သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ ျမန္မာေတြရဲ႕ အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈမ်ား


DC ဆႏၵျပပဲြ ( 13 March 2021 ) (Photo - Khin Maung Soe Min)

[ Zawgyi / Unicode ]

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းထားတာကို ၿငိမ္းခ်မ္းစြာဆႏၵျပ ေနသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈ တုိးလာတာေၾကာင့္ ႏုိင္ငံတကာရဲ႕အာရုံစိုက္မႈ ပိုရလာေစဖို႔နဲ႔ ဖိအားဝိုင္းေပးႏုိင္ဖုိ႔ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ စေနေန႔က ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ဆႏၵျပ လႈပ္ရွားၾကပါတယ္။ အေမရိကန္၊ ကေနဒါ၊ ေနာ္ေ၀ စတဲ့ ႏုိင္ငံအသီးသီးက ေဒသအသီးသီးမွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြရဲ႕ ဒီမုိကေရစီေရး လႈပ္ရွားမႈေတြအေၾကာင္းကုိေတာ့ ကုိဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္မွာေတာ့ ဒီစီနဲ႔အနီးတဝုိက္ ျပည္နယ္ေတြကေရာ ရပ္ေဝး ျပည္နယ္ေတြကပါ လူရာနဲ႔ခ်ီ လာေရာက္ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။ အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္ကို သတင္းစကားပါးႏိုင္ဖို႔ အိမ္ျဖဴေတာ္နားမွာ ဆႏၵျပခဲ့ၾကတယ္လို႔ ဦးေဆာင္ပါဝင္သူ ဦးရင္ေအးက ေျပာပါတယ္။

" က်ေနာ္တို႔ ဒီေန႔ဆိုရင္ မတရား အာဏာသိမ္း စစ္ေကာင္စီကို ေထာက္ခံေနတဲ့ တရုတ္အစိုးရကို ဆန္႔က်င္တဲ့အေနနဲ႔ တရုတ္သံရုံးေရွ႕ ဆႏၵျပခဲ့ၾကတယ္။ အဲဒီကေန ဝါရွင္တန္ဒီစီက လမ္းမႀကီးတေလွ်ာက္ ခ်ီတက္လာၿပီးေတာ့ ျမန္မာျပည္လြတ္ေျမာက္ေရးအတြက္ ကုလသမဂၢနဲ႔ အေမရိကန္က အကူအညီေပးဖို႔ ေၾကြးေၾကာ္သံေတြနဲ႔ က်ေနာ္တို႔ ခ်ီတက္ခဲ့ၾကတယ္။ ၿပီးေတာ့ ဒီေန႔မွာ သမၼတ ဂ်ဳိးဘိုင္ဒန္ကို က်ေနာ္တို႔ ေပးခ်င္တဲ့ ေတာင္းဆိုခ်င္ေတြကို က်ေနာ္တုိ႔ ကုိယ္စားလွယ္ (၃)ေယာက္ကေန တင္ျပေျပာဆိုမွာ ျဖစ္ပါတယ္။ အဲဒီကေန ခုေတာ့ စစ္ေကာင္စီရဲ႕ စစ္သံရုံးမွာ လာေရာက္ဆႏၵျပေနတာ ျဖစ္ပါတယ္။ အဓိက ကေတာ့ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို အာဏာသိမ္း စစ္ေကာင္စီကေနၿပီး က်ဴးလြန္ေနတာကို က်ေနာ္တို႔ အျပတ္အသတ္ ရႈတ္ခ်ဖို႔အတြက္ ဒီကုိလာၿပီးေတာ့ စုရုံး ဆႏၵျပၾကတာ ျဖစ္ပါတယ္။ တဆက္တည္းမွာပဲ ရက္ရက္စက္စက္ သတ္ျဖတ္ေနတဲ့ ၾကားထဲက ျမန္မာျပည္ထဲမွာ အရႈံးမေပးပဲ ေန႔စဥ္ရက္ဆက္ ဆက္တိုက္ ဆန္႔က်င္ကန္႔ကြက္ ဆႏၵျပေနၾကတဲ့ ျပည္တြင္းလႈပ္ရွားမႈေတြ အေပၚမွာ ျပည္ပေရာက္ေနတဲ့ က်ေနာ္တို႔ အင္အားစုေတြက အျပည့္အဝ ေထာက္ခံတယ္။ အစြမ္းကုန္ေထာက္ခံကူညီသြားမွာ ျဖစ္ပါတယ္။ "

အလားတူ အေမရိကန္ အေနာက္ဖက္ျခမ္း ကယ္လီဖုိးနီးယားျပည္နယ္ ဆန္ဖရန္စစၥကိုၿမဳိ႕ UN Plaza ေရွ႕ စေနေန႔ ဆႏၵျပပဲြနဲ႔ပတ္သက္လို႔ တက္ၾကြလႈပ္ရွားသူ ဦးကိုကိုေလးက ခုလို ေျပာပါတယ္။

" က်ေနာ္တို႔ ဒီေန႔လုပ္တဲ့ပဲြက ဒုသမၼတ မန္းဝင္းခိုင္သန္းကို အျပည့္အဝ ေထာက္ခံေၾကာင္း က်ေနာ္တို႔ ဆႏၵထုတ္ေဖၚတာပါ။ တျပဳိင္နက္ထဲမွာပဲ ဒီေန႔ မတ္လ(၁၃)ရက္ေန႔ ဆိုတာက ၁၉၈၈ တုန္းက က်ေနာ္တို႔ရဲ႕ ရဲေဘာ္ရဲဖက္ ကိုဖုန္းေမာ္ က်ဆုံးတဲ့ေန႔ ျဖစ္တဲ့အတြက္ေၾကာင့္ ျမန္မာျပည္ လူ႔အခြင့္အေရးေန႔လည္း ျဖစ္ပါတယ္။ အဲဒါအျပင္ ေဒါက္တာဆာဆာ ေတာင္းဆုိထားတဲ့ R2P ကို ေထာက္ခံတဲ့ သေဘာနဲ႔ က်ေနာ္တုိ႔ ဆႏၵျပေနတာ ျဖစ္ပါတယ္။ "

ေဂ်ာ္ဂ်ီယာျပည္နယ္ အက္တလန္တာၿမဳိ႕မွာေတာ့ တိုင္းရင္းသားေပါင္းစုံ လူ(၃၀၀)ဝန္းက်င္စုေဝးၿပီး ျမန္မာႏိုင္ငံက အာဏာသိမ္းစစ္တပ္ရဲ႕ အၾကမ္းဖက္ၿဖဳိခဲြမႈအတြင္း က်ဆုံးခဲ့ရသူေတြအတြက္ ဆုေတာင္းပဲြလုပ္ရင္း ဆႏၵျပပဲြလုပ္ခဲ့ေၾကာင္း ဆႏၵျပပဲြဦးေဆာင္သူတဦးျဖစ္တဲ့ ကိုေက်ာ္ဝဏၰထူးက ေျပာပါတယ္။

" က်ေနာ္တို႔ ဒီမွာ ဘာသာေပါင္းစုံ ဆုေတာင္းၾကတယ္။ CDM အတြက္ ရန္ပုံေငြ ရွာၾကတယ္ တိုင္းရင္းသားေပါင္းစုံ စုစည္းၿပီးလုပ္ၾကတယ္ေပါ့။ ေနာက္တခါ တကမၻာလုံး ႏိုင္ငံ့ေခါင္းေဆာင္ေတြ ေမတၱာရပ္ခံ ေနတဲ့ၾကားထဲက အာဏာသိမ္း စစ္ေကာင္စီက အရွက္မဲ့ အတၱႀကီးစြာ လုပ္ေနတာကိုေတာ့ ဘယ္လိုမွ ခြင့္မလႊတ္ႏို္င္ဘူး။ ျပင္းျပင္းထန္ထန္ ရႈတ္ခ်တယ္။ "

ကေနဒါႏိုင္ငံမွာလည္း ျမန္မာႏိုင္ငံက စစ္အာဏာရွင္အုပ္ခ်ဳပ္မႈ အဆုံးသတ္သြားေစေရး ဘာေတြ လုပ္ေဆာင္ေနသလဲ ဆိုတာကိုေတာ့ ကေနဒါ အြန္တားရီးယုိးျပည္နယ္ ျမန္မာကေနဒီယန္အသင္း ဦးေဆာင္သူတဦးျဖစ္တဲ့ ဦးညြန္႔လွက ေျပာပါတယ္။

" ႏိုင္ငံတကာမွာရွိတဲ့ သံအမတ္ႀကီးေတြ သံဝန္ထမ္းေတြထဲက တခ်ဳိ႕က CDM ထဲ ပူးေပါင္းပါဝင္ေပမယ့္ က်ေနာ္တို႔ ကေနဒါ ေအာ္တာဝါၿမဳိ႕မွာရုံးစိုက္တဲ့ ျမန္မာသံရုံးအေနနဲ႔က CDM မွာ လုံးဝ ပါဝင္တာမ်ဳိး မရွိေသးဘူး။ အဲဒါေၾကာင့္မို႔ က်ေနာ္တုိ႔ ဒီမွာရွိတဲ့ လူမ်ဳိးေပါင္းစုံ ပါဝင္တဲ့ လူအင္အား (၁၀၀)ေက်ာ္ေလာက္ လာၿပီးေတာ့ သံအမတ္ႀကီးကို CDM မွာပါဝင္ဖို႔အတြက္ ေတာင္းဆိုၾကတာ။ ဒါေပမဲ့ သံအမတ္ႀကီးက ကိုယ္တိုင္ ထြက္မေတြ႔ပဲ ရဲကေနတဆင့္ စာကို လက္ခံလုိက္တယ္။ ဆိုေတာ့ က်ေနာ္တို႔ ေအာင္ျမင္မႈ မရဘူးလို႔ပဲ ေျပာရမွာေပါ့။ "

DC ဆႏၵျပပဲြ
DC ဆႏၵျပပဲြ


အလားတူ ေနာ္ေဝႏိုင္ငံ ေအာ္စလိုၿမဳိ႕က စစ္အာဏာသိမ္း ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကိုေတာ့ ၈၈ မ်ဳိးဆက္ ျမန္မာ့အေရးလႈပ္ရွားသူ ဦးျမင့္ေအးက ရွင္းျပပါတယ္။

" စစ္အာဏာသိမ္းတာကို မ်ဳိးဆက္ေတြ အကုန္လုံးက ျပင္းျပင္းထန္ထန္ ဆန္႔က်င္တာကို က်ေနာ္တို႔ ေတြ႔ရတဲ့အခါမွာ ေနာ္ေဝ ေရာက္ေနတဲ့ က်ေနာ္တို႔ ဗမာျပည္သားေတြကလည္း က်ေနာ္တို႔ တတ္ႏိုင္တဲ့ဖက္က ဝန္းရံတဲ့ သေဘာေပါ့ေနာ္။ တရားမဝင္ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီထဲက လူေတြကို အဆက္အဆံ လုပ္မယ့္ကိစၥ မ်ဳိးေတြကိုေတာ့ က်ေနာ္တို႔က တတ္ႏိုင္သေလာက္ ဟန္႔တားဖို႔ ႀကဳိးစားတယ္ေပါ့ ၊ ဥပမာအားျဖင့္ - အင္ဒိုနီးရွားက စစ္ေကာင္စီဝင္ကို သြားေတြ႔မယ့္ကိစၥမ်ဳိးဆိုလည္း က်ေနာ္တို႔က သံရုံးကို သ ြားေရာက္ ကန္႔ကြက္တယ္။ ေနာက္တခါ လုံၿခဳံေရးေကာင္စီမွာ R2P မဝင္ဖို႔ တရုတ္က ေျပာတဲ့အခါမ်ဳိးမွာ က်ေနာ္တုိ႔က တရုတ္သံရုံးကို သြားၿပီးေတာ့ ကန္႔ကြက္ဆႏၵျပၾကတယ္။ ဒီတုိက္ပဲြကေတာ့ ေအာင္ကိုေအာင္မယ္လို႔ လုံးဝ ယုံၾကည္ထားတယ္။ "

စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္သူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ မလုပ္ဖုိ႔ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းက သတိေပးေနတဲ့ ၾကားမွာပဲ ျမန္မာလုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ လက္ခ်က္နဲ႔ စေနေန႔က ေသဆုံးသူ တဒါဇင္ေလာက္နဲ႔ ထိခုိက္ဒဏ္ရာရသူေတြလည္း အမ်ားအျပားရွိခဲ့ပါတယ္။ အာဏာပုိင္ေတြရဲ႕ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ ရွိေနေပမဲ့လည္း စစ္အာဏာသိမ္းမႈ ကန္႔ကြက္လႈပ္ရွားမႈေတြဟာလည္း ျပည္တြင္း၊ ျပည္ပမွာ ဆက္လက္ အရွိန္ျမင့္ေနဆဲ ျဖစ္ပါတယ္ခင္ဗ်ာ။

[ Unicode ]

ပြည်ပရောက် မြန်မာတွေရဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ


မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတာကို ငြိမ်းချမ်းစွာဆန္ဒပြ နေသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု တိုးလာတာကြောင့် နိုင်ငံတကာရဲ့အာရုံစိုက်မှု ပိုရလာစေဖို့နဲ့ ဖိအားဝိုင်းပေးနိုင်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စနေနေ့က နိုင်ငံတော်တော်များများမှာ ဆန္ဒပြ လှုပ်ရှားကြပါတယ်။ အမေရိကန်၊ ကနေဒါ၊ နော်ေ၀ စတဲ့ နိုင်ငံအသီးသီးက ဒေသအသီးသီးမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ ဒီစီနဲ့အနီးတဝိုက်ပြည်နယ်တွေကရော ရပ်ဝေး ပြည်နယ်တွေကပါ လူရာနဲ့ချီ လာရောက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို သတင်းစကားပါးနိုင်ဖို့ အိမ်ဖြူတော်နားမှာ ဆန္ဒပြခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်သူ ဦးရင်အေးက ပြောပါတယ်။

" ကျနော်တို့ ဒီနေ့ဆိုရင် မတရား အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့ကြတယ်။ အဲဒီကနေ ဝါရှင်တန်ဒီစီက လမ်းမကြီးတလျှောက် ချီတက်လာပြီးတော့ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်က အကူအညီပေးဖို့ ကြွေးကြော်သံတွေနဲ့ ကျနော်တို့ ချီတက်ခဲ့ကြတယ်။ ပြီးတော့ ဒီနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်ကို ကျနော်တို့ ပေးချင်တဲ့ တောင်းဆိုချင်တွေကို ကျနော်တို့ ကိုယ်စားလှယ် (၃)ယောက်ကနေ တင်ပြပြောဆိုမှာ ဖြစ်ပါတယ်။ အဲဒီကနေ ခုတော့ စစ်ကောင်စီရဲ့ စစ်သံရုံးမှာ လာရောက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။ အဓိက ကတော့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အာဏာသိမ်း စစ်ကောင်စီကနေပြီး ကျူးလွန်နေတာကို ကျနော်တို့ အပြတ်အသတ် ရှုတ်ချဖို့အတွက် ဒီကိုလာပြီးတော့ စုရုံး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ကြားထဲက မြန်မာပြည်ထဲမှာ အရှုံးမပေးပဲ နေ့စဉ်ရက်ဆက် ဆက်တိုက် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြတဲ့ ပြည်တွင်းလှုပ်ရှားမှုတွေ အပေါ်မှာ ပြည်ပရောက်နေတဲ့ ကျနော်တို့ အင်အားစုတွေက အပြည့်အဝ ထောက်ခံတယ်။ အစွမ်းကုန်ထောက်ခံကူညီသွားမှာ ဖြစ်ပါတယ်။ "


အလားတူ အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ UN Plaza ရှေ့ စနေနေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူ ဦးကိုကိုလေးက ခုလို ပြောပါတယ်။

" ကျနော်တို့ ဒီနေ့လုပ်တဲ့ပွဲက ဒုသမ္မတ မန်းဝင်းခိုင်သန်းကို အပြည့်အဝ ထောက်ခံကြောင်း ကျနော်တို့ ဆန္ဒထုတ်ဖေါ်တာပါ။ တပြိုင်နက်ထဲမှာပဲ ဒီနေ့ မတ်လ(၁၃)ရက်နေ့ ဆိုတာက ၁၉၈၈ တုန်းက ကျနော်တို့ရဲ့ ရဲဘော်ရဲဖက် ကိုဖုန်းမော် ကျဆုံးတဲ့နေ့ ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည် လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။ အဲဒါအပြင် ဒေါက်တာဆာဆာ တောင်းဆိုထားတဲ့ R2P ကို ထောက်ခံတဲ့ သဘောနဲ့ ကျနော်တို့ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ "

ဂျော်ဂျီယာပြည်နယ် အက်တလန်တာမြို့မှာတော့ တိုင်းရင်းသားပေါင်းစုံ လူ(၃၀၀)ဝန်းကျင်စုဝေးပြီး မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကျဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲလုပ်ရင်း ဆန္ဒပြပွဲလုပ်ခဲ့ကြောင်း ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုကျော်ဝဏ္ဏထူးက ပြောပါတယ်။

" ကျနော်တို့ ဒီမှာ ဘာသာပေါင်းစုံ ဆုတောင်းကြတယ်။ CDM အတွက် ရန်ပုံငွေ ရှာကြတယ် တိုင်းရင်းသားပေါင်းစုံ စုစည်းပြီးလုပ်ကြတယ်ပေါ့။ နောက်တခါ တကမ္ဘာလုံး နိုင်ငံ့ခေါင်းဆောင်တွေ မေတ္တာရပ်ခံ နေတဲ့ကြားထဲက အာဏာသိမ်း စစ်ကောင်စီက အရှက်မဲ့ အတ္တကြီးစွာ လုပ်နေတာကိုတော့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ "

ကနေဒါနိုင်ငံမှာလည်း မြန်မာနိုင်ငံက စစ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်သွားစေရေး ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတာကိုတော့ ကနေဒါ အွန်တားရီးယိုးပြည်နယ် မြန်မာကနေဒီယန်အသင်း ဦးဆောင်သူတဦးဖြစ်တဲ့ ဦးညွန့်လှက ပြောပါတယ်။

" နိုင်ငံတကာမှာရှိတဲ့ သံအမတ်ကြီးတွေ သံဝန်ထမ်းတွေထဲက တချို့က CDM ထဲ ပူးပေါင်းပါဝင်ပေမယ့် ကျနော်တို့ ကနေဒါ အော်တာဝါမြို့မှာရုံးစိုက်တဲ့ မြန်မာသံရုံးအနေနဲ့က CDM မှာ လုံးဝ ပါဝင်တာမျိုး မရှိသေးဘူး။ အဲဒါကြောင့်မို့ ကျနော်တို့ ဒီမှာရှိတဲ့ လူမျိုးပေါင်းစုံ ပါဝင်တဲ့ လူအင်အား (၁၀၀)ကျော်လောက် လာပြီးတော့ သံအမတ်ကြီးကို CDM မှာပါဝင်ဖို့အတွက် တောင်းဆိုကြတာ။ ဒါပေမဲ့ သံအမတ်ကြီးက ကိုယ်တိုင် ထွက်မတွေ့ပဲ ရဲကနေတဆင့် စာကို လက်ခံလိုက်တယ်။ ဆိုတော့ ကျနော်တို့ အောင်မြင်မှု မရဘူးလို့ပဲ ပြောရမှာပေါ့။ "

အလားတူ နော်ဝေနိုင်ငံ အော်စလိုမြို့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုတော့ ၈၈ မျိုးဆက် မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်အေးက ရှင်းပြပါတယ်။

" စစ်အာဏာသိမ်းတာကို မျိုးဆက်တွေ အကုန်လုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်တာကို ကျနော်တို့ တွေ့ရတဲ့အခါမှာ နော်ဝေ ရောက်နေတဲ့ ကျနော်တို့ ဗမာပြည်သားတွေကလည်း ကျနော်တို့ တတ်နိုင်တဲ့ဖက်က ဝန်းရံတဲ့ သဘောပေါ့နော်။ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီထဲက လူတွေကို အဆက်အဆံ လုပ်မယ့်ကိစ္စ မျိုးတွေကိုတော့ ကျနော်တို့က တတ်နိုင်သလောက် ဟန့်တားဖို့ ကြိုးစားတယ်ပေါ့ ၊ ဥပမာအားဖြင့် - အင်ဒိုနီးရှားက စစ်ကောင်စီဝင်ကို သွားတွေ့မယ့်ကိစ္စမျိုးဆိုလည်း ကျနော်တို့က သံရုံးကို သ ွားရောက် ကန့်ကွက်တယ်။ နောက်တခါ လုံခြုံရေးကောင်စီမှာ R2P မဝင်ဖို့ တရုတ်က ပြောတဲ့အခါမျိုးမှာ ကျနော်တို့က တရုတ်သံရုံးကို သွားပြီးတော့ ကန့်ကွက်ဆန္ဒပြကြတယ်။ ဒီတိုက်ပွဲကတော့ အောင်ကိုအောင်မယ်လို့ လုံးဝ ယုံကြည်ထားတယ်။ "

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေတဲ့ ကြားမှာပဲ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ စနေနေ့က သေဆုံးသူ တဒါဇင်လောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိနေပေမဲ့လည်း စစ်အာဏာသိမ်းမှု ကန့်ကွက်လှုပ်ရှားမှုတွေဟာလည်း ပြည်တွင်း၊ ပြည်ပမှာ ဆက်လက် အရှိန်မြင့်နေဆဲ ဖြစ်ပါတယ်ခင်ဗျာ။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG