သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ အေျခစိုက္ ကခ်င္မဟာမိတ္အဖဲြ႔ CRPH ႏွင္႔ ပူးေပါင္းေဆာင္ရြက္မည္


(Zawgyi/Unicode)

CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ေၾကညာလိုက္တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ဟာတိုင္းရင္းသားေတြလိုလားတဲ့ ဖယ္ဒရယ္ျပည္ေထာင္စု စနစ္ ေပၚေပါက္ေရး အခင္းအက်င္းျဖစ္တဲ့အတြက္ CRPH နဲ႔အျပည့္အ၀ပူးေပါင္းေဆာင္ရြက္သြားဖို႔ရွိတယ္လို႔ အေမရိကန္အေျခစိုက္ ကခ်င္မဟာမိတ္အဖဲြ႔ က ေျပာၾကားလိုက္ပါတယ္။

CRPH ကဖဲြ႔မယ့္ ယာယီအစိုးရ အားေကာင္းေအာင္ ကခ်င္အဖဲြ႔ေတြဘက္က ဘယ္လိုပါ၀င္ေဆာင္ရြက္ဖို႔ရွိမလဲ။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရးလႈပ္ရွားမႈေၾကာင့္ အၾကမ္းဖက္ၿဖိဳခဲြခံရတဲ့ ကခ်င္ျပည္သူေတြအတြက္KIO/KIA ကခ်င္လြတ္ေျမာက္ေရးအဖဲြ႔က ဘယ္လို အကာအကြယ္ေပးမွာလဲ။ ကခ်င္မဟာမိတ္အဖဲြ႔ ဥကၠဌ Gum San NSang ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ ကခ်င္မဟာမိတ္အဖဲြ႔ကေနၿပီးေတာ့ ျပည္တြင္းမွာရွိတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ကို အိတ္ဖြင့္ေပးစာပို႔တယ္ေပါ့ေနာ္။ ေနာက္ဆံုးဒီ အိတ္ဖြင့္ေပးစာမွာ CRPH ရပ္တည္ခ်က္ကို ကခ်င္မဟာမိတ္အဖဲြ႔အေနနဲ႔ ေထာက္ခံေၾကာင္း ေၾကညာခ်က္ထဲမွာ ေတြ႔ရပါတယ္။ အဲဒီေတာ့ ကခ်င္မဟာမိတ္အဖဲြ႔အေနနဲ႔ CRPH နဲ႔က ဘယ္လို ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔ ရွိသလဲရွင့္။

Gum San NSang။ ။ က်ေနာ္တို႔က နည္းလမ္းေပါင္းစံုနဲ႔ ပါ၀င္ေဆာင္ရြက္လို႔ရပါတယ္ခင္ဗ်။ က်ေနာ္တို႔ ကခ်င္အေနျဖင့္ တေပါင္းတည္း CRPH နဲ႔ လုပ္ေဆာင္လာဖို႔ အစီအစဥ္ေတြေရာ က်ေနာ္တို႔အခု ဆက္သြယ္မႈ လမ္းေၾကာင္းေတြ ဖြင့္ထားတာေပါ့။ ဒါေပမယ့္ အဓိက ဒီ Kachin Alliance အေနျဖင့္ကေတာ့ ျပည္ပမွာ အင္အားစုအေနျဖင့္ ရပ္တည္ေနတယ္ဆိုေတာ့ CRPH ရဲ႕ ျပည္ပေရးရာနဲ႔ ပတ္သက္ၿပီးေတာ့မွ အၾကံျပဳမႈ ပါ၀င္ၿပီးေတာ့ က်ေနာ္တို႔ ကူညီေထာက္ပံ႔လို႔ ရတဲ့အေျခအေနေတြမွာ ပါ၀င္ဖို႔ က်ေန္ာတို႔ ဆက္သြယ္မႈ ရွိပါတယ္ခင္ဗ်။

မအင္ၾကင္းႏိုင္။ ။ CRPH က လႊတ္ေတာ္ ကိုယ္စားလွယ္ကိုယ္တိုင္ကလည္း ၂၀၀၈ ဖြဲ႔စည္းပံုအရ ေရြးေကာက္ပြဲနဲ႔ သူတို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြျဖစ္လာတယ္။ တဖက္မွာလည္း ၂၀၀၈ အေျခခံ ဥပေဒကိုလည္း ဖ်က္သိမ္းမယ္ဆိုတဲ့အေနအထားမ်ိဳး ရွိေနတဲ့အခါက်ေတာ့ သူတို႔ရပ္တည္ရတဲ့ အေျခအေန အခက္အခဲကိုေရာ ဘယ္လိုျမင္သလဲရွင့္။

Gum San NSang။ ။ ၂၀၀၈ ဖြဲ႔စည္းပံုနဲ႔ ပတ္သက္ၿပီးေတာ့မွ CRPH ရဲ႕ Legitimacy ေပါ့ေနာ္ ၂၀၂၀ ေရြးေကာက္ပြဲကေန ဆင္းသက္လာတယ္ဆိုတာ က်ေနာ္တို႔အေနနဲ႔ ေယဘုယ်အားျဖင့္လက္ခံတယ္။ ဒါေပမယ့္ လက္ရွိ ပကတိအေျခအေနက ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံ ဥပေဒကို လက္နဲ႔ ေရးၿပီးေတာ့ ေျခနဲ႔ ဖ်က္လိုက္ၿပီဆိုေတာ့ အခု က်ေနာ္တို႔ တိုင္းရင္းသားေတြ အကုန္လံုးလိုလားတဲ့ ဖယ္ဒရယ္နဲ႔ ကိုက္ညီတဲ့ ဖြဲ႔စည္းပံုအေျခခံ ဥပေဒ အခင္းအက်င္းရလာတဲ့အခ်ိန္လို႔ က်ေနာ္တို႔ ယူဆတယ္။ ဒါေၾကာင့္ CRPH ကေနၿပီးေတာ့ Constitution အသစ္ေရးဆြဲလာတဲ့အခ်ိန္မွာေရာ စစ္မွန္တဲ့ ဖယ္ဒရယ္ ပင္လံုကတိက၀တ္နဲ႔ ဆက္စပ္ၿပီးမွ ပင္လံုကတိက၀တ္ စိတ္ဓါတ္ကို အေျခခံတဲ့ ဖယ္ဒရယ္ ျပည္ေထာင္စု ျဖစ္ေပၚလာေရးေပါ့ေနာ္ အဲဒီ ၂ ခုကေန CRPH က လည္း ဖြင့္ဟလာတယ္ဆိုေတာ့ ဖ်က္သိမ္းေရးနဲ႔ ဖယ္ဒရယ္ Constitution အသစ္ေရးဆြဲေရးအတြက္ ဖြင့္ဟလာတယ္ဆိုေတာ့ က်ေနာ္တို႔က ႀကိဳဆိုရမွာ ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ CRPH ကို ကခ်င္အဖြဲ႔အစည္းေတြေပါ့ေနာ္ အထူးသျဖင့္ KIO လို ကခ်င္လက္နက္ကိုင္အဖြဲ႔အစည္းေတြ ၊ အျခားတိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြရဲ႕ ေထာက္ခံမႈအပိုင္းကိုေရာ ဘယ္လိုေတြ႔ရသလဲရွင့္။

Gum San NSang ။ ။ ေယဘုယ်အားျဖင့္ကေတာ့ Federal principle နဲ႔ ပတ္သက္ၿပီးေတာ့ ဖယ္ဒရယ္မူနဲ႔ အခု CRPH ရဲ႕ ရပ္တည္ခ်က္ကိုေထာက္ခံမႈကေတာ့ က်ေနာ္တို႔ ၾကားေနရပါတယ္ခင္ဗ် အမ်ားပိုင္းေပါ့ေနာ္။ KIO ပဲ မဟုတ္ဘူး ကခ်င္အမ်ိဳးသားအသိုက္အ၀န္းကေနၿပီးေတာ့မွ လက္ခံၾကပါတယ္ခင္ဗ်။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ CRPH က အခု ယာယီအစိုးရလည္းဖြဲ႔မယ္၊ ယာယီအစိုးရ အားေကာင္းလာဖို႔က ဥပမာ ကခ်င္မဟာမိတ္အဖဲြ႔လို ျပည္ပမွာ ရွိတဲ့ အဖြဲ႔ေတြ ၊ ေနာက္ၿပီးေတာ့ အထူးသျဖင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြအေနနဲ႔ ဘယ္လိုအားေကာင္းေအာင္ ပံ႔ပိုးေပးႏိုင္တဲ့ အေနအထားရွိသလဲရွင့္။

Gum San NSang။ ။ က်ေနာ္တို႔ ဒီ ႏိုင္ငံတကာ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီးေတာ့မွ က်ေနာ္တို႔ကေနၿပီးေတာ့ သီးသန္႔ကေတာ့ အေမရိကန္ ျပည္ေထာင္စုအစိုးရနဲ႔ေရာ ပံုမွန္ဆက္ဆံေရးရွိတယ္။ ရွိေတာ့ သူတို႔ကလည္းလိုလားတာ တကယ့္ညြန္႔ေပါင္းအစိုးရဆိုတာမွာ အကုန္လံုး ပါ၀င္ေရးမူက အေလးထားၾကပါတယ္။ ပါ၀င္ေရးမူမွာ က်ေနာ္တို႔ ပါ၀င္လာၿပီဆိုရင္ CRPH အတြက္ပဲျဖစ္ျဖစ္ Coalition government ေပါ့ေနာ္ အခု အသစ္ေပၚေပါက္လာမယ့္အစိုးရအတြက္ေရာ အင္အားစုတခုျဖစ္ပါလိမ့္မယ္။ ႏိုင္ငံတကာကလ္ညး လိႈက္လဲႀကိဳဆိုတဲ့ အင္အားစု အစိုးရတခုျဖစ္လာႏိုင္တယ္လို႔ က်ေန္ာတို႔ ျမင္ရတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ကခ်င္အမ်ိဳးသားေတြအတြက္ကေတာ့ အေရးႀကီးတာကေတာ့ တကယ့္ ဖယ္ဒရယ္ Guarantee ေပါ့ေနာ္ ၊ က်ေနာ္တို႔အတြက္ စစ္မွန္တဲ့ ဖယ္ဒရယ္ကို အာမခံႏိုင္တဲ့ အဆင့္ကေတာ့ CRPH ကေနၿပီးေတာ့ ျပသရမွာ ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ စစ္တပ္ဖြဲ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီကေနၿပီးေတာ့ ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ႏိွမ္နင္းေနတဲ့ေနရာမွာ တနလၤာေန႔ကဆိုရင္ ျမစ္ႀကီးနားမွာ ပစ္ခတ္တဲ့အတြက္ ေသဆံုးမႈေတြ ရွိပါတယ္။ ဆိုေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ KIO ၊ KIA အဖြဲ႔ကေနၿပီးေတာ့ သူတို႔အေနနဲ႔ ဒီလို ျပည္သူေတြကို သတ္ျဖတ္မယ္ဆိုရင္ နည္းလမ္းတခုနဲ႔ ပါ၀င္လာႏိုင္မယ့္ အေျခအေနရွိတယ္ဆိုၿပီးေတာ့ ထုတ္ျပန္ေၾကညာတာေတြလည္းရွိပါတယ္ ဆိုေတာ့ KIO ဘက္က ဘယ္လိုတံု႔ျပန္ေဆာင္ရြက္ႏိုင္မယ့္ အေနအထားရွိသလဲ။

Gum San NSang။ ။ KIA အဖြဲ႔အစည္းကေန တာ၀န္ခံ က်ေနာ္ေျပာဆိုမႈ လုပ္လို႔မရဘူးေပါ့ေနာ္ ဒါေပမယ့္ က်ေနာ္တို႔က သို႔ေလာ သို႔ေလာ ၾကားရတာကေတာ့ စစ္ေရးလႈပ္ရွားမႈကေတာ့ ရွိေနျမဲပါပဲ။ ဒီရွမ္းျပည္ေျမာက္ပိုင္း ကခ်င္ျပည္နယ္အေရွ႕ေတာင္ပိုင္းဘက္မွာေတာ့ စစ္ေရးတင္းမာမႈနဲ႔ လႈပ္ရွားမႈ ရွိေနတယ္။ ေနာက္ KIO ကေနၿပီးေတာ့ လက္နက္ကိုင္တယ္ဆိုေတာ့ တကယ့္တံု႔ျပန္မႈကိုယ္က စဥ္းစားလို႔ရတာေပါ့၊ အဓိက ဘယ္လိုမ်ိဳး တံု႔ျပန္လာမလဲဆိုတာ နည္းလမ္းေပါင္းစံု စဥ္းစားလို႔ရတဲ့အထဲမွာ လက္နက္ကိုင္တဲ့ နည္းလမ္းကေရာ မပါဘူးလို႔ေတာ့ ေျပာရမွာ ခက္မယ္လို႔ ထင္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒါဆိုရင္ တဖက္မွာ ကရင္ျပည္နယ္မွာဆိုရင္ DKBA ဆိုရင္ သူတို႔ ကရင္ျပည္သူေတြ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပတာ၊ လမ္းမေတြေပၚမွာထြက္ၿပီးဆႏၵျပတာေတြကို သူတို႔ လက္ၿပီးေတာ့ေပါ့ေနာ္ ကာကြယ္ေစာင့္ေရွာက္ေပးတယ္ေပါေ့နာ္ သူတုိ႔တပ္ေတြနဲ႔ ဆိုတာကို ေတြ႔ရတယ္ေပါေ့နာ္။ ဆိုေတာ့ ကခ်င္ျပည္နယ္မွာေရာ ကခ်င္တိုင္းရင္းသားေတြ သူတို႔ စစ္အာဏာသိမ္းတာကို ဆန္႔က်င္တာကို KIA လို တပ္ေတြကေနၿပီးေတာ့ ကရင္ျပည္နယ္မွာလို အဲလို ထြက္ၿပီးေတာ့ ၀န္းရံေပးႏုိင္တဲ့ အေနအထားေရာ ဘယ္လိုရွိပါသလဲ။

Gum San NSang။ ။ မရွိပါဘူးခင္ဗ် NCA မထိုးထားဘူး ၊ NCA သို႔မဟုတ္ အရင္တုန္းက ၿငိမ္းခ်မ္းေရးကာလမွာဆိုရင္ KIA တို႔ ျမစ္ၾကီးနားမေနာကြင္းမွာ လက္နက္ကိုင္ၿပီးေတာ့မွ ၀င္လို႔ရတယ္။ ဒါေပမယ့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ NCA မထိုးထားဘူးဆိုေတာ့ ၿမိဳ႕ဘက္ကို လက္နက္ကိုင္ၿပီးမွ ေရာက္လာတာနဲ႔ကို စစ္ပြဲျဖစ္လာမွာပဲ။ စိုးရိမ္ရတာကေတာ့ တခ်ိဳ႕ေျပာတာေပါ့ KIA ကေနၿပီးေတာ့ ဘာျဖစ္လို႔ ၿမိဳ႕မ၀င္လာသလဲဆိုတာ။ ၿမိဳ႕၀င္လာတဲ့အခ်ိန္မွာ က်ေနာ္တို႔ရဲ႕ ႏိုင္ငံေရးအခင္းအက်င္း၊ ဆႏၵျပမႈ အခင္းအက်င္းေတြက အကုန္လံုး ေျပာင္းလဲလာလိမ့္မယ္ ။ အဲဒီေျပာင္းလဲမႈအထိကေတာ့ ေခါင္းေဆာင္ေတြကလည္း စိုးရိမ္မႈေတြ ရွိမွာေပါေ့နာ္။ အဲလို အလြန္အကၽြံမျဖစ္ေအာင္ ထိခိုက္နစ္နာမႈေတြကို စဥ္းစားၿပီးမွပဲ ပါ၀င္သင့္ မပါ၀င္သင့္ေတြ အခု ဆံုးျဖတ္ခ်က္ေတြ လုပ္ေနၾကတာေပါ့ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

.............

အမေရိကန် အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ CRPH နှင့် ပူးပေါင်းဆောင်ရွက်မည်

(Unicode)

CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာလိုက်တဲ့ နိုင်ငံရေးရည်မှန်းချက်ဟာတိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေး အခင်းအကျင်းဖြစ်တဲ့အတွက် CRPH နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ က ပြောကြားလိုက်ပါတယ်။

CRPH ကဖွဲ့မယ့် ယာယီအစိုးရ အားကောင်းအောင် ကချင်အဖွဲ့တွေဘက်က ဘယ်လိုပါဝင်ဆောင်ရွက်ဖို့ရှိမလဲ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အကြမ်းဖက်ဖြိုခွဲခံရတဲ့ ကချင်ပြည်သူတွေအတွက်KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့က ဘယ်လို အကာအကွယ်ပေးမှာလဲ။ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San NSang ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ ကချင်မဟာမိတ်အဖွဲ့ကနေပြီးတော့ ပြည်တွင်းမှာရှိတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို အိတ်ဖွင့်ပေးစာပို့တယ်ပေါ့နော်။ နောက်ဆုံးဒီ အိတ်ဖွင့်ပေးစာမှာ CRPH ရပ်တည်ချက်ကို ကချင်မဟာမိတ်အဖွဲ့အနေနဲ့ ထောက်ခံကြောင်း ကြေညာချက်ထဲမှာ တွေ့ရပါတယ်။ အဲဒီတော့ ကချင်မဟာမိတ်အဖွဲ့အနေနဲ့ CRPH နဲ့က ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရှိသလဲရှင့်။

Gum San NSang။ ။ ကျနော်တို့က နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ဆောင်ရွက်လို့ရပါတယ်ခင်ဗျ။ ကျနော်တို့ ကချင်အနေဖြင့် တပေါင်းတည်း CRPH နဲ့ လုပ်ဆောင်လာဖို့ အစီအစဉ်တွေရော ကျနော်တို့အခု ဆက်သွယ်မှု လမ်းကြောင်းတွေ ဖွင့်ထားတာပေါ့။ ဒါပေမယ့် အဓိက ဒီ Kachin Alliance အနေဖြင့်ကတော့ ပြည်ပမှာ အင်အားစုအနေဖြင့် ရပ်တည်နေတယ်ဆိုတော့ CRPH ရဲ့ ပြည်ပရေးရာနဲ့ ပတ်သက်ပြီးတော့မှ အကြံပြုမှု ပါဝင်ပြီးတော့ ကျနော်တို့ ကူညီထောက်ပံ့လို့ ရတဲ့အခြေအနေတွေမှာ ပါဝင်ဖို့ ကျနေ်ာတို့ ဆက်သွယ်မှု ရှိပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ CRPH က လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲနဲ့ သူတို့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်လာတယ်။ တဖက်မှာလည်း ၂၀၀၈ အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်းမယ်ဆိုတဲ့အနေအထားမျိုး ရှိနေတဲ့အခါကျတော့ သူတို့ရပ်တည်ရတဲ့ အခြေအနေ အခက်အခဲကိုရော ဘယ်လိုမြင်သလဲရှင့်။

Gum San NSang။ ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့မှ CRPH ရဲ့ Legitimacy ပေါ့နော် ၂၀၂၀ ရွေးကောက်ပွဲကနေ ဆင်းသက်လာတယ်ဆိုတာ ကျနော်တို့အနေနဲ့ ယေဘုယျအားဖြင့်လက်ခံတယ်။ ဒါပေမယ့် လက်ရှိ ပကတိအခြေအနေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်နဲ့ ရေးပြီးတော့ ခြေနဲ့ ဖျက်လိုက်ပြီဆိုတော့ အခု ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံးလိုလားတဲ့ ဖယ်ဒရယ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခင်းအကျင်းရလာတဲ့အချိန်လို့ ကျနော်တို့ ယူဆတယ်။ ဒါကြောင့် CRPH ကနေပြီးတော့ Constitution အသစ်ရေးဆွဲလာတဲ့အချိန်မှာရော စစ်မှန်တဲ့ ဖယ်ဒရယ် ပင်လုံကတိကဝတ်နဲ့ ဆက်စပ်ပြီးမှ ပင်လုံကတိကဝတ် စိတ်ဓါတ်ကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးပေါ့နော် အဲဒီ ၂ ခုကနေ CRPH က လည်း ဖွင့်ဟလာတယ်ဆိုတော့ ဖျက်သိမ်းရေးနဲ့ ဖယ်ဒရယ် Constitution အသစ်ရေးဆွဲရေးအတွက် ဖွင့်ဟလာတယ်ဆိုတော့ ကျနော်တို့က ကြိုဆိုရမှာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ CRPH ကို ကချင်အဖွဲ့အစည်းတွေပေါ့နော် အထူးသဖြင့် KIO လို ကချင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုအပိုင်းကိုရော ဘယ်လိုတွေ့ရသလဲရှင့်။

Gum San NSang ။ ။ ယေဘုယျအားဖြင့်ကတော့ Federal principle နဲ့ ပတ်သက်ပြီးတော့ ဖယ်ဒရယ်မူနဲ့ အခု CRPH ရဲ့ ရပ်တည်ချက်ကိုထောက်ခံမှုကတော့ ကျနော်တို့ ကြားနေရပါတယ်ခင်ဗျ အများပိုင်းပေါ့နော်။ KIO ပဲ မဟုတ်ဘူး ကချင်အမျိုးသားအသိုက်အဝန်းကနေပြီးတော့မှ လက်ခံကြပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ CRPH က အခု ယာယီအစိုးရလည်းဖွဲ့မယ်၊ ယာယီအစိုးရ အားကောင်းလာဖို့က ဥပမာ ကချင်မဟာမိတ်အဖွဲ့လို ပြည်ပမှာ ရှိတဲ့ အဖွဲ့တွေ ၊ နောက်ပြီးတော့ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုအားကောင်းအောင် ပံ့ပိုးပေးနိုင်တဲ့ အနေအထားရှိသလဲရှင့်။

Gum San NSang။ ။ ကျနော်တို့ ဒီ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ကနေပြီးတော့ သီးသန့်ကတော့ အမေရိကန် ပြည်ထောင်စုအစိုးရနဲ့ရော ပုံမှန်ဆက်ဆံရေးရှိတယ်။ ရှိတော့ သူတို့ကလည်းလိုလားတာ တကယ့်ညွန့်ပေါင်းအစိုးရဆိုတာမှာ အကုန်လုံး ပါဝင်ရေးမူက အလေးထားကြပါတယ်။ ပါဝင်ရေးမူမှာ ကျနော်တို့ ပါဝင်လာပြီဆိုရင် CRPH အတွက်ပဲဖြစ်ဖြစ် Coalition government ပေါ့နော် အခု အသစ်ပေါ်ပေါက်လာမယ့်အစိုးရအတွက်ရော အင်အားစုတခုဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာကလ်ညး လှိုက်လဲကြိုဆိုတဲ့ အင်အားစု အစိုးရတခုဖြစ်လာနိုင်တယ်လို့ ကျနေ်ာတို့ မြင်ရတယ်။ ဒါပေမယ့် ကျနော်တို့ ကချင်အမျိုးသားတွေအတွက်ကတော့ အရေးကြီးတာကတော့ တကယ့် ဖယ်ဒရယ် Guarantee ပေါ့နော် ၊ ကျနော်တို့အတွက် စစ်မှန်တဲ့ ဖယ်ဒရယ်ကို အာမခံနိုင်တဲ့ အဆင့်ကတော့ CRPH ကနေပြီးတော့ ပြသရမှာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီကနေပြီးတော့ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတဲ့နေရာမှာ တနင်္လာနေ့ကဆိုရင် မြစ်ကြီးနားမှာ ပစ်ခတ်တဲ့အတွက် သေဆုံးမှုတွေ ရှိပါတယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ KIO ၊ KIA အဖွဲ့ကနေပြီးတော့ သူတို့အနေနဲ့ ဒီလို ပြည်သူတွေကို သတ်ဖြတ်မယ်ဆိုရင် နည်းလမ်းတခုနဲ့ ပါဝင်လာနိုင်မယ့် အခြေအနေရှိတယ်ဆိုပြီးတော့ ထုတ်ပြန်ကြေညာတာတွေလည်းရှိပါတယ် ဆိုတော့ KIO ဘက်က ဘယ်လိုတုံ့ပြန်ဆောင်ရွက်နိုင်မယ့် အနေအထားရှိသလဲ။

Gum San NSang။ ။ KIA အဖွဲ့အစည်းကနေ တာဝန်ခံ ကျနော်ပြောဆိုမှု လုပ်လို့မရဘူးပေါ့နော် ဒါပေမယ့် ကျနော်တို့က သို့လော သို့လော ကြားရတာကတော့ စစ်ရေးလှုပ်ရှားမှုကတော့ ရှိနေမြဲပါပဲ။ ဒီရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်နယ်အရှေ့တောင်ပိုင်းဘက်မှာတော့ စစ်ရေးတင်းမာမှုနဲ့ လှုပ်ရှားမှု ရှိနေတယ်။ နောက် KIO ကနေပြီးတော့ လက်နက်ကိုင်တယ်ဆိုတော့ တကယ့်တုံ့ပြန်မှုကိုယ်က စဉ်းစားလို့ရတာပေါ့၊ အဓိက ဘယ်လိုမျိုး တုံ့ပြန်လာမလဲဆိုတာ နည်းလမ်းပေါင်းစုံ စဉ်းစားလို့ရတဲ့အထဲမှာ လက်နက်ကိုင်တဲ့ နည်းလမ်းကရော မပါဘူးလို့တော့ ပြောရမှာ ခက်မယ်လို့ ထင်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒါဆိုရင် တဖက်မှာ ကရင်ပြည်နယ်မှာဆိုရင် DKBA ဆိုရင် သူတို့ ကရင်ပြည်သူတွေ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြတာ၊ လမ်းမတွေပေါ်မှာထွက်ပြီးဆန္ဒပြတာတွေကို သူတို့ လက်ပြီးတော့ပေါ့နော် ကာကွယ်စောင့်ရှောက်ပေးတယ်ပေါေ့နာ် သူတို့တပ်တွေနဲ့ ဆိုတာကို တွေ့ရတယ်ပေါေ့နာ်။ ဆိုတော့ ကချင်ပြည်နယ်မှာရော ကချင်တိုင်းရင်းသားတွေ သူတို့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တာကို KIA လို တပ်တွေကနေပြီးတော့ ကရင်ပြည်နယ်မှာလို အဲလို ထွက်ပြီးတော့ ဝန်းရံပေးနိုင်တဲ့ အနေအထားရော ဘယ်လိုရှိပါသလဲ။

Gum San NSang။ ။ မရှိပါဘူးခင်ဗျ NCA မထိုးထားဘူး ၊ NCA သို့မဟုတ် အရင်တုန်းက ငြိမ်းချမ်းရေးကာလမှာဆိုရင် KIA တို့ မြစ်ကြီးနားမနောကွင်းမှာ လက်နက်ကိုင်ပြီးတော့မှ ဝင်လို့ရတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးစာချုပ် NCA မထိုးထားဘူးဆိုတော့ မြို့ဘက်ကို လက်နက်ကိုင်ပြီးမှ ရောက်လာတာနဲ့ကို စစ်ပွဲဖြစ်လာမှာပဲ။ စိုးရိမ်ရတာကတော့ တချို့ပြောတာပေါ့ KIA ကနေပြီးတော့ ဘာဖြစ်လို့ မြို့မဝင်လာသလဲဆိုတာ။ မြို့ဝင်လာတဲ့အချိန်မှာ ကျနော်တို့ရဲ့ နိုင်ငံရေးအခင်းအကျင်း၊ ဆန္ဒပြမှု အခင်းအကျင်းတွေက အကုန်လုံး ပြောင်းလဲလာလိမ့်မယ် ။ အဲဒီပြောင်းလဲမှုအထိကတော့ ခေါင်းဆောင်တွေကလည်း စိုးရိမ်မှုတွေ ရှိမှာပေါေ့နာ်။ အဲလို အလွန်အကျွံမဖြစ်အောင် ထိခိုက်နစ်နာမှုတွေကို စဉ်းစားပြီးမှပဲ ပါဝင်သင့် မပါဝင်သင့်တွေ အခု ဆုံးဖြတ်ချက်တွေ လုပ်နေကြတာပေါ့ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG