သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္နဲ႔ ထားဝယ္သပိတ္စစ္ေၾကာင္း ထပ္မံျဖိဳခြင္းခံရ


မတ္လ ၉ ရက္ေန႔က လိြဳင္ေကာ္ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၉၊ ၂၀၂၁)

[Zawgyi/Unicode]

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နဲ႔ တနသၤာရီတိုင္း ထား၀ယ္ျမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပတဲ့ပြဲ ဒီကေန႔ ၿဖိဳခြင္းခံရမွဳမွာ ထိခိုက္မႈေတြ ရွိေနသလို အဖမ္းဆီးခံရမႈေတြလည္း ရွိေနတယ္လို႔ သပိတ္ဦးေဆာင္သူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ ကိုနိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နဲ႔ တနသၤာရီတိုင္း ထား၀ယ္ျမိဳ႕အတြင္း ဒီကေန႔ ဆႏၵေဖာ္ထုတ္မႈမွာ လုံျခံဳေရး တပ္ဖြဲ႕ ေတြကေနပိတ္ဆို႔ၿပီး သပိတ္ၿဖိဳခြင္းတယ္လို႔ သပိတ္မွာ ပါ၀င္တဲ့ လူငယ္ေခါင္းေဆာင္ေတြကေျပာပါတယ္။

လြိဳင္ေကာ္ျမိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္စစ္ေၾကာင္း ႏွစ္ခုကို လုံျခံဳေရးတပ္ဖြဲ႕ေတြကေန ၿဖိဳခြင္းခဲ့တယ္လို႔ သပိတ္ဦးေဆာင္သူတဦးကေျပာပါတယ္။

“က်မတို႔ သပိတ္ကိုႏွစ္ေနရာလုပ္တယ္။ တခုက နာနတ္ေတာရပ္ကြက္ထဲမွာေပါ့။ ေနာက္တခုကေတာ့ က်မတို႔ မိုင္းလုံး မီးပြိဳင့္ေပါ့ေလ... ေတာင္ကြဲနဲ႔ မိုင္းလုံးမီးပြိဳင့္လမ္းဆုံမွာ က်မတို႔ ႏွစ္ေနရာလုပ္တယ္ေပါ့။ ႏွစ္ေနရာလုံးေတာ့ ၿဖိဳခြဲခံရတယ္ေလေနာ္။ ဒီရဲနဲ႔ စစ္တပ္ကေတာ့ လာေရာက္ၿဖိဳခြင္းသြားတယ္ေပါ့ေနာ္။”

ဒီကေန႔ သပိတ္ျဖိဳခြင္းခံရမႈအတြင္း ထိခိုက္မႈအေျခအေနကိုေတာ့ လြိဳင္ေကာ္သပိတ္ေကာ္မီတီတဦးက အခုလို ေျပာပါတယ္။

“ဒီေန႔ၿဖိဳခြင္းမႈမွာေတာ့ အဲဒီစစ္ေၾကာင္း ၁ က စစ္တပ္ၿဖိဳခြင္းရာမွာ အရိုက္ခံရတာက ၄ ေယာက္ ေလာက္ ရွိတာေပါ့ေနာ္။ ဒါက နည္းနည္းဆိုးဆိုး၀ါး၀ါးေလးဆိုတာေတာ့ နည္းနည္း ဖမ္းခ်ဳပ္ရတာမ်ိဳးေပါ့ေနာ္။ ေနာက္ၿပီးေတာ့ တျခားၿမိဳ႕နယ္က တက္လာတဲ့ ကားေတြဆိုင္ကယ္ေတြကေတာ့ အခုဆိုင္ကယ္အစီး ၂၀၊ ကား ၅ စီး၀န္းက်င္ကေတာ့ အဖ်က္စီးခံရတယ္ေပါ့။ တခ်ိဳ႕ဆိုင္ကယ္ေတြကိုလည္း ယူသြားတာေတြလည္း ရွိတယ္ေပါ့။ တခ်ိဳ႕ကားေပၚ တင္သြားၾကတယ္ေပါ့။”

မေန႔ကလည္း လြိဳင္ေကာ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ဆႏၵျပမႈအတြင္း သပိတ္ျဖိဳခြဲခံရလို႔ အနည္ဆုံး ၂၀ ဦးေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း လြိဳင္ေကာ္သပိတ္ေကာ္မီတီေတြကဆိုပါတယ္။

အလားတူ တနသၤာရီတိုင္း ထားဝယ္ျမိဳ႕အတြင္း ဆႏၵျပသပိတ္စစ္ေၾကာင္း ထပ္မံၿဖိဳခြင္းခံရတယ္လို႔ ထား၀ယ္သပိတ္ ၀န္းရံသူတဦးက ဆိုပါတယ္။

“သပိတ္စစ္ေၾကာင္းက အ၀ိုင္းခံရၿပီးေတာ့မွ က်ေနာ္တို႔ လူစုခြဲလိုက္ရတာေပါ့ေနာ္။ သပိတ္စစ္ေၾကာင္းေရာက္လာတဲ့အခ်ိန္မွာ တပ္ကေနၿပီးေတာ့ သူတို႔ ပိတ္ၿပီးေတာ့မွ သပိတ္စစ္ေၾကာင္းကို မ်က္ရည္ယိုဗံုးေတြနဲ႔ ဟိုဟာေတြနဲ႔ ပစ္ခတ္ၿပီးေေတာ့ ၿဖိဳခြင္းတာေပါ့ေနာ္။”

ဒီမနက္ ထားဝယ္ၿမိဳ႕ သပိတ္စစ္ေၾကာင္းကို လုံျခံဳေရးတပ္ဖြဲ႕ေတြကေန ၀ိုင္းပတ္ပိတ္ဆို႔ၿပီး ၿဖိဳခြင္းခဲ့သလို ဖမ္းဆီးမႈေတြလည္း ရွိေနတယ္လို႔ သူကဆိုပါတယ္။

“ဆႏၵျပစစ္ေၾကာင္းမွာ တပ္ဦးမွာ အၿမဲတမ္းပါဝင္ေနတဲ့ တေယာက္ေပါ့ေနာ္။ သူက အဖမ္းခံလိုက္ရတာေပါ့ေနာ္။ ထား၀ယ္ၿမိဳ႕သစ္ အနီးနားလမ္းမွာ အဖမ္းခံရတာ။ တခ်ိဳ႕အဖမ္းခံရတဲ့သူေတြရွိတယ္။ ဒါေပမဲ့ အခုခ်ိန္ထိ က်ေနာ္တို႔ လူဦးေရအတည္မျပဳနိုင္ေသးဘူး။”

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာအရပ္ရပ္ကို ထိန္းသိမ္းလိုက္ၿပီးေနာက္မွာ တိုင္းနဲ႔ ျပည္နယ္အားလုံးမွာ ဆႏၵျပပဲြေတြ ဆက္တုိက္ေပၚေပါက္လာေနသလို ဖမ္းဆီး ႏွိပ္စက္မႈေတြကလည္း တိုးလာေနပါတယ္။

တပ္မေတာ္ကေန အာဏာသိမ္းတဲ့ လုပ္ေဆာင္ခ်က္အေပၚ ကုလသမဂၢအပါအဝင္ နိုင္ငံတကာအသိုင္းဝန္းကလည္း ျပစ္တင္ေဝဖန္မႈေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လွိုင်ကော်နဲ့ ထားဝယ်သပိတ်စစ်ကြောင်း ထပ်မံဖြိုခွင်းခံရ

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဒီကနေ့ ဖြိုခွင်းခံရမှုမှာ ထိခိုက်မှုတွေ ရှိနေသလို အဖမ်းဆီးခံရမှုတွေလည်း ရှိနေတယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့အတွင်း ဒီကနေ့ ဆန္ဒဖော်ထုတ်မှုမှာ လုံခြုံရေး တပ်ဖွဲ့ တွေကနေပိတ်ဆို့ပြီး သပိတ်ဖြိုခွင်းတယ်လို့ သပိတ်မှာ ပါဝင်တဲ့ လူငယ်ခေါင်းဆောင်တွေကပြောပါတယ်။

လွိုင်ကော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း နှစ်ခုကို လုံခြုံရေးတပ်ဖွဲ့တွေကနေ ဖြိုခွင်းခဲ့တယ်လို့ သပိတ်ဦးဆောင်သူတဦးကပြောပါတယ်။

“ကျမတို့ သပိတ်ကိုနှစ်နေရာလုပ်တယ်။ တခုက နာနတ်တောရပ်ကွက်ထဲမှာပေါ့။ နောက်တခုကတော့ ကျမတို့ မိုင်းလုံး မီးပွိုင့်ပေါ့လေ... တောင်ကွဲနဲ့ မိုင်းလုံးမီးပွိုင့်လမ်းဆုံမှာ ကျမတို့ နှစ်နေရာလုပ်တယ်ပေါ့။ နှစ်နေရာလုံးတော့ ဖြိုခွဲခံရတယ်လေနော်။ ဒီရဲနဲ့ စစ်တပ်ကတော့ လာရောက်ဖြိုခွင်းသွားတယ်ပေါ့နော်။”

ဒီကနေ့ သပိတ်ဖြိုခွင်းခံရမှုအတွင်း ထိခိုက်မှုအခြေအနေကိုတော့ လွိုင်ကော်သပိတ်ကော်မီတီတဦးက အခုလို ပြောပါတယ်။

“ဒီနေ့ဖြိုခွင်းမှုမှာတော့ အဲဒီစစ်ကြောင်း ၁ က စစ်တပ်ဖြိုခွင်းရာမှာ အရိုက်ခံရတာက ၄ ယောက် လောက် ရှိတာပေါ့နော်။ ဒါက နည်းနည်းဆိုးဆိုးဝါးဝါးလေးဆိုတာတော့ နည်းနည်း ဖမ်းချုပ်ရတာမျိုးပေါ့နော်။ နောက်ပြီးတော့ တခြားမြို့နယ်က တက်လာတဲ့ ကားတွေဆိုင်ကယ်တွေကတော့ အခုဆိုင်ကယ်အစီး ၂၀၊ ကား ၅ စီးဝန်းကျင်ကတော့ အဖျက်စီးခံရတယ်ပေါ့။ တချို့ဆိုင်ကယ်တွေကိုလည်း ယူသွားတာတွေလည်း ရှိတယ်ပေါ့။ တချို့ကားပေါ် တင်သွားကြတယ်ပေါ့။”

မနေ့ကလည်း လွိုင်ကော်မြို့မှာ ပြုလုပ်တဲ့ဆန္ဒပြမှုအတွင်း သပိတ်ဖြိုခွဲခံရလို့ အနည်ဆုံး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း လွိုင်ကော်သပိတ်ကော်မီတီတွေကဆိုပါတယ်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့အတွင်း ဆန္ဒပြသပိတ်စစ်ကြောင်း ထပ်မံဖြိုခွင်းခံရတယ်လို့ ထားဝယ်သပိတ် ဝန်းရံသူတဦးက ဆိုပါတယ်။

“သပိတ်စစ်ကြောင်းက အဝိုင်းခံရပြီးတော့မှ ကျနော်တို့ လူစုခွဲလိုက်ရတာပေါ့နော်။ သပိတ်စစ်ကြောင်းရောက်လာတဲ့အချိန်မှာ တပ်ကနေပြီးတော့ သူတို့ ပိတ်ပြီးတော့မှ သပိတ်စစ်ကြောင်းကို မျက်ရည်ယိုဗုံးတွေနဲ့ ဟိုဟာတွေနဲ့ ပစ်ခတ်ပြီးေတော့ ဖြိုခွင်းတာပေါ့နော်။”

ဒီမနက် ထားဝယ်မြို့ သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေကနေ ဝိုင်းပတ်ပိတ်ဆို့ပြီး ဖြိုခွင်းခဲ့သလို ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

“ဆန္ဒပြစစ်ကြောင်းမှာ တပ်ဦးမှာ အမြဲတမ်းပါဝင်နေတဲ့ တယောက်ပေါ့နော်။ သူက အဖမ်းခံလိုက်ရတာပေါ့နော်။ ထားဝယ်မြို့သစ် အနီးနားလမ်းမှာ အဖမ်းခံရတာ။ တချို့အဖမ်းခံရတဲ့သူတွေရှိတယ်။ ဒါပေမဲ့ အခုချိန်ထိ ကျနော်တို့ လူဦးရေအတည်မပြုနိုင်သေးဘူး။”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကနေ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ပြီးနောက်မှာ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်လာနေသလို ဖမ်းဆီး နှိပ်စက်မှုတွေကလည်း တိုးလာနေပါတယ်။

တပ်မတော်ကနေ အာဏာသိမ်းတဲ့ လုပ်ဆောင်ချက်အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းဝန်းကလည်း ပြစ်တင်ဝေဖန်မှုတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG