သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္ၿမိဳ႕ဆႏၵျပမႈမ်ားဆက္ရွိ၊ အၾကမ္းဖက္ၿဖိဳခဲြခံရ


မေကြးတိုင္း ေအာင္လံၿမိဳ႕ သပိတ္စစ္ေၾကာင္း ျမင္ကြင္း။ (ဓာတ္ပုံ - လင္းသက္ႏိုင္- မတ္ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

ရက္ေပါင္း ၄၀ နား ကပ္လာေနၿပီျဖစ္တဲ့ အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈေတြဟာ ႏိုင္ငံတဝန္း အရွိန္ေကာင္းေနဆဲပါ။ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ လုံၿခဳံေရးအဖြဲ႕ေတြရဲ႕ ႏွိမ္နင္းမႈ ေတြကလည္း ေနရာအႏွံ႔မွာ ပိုျပင္းထန္လာတာေတြ ရွိေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ ေပးပို႔ထားတာကို မဆုမြန္က ဆက္တင္ျပေပးပါမယ္။

အာဏာရွင္ဆန႔္ရွင္ေရး လႈပ္ရွားမႈေတြဟာ နယ္ၿမိဳ႕ေတြမွာပါ ဆက္လက္ အရွိန္ေကာင္းေနတယ္လို႔ ဆိုရပါမယ္။ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ လုံၿခဳံေရးအဖြဲ႔ေတြရဲ႕ ႏွိမ္နင္းမႈေတြကလည္း ေနရာအႏွံ႔မွာ ပုံစံမ်ိဳးစုံနဲ႔ ဖိႏွိပ္လာၾကပါတယ္။

ဒီေန႔ မတ္လ ၁၀ ရက္ မနက္ပိုင္းက ျမင္းၿခံၿမိဳ႕ သပိတ္စစ္ေၾကာင္းကို စစ္အုပ္ခ်ဳပ္ေရးကာင္စီရဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ေတြက အသံဗုံး၊ မ်က္ရည္ယိုဗုံး ရာဘာက်ည္ေတြနဲ႔သာမက က်ည္ေတြနဲ႔ပါ ပစ္ခတ္ၿဖိဳခြဲတာေတြရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒီလိုပစ္ခတ္ခံရတာေၾကာင့္ မ်က္လုံးေအာက္မွာ ရာဘာက်ည္ထိသူနဲ႔ ေပါင္ကို က်ည္ထိမွန္ထုတ္ခ်င္းေပါက္တာေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ဓါတ္ပုံမွတ္တမ္းေတြနဲ႔ ေျပာျပၾကပါတယ္။

"မနက္ခင္းက ပစ္တယ္ေပါ့ေနာ္။ ႏွစ္ေယာက္မွန္တယ္။ တေယာက္က မ်က္လုံးရာဘာက်ည္ထိတယ္။ တေယာက္ကေတာ့ ညာေပါင္ေပါ့... ေရွ႕ကေနေနာက္ကို ေဖာက္ထြက္တယ္။ အ႐ိုးေၾကတယ္ ေျပာတယ္။ ခုကဖမ္းဆီးခံရတာေတာ့ မၾကားေသးဘူး။ အဲဒါကၿမိဳ႕လယ္ေခါင္ပဲ။ အမွတ္ ၆ လမ္းမေတာ္အဆင္းနားေပါ့။"

ထိခိုက္သြားသူေတြကို လုံၿခဳံတဲ့ ေနရာမွာ ေဆးကုသမႈ ေပးေနတယ္လို႔ ေျပာပါတယ္။ ဖမ္းဆီးခံရသူေတြနဲ႔ ပတ္သတ္လို႔ေတာ့ သတင္းအခ်က္အလက္ အတိအက်မရႏိုင္ေသးပါဘူး။ ပစ္ခတ္မႈ ျဖစ္ခဲ့တဲ့ ေနရာကို ရဲနဲ႔ စစ္တပ္အင္အား ၁၀၀ နီးပါး က လူစုခြဲခဲ့တာျဖစ္ၿပီး ဆႏၵျပတာမွာ လူစုခြဲဖို႔ သတိေပးမႈေတြ အဆင့္ဆင့္ လုပ္ေဆာင္တာမရွိဘဲ အၾကမ္းဖက္ၿဖိဳခြင္းခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။

မေကြးတိုင္း ေအာင္လံၿမိဳ႕ သပိတ္စစ္ေၾကာင္း ျမင္ကြင္း။ (ဓာတ္ပုံ - လင္းသက္ႏိုင္- မတ္ ၁၀၊ ၂၀၂၁)
မေကြးတိုင္း ေအာင္လံၿမိဳ႕ သပိတ္စစ္ေၾကာင္း ျမင္ကြင္း။ (ဓာတ္ပုံ - လင္းသက္ႏိုင္- မတ္ ၁၀၊ ၂၀၂၁)

ေနာက္ထပ္ၿဖိဳခြဲခံရတဲ့ ေနရာကေတာ့ မေကြးက အ.ထ.က ၂ ေက်ာင္းနားမွာျဖစ္ပါတယ္။ အသံဗုံး၊ မ်က္ရည္ယိုဗုံး သုံးၿပီး လူစုခြဲခံရတယ္လို႔ မေကြးေဒသခံတဦးကေျပာျပပါတယ္။

"႐ြာသစ္ရပ္ကြက္မွာေပါ့ေနာ္။ အဲဒီမွာ ကေလးေတြ ဆႏၵျပတယ္။ ၿဖိဳခြဲတယ္။ လိုက္ဖမ္းတယ္။ ေရာင္စုံေမတၱာ လူမႈကယ္ဆယ္ေရးအဖြဲ႕႐ုံးထဲမွာ ကေလးေတြ ပုန္းေနတယ္ဆိုၿပီးေတာ့ ဝင္ရွာတယ္ေပါ့။ အဲဒါၿပီးေတာ့ အ.ထ.က ၂ ဘက္မွာ အသံဗုံးပါပဲ။ ရာဘာက်ည္ဘာညာေတာ့ မပစ္ဘူး။ အဲဒီဘက္မွာ ပိတ္မိေနေတာ့ ေအာင္ေစတနာရပ္ကြက္ဘက္ကေန သပိတ္စစ္ေၾကာင္း ထပ္ထြက္တယ္။ ႐ြာသစ္ဘက္မွာ ၅ ေယာက္ေလာက္ဖမ္းတယ္။ ေအာင္ေမတၱာက ၃ ေယာက္ ဖမ္းသြားတယ္။ ပရဟိတအဖဲြ႔ကေတာ့ အဖမ္းမခံရပါဘူး။ ဒီတိုင္းျပန္ဆုတ္သြားတယ္။ ဒီမွာက ေဒါင္းေသေခ်ာင္းဆိုတာ ရွိတယ္။ အဲဒီမွာ မေကြးေထာင္အသစ္ရွိတယ္။ အဲဒီကိုပဲ အကုန္ေခၚတာ။ စခန္းေတြမွာ မထားဘူး။ အဲဒီမွာပဲ ရွိတယ္။ လူေပါင္း ၆၀ ေက်ာ္ ေလာက္ရွိတယ္။"

ေနာက္ေနရာတခုက သီေပါျဖစ္ပါတယ္။ မနက္ပိုင္းက သီေပါၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီး ေက်ာင္းေရွ႕မွာ စစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပေနသူေတြဟာ ေသနတ္ပစ္ေဖာက္ၿပီး ၿဖိဳခြဲခံခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရတာ မရွိခဲ့ဘူးလို႔ေျပာပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕မွာ သပိတ္စဖို႔ လူစုေနတုန္းမွာ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗုံး၊ အသံဗုံးနဲ႔ ရာဘာက်ည္ အသုံးျပဳၿပီး ၿဖိဳခြဲခဲ့ရာ ရာဘာက်ည္ ထိမွန္ၿပီး ဒဏ္ရာရခဲ့သူတစ္ဦး ရွိခဲ့ပါတယ္။

မႏၲေလးတိုင္း တံတားဦးၿမိဳ႕နယ္မွာ စစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပပြဲမွာ ပစ္ခတ္ၿဖိဳခြင္းမႈေတြရွိခဲ့လို႔ လက္ရွိမွာ ရာဘာက်ည္ ထိမွန္ဒဏ္ရာရသူက ၃ ေယာက္ရွိပါတယ္။ ဒီကေန႔မွာ ပုဂံေညာင္ဦးမွာေတာ့ အာ႐ုံမတက္ခင္ကတည္းက အာ႐ုဏ္ဦးသပိတ္လို႔ နာမည္ေပးထားၿပီးေတာ့ မိုးမလင္းခင္မွာ ပုဂံျပည္သူေတြက သပိတ္ဆင္ႏႊဲခဲ့ၾကတာရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယ်မြို့ဆန္ဒပြမှုများဆက်ရှိ၊ အကြမ်းဖက်ဖြိုခွဲခံရ

ရက်ပေါင်း ၄၀ နား ကပ်လာနေပြီဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံတဝန်း အရှိန်ကောင်းနေဆဲပါ။ စစ်ဘက်အုပ်ချုပ်ရေးကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှု တွေကလည်း နေရာအနှံ့မှာ ပိုပြင်းထန်လာတာတွေ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် ပေးပို့ထားတာကို မဆုမွန်က ဆက်တင်ပြပေးပါမယ်။

အာဏာရှင်ဆန့်ရှင်ရေး လှုပ်ရှားမှုတွေဟာ နယ်မြို့တွေမှာပါ ဆက်လက် အရှိန်ကောင်းနေတယ်လို့ ဆိုရပါမယ်။ စစ်ဘက်အုပ်ချုပ်ရေးကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေကလည်း နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဖိနှိပ်လာကြပါတယ်။

ဒီနေ့ မတ်လ ၁၀ ရက် မနက်ပိုင်းက မြင်းခြံမြို့ သပိတ်စစ်ကြောင်းကို စစ်အုပ်ချုပ်ရေးကာင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အသံဗုံး၊ မျက်ရည်ယိုဗုံး ရာဘာကျည်တွေနဲ့သာမက ကျည်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုပစ်ခတ်ခံရတာကြောင့် မျက်လုံးအောက်မှာ ရာဘာကျည်ထိသူနဲ့ ပေါင်ကို ကျည်ထိမှန်ထုတ်ချင်းပေါက်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ဓါတ်ပုံမှတ်တမ်းတွေနဲ့ ပြောပြကြပါတယ်။

"မနက်ခင်းက ပစ်တယ်ပေါ့နော်။ နှစ်ယောက်မှန်တယ်။ တယောက်က မျက်လုံးရာဘာကျည်ထိတယ်။ တယောက်ကတော့ ညာပေါင်ပေါ့... ရှေ့ကနေနောက်ကို ဖောက်ထွက်တယ်။ အရိုးကြေတယ် ပြောတယ်။ ခုကဖမ်းဆီးခံရတာတော့ မကြားသေးဘူး။ အဲဒါကမြို့လယ်ခေါင်ပဲ။ အမှတ် ၆ လမ်းမတော်အဆင်းနားပေါ့။"

ထိခိုက်သွားသူတွေကို လုံခြုံတဲ့ နေရာမှာ ဆေးကုသမှု ပေးနေတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သတ်လို့တော့ သတင်းအချက်အလက် အတိအကျမရနိုင်သေးပါဘူး။ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ နေရာကို ရဲနဲ့ စစ်တပ်အင်အား ၁၀၀ နီးပါး က လူစုခွဲခဲ့တာဖြစ်ပြီး ဆန္ဒပြတာမှာ လူစုခွဲဖို့ သတိပေးမှုတွေ အဆင့်ဆင့် လုပ်ဆောင်တာမရှိဘဲ အကြမ်းဖက်ဖြိုခွင်းခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

နောက်ထပ်ဖြိုခွဲခံရတဲ့ နေရာကတော့ မကွေးက အ.ထ.က ၂ ကျောင်းနားမှာဖြစ်ပါတယ်။ အသံဗုံး၊ မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲခံရတယ်လို့ မကွေးဒေသခံတဦးကပြောပြပါတယ်။

"ရွာသစ်ရပ်ကွက်မှာပေါ့နော်။ အဲဒီမှာ ကလေးတွေ ဆန္ဒပြတယ်။ ဖြိုခွဲတယ်။ လိုက်ဖမ်းတယ်။ ရောင်စုံမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့ရုံးထဲမှာ ကလေးတွေ ပုန်းနေတယ်ဆိုပြီးတော့ ဝင်ရှာတယ်ပေါ့။ အဲဒါပြီးတော့ အ.ထ.က ၂ ဘက်မှာ အသံဗုံးပါပဲ။ ရာဘာကျည်ဘာညာတော့ မပစ်ဘူး။ အဲဒီဘက်မှာ ပိတ်မိနေတော့ အောင်စေတနာရပ်ကွက်ဘက်ကနေ သပိတ်စစ်ကြောင်း ထပ်ထွက်တယ်။ ရွာသစ်ဘက်မှာ ၅ ယောက်လောက်ဖမ်းတယ်။ အောင်မေတ္တာက ၃ ယောက် ဖမ်းသွားတယ်။ ပရဟိတအဖွဲ့ကတော့ အဖမ်းမခံရပါဘူး။ ဒီတိုင်းပြန်ဆုတ်သွားတယ်။ ဒီမှာက ဒေါင်းသေချောင်းဆိုတာ ရှိတယ်။ အဲဒီမှာ မကွေးထောင်အသစ်ရှိတယ်။ အဲဒီကိုပဲ အကုန်ခေါ်တာ။ စခန်းတွေမှာ မထားဘူး။ အဲဒီမှာပဲ ရှိတယ်။ လူပေါင်း ၆၀ ကျော် လောက်ရှိတယ်။"

နောက်နေရာတခုက သီပေါဖြစ်ပါတယ်။ မနက်ပိုင်းက သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး ကျောင်းရှေ့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြနေသူတွေဟာ သေနတ်ပစ်ဖောက်ပြီး ဖြိုခွဲခံခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ သပိတ်စဖို့ လူစုနေတုန်းမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးနဲ့ ရာဘာကျည် အသုံးပြုပြီး ဖြိုခွဲခဲ့ရာ ရာဘာကျည် ထိမှန်ပြီး ဒဏ်ရာရခဲ့သူတစ်ဦး ရှိခဲ့ပါတယ်။

မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲမှာ ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့လို့ လက်ရှိမှာ ရာဘာကျည် ထိမှန်ဒဏ်ရာရသူက ၃ ယောက်ရှိပါတယ်။ ဒီကနေ့မှာ ပုဂံညောင်ဦးမှာတော့ အာရုံမတက်ခင်ကတည်းက အာရုဏ်ဦးသပိတ်လို့ နာမည်ပေးထားပြီးတော့ မိုးမလင်းခင်မှာ ပုဂံပြည်သူတွေက သပိတ်ဆင်နွှဲခဲ့ကြတာရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG