သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်လုပ်ရပ်တွေ အမြန်ရပ်ဆိုင်းဖို့ ဗြိတိန်သံရုံး ကြေညာချက်ထုတ်


British Embassy Yangon
British Embassy Yangon

[ Zawgyi / Unicode ]

ရန်ုကုန် လှိုင်သာယာမြို့နယ်မှာရော ရန်ကုန်တိုင်း အခြားမြို့နယ်တွေနဲ့ မြန်မာနိုင်ငံ တလွှားမှာပါ အကြမ်းဖက်မှုတွေ တွေ့နေရတဲ့အတွက် အဲဒီ အကြမ်းဖက် လုပ်ရပ်ကို အမြန်ဆုံး ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

အပစ်မဲ့ ပြည်သူတွေအပေါ် လုံခြုံရေး တာဝန်ရှိသူတွေက အသက်သေဆုံးတဲ့အထိ အင်အားသုံး ဖြိုခွဲနေတာအတွက် ဗြိတိန်အစိုးရက အထူး တုန်လှုပ်မိကြောင်းနဲ့ ဒီလို အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ပစ်ဖို့၊ ဗြိတိန်သံအမတ်ကြီး Dan Chugg က မတ်လ ၁၄ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာ ပြန်လွှဲပေးဖို့လည်း တောင်းဆိုထားပါတယ်။

[ Unicode ]






XS
SM
MD
LG