(Zawgyi/Unicode)
အီတလီ အဝတ္အထည္ လက္လီျဖန္႔ခ်ီတဲ့ OVS ကုမၸဏီက ျမန္မာႏိုင္ငံမွာ သူတို႔ရဲ႕ လုပ္ငန္းကို အကန္႔အသတ္နဲ႔ ဆက္ဖြင့္ထားမွာ ျဖစ္ေပမယ့္ ျမန္မာႏိုင္ငံတြင္း အာဏာသိမ္းထားတဲ့ စစ္တပ္ကို ဆႏၵျပရာမွာ ပါဝင္တဲ့ အလုပ္သမားေတြ အေပၚခြဲျခားဆက္ဆံသူေတြနဲ႔ေတာ့ အလုပ္ဆက္လုပ္မွာ မဟုတ္ေၾကာင္း တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။
ျမန္မာႏိုင္ငံက ခ်ည္မွ်င္နဲ႔ ရက္ထည္ေတြအျပင္ အထည္ခ်ဳပ္စက္ရံုထြက္ ပစၥည္းေတြဟာ ကမာၻမွာ နာမည္ႀကီးသလို အထည္ခ်ဳပ္စက္ရံုလုပ္ငန္းဟာလည္း အဓိက ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္းတခု ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့လက ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေနာက္ပိုင္း အၾကမ္းဖက္မႈေတြ တိုးလာေနၿပီး ႏိုင္ငံတြင္း လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြ ရွိေနတာ အတြက္ ရႈတ္ခ်ေၾကာင္းနဲ႔ အေျခေနကို မျပတ္ေစာင့္ၾကည့္ေနမွာ ျဖစ္ေၾကာင္းလည္း OVS က ေျပာပါတယ္။
ကမာၻ႔ ဒုတိယအႀကီးဆံုး ဖက္ရွင္ဒီဇိုင္း ကုမၸဏီ ဆြီဒင္ အေျခစိုက္ H&M ကေရာ အီတလီအေျခစိုက္ Benetton အဝတ္အထည္ ကုမၸဏီေတြကလည္း ျမန္မာႏိုင္ငံက ပစၥည္းသစ္မွာယူမႈကို ခ်က္ခ်င္းပဲ ဆိုင္းငံ့ လိုက္ေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ေၾကညာခဲ့ပါတယ္။
ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတဲ့ အေျခအေနမေရာက္ခင္က ႏုိင္ငံတကာ နာမည္ႀကီး အဝတ္အထည္ ကုမၸဏီႀကီးေတြ အလံုးအရင္းနဲ႔ အလုပ္အပ္တာေၾကာင့္ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္း အေတာ့္ကို တိုးတက္ခဲ့တာပါ။
GAP ၊ H&M ၊ Primark နဲ႔ Adidas လို ကုမၸဏီႀကီးေတြဟာ ျမန္မာ့အထည္ခ်ဳပ္စက္႐ံုေတြမွာ သူတုိ႔ အဝတ္အထည္ေတြကို ခ်ဳပ္လုပ္ဖို႔ ေျပာင္းေရႊ႕မွာယူခဲ့ၾကသလို အဝတ္အထည္၊ ဖိနပ္နဲ႔ လက္ဆြဲအိတ္ ေတြကိုလည္း ျပည္တြင္းမွာ ထုတ္လုပ္ခဲ့ၾကတာေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းဟာ ျပည္တြင္း အသားတင္ကုန္ထုတ္လုပ္မႈ စုစုေပါင္းရဲ႕ ၃% အထိ ေရာက္ခဲ့ပါတယ္။
.............
ဆန္ဒပြအလုပ်သမားတွေကို ခွဲခြားဆက်ဆံတဲ့ မြန်မာလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ရပ်ဆိုင်းဖို့ရှိ(အီတလီ ဖက်ရှင်အဝတ်အထည်ကုမ္ပဏီ OVS )
(Unicode)
အီတလီက အဝတ်အထည် လက်လီဖြန့်ချီတဲ့ OVS ကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုပ်ငန်းကို အကန့်အသတ်နဲ့ ဆက်ဖွင့်ထားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမားတွေ အပေါ်ခွဲခြားဆက်ဆံသူတွေနဲ့တော့ အလုပ်ဆက်လုပ်မှာ မဟုတ်ကြောင်း တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
မြန်မာနိုင်ငံက ချည်မျှင်နဲ့ ရက်ထည်တွေအပြင် အထည်ချုပ်စက်ရုံထွက် ပစ္စည်းတွေဟာ ကမ္ဘာမှာ နာမည်ကြီးသလို အထည်ချုပ်စက်ရုံလုပ်ငန်းဟာလည်း အဓိက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အကြမ်းဖက်မှုတွေ တိုးလာနေပြီး နိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတာ အတွက် ရှုတ်ချကြောင်းနဲ့ အခြေနေကို မပြတ်စောင့်ကြည့်နေမှာ ဖြစ်ကြောင်းလည်း OVS က ပြောပါတယ်။
ကမ္ဘာ့ ဒုတိယအကြီးဆုံး ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီ ဆွီဒင် အခြေစိုက် H&M ကရော အီတလီအခြေစိုက် Benetton အဝတ်အထည် ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ပစ္စည်းသစ်မှာယူမှုကို ချက်ချင်းပဲ ဆိုင်းငံ့ လိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အခြေအနေမရောက်ခင်က နိုင်ငံတကာ နာမည်ကြီး အဝတ်အထည် ကုမ္ပဏီကြီးတွေ အလုံးအရင်းနဲ့ အလုပ်အပ်တာကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်း အတော့်ကို တိုးတက်ခဲ့တာပါ။
GAP ၊ H&M ၊ Primark နဲ့ Adidas လို ကုမ္ပဏီကြီးတွေဟာ မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ သူတို့ အဝတ်အထည်တွေကို ချုပ်လုပ်ဖို့ ပြောင်းရွှေ့မှာယူခဲ့ကြသလို အဝတ်အထည်၊ ဖိနပ်နဲ့ လက်ဆွဲအိတ် တွေကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ခဲ့ကြတာကြောင့် အထည်ချုပ်လုပ်ငန်းဟာ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၃% အထိ ရောက်ခဲ့ပါတယ်။