သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိႈင္သာယာ နဲ႔ ေရႊျပည္သာ စစ္အုပ္ခ်ဳပ္ေရးေၾကညာ


လႈိင္သာယာမွာ စစ္တပ္က အၾကမ္းဖက္ၿဖိဳခဲြမႈေၾကာင့္ လက္လုပ္ အကာအကြယ္ေနာက္ကြယ္ကေန ေဘးလြတ္ရာကို ေျပးလာေနတဲ့ ဆႏၵျပသူမ်ား

ရန္ကုန္ၿမိဳ႕ လႈိင္သာယာမွာ မတ္လ (၁၄) ရက္ တနဂၤေႏြေန႔က လူထုဆႏၵျပပဲြကို လံၿခံဳေရးတပ္ေတြ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခဲြမႈေၾကာင့္ လူေပါင္း အနည္းဆံုး (၂၂)ဦးေသဆံုးခဲ့ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ေရးအသင္း (AAPP) က သတင္းထုတ္ျပန္ခဲ့ပါတယ္။ တခ်ိန္တည္းမွာ လႈိင္သာယာနဲ႔ ေရႊျပည္သာၿမိဳ႕နယ္ ႏွစ္ခုကို စစ္အုပ္ခ်ဳပ္ေရး မာရွယ္ေလာနယ္ေျမအျဖစ္ စစ္ေကာင္စီက သတ္မွတ္လိုက္ေၾကာင္းအမိန္႔ ထုတ္ျပန္ခ်က္ကို ျမ၀တီရုပ္သံသတင္းဌာနက တနဂၤေႏြေန႔ညက ေၾကညာခဲ့ပါတယ္။

ရန္ကုန္အေနာက္ပိုင္း လိႈ္င္သာယာ မွာ မေန႔က လမ္းမေတြေပၚက ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲေတြက အင္အားသံုး ၿဖိဳခြင္းမႈေတြလုပ္ခဲ့ပါတယ္။ လႈိင္သာယာၿမိဳ႕နယ္ဟာ စစ္ေျမျပင္သဖြယ္ျဖစ္ေနၿပီး ရဲနဲ႔စစ္တပ္က အင္အားျဖည့္ၿပီး ဆက္တိုက္ ပစ္ခတ္ေနတဲ့အတြက္ ထိခိုက္ဒဏ္ရာရသူေတြ ေသဆံုးမႈေတြ အမ်ားအျပားရွိေနတာပါ။

ဒါ့အျပင္ ျမန္မာတႏိုင္ငံလံုး တနဂၤေႏြ တရက္ထဲမွာပဲ ဆႏၵျပပြဲေတြအတြင္း ေသဆံုးသူေပါင္း ၃၈ ဦးထက္မနည္းရွိေၾကာင္း နဲ႔ေဖေဖၚဝါရီလ (၁) ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ေသဆံုးခဲ့ရသူ ၁၂၆ ဦး နဲ႔ဖမ္းဆီး အျပစ္ဒဏ္ခ်မွတ္တာခံရသူ ၁၈၀၀ ေက်ာ္ရွိေနၿပီလို႔လည္း AAPP က ေျပာပါတယ္။

--------------------------------------------

လှိုင်သာယာ နဲ့ ရွှေပြည်သာ စစ်အုပ်ချုပ်ရေးကြေညာ

ရန်ကုန်မြို့ လှိုင်သာယာမှာ မတ်လ (၁၄) ရက် တနင်္ဂနွေနေ့က လူထုဆန္ဒပြပွဲကို လုံခြုံရေးတပ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် လူပေါင်း အနည်းဆုံး (၂၂)ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တချိန်တည်းမှာ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ် နှစ်ခုကို စစ်အုပ်ချုပ်ရေး မာရှယ်လောနယ်မြေအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ကြောင်းအမိန့် ထုတ်ပြန်ချက်ကို မြဝတီရုပ်သံသတင်းဌာနက တနင်္ဂနွေနေ့ညက ကြေညာခဲ့ပါတယ်။

ရန်ကုန်အနောက်ပိုင်း လှိုင်သာယာ မှာ မနေ့က လမ်းမတွေပေါ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက အင်အားသုံး ဖြိုခွင်းမှုတွေလုပ်ခဲ့ပါတယ်။ လှိုင်သာယာမြို့နယ်ဟာ စစ်မြေပြင်သဖွယ်ဖြစ်နေပြီး ရဲနဲ့စစ်တပ်က အင်အားဖြည့်ပြီး ဆက်တိုက် ပစ်ခတ်နေတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ သေဆုံးမှုတွေ အများအပြားရှိနေတာပါ။

ဒါ့အပြင် မြန်မာတနိုင်ငံလုံး တနင်္ဂနွေ တရက်ထဲမှာပဲ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူပေါင်း ၃၈ ဦးထက်မနည်းရှိကြောင်း နဲ့ဖေဖေါ်ဝါရီလ (၁) ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး သေဆုံးခဲ့ရသူ ၁၂၆ ဦး နဲ့ဖမ်းဆီး အပြစ်ဒဏ်ချမှတ်တာခံရသူ ၁၈၀၀ ကျော်ရှိနေပြီလို့လည်း AAPP က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG