သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေမှု ကုလအထူးကိုယ်စားလှယ် ပြင်းထန်စွာရှုတ်ချ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener

[ Zawgyi / Unicode ]

မြန်မာစစ်တပ်ဟာ လုံခြုံးရေးကောင်စီအပါအဝင် နိုင်ငံတကာက တောင်းဆိုတဲ့အတိုင်း ထိန်းထိန်းသိမ်းသိမ်းရှိရေး ညှိနှိုင်းဆွေးနွေးရေး နဲ့ လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့် အပြည့်အဝလေးစားရေးတို့ကို မလုပ်ဆောင်ပဲ၊ နိုင်ငံတွင်း သွေးထွက်သံယိုမှုတွေ ဆက်ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener အပြင်းအထန်ရှုတ်ချ လိုက်ပါတယ်။

ရက်သတ္တပတ် ကုန်ဆုံးချိန်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ မတော်မတရား ပြုမူတာတွေ ထိန်းသိမ်းခံတွေအပေါ် ညှဉ်းပန်း နှိပ်စက်တာတွေ ကို အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံတွင်း အဆက်အသွယ်တွေဆီက ကိုယ်တိုင်ကြားသိခဲ့ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဆေးဝန်ထမ်းတွေအပါအဝင် လူတွေအပေါ် ရက်ရက်စက်စက် လုပ်ဆောင်နေတာတွေနဲ့ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ တွေကို ဖျက်ဆီးနေခြင်းဟာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု အလားအလာတွေကို လွန်စွာဆုတ်ယုတ် သွားစေတယ်လို့ဆိုပါတယ်။ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာပြည်သူတွေ သူတို့ရဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေနဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်ကြရ မှာဖြစ်တယ် လို့ မတ်လ ၁၄ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

အထူးကိုယ်စားလှယ်ဟာ ဒေသတွင်းခေါင်းဆောင်တွေ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အနီးကပ်ဆက်သွယ်ပြီး အခြေအနေတည်ငြိမ်ရေးအတွက် သူတို့ရဲ့ထောက်ခံမှုအပေါ် ဆက်လက်အားထားမှီခိုနေတယ်လို့လဲ ဖော်ပြထားပါတယ်။

--------------------------

[ Unicode ]





XS
SM
MD
LG