သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္နဲ႔ ကယားျပည္နယ္တြင္း ရဲနဲ႔ စစ္တပ္ CDM တိုးလာ


ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔က CDM ပါဝင္လာတဲ့ ကယားျပည္နယ္က ရဲတပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင္ျပည္နယ္နဲ႔ ကယားျပည္နယ္မွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကုိ လက္မခံတဲ့ ရဲ၀န္ထမ္းေတြ တပ္မေတာ္သားေတြ တေျဖးေျဖးနဲ႔ မ်ားလာတဲ့အတြက္ တိုင္းရင္းသားလက္နက္ကုိင္နယ္ေျမေတြကို ေရာက္ရွိလာေနၾကပါတယ္။ တျခား အစုိးရ၀န္ထမ္းေတြနည္းတူ လက္နက္ကုိင္ တပ္ဖြဲ႔၀င္ေတြလည္း CDM ပူးေပါင္း ပါ၀င္လာေနၾကတာ ျဖစ္ပါတယ္။ အျပည့္အစုံကုိေတာ့ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္မွာ ေကအန္ယူ ထိန္းခ်ဳပ္ရာ တပ္မဟာအသီးသီးကုိ ရဲနဲ႔ စစ္တပ္က တပ္မေတာ္သားေတြ ခိုလံႈလာၾကျပီး လက္နက္မဲ့ျပည္သူေတြကို သတ္ျဖတ္ဖို႔ ညႊန္ၾကားခ်က္ေတြကို မလိုက္နာခ်င္တာေၾကာင့္ သူတို႔သေဘာဆႏၵအရ လာခဲ့ၾကတာျဖစ္တယ္လို႔ ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုးရဲ႕ တဲြဘက္အတြင္းေရးမွဴး (၂) ဖဒိုေစာလွထြန္းကေျပာျပပါတယ္။

"နီးစပ္ရာခရိုင္တပ္မဟာေတြမွာလည္း သူနီးစပ္တဲ့ အဆက္အသြယ္ေတြအရ ဆက္စပ္ျပီး ၀င္လာၾကတဲ့သူေတြလည္း ရွိၾကတာပဲ။ ဒီအေျခအေနမွာ တပ္မေတာ္၀န္ထမ္းပဲျဖစ္ျဖစ္၊ ရဲ၀န္ထမ္းပဲျဖစ္ျဖစ္ ရွိေနတဲ့ အမိန္႔ေပးမႈေအာက္မွာ သူတို႔ ကို္ယ္တိုင္လည္း မခံစားႏိုင္ေတာ့တဲ့ လူေတြလည္းရွိတယ္။ CDM ထက္စာရင္သူတို႔ ညႊန္ၾကားမႈေတြေအာက္မွာ အမိန္႔ေပးမႈေအာက္မွာ မလုပ္ခ်င္ၾကေတာ့ဘူးေလ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ ကိုယ္ကိုင္ထားတဲ့ လက္နက္က လူေတြကို အေၾကာင္းမဲ့ သတ္ျဖတ္မႈအရ လုပ္ေနရေတာ့ လူသားခံစားမႈအရ မသင့္ေတာ္သလို သူတုိ႔ ကိုယ္တုိင္လည္း စဥ္းစားသံုးသပ္ႏုိင္တဲ့လူေတြ ျဖစ္တာေၾကာင့္ သူတို႔ ကုိယ္တိုင္သံုးသပ္ျပီး ထြက္လာၾကတာပဲ။"

ကယားျပည္နယ္မွာေတာ့ ကယားျပည္နယ္သပိတ္ကို ပူးေပါင္းလာတဲ့ အၾကမ္းမဖက္အာခံတဲ့လႈပ္ရွားမူ (CDM) မွာ ပါ၀င္တဲ့ ရဲအရာရွိနဲ႔ ရဲတပ္သားအင္အား ၁၇၀ ေက်ာ္သြားျပီလို႔ ဆုိပါတယ္။ ဒါဟာ ကယားျပည္နယ္က ရဲတပ္ဖဲြ႔ အင္အားအကုန္နီးပါးေလာက္ လာေရာက္ပူးေပါင္းခဲ့တာျဖစ္တယ္လုိ႔ ကယားျပည္နယ္သပိတ္လႈပ္ရွားမႈမွာ ပါ၀င္တဲ့ ဗကသေက်ာင္းသားေခါင္းေဆာင္ေဟာင္း ကိုေကာင္းထက္ေက်ာ္ကေျပာျပပါတယ္။

"အခုေနာက္ဆံုး ၁၇၀ ေက်ာ္သြားျပီ ရဲေတြပါပဲ။ ဒါကေတာ့ကယားျပည္နယ္က ရဲေတြကေတာ့ ကုန္သေလာက္ရွိသြားျပီ။ အခုကယားျပည္နယ္မွာ ေခ်မႈန္းေနတဲ့ ရဲေတြကေနျပည္ေတာ္က ထပ္ပုိ႔လာတဲ့ အင္အား ထပ္ျဖည့္လာတဲ့ ရဲေတြပဲျဖစ္တယ္။ ေဒသခံေတြကေတာ့ ကုန္သေလာက္ျဖစ္သြားျပီ။"

ရဲအရာရွိေတြအပါအ၀င္ရဲအမ်ားစုဟာ CDM လႈပ္ရွားမႈမွာ ပါ၀င္ေၾကာင္း သူတို႔ ကုိယ္ပုိင္လူမႈကြန္ယက္စာမ်က္ႏွာေတြမွာလည္း ေဖာ္ျပၾကသလို တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမကို ထြက္သြားၾကတာေတြ ဆႏၵထုတ္ေဖာ္ေနတဲ့ သပိတ္ေတြနဲ႔ ပူးေပါင္းၾကတာေတြ ရွိေနတာပါ။ သူတိုဟာ ေရြးေကာက္ခံ အရပ္သားအစုိးရလက္ေအာက္မွာပဲ အမႈထမ္းလိုတဲ့ ၀န္ထမ္းေတြျဖစ္ၾကတယ္လို႔လည္း ကိုေကာင္းထက္ေက်ာ္က ေျပာျပပါတယ္။

"အဓိကကေတာ့ ျမန္မာျပည္က ရဲအမ်ားစုက စစ္အာဏာသိမ္းတာကို လက္မခံဘူး။ သူတို႔ဟာ ဒီမုိကေရစီနည္းအရ ေရြးေကာက္တင္ေျမွာက္တဲ့ အရပ္သားအစိုးရကုိသာ အလုပ္အေကြ်းျပဳဖိုိ႔ ျဖစ္တယ္။ ရဲတပ္ဖဲြ႔ထဲ၀င္ျပီး တာ၀န္ထမ္းေဆာင္ဖို႔ ၀င္လာၾကတာျဖစ္တယ္။ ဒီကေန႔ကာလမွာ စစ္အာဏာသိမ္းတာကို လက္မခံတဲ့ ရဲအမ်ားစုကေတာ့ CDM လုပ္ျပီး စစ္အာဏာသိမ္းတာကို ဆန္႔က်င္ၾကတယ္ ရဲအရာရွိေတြကအစေပါ့။"

အလားတူ တိုင္းနဲ႔ ျပည္နယ္အသီးသီးက ရဲ၀န္ထမ္းအမ်ားစုဟာ အၾကမ္းမဖက္အာဏာဖိဆန္ေရးလႈပ္ရွားမႈ (CDM) မွာ ပါ၀င္လာၾကတာေၾကာင့္ ရဲတပ္ဖဲြ႔၀င္အင္အားေတြ နည္းပါးလာျပီး စစ္အုပ္ခ်ဳပ္ေရးေကာင္စီဟာ ရဲယူနီေဖာင္း၀တ္အသြင္ေျပာင္းထားတဲ့ စစ္သားေတြကုိ သပိတ္ျဖိဳခဲြတဲ့ေနရာေတြမွာ အသံုးျပဳလာၾကတယ္လို႔လည္း တက္ၾကြလႈပ္ရွားသူေတြကေျပာဆုိေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်နဲ့ ကယားပြည်နယ်တွင်း ရဲနဲ့ စစ်တပ် CDM တိုးလာ

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ စစ်အုပ်ချုပ်ရေးကောင်စီကို လက်မခံတဲ့ ရဲဝန်ထမ်းတွေ တပ်မတော်သားတွေ တဖြေးဖြေးနဲ့ များလာတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို ရောက်ရှိလာနေကြပါတယ်။ တခြား အစိုးရဝန်ထမ်းတွေနည်းတူ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေလည်း CDM ပူးပေါင်း ပါဝင်လာနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်မှာ ကေအန်ယူ ထိန်းချုပ်ရာ တပ်မဟာအသီးသီးကို ရဲနဲ့ စစ်တပ်က တပ်မတော်သားတွေ ခိုလှုံလာကြပြီး လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ ညွှန်ကြားချက်တွေကို မလိုက်နာချင်တာကြောင့် သူတို့သဘောဆန္ဒအရ လာခဲ့ကြတာဖြစ်တယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဘက်အတွင်းရေးမှူး (၂) ဖဒိုစောလှထွန်းကပြောပြပါတယ်။

"နီးစပ်ရာခရိုင်တပ်မဟာတွေမှာလည်း သူနီးစပ်တဲ့ အဆက်အသွယ်တွေအရ ဆက်စပ်ပြီး ဝင်လာကြတဲ့သူတွေလည်း ရှိကြတာပဲ။ ဒီအခြေအနေမှာ တပ်မတော်ဝန်ထမ်းပဲဖြစ်ဖြစ်၊ ရဲဝန်ထမ်းပဲဖြစ်ဖြစ် ရှိနေတဲ့ အမိန့်ပေးမှုအောက်မှာ သူတို့ ကိုယ်တိုင်လည်း မခံစားနိုင်တော့တဲ့ လူတွေလည်းရှိတယ်။ CDM ထက်စာရင်သူတို့ ညွှန်ကြားမှုတွေအောက်မှာ အမိန့်ပေးမှုအောက်မှာ မလုပ်ချင်ကြတော့ဘူးလေ။ ဘာကြောင့်လဲဆိုတော့ သူတို့ ကိုယ်ကိုင်ထားတဲ့ လက်နက်က လူတွေကို အကြောင်းမဲ့ သတ်ဖြတ်မှုအရ လုပ်နေရတော့ လူသားခံစားမှုအရ မသင့်တော်သလို သူတို့ ကိုယ်တိုင်လည်း စဉ်းစားသုံးသပ်နိုင်တဲ့လူတွေ ဖြစ်တာကြောင့် သူတို့ ကိုယ်တိုင်သုံးသပ်ပြီး ထွက်လာကြတာပဲ။"

ကယားပြည်နယ်မှာတော့ ကယားပြည်နယ်သပိတ်ကို ပူးပေါင်းလာတဲ့ အကြမ်းမဖက်အာခံတဲ့လှုပ်ရှားမူ (CDM) မှာ ပါဝင်တဲ့ ရဲအရာရှိနဲ့ ရဲတပ်သားအင်အား ၁၇၀ ကျော်သွားပြီလို့ ဆိုပါတယ်။ ဒါဟာ ကယားပြည်နယ်က ရဲတပ်ဖွဲ့ အင်အားအကုန်နီးပါးလောက် လာရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်သပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုကောင်းထက်ကျော်ကပြောပြပါတယ်။

"အခုနောက်ဆုံး ၁၇၀ ကျော်သွားပြီ ရဲတွေပါပဲ။ ဒါကတော့ကယားပြည်နယ်က ရဲတွေကတော့ ကုန်သလောက်ရှိသွားပြီ။ အခုကယားပြည်နယ်မှာ ချေမှုန်းနေတဲ့ ရဲတွေကနေပြည်တော်က ထပ်ပို့လာတဲ့ အင်အား ထပ်ဖြည့်လာတဲ့ ရဲတွေပဲဖြစ်တယ်။ ဒေသခံတွေကတော့ ကုန်သလောက်ဖြစ်သွားပြီ။"

ရဲအရာရှိတွေအပါအဝင်ရဲအများစုဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ကြောင်း သူတို့ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ဖော်ပြကြသလို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေကို ထွက်သွားကြတာတွေ ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်တွေနဲ့ ပူးပေါင်းကြတာတွေ ရှိနေတာပါ။ သူတိုဟာ ရွေးကောက်ခံ အရပ်သားအစိုးရလက်အောက်မှာပဲ အမှုထမ်းလိုတဲ့ ဝန်ထမ်းတွေဖြစ်ကြတယ်လို့လည်း ကိုကောင်းထက်ကျော်က ပြောပြပါတယ်။

"အဓိကကတော့ မြန်မာပြည်က ရဲအများစုက စစ်အာဏာသိမ်းတာကို လက်မခံဘူး။ သူတို့ဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရကိုသာ အလုပ်အကျွေးပြုဖို့ ဖြစ်တယ်။ ရဲတပ်ဖွဲ့ထဲဝင်ပြီး တာဝန်ထမ်းဆောင်ဖို့ ဝင်လာကြတာဖြစ်တယ်။ ဒီကနေ့ကာလမှာ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ ရဲအများစုကတော့ CDM လုပ်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြတယ် ရဲအရာရှိတွေကအစပေါ့။"

အလားတူ တိုင်းနဲ့ ပြည်နယ်အသီးသီးက ရဲဝန်ထမ်းအများစုဟာ အကြမ်းမဖက်အာဏာဖိဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြတာကြောင့် ရဲတပ်ဖွဲ့ဝင်အင်အားတွေ နည်းပါးလာပြီး စစ်အုပ်ချုပ်ရေးကောင်စီဟာ ရဲယူနီဖောင်းဝတ်အသွင်ပြောင်းထားတဲ့ စစ်သားတွေကို သပိတ်ဖြိုခွဲတဲ့နေရာတွေမှာ အသုံးပြုလာကြတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေကပြောဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG