သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥပေဒႏွင့္အညီ ခုခံကာကြယ္ျခင္းသည္ ျပစ္မႈမေျမာက္ - CRPH


ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြကို ပစ္ခတ္ၿဖဳိခြဲမႈျမင္ကြင္း။

(Zawgyi / Unicode)

ႏိုင္ငံတြင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈေတြမွာ အာဏာသိမ္းထားတဲ့ စစ္တပ္နဲ႔ ရဲတို႔က အၾကမ္းဖက္မႈေတြ က်ဴးလြန္လာမယ္ဆိုရင္ ျပည္သူေတြအေနနဲ႔ ဥပေဒနဲ႔အညီ မိမိကိုယ္ကိုမိမိ ကာကြယ္ခုခံပိုင္ခြင့္ရွိတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က မတ္္လ ၁၄ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။

ျပည္သူေတြအေနနဲ႔ တဦးခ်င္းျဖစ္ေစ၊ ရပ္ကြက္ ေက်းရြာ အစုအဖြဲ႔လိုက္ျဖစ္ေစ ေနရာေဒသအလိုက္ ၿမိဳ႕နယ္အလိုက္ျဖစ္ေစ မည္သူမဆို ဥပေဒနဲ႔အညီ ကာကြယ္ခုခံပိုင္ခြင့္အရ တုံ႔ျပန္လုပ္ေဆာင္တာ အားလံုးဟာ ျပစ္မႈမေျမာက္ဘူးလို႔လည္း ေဖာ္ျပထားပါတယ္။

စစ္တပ္အာဏာပိုင္ေတြက ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြ၊ အၾကမ္းမဖက္ စစ္တပ္အာဏာကို ဖီဆန္ေနတဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္ေနသူေတြကို အၾကမ္းဖက္ သတ္ျဖတ္မႈေတြ၊ ေနအိမ္ေတြထဲ အတင္းဝင္ေရာက္ လုယက္ ဖ်က္ဆီးမႈေတြ က်ဴးလြန္မႈေတြ ရွိေနတာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။ ဒီအခ်ိန္မ်ိဳးမွာ ျပည္သူေတြရဲ့ အသက္ရွင္သန္ပိုင္ခြင့္၊ လြတ္လပ္စြာ ရွင္သန္ရပ္တည္ပိုင္ခြင့္ေတြ အတြက္ အကာအကြယ္ေပးဖို႔ လိုအပ္ေနတာေၾကာင့္ ဒီေၾကညာခ်က္ကို ထုတ္ျပန္ေၾကာင္းလည္း ေျပာပါတယ္။

CRPH က ခန္႔အပ္လိုက္တဲ့ ေခတၱ ဒုတိယသမၼတ မန္းဝင္းခိုင္သန္းက ျပည္သူေတြရဲ႕ ကာကြယ္ခုခံပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး စေနေန႔ ႏိုင္ငံေတာ္အေျချပမိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့တဲ့ေနာက္ တနဂၤေႏြေန႔မွာ CRPH က အခုလို ေၾကညာခ်က္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

CRPH က အာဏာသိမ္းထားတဲ့ စစ္တပ္ရဲ႕ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဟာ တရားမဝင္ေၾကာင္း ေၾကညာခဲ့သလို အၾကမ္းဖက္အုပ္စုအျဖစ္လည္း သတ္မွတ္ထားတာပါ။

CRPH ရဲ႕ အခုထုတ္ျပန္တဲ့ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး အာဏာသိမ္းထားတဲ့ စစ္တပ္ဘက္က တစံုတရာ တုံ႔ုျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဥပဒေနှင့်အညီ ခုခံကာကွယ်ခြင်းသည် ပြစ်မှုမမြောက် - CRPH

နိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတို့က အကြမ်းဖက်မှုတွေ ကျူးလွန်လာမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဥပဒေနဲ့အညီ မိမိကိုယ်ကိုမိမိ ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၁၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ တဦးချင်းဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့လိုက်ဖြစ်စေ နေရာဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနဲ့အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုံ့ပြန်လုပ်ဆောင်တာ အားလုံးဟာ ပြစ်မှုမမြောက်ဘူးလို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်အာဏာပိုင်တွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ အကြမ်းမဖက် စစ်တပ်အာဏာကို ဖီဆန်နေတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေကို အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ နေအိမ်တွေထဲ အတင်းဝင်ရောက် လုယက် ဖျက်ဆီးမှုတွေ ကျူးလွန်မှုတွေ ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအချိန်မျိုးမှာ ပြည်သူတွေရဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှင်သန်ရပ်တည်ပိုင်ခွင့်တွေ အတွက် အကာအကွယ်ပေးဖို့ လိုအပ်နေတာကြောင့် ဒီကြေညာချက်ကို ထုတ်ပြန်ကြောင်းလည်း ပြောပါတယ်။

CRPH က ခန့်အပ်လိုက်တဲ့ ခေတ္တ ဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက ပြည်သူတွေရဲ့ ကာကွယ်ခုခံပိုင်ခွင့်နဲ့ ပတ်သက်ပြီး စနေနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တဲ့နောက် တနင်္ဂနွေနေ့မှာ CRPH က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

CRPH က အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ စီမံအုပ်ချုပ်ရေးကောင်စီဟာ တရားမဝင်ကြောင်း ကြေညာခဲ့သလို အကြမ်းဖက်အုပ်စုအဖြစ်လည်း သတ်မှတ်ထားတာပါ။

CRPH ရဲ့ အခုထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG