သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမင္းျခံဆႏၵျပပဲြပစ္ခတ္ခံရမႈ ၅ ဦးေသဆံုး


ေဖေဖာ္ဝါရီ ၈ ရက္ေန႔က ျမင္းျခံၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

ႏုိင္ငံတ၀န္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြက ပစ္ခတ္ ၿဖိဳခြင္းမႈေတြ ျပင္းထန္လာေနသလုိပဲ ဆႏၵျပ လႈပ္ရွားသူေတြကလည္း ဆက္ၿပီး အရွိန္ျမင့္ လုပ္လာေနပါတယ္။ ဒီကေန႔မွာလည္း ဆႏၵသူေတြကုိ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြ ရွိခဲ့တာေၾကာင့္ အသက္ဆုံးရႈံးမႈေတြ ရွိခဲ့ပါတယ္။ အျပည့္အစုံကုိေတာ့ မခင္ျဖဴေထြးက တင္ျပေပးပါမယ္။

မႏၱေလးတုိုင္း၊ ျမင္းၿခံၿမိဳ႕မွာ ဒီကေန႔ မနက္ပုိင္းက က်ည္အစစ္နဲ႔ ပစ္ခတ္ ၿဖိဳခြင္းခဲ့တာေၾကာင့္ ေသဆုံးသူ ၅ ဦးရွိခဲ့ၿပီး စုိးရိမ္ရတဲ့ အေျခအေနရွိ္သူေတြလည္း အမ်ားအျပား ရွိေနတယ္လုိ႔ ျမင္းၿခံၿမိဳ႕ခံတဦးက ဗီြအုိေအကုိ ေျပာပါတယ္။

“ျမင္းျခံမွာ ျဖစ္တာက က်ေနာ္တို႔က အေရွ႕ဘက္ကေနဝင္ၿပီး အေနာက္ဘက္ကို ထြက္မွာေပါ့။ သူတို႔က ပတ္ပတ္လည္ပိတ္ထားတာ။ က်ေနာ္တို႔ အေနာက္မွာလည္း တဖဲြ႔ပါတယ္။ က်ေနာ္တို႔ ေဘးမွာလည္း တဖဲြ႔ပါတယ္။ က်ေနာ္တို႔ရဲ႕ အေရွ႕မွာလည္း တဖဲြ႔ရွိတယ္။ က်ေနာ္တို႔က ထြက္မယ္လုပ္ေတာ့ သူတို႔က ထြက္ခ်ိန္မေပးဘူး။ တန္းပစ္တာေပါ့။ တန္းပစ္ၿပီးေတာ့ က်ေနာ္တို႔ဆို ဒိုင္းကာေတြနဲ႔ က်ေနာ္ကုိယ္တုိင္ေပြ႔လာရတာ ေဘးမွာ ၁၆ ႏွစ္ေလာက္ ကေလးတစ္ေယာက္ကုိ က်ေနာ္ ေပြ႔လာရတာ။ ေသဆုံးကေတာ့ အခု အတည္ျပဳထားတာကေတာ့ ၅ ေယာက္ဗ်။ (ထိခုိက္ဒဏ္ရာရ) အဲ့ဒါကေတာ့ ၃၀ ေက်ာ္ေလာက္ရွိမယ္၊ ၃၀ ဝန္းက်င္ေပါ့။ ၃၀ ထဲမွာ စုိးရိမ္ရတဲ့လူကေတာ့ ဟုိလုိမ်ဳိး ၁၅ ေယာက္ေလာက္ေတာ့ ရွိမယ္ဗ်။ အဲ့ဒီေလာက္ႀကီး စုိးရိမ္ရတဲ့လူေတာ့ မပါဘူး။ တကယ္ေသသြားတဲ့လူကေတာ့ ၅ ေယာက္ဗ်။ က်ေနာ္တုိ႔ကုိ ၿဖိဳခြဲၿပီးေတာ့ သူတုိ႔က ၿမိဳ႕ေပၚမွာလည္း တဒုိင္းဒုိင္းနဲ႔ ရပ္ကြက္ေတြတို႔၊ လမ္းထိပ္မွာေတြတို႔ ပတ္ပစ္ေနတာ။ က်ေနာ္တုိ႔ ေပြ႔လာတဲ့ ၁၆ ႏွစ္ ေကာင္ေလးကုိဆုိ ကုတာ အိမ္ေပၚတင္ၿပီး ကုတာ။ က်ေနာ္တုိ႔ ျပည္သူေတြအိမ္ေတြထဲဝင္ေျပးေတာ့ ျပည္သူအိမ္ထဲအထိကို ၀င္ၿပီးကုိ ထုတာ။”

ျမင္းၿခံမွာ ပစ္ခတ္ၿဖိဳခြင္းမႈေတြေၾကာင့္ ေသဆုံးသူနဲ႔ စုိးရိမ္ရတဲ့ အေျခအေနရွိသူေတြ ရွိသလုိ လက္နက္ကုိင္ေတြက ဖမ္းဆီးသြားသူ ႏွစ္ ဦးေလာက္ ရွိတယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

မေကြးတုိင္း၊ ေအာင္လံၿမိဳ႕မွာလည္း ဒီကေန႔ ပစ္ခတ္ ၿဖိဳခြဲမႈေတြေၾကာင့္ ေသဆုံးသူ ႏွစ္ ဦး ရွိခဲ့ပါတယ္။ မေန႔ညက သပိတ္ျပဳလုပ္ခ်ိန္မွာ ပစ္ခတ္ ၿဖိဳခြဲမႈတခ်ဳိ႕ လုပ္ခဲ့ၿပီး ဒီကေန႔ မနက္ပုိင္းမွာေတာ့ သပိတ္စစ္ေၾကာင္း မစတင္ခင္ကတည္းက လက္နက္ကုိင္တပ္ဖြဲ႔ေတြက ပစ္ခတ္ ၿဖိဳခြင္းခဲ့တာျဖစ္တယ္လုိ႔လည္း ေအာင္လံၿမိဳ႕ ေဒသခံတဦးက ေျပာပါတယ္။

“ေအာင္လံကေတာ့ ေျခာက္ေယာက္ထိတာမွာ... ႏွစ္ေယာက္ကေတာ့ ဆံုးသြားၿပီ။ ေလးေယာက္ကေတာ့ က်ည္ထိၿပီးေတာ့ ခု ကုေနတယ္ေပါ့။ မေန႔ကညပိုင္းက ညသပိတ္ဆင္ႏဲႊေနတဲ့ လူေတြကို ေလာက္ေလးဂြနဲ႔ အပစ္ခံရတယ္ေပါ့ေနာ္။ ဒီေလာက္ေလးဂြနဲ႔ ပစ္ခံရတဲ့ အိမ္ကို လူေတြက ဝိုင္းၿပီးေတာ့ ခဲေတြက ေပါက္ရာကေနစၿပီးေတာ့ ရဲတပ္ဖဲြ႔ဝင္ေတြကလာယ္။ လာတဲ့အခါက်ေတာ့ သူတို႔တားတယ္။ လူအုပ္နဲ႔ေတြ႔ေတာ့ သူတို႔က အသံဗံုးေတြခဲြတယ္၊ မီးခိုးဗံုးေတြခဲြတယ္.. အဲဒီညထဲက ျဖစ္တာေပါ့ေနာ္။ ဒီေန႔မနက္ပုိင္းမွာေတာ့ ခါတုိင္းအတုိင္းပဲ ေက်ာင္းသားေတြဦးေဆာင္တဲ့ သပိတ္အဖြဲ႔က ဆႏၵျပဖုိ႔ လူစုေနတဲ့အခ်ိန္မွာပဲ ရဲတပ္ဖြဲ႔က တန္းခြဲတာေပါ့ေနာ္။ လူစုခြဲၿပီးေတာ့ လူ တခ်ဳိ႕လည္း အဖမ္းခံရတယ္လုိ႔ ၾကားတယ္။ ဒါေပမဲ့ လူအတိအက်ေတာ့ က်ေနာ္တုိ႔လည္း စာရင္း မရေသးဘူးေပါ့။ အဖမ္းခံရတယ္။ ဆုိင္ကယ္ေတြလည္း အသိမ္းခံရတယ္။ အဲဒီမွာ က်ေနာ္တုိ႔ လူျပန္စုၿပီး ၀ုိင္းတဲ့အခါမွာ ရဲတပ္ဖြဲ႔က ၿဖိဳခြဲတာပဲေပါ့။ ရာဘာက်ည္ေတြနဲ႔လည္း ပစ္တယ္။ ေနာက္ၿပီးေတာ့ အသံဗုံးခြဲတယ္။ က်ည္အစစ္ေတြနဲ႔လည္း ပစ္တယ္ေပါ့။ က်ည္အစစ္နဲ႔ ပစ္တဲ့အခါက်ေတာ့ ေလာေလာဆယ္တေယာက္ေတာ့ လည္ပင္းကို ထိၿပီးေတာ့ဆုံးတယ္။ ေနာက္တေယာက္ကေတာ့ ဗုိက္ကုိ ထုတ္ခ်င္းေပါက္ၿပီးေတာ့ ဆုံးတယ္။ ေနာက္ ၄ ေယာက္မွာ ဗုိက္ေပါက္သြားတဲ့တေယာက္ကေတာ့ စုိးရိမ္ရတယ္။ ေနာက္ ၃ ေယာက္ရယ္၊ အဲဒီ ၄ ေယာက္ကေတာ့ ေလာေလာဆယ္ ျပည္ေဆးရုံႀကီးကုိ ပုိ႔ၿပီး ကုသေနပါတယ္ခင္ဗ်။”

မႏၱေလးမွာလည္း ဒီကေန႔ ပစ္ခတ္ၿဖိဳခြဲမႈေတြေၾကာင့္ ႏွစ္ ဦး က်ည္ထိမွန္ ေသဆုံးခဲ့ပါတယ္။

စစ္ကုိင္းတုိင္း၊ မုံရြာၿမိဳ႕မွာလည္း ဒီကေန႔ ဆႏၵျပဖုိ႔လာတဲ့ ကားတစ္စီးကုိ လက္နက္ကုိင္ေတြက ပစ္ခတ္ခဲ့ပါတယ္။ အဲဒီ ပစ္ခတ္မႈေၾကာင့္ ယာဥ္ေမာင္းတစ္ဦး ေသနတ္ထိမွန္ခဲ့ၿပီး စုိးရိမ္ရတဲ့အေျခအေန ရွိေနတဲ့ အဲဒီလူကုိ လက္နက္ကုိင္ေတြက ဖမ္းဆီးသြားတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

ျမန္မာႏုိင္ငံတ၀ွမ္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြက ေန႔စဥ္ ရွိေနသလုိ ဆႏၵျပသူေတြကုိ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြကလည္း ေန႔စဥ္ ရွိေနပါတယ္။ လက္နက္ကုိင္တပ္ဖြဲ႔ေတြက လက္နက္မဲ့ ဆႏၵျပသူေတြကုိ အၾကမ္းဖက္ၿဖိဳခြင္းမႈေတြေၾကာင့္ ႏုိင္ငံတ၀န္း ေန႔စဥ္နဲ႔အမွ် ျမင့္တက္ေနၿပီး မေန႔ကဆုိရင္ ဆႏၵျပကာလတေလွ်ာက္ တရက္တည္း ေသဆုံးမႈအမ်ားဆုံးရွိခဲ့ေပမဲ့ ႏုိင္ငံတဝန္း အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကေတာ့ ဆက္လက္ အရွိန္ေကာင္းေနဆဲျဖစ္ပါတယ္။

ျမင္းျခံဆႏၵျပပဲြပစ္ခတ္ခံရမႈ ၅ ဦးေသဆံုး
please wait

No media source currently available

0:00 0:03:50 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြင်းခြံဆန္ဒပြပွဲပစ်ခတ်ခံရမှု ၅ ဦးသေဆုံး

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွင်းမှုတွေ ပြင်းထန်လာနေသလိုပဲ ဆန္ဒပြ လှုပ်ရှားသူတွေကလည်း ဆက်ပြီး အရှိန်မြင့် လုပ်လာနေပါတယ်။ ဒီကနေ့မှာလည်း ဆန္ဒသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိခဲ့တာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဒီကနေ့ မနက်ပိုင်းက ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူ ၅ ဦးရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိသူတွေလည်း အများအပြား ရှိနေတယ်လို့ မြင်းခြံမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြင်းခြံမှာ ဖြစ်တာက ကျနော်တို့က အရှေ့ဘက်ကနေဝင်ပြီး အနောက်ဘက်ကို ထွက်မှာပေါ့။ သူတို့က ပတ်ပတ်လည်ပိတ်ထားတာ။ ကျနော်တို့ အနောက်မှာလည်း တဖွဲ့ပါတယ်။ ကျနော်တို့ ဘေးမှာလည်း တဖွဲ့ပါတယ်။ ကျနော်တို့ရဲ့ အရှေ့မှာလည်း တဖွဲ့ရှိတယ်။ ကျနော်တို့က ထွက်မယ်လုပ်တော့ သူတို့က ထွက်ချိန်မပေးဘူး။ တန်းပစ်တာပေါ့။ တန်းပစ်ပြီးတော့ ကျနော်တို့ဆို ဒိုင်းကာတွေနဲ့ ကျနော်ကိုယ်တိုင်ပွေ့လာရတာ ဘေးမှာ ၁၆ နှစ်လောက် ကလေးတစ်ယောက်ကို ကျနော် ပွေ့လာရတာ။ သေဆုံးကတော့ အခု အတည်ပြုထားတာကတော့ ၅ ယောက်ဗျ။ (ထိခိုက်ဒဏ်ရာရ) အဲ့ဒါကတော့ ၃၀ ကျော်လောက်ရှိမယ်၊ ၃၀ ဝန်းကျင်ပေါ့။ ၃၀ ထဲမှာ စိုးရိမ်ရတဲ့လူကတော့ ဟိုလိုမျိုး ၁၅ ယောက်လောက်တော့ ရှိမယ်ဗျ။ အဲ့ဒီလောက်ကြီး စိုးရိမ်ရတဲ့လူတော့ မပါဘူး။ တကယ်သေသွားတဲ့လူကတော့ ၅ ယောက်ဗျ။ ကျနော်တို့ကို ဖြိုခွဲပြီးတော့ သူတို့က မြို့ပေါ်မှာလည်း တဒိုင်းဒိုင်းနဲ့ ရပ်ကွက်တွေတို့၊ လမ်းထိပ်မှာတွေတို့ ပတ်ပစ်နေတာ။ ကျနော်တို့ ပွေ့လာတဲ့ ၁၆ နှစ် ကောင်လေးကိုဆို ကုတာ အိမ်ပေါ်တင်ပြီး ကုတာ။ ကျနော်တို့ ပြည်သူတွေအိမ်တွေထဲဝင်ပြေးတော့ ပြည်သူအိမ်ထဲအထိကို ဝင်ပြီးကို ထုတာ။”

မြင်းခြံမှာ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူနဲ့ စိုးရိမ်ရတဲ့ အခြေအနေရှိသူတွေ ရှိသလို လက်နက်ကိုင်တွေက ဖမ်းဆီးသွားသူ နှစ် ဦးလောက် ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့မှာလည်း ဒီကနေ့ ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ နှစ် ဦး ရှိခဲ့ပါတယ်။ မနေ့ညက သပိတ်ပြုလုပ်ချိန်မှာ ပစ်ခတ် ဖြိုခွဲမှုတချို့ လုပ်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ သပိတ်စစ်ကြောင်း မစတင်ခင်ကတည်းက လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွင်းခဲ့တာဖြစ်တယ်လို့လည်း အောင်လံမြို့ ဒေသခံတဦးက ပြောပါတယ်။

“အောင်လံကတော့ ခြောက်ယောက်ထိတာမှာ... နှစ်ယောက်ကတော့ ဆုံးသွားပြီ။ လေးယောက်ကတော့ ကျည်ထိပြီးတော့ ခု ကုနေတယ်ပေါ့။ မနေ့ကညပိုင်းက ညသပိတ်ဆင်နွဲှနေတဲ့ လူတွေကို လောက်လေးဂွနဲ့ အပစ်ခံရတယ်ပေါ့နော်။ ဒီလောက်လေးဂွနဲ့ ပစ်ခံရတဲ့ အိမ်ကို လူတွေက ဝိုင်းပြီးတော့ ခဲတွေက ပေါက်ရာကနေစပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကလာယ်။ လာတဲ့အခါကျတော့ သူတို့တားတယ်။ လူအုပ်နဲ့တွေ့တော့ သူတို့က အသံဗုံးတွေခွဲတယ်၊ မီးခိုးဗုံးတွေခွဲတယ်.. အဲဒီညထဲက ဖြစ်တာပေါ့နော်။ ဒီနေ့မနက်ပိုင်းမှာတော့ ခါတိုင်းအတိုင်းပဲ ကျောင်းသားတွေဦးဆောင်တဲ့ သပိတ်အဖွဲ့က ဆန္ဒပြဖို့ လူစုနေတဲ့အချိန်မှာပဲ ရဲတပ်ဖွဲ့က တန်းခွဲတာပေါ့နော်။ လူစုခွဲပြီးတော့ လူ တချို့လည်း အဖမ်းခံရတယ်လို့ ကြားတယ်။ ဒါပေမဲ့ လူအတိအကျတော့ ကျနော်တို့လည်း စာရင်း မရသေးဘူးပေါ့။ အဖမ်းခံရတယ်။ ဆိုင်ကယ်တွေလည်း အသိမ်းခံရတယ်။ အဲဒီမှာ ကျနော်တို့ လူပြန်စုပြီး ဝိုင်းတဲ့အခါမှာ ရဲတပ်ဖွဲ့က ဖြိုခွဲတာပဲပေါ့။ ရာဘာကျည်တွေနဲ့လည်း ပစ်တယ်။ နောက်ပြီးတော့ အသံဗုံးခွဲတယ်။ ကျည်အစစ်တွေနဲ့လည်း ပစ်တယ်ပေါ့။ ကျည်အစစ်နဲ့ ပစ်တဲ့အခါကျတော့ လောလောဆယ်တယောက်တော့ လည်ပင်းကို ထိပြီးတော့ဆုံးတယ်။ နောက်တယောက်ကတော့ ဗိုက်ကို ထုတ်ချင်းပေါက်ပြီးတော့ ဆုံးတယ်။ နောက် ၄ ယောက်မှာ ဗိုက်ပေါက်သွားတဲ့တယောက်ကတော့ စိုးရိမ်ရတယ်။ နောက် ၃ ယောက်ရယ်၊ အဲဒီ ၄ ယောက်ကတော့ လောလောဆယ် ပြည်ဆေးရုံကြီးကို ပို့ပြီး ကုသနေပါတယ်ခင်ဗျ။”

မန္တလေးမှာလည်း ဒီကနေ့ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် နှစ် ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ဒီကနေ့ ဆန္ဒပြဖို့လာတဲ့ ကားတစ်စီးကို လက်နက်ကိုင်တွေက ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေနတ်ထိမှန်ခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတဲ့ အဲဒီလူကို လက်နက်ကိုင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေက နေ့စဉ် ရှိနေသလို ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေကလည်း နေ့စဉ် ရှိနေပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နိုင်ငံတဝန်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး မနေ့ကဆိုရင် ဆန္ဒပြကာလတလျှောက် တရက်တည်း သေဆုံးမှုအများဆုံးရှိခဲ့ပေမဲ့ နိုင်ငံတဝန်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ဆက်လက် အရှိန်ကောင်းနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG