သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဥကၠလာပသပိတ္ ဆႏၵျပ ၂၀၀ ထက္မနည္း ဖမ္းဆီးခံရ


ေျမာက္ဥကၠလာ ကန္သာယာအနီး ဆႏၵျပပဲြ ျမင္ကြင္း။ (ဓာတ္ပံု - Zeyar Htun - မတ္ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာ ဒီကေန႔ဆို ရက္ေပါင္း ၃၈ ရက္ ရွိလာပါၿပီ။ အာဏာသိမ္းတာကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပသူေတြကို ဖမ္းဆီးအေရးယူတာနဲ႔ အၾကမ္းဖက္ ႏွိမ္နင္းတာေတြ ရွိေနတာေၾကာင့္ ေပ်ာက္ဆုံးသူနဲ႔ ေသဆုံးခဲ့ရသူေတြ မ်ားလာေနေပမဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပသပိတ္စစ္ေၾကာင္းေတြကေတာ့ ဆက္ရွိေနဆဲပါ။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ေပးပို႔ထားတာကို မဆုမြန္ေျပာျပပါလိမ့္မယ္။

မဂၤလာေတာင္ၫႊန႔္ ၿမိဳ႕နယ္က မလႊကုန္းမီးရထားဝန္းကို ရဲနဲ႔ စစ္တပ္အင္အား ၁,၅၀၀ ဝန္းက်င္ေလာက္ ဒီကေန႔ မနက္အေစာပိုင္းမွာ ထြက္ေပါက္ေတြကို ပိတ္ဆို႔ထားပါတယ္။ အဲဒီေနာက္မွာပဲ ဝင္းထဲက မီးရထားဝန္ထမ္း မိသားစုေတြကို ဝန္ထမ္းအိမ္ယာေတြကေန ဆင္းခိုင္းၿပီး တပ္စြဲထားတယ္လို႔ သိရပါတယ္။

ေျမာက္ဥကၠလာ ကန္သာယာအနီး ေတြ႔ရတဲ့ ရဲမ်ား။ (ဓာတ္ပံု - Zeyar Htun - မတ္ ၁၀၊ ၂၀၂၁)
ေျမာက္ဥကၠလာ ကန္သာယာအနီး ေတြ႔ရတဲ့ ရဲမ်ား။ (ဓာတ္ပံု - Zeyar Htun - မတ္ ၁၀၊ ၂၀၂၁)

အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသပိတ္စစ္ေၾကာင္းေတြထဲက လူအင္အားအမ်ားဆုံးနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လူအေသအေပ်ာက္၊ ျပင္းထန္ဒဏ္ရာရသူ အမ်ားအျပားရွိခဲ့တဲ့ ေျမာက္ဥကၠလာဘက္က ဆႏၵျပသူေတြကိုလည္း လက္နက္ကိုင္ေတြက အၾကမ္းဖက္ ဖမ္းဆီးေခၚေဆာင္တာေတြ ရွိခဲ့ပါတယ္။ ေျမာက္ဥကၠလာ၊ ကန္သာယာ သပိတ္စစ္ေၾကာင္းကို ၿဖိဳခြဲၿပီး ဆႏၵျပလူငယ္ အေယာက္ ၂၀၀ ထက္မနည္း ဖမ္းဆီးေခၚေဆာင္ခံရတယ္လို႔ အဲဒီသပိတ္စစ္ေၾကာင္း အနီးမွာရွိေနသူတဦးက ေျပာပါတယ္။ ေခၚေဆာင္ခံရသူ လူငယ္ေတြကို ျပန္လႊတ္ေပးဖို႔ ျပည္သူေတြအင္အားျပန္စုေနၿပီး သပိတ္ျပန္စဖို႔ကိုလည္း ညေန ၄ နာရီဝန္းက်င္မွာ ျပင္ဆင္ေနၾကပါတယ္။

“အခု အမတို႔ရဲ႕ သုဓမၼာစစ္ေၾကာင္း၊ ႏြယ္နီသပိတ္ကို သိမ္းလိုက္ၿပီ။ အခု အဲဒီကေလးေတြကို ကယ္ဖို႔အတြက္ဆိုၿပီးေတာ့ ကန္သာယာမွာ အခုလက္ရွိ ဆႏၵျပေနတုန္းပဲ။ ဒီျပင့္ ၿမိဳ႕နယ္ေတြကလည္း ဆႏၵျပဖို႔ဆိုၿပီး ေျမာက္ဥကၠလာကို တက္လာတယ္။ ပါသြားတဲ့ ကေလးေတြကို ျပန္ေတာင္းဖို႔ ဘုန္းႀကီးေတြက ေမတၱာရပ္ခံဖို႔ဆိုၿပီးေတာ့ သြားတယ္။ ဒါေပမဲ့ ရတာ မရတာေတာ့ အမတို႔လည္း က်ိန္းေသမသိဘူး။ မရဖို႔ေတာ့ မ်ားပါတယ္။ သူတို႔က ဘုန္းႀကီးလည္း ဂ႐ုစိုက္မွာ မဟုတ္ဘူး။ အမတို႔ျပည္သူေတြကေတာ့ အမတို႔ကေလးေတြကို မရ ရေအာင္ျပန္ေတာင္းမယ္၊ ဆႏၵျပမယ္။ ေအာင္မဂၤလာအေဝးေျပးေရွ႕က စသုံးလုံးဝန္းထဲကို ကေလးေတြကို အခုေခၚသြားတယ္။”

မတ္လ ၈ ရက္ေန႔ တနလၤာေန႔က ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ဆႏၵျပသပိတ္ကို လက္နက္ကိုင္ေတြဘက္က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲလို႔ နီးစပ္ရာေနရာေတြမွာ ပုန္းေရွာင္ခဲ့ရပါတယ္။ ညဘက္မွာေတာ့ လက္နက္ကိုင္ေတြက ကြၽန္းေတာလမ္းမတန္းနဲ႔ ခ်မ္းသာလမ္းဘက္ ေနအိမ္ေတြကို ဝင္ဖမ္းလို႔ လူငယ္အမ်ားအျပား အဖမ္းခံလိုက္ရပါတယ္။

စမ္းေခ်ာင္းၿမိဳ႕နယ္ ဗားကရာလမ္းတေလွ်ာက္၊ ကြၽန္းေတာလမ္း ဗဟိုလမ္းေတြမွာ လက္ကိုင္တပ္ဖြဲ႕ေတြ ေစာင့္ဆိုင္းေနတာရွိေပမဲ့ ဒီကေန႔ ဗဟိုလမ္းမွာ ဆႏၵျပပြဲကိုေတာ့ ၿဖိဳခြဲတာမရွိပါဘူးလို႔ ဆႏၵျပသူတစ္ဦးက ေျပာပါတယ္။ ဒါေပမဲ့ ဆႏၵျပလူစုကြဲၿပီးေနာက္ ညေန ၃ နာရီေလာက္မွာ လက္နက္ကိုင္တပ္ဖြဲ႕ေတြက အင္အားအျပည့္နဲ႔ ဝင္လာၿပီး ဗဟိုလမ္းေပၚ အကာအရံေတြကို ရွင္းလင္းဖယ္ရွားၿပီး လွည့္လည္ေနပါတယ္။ ညေန ၄ နာရီေလာက္မွာေတာ့ ကြၽန္းေတာလမ္းမဘက္ ျပည့္သူ႔ကြက္သစ္ (၁) လမ္းနဲ႔ မိုးမခလမ္းနားမွာ လက္နက္ကိုင္ေတြဘက္က အသံဗုံး မ်က္ရည္ယိုဗုံးသုံးၿပီး ပစ္ေဖာက္ၿဖိဳခြဲလိုက္ပါတယ္။ ဗဟိုလမ္းမွာလည္း တိုက္ခန္းေပၚကေန ေႂကြးေၾကာ္ေအာ္ဟစ္လို႔ အသံဗုံးပစ္ေဖာက္ၿခိမ္းေျခာက္ေနပါတယ္။

ေတာင္ဒဂုံၿမိဳ႕နယ္၊ ေမာင္းမကန္လမ္းမေပၚက စစ္အာဏာရွင္ဆန႔္က်င္ ကန႔္ကြက္တဲ့ သပိတ္စစ္ေၾကာင္းကို လက္နက္ကိုင္ေတြဘက္က ရာဘာက်ည္၊ မ်က္ရည္ယိုဗုံးသုံးၿပီး အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းလိုက္ပါတယ္။ အၾကမ္းဖက္ၿဖိဳခြင္းလို႔ ေရွ႕ဆုံးက ဒိုင္းခံကာကြယ္ေပးတဲ့ လူငယ္ ၁၈ ဦးေလာက္ အဖမ္းခံရၿပီး ဒဏ္ရာရရွိသူေတြလည္း ရွိတယ္လို႔ အင္အားသုံးၿဖိဳခြင္းတဲ့အခ်ိန္ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ တက္ႂကြလႈပ္ရွားသူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“သူတို႔ဘက္က ၿဖိဳခြင္းမႈကက်ေတာ့ က်ေနာ္တို႔ ဒီေတာင္ဒဂုံရဲ႕ ပင္မသပိတ္စစ္ေၾကာင္းေပါ့ေနာ္။ စည္ပင္လမ္းေပၚမွာ ပင္မသပိတ္အားလုံးလူစုခြဲၿပီးတဲ့ အခ်ိန္မွာ သူတို႔က ဒီေမာင္းမကန္လမ္းဘက္ကေန စစ္ကားေပါင္း ၁၀စီးေလာက္ရွိတယ္၊ အခ်ဳပ္ကားက ၅ စီးပါတယ္။ ရဲကားေတြ ၿပီးေတာ့ အျပင္ေပါ့ေနာ္။ crown ကားေတြ ဘာေတြ အဲ့ဒီလိုအျပင္ကားေတြနဲ႔ အမ်ားႀကီးလာတယ္ဗ်။ စုစုေပါင္းဆိုရင္ ရဲတပ္ဖြဲ႕နဲ႔ စစ္သားအင္အားဆိုရင္ ၈၀ နီးပါးရွိတယ္ခင္ဗ်။ မ်က္ရည္ယိုဗုံးဆိုရင္ ၁၀ လုံးနီးပါးထိ ပစ္ခြဲခဲ့တယ္။ ၁၀ လုံးနီးပါးပစ္ခြဲၿပီးေတာ့ ရာဘာက်ည္သုံးတာလည္း ရွိခဲ့တယ္ဗ်။ အဲ့ဒီလိုမ်ိဳးရွိတယ္၊ အဖမ္းခံလိုက္ရတဲ့ လူငယ္ဒိုင္းကိုင္အဖြဲ႕ေတြလည္း စုစုေပါင္း ၁၀ ေယာက္၊ ၁၈ ေယာက္နီးပါးထိ ပါသြားတယ္။ တခ်ိဳ႕ ကေလးေတြ ႐ိုက္ႏွက္ခံရၿပီးေတာ့ ေျမာင္းထဲထိ ကန္ခ်ခံရတာရွိတယ္။ အဲ့ဒီကေလးကိုလည္း က်ေနာ္တို႔ ေဆး႐ုံးတင္ထားတယ္၊ အခုလုပ္ေပးထားတယ္။”

သယၤန္းကြၽန္းဘုရားလမ္းဘက္က ဆႏၵျပသူေတြ လမ္းေပၚမွာ ကာရံထားတဲ့ အတားအဆီးေတြကို စစ္တပ္နဲ႔ ရဲက မေန႔ညက မီးရႈိ႕ဖ်က္ခဲ့တာရွိသလို ဒီေန႔ မနက္ပိုင္းမွာ ထပ္မံ မီးရႈိ႕ဖ်က္လိုက္တာလို႔ ရပ္ကြက္ေနျပည္သူက ဗီြအိုေအကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ တနလၤာညက ညဥ့္သန္းေခါင္အခ်ိန္မွာ မတရားဖမ္းဆီးေခၚေဆာင္ခံခဲ့ရတဲ့ လမ္းမေတာ္ ၃ လမ္းမွာေနထိုင္တဲ့ အမ်ိဳးသား အေယာက္ ၃၀ ေက်ာ္ ဘယ္ေရာက္ေနသလဲ မသိရေသးေပမဲ့ လမ္းမေတာ္မွာလည္း ဆႏၵျပသပိတ္က ဆက္ရွိေနဆဲပါ။

ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္နင္းတာ၊ ဝန္ထမ္းအိမ္ယာမွာ ေနထိုင္သူေတြကို မတရား ဖယ္ရွားခဲ့တာေတြနဲ႔ အင္အားသုံးအႏိုင္က်င့္တာေတြ ရွိေနေပမဲ့ ၿမိဳ႕နယ္အသီးသီးမွာရွိတဲ့ ဆႏၵျပျပည္သူေတြဘက္ကလည္း သူတို႔လိုလားတဲ့ ဒီမိုကေရစီရရွိေရးနဲ႔ အာဏာရွင္စနစ္ ပ်က္သုဥ္းေရးအတြက္ ဆက္လက္တိုက္ပြဲဝင္ေနၾကဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြောက်ဥက္ကလာပသပိတ် ဆန္ဒပြ ၂၀၀ ထက်မနည်း ဖမ်းဆီးခံရ

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ဒီကနေ့ဆို ရက်ပေါင်း ၃၈ ရက် ရှိလာပါပြီ။ အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာနဲ့ အကြမ်းဖက် နှိမ်နင်းတာတွေ ရှိနေတာကြောင့် ပျောက်ဆုံးသူနဲ့ သေဆုံးခဲ့ရသူတွေ များလာနေပေမဲ့ ရန်ကုန်မြို့က ဆန္ဒပြသပိတ်စစ်ကြောင်းတွေကတော့ ဆက်ရှိနေဆဲပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်ပေးပို့ထားတာကို မဆုမွန်ပြောပြပါလိမ့်မယ်။

မင်္ဂလာတောင်ညွှန့် မြို့နယ်က မလွှကုန်းမီးရထားဝန်းကို ရဲနဲ့ စစ်တပ်အင်အား ၁,၅၀၀ ဝန်းကျင်လောက် ဒီကနေ့ မနက်အစောပိုင်းမှာ ထွက်ပေါက်တွေကို ပိတ်ဆို့ထားပါတယ်။ အဲဒီနောက်မှာပဲ ဝင်းထဲက မီးရထားဝန်ထမ်း မိသားစုတွေကို ဝန်ထမ်းအိမ်ယာတွေကနေ ဆင်းခိုင်းပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေထဲက လူအင်အားအများဆုံးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လူအသေအပျောက်၊ ပြင်းထန်ဒဏ်ရာရသူ အများအပြားရှိခဲ့တဲ့ မြောက်ဥက္ကလာဘက်က ဆန္ဒပြသူတွေကိုလည်း လက်နက်ကိုင်တွေက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ မြောက်ဥက္ကလာ၊ ကန်သာယာ သပိတ်စစ်ကြောင်းကို ဖြိုခွဲပြီး ဆန္ဒပြလူငယ် အယောက် ၂၀၀ ထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ အဲဒီသပိတ်စစ်ကြောင်း အနီးမှာရှိနေသူတဦးက ပြောပါတယ်။ ခေါ်ဆောင်ခံရသူ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ ပြည်သူတွေအင်အားပြန်စုနေပြီး သပိတ်ပြန်စဖို့ကိုလည်း ညနေ ၄ နာရီဝန်းကျင်မှာ ပြင်ဆင်နေကြပါတယ်။

“အခု အမတို့ရဲ့ သုဓမ္မာစစ်ကြောင်း၊ နွယ်နီသပိတ်ကို သိမ်းလိုက်ပြီ။ အခု အဲဒီကလေးတွေကို ကယ်ဖို့အတွက်ဆိုပြီးတော့ ကန်သာယာမှာ အခုလက်ရှိ ဆန္ဒပြနေတုန်းပဲ။ ဒီပြင့် မြို့နယ်တွေကလည်း ဆန္ဒပြဖို့ဆိုပြီး မြောက်ဥက္ကလာကိုတက်လာတယ်။ ပါသွားတဲ့ ကလေးတွေကို ပြန်တောင်းဖို့ ဘုန်းကြီးတွေက မေတ္တာရပ်ခံဖို့ဆိုပြီးတော့ သွားတယ်။ ဒါပေမဲ့ ရတာ မရတာတော့ အမတို့လည်း ကျိန်းသေမသိဘူး။ မရဖို့တော့ များပါတယ်။ သူတို့က ဘုန်းကြီးလည်း ဂရုစိုက်မှာ မဟုတ်ဘူး။ အမတို့ပြည်သူတွေကတော့ အမတို့ကလေးတွေကို မရ ရအောင်ပြန်တောင်းမယ်၊ ဆန္ဒပြမယ်။ အောင်မင်္ဂလာအဝေးပြေးရှေ့က စသုံးလုံးဝန်းထဲကို ကလေးတွေကို အခုခေါ်သွားတယ်။”

မတ်လ ၈ ရက်နေ့ တနင်္လာနေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြသပိတ်ကို လက်နက်ကိုင်တွေဘက်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲလို့ နီးစပ်ရာနေရာတွေမှာ ပုန်းရှောင်ခဲ့ရပါတယ်။ ညဘက်မှာတော့ လက်နက်ကိုင်တွေက ကျွန်းတောလမ်းမတန်းနဲ့ ချမ်းသာလမ်းဘက် နေအိမ်တွေကို ဝင်ဖမ်းလို့ လူငယ်အများအပြား အဖမ်းခံလိုက်ရပါတယ်။

စမ်းချောင်းမြို့နယ် ဗားကရာလမ်းတလျှောက်၊ ကျွန်းတောလမ်း ဗဟိုလမ်းတွေမှာ လက်ကိုင်တပ်ဖွဲ့တွေ စောင့်ဆိုင်းနေတာရှိပေမဲ့ ဒီကနေ့ ဗဟိုလမ်းမှာ ဆန္ဒပြပွဲကိုတော့ ဖြိုခွဲတာမရှိပါဘူးလို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြလူစုကွဲပြီးနောက် ညနေ ၃ နာရီလောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေက အင်အားအပြည့်နဲ့ ဝင်လာပြီး ဗဟိုလမ်းပေါ် အကာအရံတွေကို ရှင်းလင်းဖယ်ရှားပြီး လှည့်လည်နေပါတယ်။ ညနေ ၄ နာရီလောက်မှာတော့ ကျွန်းတောလမ်းမဘက် ပြည့်သူ့ကွက်သစ် (၁) လမ်းနဲ့ မိုးမခလမ်းနားမှာ လက်နက်ကိုင်တွေဘက်က အသံဗုံး မျက်ရည်ယိုဗုံးသုံးပြီး ပစ်ဖောက်ဖြိုခွဲလိုက်ပါတယ်။ ဗဟိုလမ်းမှာလည်း တိုက်ခန်းပေါ်ကနေ ကြွေးကြော်အော်ဟစ်လို့ အသံဗုံးပစ်ဖောက်ခြိမ်းခြောက်နေပါတယ်။

တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းမပေါ်က စစ်အာဏာရှင်ဆန့်ကျင် ကန့်ကွက်တဲ့ သပိတ်စစ်ကြောင်းကို လက်နက်ကိုင်တွေဘက်က ရာဘာကျည်၊ မျက်ရည်ယိုဗုံးသုံးပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းလိုက်ပါတယ်။ အကြမ်းဖက်ဖြိုခွင်းလို့ ရှေ့ဆုံးက ဒိုင်းခံကာကွယ်ပေးတဲ့ လူငယ် ၁၈ ဦးလောက် အဖမ်းခံရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ အင်အားသုံးဖြိုခွင်းတဲ့အချိန် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ဘက်က ဖြိုခွင်းမှုကကျတော့ ကျနော်တို့ ဒီတောင်ဒဂုံရဲ့ ပင်မသပိတ်စစ်ကြောင်းပေါ့နော်။ စည်ပင်လမ်းပေါ်မှာ ပင်မသပိတ်အားလုံးလူစုခွဲပြီးတဲ့ အချိန်မှာ သူတို့က ဒီမောင်းမကန်လမ်းဘက်ကနေ စစ်ကားပေါင်း ၁၀စီးလောက်ရှိတယ်၊ အချုပ်ကားက ၅ စီးပါတယ်။ ရဲကားတွေ ပြီးတော့ အပြင်ပေါ့နော်။ crown ကားတွေ ဘာတွေ အဲ့ဒီလိုအပြင်ကားတွေနဲ့ အများကြီးလာတယ်ဗျ။ စုစုပေါင်းဆိုရင် ရဲတပ်ဖွဲ့နဲ့ စစ်သားအင်အားဆိုရင် ၈၀ နီးပါးရှိတယ်ခင်ဗျ။ မျက်ရည်ယိုဗုံးဆိုရင် ၁၀ လုံးနီးပါးထိ ပစ်ခွဲခဲ့တယ်။ ၁၀ လုံးနီးပါးပစ်ခွဲပြီးတော့ ရာဘာကျည်သုံးတာလည်း ရှိခဲ့တယ်ဗျ။ အဲ့ဒီလိုမျိုးရှိတယ်၊ အဖမ်းခံလိုက်ရတဲ့ လူငယ်ဒိုင်းကိုင်အဖွဲ့တွေလည်း စုစုပေါင်း ၁၀ ယောက်၊ ၁၈ ယောက်နီးပါးထိ ပါသွားတယ်။ တချို့ ကလေးတွေ ရိုက်နှက်ခံရပြီးတော့ မြောင်းထဲထိ ကန်ချခံရတာရှိတယ်။ အဲ့ဒီကလေးကိုလည်း ကျနော်တို့ ဆေးရုံးတင်ထားတယ်၊ အခုလုပ်ပေးထားတယ်။”

သင်္ယန်းကျွန်းဘုရားလမ်းဘက်က ဆန္ဒပြသူတွေ လမ်းပေါ်မှာ ကာရံထားတဲ့ အတားအဆီးတွေကို စစ်တပ်နဲ့ ရဲက မနေ့ညက မီးရှို့ဖျက်ခဲ့တာရှိသလို ဒီနေ့ မနက်ပိုင်းမှာ ထပ်မံ မီးရှို့ဖျက်လိုက်တာလို့ ရပ်ကွက်နေပြည်သူက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာညက ညဉ့်သန်းခေါင်အချိန်မှာ မတရားဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ လမ်းမတော် ၃ လမ်းမှာနေထိုင်တဲ့ အမျိုးသား အယောက် ၃၀ ကျော် ဘယ်ရောက်နေသလဲ မသိရသေးပေမဲ့ လမ်းမတော်မှာလည်း ဆန္ဒပြသပိတ်က ဆက်ရှိနေဆဲပါ။

ရန်ကုန်မြို့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ ဝန်ထမ်းအိမ်ယာမှာ နေထိုင်သူတွေကို မတရား ဖယ်ရှားခဲ့တာတွေနဲ့ အင်အားသုံးအနိုင်ကျင့်တာတွေ ရှိနေပေမဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ဆန္ဒပြပြည်သူတွေဘက်ကလည်း သူတို့လိုလားတဲ့ ဒီမိုကရေစီရရှိရေးနဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG