သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေခ်ာက္ေရနံေျမလုပ္သားေတြ အလုပ္ျပန္ဆင္းမည္မဟုတ္


ေခ်ာက္ၿမိဳ႕ CDM လႈပ္ရွားမႈ။ (ဓာတ္ပုံ-ေဒသခံမ်ား)

(Zawgyi / Unicode)

ေခ်ာက္ေရနံေျမ အလုပ္သမားေတြရဲ႕ အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈ တလေက်ာ္လာေနၿပီး အလုပ္ျပန္ဆင္းဖို႔ အေၾကာင္းမရွိဘူးလို႔ တက္ႂကြလႈပ္ရွားသူတဦးက ဗီြအိုေအကို ေျပာပါတယ္။ ေခ်ာက္ေရနံေျမ အလုပ္သမားေတြရဲ႕ အလုပ္မတက္ေရးလႈပ္ရွားမႈ အေျခအေနကို မခြါညိဳ တင္ျပေပးထားပါတယ္။

ေခ်ာက္ၿမိဳ႕ ေရနံေျမအလုပ္သမားေတြဟာ စစ္ဘက္က အုပ္ခ်ဳပ္မႈကို မလိုလားတဲ့အတြက္ အလုပ္မဆင္းေတာ့ဘဲ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကပါတယ္။ ဒီေန႔အထိ CDM လႈပ္ရွားမႈ အျပည့္အဝ ေအာင္ျမင္ေနဆဲျဖစ္တယ္လို႔ ေခ်ာက္ေရနံေျမက အလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူ မပြင့္က ဗီြအိုေအကို ေျပာပါတယ္။

“ေရနံေျမသပိတ္ အေျခအေနကေတာ့ အခု CDM ဝန္ထမ္းေတြကေတာ့ ‘မည္သို႔ပင္ ဖိအားေပးေစကာမူ’ ဆိုၿပီးေတာ့ ေခ်ာက္ေရနံေျမကေတာ့ CDM က အခုအခ်ိန္အထိ ေအာင္ျမင္ေနတာပဲ။ ထြက္သြားတဲ့သူ တေယာက္မွမရွိဘူူး။ တေယာက္မွ အလုပ္မဆင္းဘူးရွင့္။”

ေခ်ာက္ၿမိဳ႕အပါအဝင္ ေရနံေျမၿမိဳ႕က ဝန္ထမ္းေတြဟာ အဂၤလိပ္ ကုိလိုနီလက္ထက္ကတည္းကစလို႔ ရာထူးအဆင့္အလုိက္ သတ္မွတ္ေဆာက္လုပ္ေပးထားတဲ့ ဝန္ထမ္းအိမ္ယာေတြမွာ ေနထိုင္လာခဲ့ၾကတာပါ။ မိဘတဦးဦး ကြယ္လြန္သည္ျဖစ္ေစ၊ အၿငိမ္းစားယူသြားသည္ျဖစ္ေစ မိဘနာမည္ကေန လက္ရွိ ေရနံေျမဝန္ထမ္းျဖစ္တဲ့ သားသမီးတဦးဦးက အဲဒီအိမ္ကို နာမည္လဲႊေျပာင္းၿပီး ဆက္လက္ ေနထိုင္ၾကပါတယ္။ CDM မွာပါဝင္တဲ့ မီးရထားဝန္ထမ္းေတြကို ေနအိမ္ေတြကေန ႏွင္ထုတ္ခံေနၾကရခ်ိန္မွာ ဝန္ထမ္းအိမ္ယာေတြမွာ ေနေနၾကၿပီး CDM လႈပ္ရွားေနတဲ့ ေရနံေျမအလုပ္သမားေတြရဲ႕ ေရွ႕ဆက္ ေနထိုင္ေရးကေရာ ဘယ္လိုရွိလာႏုိင္သလဲလို႔ ေမးတဲ့အခါမွာ မပြင့္က အခုလို ရွင္းျပပါတယ္။

“အေမြဆက္ခံဘိသကဲ့သို႔ ဒီအိမ္ယာေတြမွာပဲ က်မတို႔က ဖေအနာမည္၊ သားသမီးနာမည္ ဆင့္ကဲဆင့္ကဲ ႏွစ္ေပါင္း ၆၀-၇၀ အထိ အိမ္ပိုင္ ဝုိင္းပိုင္ မေနႏုိင္တဲ့အတြက္ ဒီဟာပဲ မွီခိုေနခဲ့ရတဲ့အေပၚမွာ ဒီအခ်ိန္မွာ စစ္ေကာင္စီက ဖိအားေပးလာလို႔ ဖယ္ရမယ္ဆိုရင္ တဲတန္းလ်ားေတြထုိးၿပီးေတာ့ ေနဖို႔ စီစဥ္ထားပါတယ္။ CDM ဝန္ထမ္းေတြ ဆက္ၿပီး ေတာင့္ထားဖို႔ လိုအပ္တယ္။ ေရနံေျမက အလုပ္သမားဝန္ထမ္းက မ်ားတဲ့အတြက္ လက္ရွိမွာက ေငြေၾကးအင္အားရယ္လို႔ လံုေလာက္မႈေတာ့ မရွိေသးဘူးေပါ့ရွင္။”

မန္းသံပုရာကန္ ေရနံေျမဝန္ထမ္းေတြကိုလည္း ၁၆ ရက္ေန႔ ေနာက္ဆံုးထား အလုပ္ျပန္ဝင္ဖို႔နဲ႔ အလုပ္ျပန္မဆင္းမယ့္ ဝန္ထမ္းေတြကို ေနအိမ္ေတြက ဖယ္ေပးဖို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ အလုပ္သမားေတြကေတာ့ ေနအိမ္ေတြကေန ဆင္းေပးဖို႔ တညီတညြတ္တည္း ဆံုးျဖတ္ထားၾကတယ္လို႔လည္း မပြင့္ကပဲ ေျပာပါတယ္။

အခုလို အၾကမ္းမဖက္ ဆန္႔က်င္ေရး လႈပ္ရွားမႈအျဖစ္ ေရနံေျမဝန္ထမ္းေတြ တညီတညြတ္တည္း အလုပ္မဆင္းဘဲ ေနၾကတာနဲ႔ တခ်ိန္တည္း တျခား အစုိးရဝန္ထမ္းေတြနဲ႔ အရပ္သားေတြလည္း ေရနံေျမဝန္ထမ္းေတြနဲ႔အတူ ဆႏၵျပပြဲေတြ က်င္းပခဲ့ၾကတာပါ။ ဒါေပမယ့္လည္း မတ္လ ၁၃ ရက္ေန႔က ေခ်ာက္ၿမိဳ႕ေပၚမွာ အၾကမ္းဖက္ၿဖိဳခြဲမႈေတြ၊ ပစ္ခတ္မႈေတြနဲ႔အတူ လူတဦးလည္း ေသနတ္ထိမွန္ ေသဆံုးခဲ့ပါတယ္။ ဒါေၾကာင့္ တနဂၤေႏြေန႔မွာေတာ့ အရင္လို စုရပ္ထားၿပီး တစုတေဝးတည္း ဆႏၵျပတာမ်ဳိးထက္ ရပ္ကြက္အလိုက္ သူ႔အစုလိုက္နဲ႔သူ ဆန္႔က်င္ကန္႔ကြက္တာမ်ဳိးေတြ ေနရာအႏွံ႔မွာ ရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။

“၁၃ ရက္ေန႔က ပစ္ခတ္ၿဖိဳခြဲၿပီး ဘယ္ေလာက္ႀကီးပဲ စစ္ေကာင္စီက ဖိႏွိပ္ ဖိႏွိပ္၊ ရတဲ့ေနရာကေနၿပီးေတာ့ ဆႏၵျပပြဲေတြ ရွိတယ္။ ၿမိဳ႕ထဲလို႔ေခၚတဲ့ သခင္ဖိုးလွႀကီးေက်ာက္တုိင္ စုရပ္မွာ ရွိတယ္။ လမ္းမေတာ္လမ္းေတြမွာ၊ ရပ္ကြက္လမ္းေတြမွာ၊ သာသနာ့ဗိမာန္လမ္းေတြမွာ၊ မိခင္ေစာင့္ေရွာက္ေရးဆိုတဲ့ လမ္းေတြေပၚမွာလည္း ဆႏၵျပအဖြဲ႔ေတြ ရွိပါတယ္။ ေခ်ာက္ဘက္လို႔ေခၚတဲ့ ေရနံဝန္ထမ္းအိမ္ယာေတြ အမ်ားဆံုးေနထုိင္တဲ့ ရပ္ကြက္အမွတ္ ၁၊ ၂၊ ၃၊ ၄ ရပ္ကြက္အတြင္းထဲမွာလည္း က်မတို႔ ဆႏၵျပၾကတယ္။ အဲလို ဆႏၵျပၾကတဲ့အခ်ိန္မွာ စစ္သားေတြနဲ႔ ရဲတပ္ဖြဲ႔ေတြက လမ္းႀကိဳလမ္းၾကားရဲ႕ ထိပ္ေတြ၊ ဝင္လို႔မရတဲ့ ေနရာေတြကေနၿပီးေတာ့ ေျခာက္လွန္႔ၿပီး ပစ္ခတ္တာေတာ့ ဒီေန႔အထိ ရွိခဲ့တယ္ေပါ့ရွင့္။”

ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ကစလို႔ ဆက္တုိက္ ဆႏၵျပကန္႔ကြက္ပဲြေတြ ရွိလာခဲ့တဲ့ ေခ်ာက္ၿမိဳ႕မွာ မတ္လ ၁၃ ရက္၊ စေနေန႔မွာေတာ့ ဆႏၵျပပြဲမွာ မပါဝင္တဲ့ အရပ္သားတဦး ပစ္ခတ္ခံရၿပီး ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

“၁၃ ရက္ေန႔မွာ ၂၃ ဦးလံုး အဖမ္းခံလုိက္ရတယ္။ အဖမ္းခံရတဲ့အထဲမွာ မိန္းကေလး ၃ ဦးပါတယ္၊ ေယာက္က်ားေလးက ၂၀၊ ၂၃ ဦး ဖမ္းခံရၿပီး တေယာက္ကေတာ့ က်ဆုံးသြားတယ္။ က်ဆံုးသြားတဲ့ ကိုဝင္းၿဖိဳးေအာင္ (ခ) ကိုေၾကာင္ေလးက အသက္ ၄၁ ႏွစ္ရွိတယ္။ ကိုေၾကာင္ေလးက ကားသမား။ ေက်ာက္ပန္းေတာင္းကေန ကုန္ခ်ၿပီး ျပန္လာတဲ့ကား ျဖစ္တယ္။ ကားတခါးကိုဖြင့္ၿပီး ဆင္းလိုက္တဲ့အခ်ိန္မွာ သူတို႔က က်ည္အစစ္နဲ႔ ပစ္ခ်လုိက္တာပဲ။ သူတို႔ပစ္တဲ့အခ်ိန္မွာ လမ္းမေပၚမွာ လူငါးဦး စုမိတဲ့အေျခအေန မရွိဘူး။”

ကြယ္လြန္သူ ဦးဝင္းၿဖိဳးေအာင္ (ေခၚ) ကိုေၾကာင္ေလးရဲ႕ တနဂၤေႏြေန႔ စ်ာပနခရီးမွာ ရာေပါင္းမ်ားစြာေသာ လိုက္ပါပို႔ေဆာင္ၾကသူေတြဟာ လက္သံုးေခ်ာင္းေထာင္ၿပီး လုိက္ပါပို႔ေဆာင္ခဲ့ၾကတာကိုလည္း လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ချောက်ရေနံမြေလုပ်သားတွေ အလုပ်ပြန်ဆင်းမည်မဟုတ်

ချောက်ရေနံမြေ အလုပ်သမားတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှု တလကျော်လာနေပြီး အလုပ်ပြန်ဆင်းဖို့ အကြောင်းမရှိဘူးလို့ တက်ကြွလှုပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ချောက်ရေနံမြေ အလုပ်သမားတွေရဲ့ အလုပ်မတက်ရေးလှုပ်ရှားမှု အခြေအနေကို မခွါညို တင်ပြပေးထားပါတယ်။

ချောက်မြို့ ရေနံမြေအလုပ်သမားတွေဟာ စစ်ဘက်က အုပ်ချုပ်မှုကို မလိုလားတဲ့အတွက် အလုပ်မဆင်းတော့ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။ ဒီနေ့အထိ CDM လှုပ်ရှားမှု အပြည့်အဝ အောင်မြင်နေဆဲဖြစ်တယ်လို့ ချောက်ရေနံမြေက အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ မပွင့်က ဗွီအိုအေကို ပြောပါတယ်။

“ရေနံမြေသပိတ် အခြေအနေကတော့ အခု CDM ဝန်ထမ်းတွေကတော့ ‘မည်သို့ပင် ဖိအားပေးစေကာမူ’ ဆိုပြီးတော့ ချောက်ရေနံမြေကတော့ CDM က အခုအချိန်အထိ အောင်မြင်နေတာပဲ။ ထွက်သွားတဲ့သူ တယောက်မှမရှိဘူူး။ တယောက်မှ အလုပ်မဆင်းဘူးရှင့်။”

ချောက်မြို့အပါအဝင် ရေနံမြေမြို့က ဝန်ထမ်းတွေဟာ အင်္ဂလိပ် ကိုလိုနီလက်ထက်ကတည်းကစလို့ ရာထူးအဆင့်အလိုက် သတ်မှတ်ဆောက်လုပ်ပေးထားတဲ့ ဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်လာခဲ့ကြတာပါ။ မိဘတဦးဦး ကွယ်လွန်သည်ဖြစ်စေ၊ အငြိမ်းစားယူသွားသည်ဖြစ်စေ မိဘနာမည်ကနေ လက်ရှိ ရေနံမြေဝန်ထမ်းဖြစ်တဲ့ သားသမီးတဦးဦးက အဲဒီအိမ်ကို နာမည်လွဲှပြောင်းပြီး ဆက်လက် နေထိုင်ကြပါတယ်။ CDM မှာပါဝင်တဲ့ မီးရထားဝန်ထမ်းတွေကို နေအိမ်တွေကနေ နှင်ထုတ်ခံနေကြရချိန်မှာ ဝန်ထမ်းအိမ်ယာတွေမှာ နေနေကြပြီး CDM လှုပ်ရှားနေတဲ့ ရေနံမြေအလုပ်သမားတွေရဲ့ ရှေ့ဆက် နေထိုင်ရေးကရော ဘယ်လိုရှိလာနိုင်သလဲလို့ မေးတဲ့အခါမှာ မပွင့်က အခုလို ရှင်းပြပါတယ်။

“အမွေဆက်ခံဘိသကဲ့သို့ ဒီအိမ်ယာတွေမှာပဲ ကျမတို့က ဖအေနာမည်၊ သားသမီးနာမည် ဆင့်ကဲဆင့်ကဲ နှစ်ပေါင်း ၆၀-၇၀ အထိ အိမ်ပိုင် ဝိုင်းပိုင် မနေနိုင်တဲ့အတွက် ဒီဟာပဲ မှီခိုနေခဲ့ရတဲ့အပေါ်မှာ ဒီအချိန်မှာ စစ်ကောင်စီက ဖိအားပေးလာလို့ ဖယ်ရမယ်ဆိုရင် တဲတန်းလျားတွေထိုးပြီးတော့ နေဖို့ စီစဉ်ထားပါတယ်။ CDM ဝန်ထမ်းတွေ ဆက်ပြီး တောင့်ထားဖို့ လိုအပ်တယ်။ ရေနံမြေက အလုပ်သမားဝန်ထမ်းက များတဲ့အတွက် လက်ရှိမှာက ငွေကြေးအင်အားရယ်လို့ လုံလောက်မှုတော့ မရှိသေးဘူးပေါ့ရှင်။”

မန်းသံပုရာကန် ရေနံမြေဝန်ထမ်းတွေကိုလည်း ၁၆ ရက်နေ့ နောက်ဆုံးထား အလုပ်ပြန်ဝင်ဖို့နဲ့ အလုပ်ပြန်မဆင်းမယ့် ဝန်ထမ်းတွေကို နေအိမ်တွေက ဖယ်ပေးဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အလုပ်သမားတွေကတော့ နေအိမ်တွေကနေ ဆင်းပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ထားကြတယ်လို့လည်း မပွင့်ကပဲ ပြောပါတယ်။

အခုလို အကြမ်းမဖက် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ရေနံမြေဝန်ထမ်းတွေ တညီတညွတ်တည်း အလုပ်မဆင်းဘဲ နေကြတာနဲ့ တချိန်တည်း တခြား အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားတွေလည်း ရေနံမြေဝန်ထမ်းတွေနဲ့အတူ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာပါ။ ဒါပေမယ့်လည်း မတ်လ ၁၃ ရက်နေ့က ချောက်မြို့ပေါ်မှာ အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ပစ်ခတ်မှုတွေနဲ့အတူ လူတဦးလည်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာတော့ အရင်လို စုရပ်ထားပြီး တစုတဝေးတည်း ဆန္ဒပြတာမျိုးထက် ရပ်ကွက်အလိုက် သူ့အစုလိုက်နဲ့သူ ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ နေရာအနှံ့မှာ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“၁၃ ရက်နေ့က ပစ်ခတ်ဖြိုခွဲပြီး ဘယ်လောက်ကြီးပဲ စစ်ကောင်စီက ဖိနှိပ် ဖိနှိပ်၊ ရတဲ့နေရာကနေပြီးတော့ ဆန္ဒပြပွဲတွေ ရှိတယ်။ မြို့ထဲလို့ခေါ်တဲ့ သခင်ဖိုးလှကြီးကျောက်တိုင် စုရပ်မှာ ရှိတယ်။ လမ်းမတော်လမ်းတွေမှာ၊ ရပ်ကွက်လမ်းတွေမှာ၊ သာသနာ့ဗိမာန်လမ်းတွေမှာ၊ မိခင်စောင့်ရှောက်ရေးဆိုတဲ့ လမ်းတွေပေါ်မှာလည်း ဆန္ဒပြအဖွဲ့တွေ ရှိပါတယ်။ ချောက်ဘက်လို့ခေါ်တဲ့ ရေနံဝန်ထမ်းအိမ်ယာတွေ အများဆုံးနေထိုင်တဲ့ ရပ်ကွက်အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်အတွင်းထဲမှာလည်း ကျမတို့ ဆန္ဒပြကြတယ်။ အဲလို ဆန္ဒပြကြတဲ့အချိန်မှာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေက လမ်းကြိုလမ်းကြားရဲ့ ထိပ်တွေ၊ ဝင်လို့မရတဲ့ နေရာတွေကနေပြီးတော့ ခြောက်လှန့်ပြီး ပစ်ခတ်တာတော့ ဒီနေ့အထိ ရှိခဲ့တယ်ပေါ့ရှင့်။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ကစလို့ ဆက်တိုက် ဆန္ဒပြကန့်ကွက်ပွဲတွေ ရှိလာခဲ့တဲ့ ချောက်မြို့မှာ မတ်လ ၁၃ ရက်၊ စနေနေ့မှာတော့ ဆန္ဒပြပွဲမှာ မပါဝင်တဲ့ အရပ်သားတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“၁၃ ရက်နေ့မှာ ၂၃ ဦးလုံး အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အထဲမှာ မိန်းကလေး ၃ ဦးပါတယ်၊ ယောက်ကျားလေးက ၂၀၊ ၂၃ ဦး ဖမ်းခံရပြီး တယောက်ကတော့ ကျဆုံးသွားတယ်။ ကျဆုံးသွားတဲ့ ကိုဝင်းဖြိုးအောင် (ခ) ကိုကြောင်လေးက အသက် ၄၁ နှစ်ရှိတယ်။ ကိုကြောင်လေးက ကားသမား။ ကျောက်ပန်းတောင်းကနေ ကုန်ချပြီး ပြန်လာတဲ့ကား ဖြစ်တယ်။ ကားတခါးကိုဖွင့်ပြီး ဆင်းလိုက်တဲ့အချိန်မှာ သူတို့က ကျည်အစစ်နဲ့ ပစ်ချလိုက်တာပဲ။ သူတို့ပစ်တဲ့အချိန်မှာ လမ်းမပေါ်မှာ လူငါးဦး စုမိတဲ့အခြေအနေ မရှိဘူး။”

ကွယ်လွန်သူ ဦးဝင်းဖြိုးအောင် (ခေါ်) ကိုကြောင်လေးရဲ့ တနင်္ဂနွေနေ့ ဈာပနခရီးမှာ ရာပေါင်းများစွာသော လိုက်ပါပို့ဆောင်ကြသူတွေဟာ လက်သုံးချောင်းထောင်ပြီး လိုက်ပါပို့ဆောင်ခဲ့ကြတာကိုလည်း လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG