သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့ နယ်မြို့တွေမှာ ညဖက်ဆန္ဒပြပွဲတွေနဲ့ ဆုတောင်းပွဲတွေကျင်းပ


ကျဆုံးသူများအတွက် ရေစကြိုက မီးထွန်းဆုတောင်းပွဲ
ကျဆုံးသူများအတွက် ရေစကြိုက မီးထွန်းဆုတောင်းပွဲ

[ Zawgyi / Unicode ]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမဲ့၊ ရန်ကုန်မြို့က မြို့နယ်တချို့မှာ ရာနဲ့ချီတဲ့ မြို့ခံတွေ စနေနေ့က လမ်းပေါ်ထွက် စုဝေးဆန္ဒပြကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲနဲ့ စစ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ညဖက် ဆန္ဒပြပွဲတွေအတွင်း တောင်းဆိုခဲ့ကြတာပါ။

" ဒီနေ့ပါနဲ့ဆို ညသပိတ်လုပ်တာ ဒုတိယမြောက် နေ့ပေါ့နော်။ အဓိကတော့ စစ်ကောင်စီက ထုတ်ထားတဲ့ ညမထွက်ရအမိန့်ကို အာခံနေတာပါ။ သူတို့ အမိန့်တွေကို မလိုက်နာဘူးဆိုတာ ကျမတို့ ပြချင်တာပါ။ ပြီးတော့ ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖရောင်းတိုင် မီးထွန်းပြီး ဆုတောင်းမေတ္တာ ပို့သနေကြတာပါ ။ "


ရန်ကုန်မြို့က ဆန္ဒပြသူတွေ အဓိကစုဝေးရာ နေရာတခုဖြစ်တဲ့ လှည်းတန်း စိန်ဂေဟာရှေ့ နဲ့ ဗဟိုလမ်းတွေပေါ်မှာတော့ လမ်းမတွေပေါ်မှာ ပိတ်ကားတွေထောင်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဟောပြောမှုတွေကို ပြသခဲ့ကြပါတယ်။

မင်းကိုနိုင် - " ဒီကနေ့ခေတ်မှာတော့ မြန်မာ့ နွေဦးတော်လှန်ရေးက ကမ္ဘာကြီးရဲ့ သင်ရိုးတခုထဲ ပါဖို့ အဆင်သင့် ဖြစ်နေပါပြီ။ "

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ ရှိနေပေမယ့်လည်း ကန့်ကွက်လှုပ်ရှားမှုတွေကတော့ နေ့ရော၊ ညပါ ဆက်လက် ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]









XS
SM
MD
LG