမၿမိဳ႕နယ္မွာ ဆႏၵျပေနသူေတြကို လံုၿခံဳေရးတပ္ေတြ ပစ္ခတ္မႈေၾကာင့္ အသက္ ၂၄ ႏွစ္အရြယ္ အမ်ဳိးသမီးတေယာက္ ပါးကို က်ည္ထိမွန္ ေသဆံုးခဲ့တယ္လို႔ မႏၱေလးၿမိဳ႕ကလာတဲ့ သတင္းေတြက ေျပာပါတယ္။

မေန႔ကလည္း ေသဆုံးသူ ၅ ေယာက္ရွိတဲ့အထိ ပစ္ခတ္ႏွိမ္နင္းခံရတဲ့ မႏၱေလးၿမိဳ႕မွာေတာ့ ဒီေန႔အေစာပိုင္းကေတာ့ ျပည္သူအမ်ားအျပား လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

ပုဂံၿမိဳ႕မွာလည္း အာဏာ႐ွင္စနစ္ ဆန္႔က်င္တဲ့အေနနဲ႔ ဧရာဝတီျမစ္ထဲမွာ ေလွေတြန႔ဲ ဆႏၵထုတ္ေဖာ္ ျပသခဲ့ၾကပါတယ္။ ထားဝယ္ၿမိဳ႕မွာလည္း ျပည္သူေတြ CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြ ရာနဲ႔ခ်ီ လမ္းေပၚထြက္ ဆႏၵျပၾကပါတယ္။

ကေလးၿမိဳ႕မွာေတာ့ ခ်ီတက္ဆႏၵျပသူေတြ ရပ္ထားခဲ့တဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြ အားလံုးကို ရဲေတြက သိမ္းယူသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံအႏွံ႔ ခုလို ဆႏၵျပပြဲေတြ လုပ္ေနသလို အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနသူေတြက အၾကမ္းဖက္ ႏွိမ္နင္းေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ အၾကမ္းဖက္မႈ က်ဴးလြန္ခံရရင္ ဥပေဒႏွင့္အညီ မိမိကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္ ရွိတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRPH) က ဒီေန႔ ထုတ္ျပန္ပါတယ္။

“တရားမဝင္ အာဏာသိမ္း စစ္ေကာင္စီကျဖစ္ေစ၊ ၎၏ အဆင့္ဆင့္ တာဝန္ေပးအပ္ခ်က္အရ ႏိုင္ငံ့ဝန္ထမ္း၊ ျပည္သူ႔ဝန္ထမ္း မဟုတ္ေတာ့သည့္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားကျဖစ္ေစ၊ ၎တို႔၏ လက္ပါးေစ သို႔မဟုတ္ ၎တို႔အက်ိဳး လိုလားသူမ်ားကျဖစ္ေစ ျပည္သူမ်ားအား အၾကမ္းဖက္မႈ တစုံတရာ က်ဴးလြန္လွ်င္ တည္ဆဲျပစ္မႈဆိုင္ရာဥပေဒ၊ ရာဇသတ္ႀကီး၊ အခန္း (၄) ကာကြယ္ခုခံပိုင္ခြင့္ဆိုင္ရာ ျပ႒ာန္းခ်က္မ်ားအရ ျပည္သူမ်ားအေနျဖင့္ မိမိအတြက္ သို႔မဟုတ္ အျခားသူအတြက္ ဥပေဒႏွင့္အညီ ကာကြယ္ခုခံပိုင္ခြင့္ အျပည့္အဝရွိသည္” လို႔ CRPH ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေမြးရာပါ လူသားအခြင့္အေရးအရ မိမိတို႔၏ အသက္ရွင္သန္ခြင့္ကို ကာကြယ္ရမည္လို႔ CRPH ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္မွာ စစ္ေခါင္းေဆာင္ေတြ အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ေသဆံုးသူ ၈၀ ထက္မနည္း ရွိေနၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက စာရင္းျပဳစုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

စစ်အာဏာသိမ်းယူပြီး ၄၂ ရက်မြောက် နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြမှုများ ဆက်ဖြစ်နေ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူ အုပ်ချုပ်နေတာ ၄၂ ရက်မြောက်တဲ့ ဒီနေ့မှာလည်း နိုင်ငံတဝန်း မြို့အစုံမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ထဲက ဆန္ဒပြပွဲကို လက်နက်ကိုင် လုံခြုံရေးတပ်တွေ ပစ်ခတ်နှိမ်နင်းမှုကြောင့် ၇ ယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။

ခုချိန်အထိ အတည်ပြုနိုင်သလောက် ၇ ယောက်သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်သာယာအပြင် တာမွေမြို့နယ်မှာ ၁ ယောက်၊ ရွှေပြည်သာမြို့နယ်မှာ ၁ ယောက်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ၁ ယောက် ဒီနေ့ သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

ပဲခူးမြို့မှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်လို့ အနည်းဆုံး ၁ ယောက် သေဆုံးခဲ့ပါတယ်။ ဖားကန့်မြို့မှာလည်း အသက် ၃၀ အရွယ် ဆန္ဒပြသူတယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း အခုညနေပိုင်းက မဟာအောင်မြေမြို့နယ်မှာ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်တွေ ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက် ပါးကို ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ကလာတဲ့ သတင်းတွေက ပြောပါတယ်။

မနေ့ကလည်း သေဆုံးသူ ၅ ယောက်ရှိတဲ့အထိ ပစ်ခတ်နှိမ်နင်းခံရတဲ့ မန္တလေးမြို့မှာတော့ ဒီနေ့အစောပိုင်းကတော့ ပြည်သူအများအပြား လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ပုဂံမြို့မှာလည်း အာဏာရှင်စနစ် ဆန့်ကျင်တဲ့အနေနဲ့ ဧရာဝတီမြစ်ထဲမှာ လှေတွေနဲ့ ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။ ထားဝယ်မြို့မှာလည်း ပြည်သူတွေ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ ရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

ကလေးမြို့မှာတော့ ချီတက်ဆန္ဒပြသူတွေ ရပ်ထားခဲ့တဲ့ မော်တော်ဆိုင်ကယ်တွေ အားလုံးကို ရဲတွေက သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့ ခုလို ဆန္ဒပြပွဲတွေ လုပ်နေသလို အာဏာသိမ်းယူ အုပ်ချုပ်နေသူတွေက အကြမ်းဖက် နှိမ်နင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်မှု ကျူးလွန်ခံရရင် ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ ထုတ်ပြန်ပါတယ်။

“တရားမဝင် အာဏာသိမ်း စစ်ကောင်စီကဖြစ်စေ၊ ၎င်း၏ အဆင့်ဆင့် တာဝန်ပေးအပ်ချက်အရ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း မဟုတ်တော့သည့် လက်နက်ကိုင် အဖွဲ့အစည်းများကဖြစ်စေ၊ ၎င်းတို့၏ လက်ပါးစေ သို့မဟုတ် ၎င်းတို့အကျိုး လိုလားသူများကဖြစ်စေ ပြည်သူများအား အကြမ်းဖက်မှု တစုံတရာ ကျူးလွန်လျှင် တည်ဆဲပြစ်မှုဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီး၊ အခန်း (၄) ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ပြည်သူများအနေဖြင့် မိမိအတွက် သို့မဟုတ် အခြားသူအတွက် ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့် အပြည့်အဝရှိသည်” လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွေးရာပါ လူသားအခွင့်အရေးအရ မိမိတို့၏ အသက်ရှင်သန်ခွင့်ကို ကာကွယ်ရမည်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ခေါင်းဆောင်တွေ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သေဆုံးသူ ၈၀ ထက်မနည်း ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စာရင်းပြုစုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG