(Zawgyi/Unicode)
မြန်မာ ဆန္ဒပြသူတွေကို စစ်တပ်ရဲ့ အကြမ်းဖက်မှုဟာ စာရိတ္တပျက်ပြား ကျင့်ဝတ် ချိုးဖောက်မှု ဖြစ်ပြီး ခွင့်လွှတ်နိုင်စရာ မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန်က ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ တနင်္ဂနွေနေ့က ဆန္ဒပြသူတွေ သွေးမြေကျ သေဆုံးမှု အများဆုံးဖြစ်ခဲ့ရပြီးနောက်တနေ့ တနလာၤနေ့မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Jalina Porter က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ရရှိရေး တောင်းဆိုမှုတွေကို စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ် တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရက တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ မြန်မာ စစ်တပ်ရဲ့ အခုလုပ်နည်း လုပ်ဟန်တွေကို ကြည့်ရင် စစ်အာဏာသိမ်းခဲ့မှုဟာ စစ်တပ်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဖြစ်ပြီး မြန်မာ လူထုရဲ့ ဆန္ဒကို ကိုယ်စားမပြုတာကို ပေါ်လွင်စေတယ်လို့လည်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောဆိုထားပါတယ်။
မြန်မာ စစ်တပ် အာဏာသိမ်းမှုကို ဒဏ်ခတ်တဲ့ အနေနဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဝင် တချို့ကို အမေရိကန်က ဒဏ်ခတ် အရေးယူထားတဲ့ အပြင် အာဏာသိမ်း အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးနဲ့ သားကိုပါ ဒဏ်ခတ် အရေးယူထားတာ ဖြစ်ပါတယ်။
...........
(Unicode)