သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ အလုပ္သမားသမဂၢ အဖဲြ႕၀င္ေတြ ဖမ္းဆီးဖိနွိပ္ခံရမႈ ILO သံုးသပ္မည္


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၂၇ ရက္ေန႔က ဆႏၵျပအမ်ိဳးသမီးတဦးအား အခ်ဳပ္ကားထဲ ဖမ္းေခၚသြားစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အလုပ္သမားသမဂၢအဖြဲ႔ဝင္ေတြ အဖမ္းဆီးခံေနရသလို ေနအိမ္ေတြမွာ လာေရာက္ရွာေဖြ အေႏွာက္အယွက္ေပးတာေတြခံေနရၿပီး တခ်ိဳ႕ကေတာ့ ေၾကာက္ၿပီးပုန္းေအာင္း ေနၾကရတယ္လို႔ ကုလသမဂၢ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ႀကီး ILO က ေျပာပါတယ္။

ေဖေဖၚဝါရီတရက္ အာဏာသိမ္းၿပီးခ်ိန္ကစၿပီး စစ္တပ္က အလုပ္သမားေတြရဲ႕ ရပိုင္ခြင့္ဆိုင္ရာ ကန္႔သတ္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္လာေနတယ္လို႔ ကမာၻ႔အႀကီးဆံုး အလုပ္သမားသမဂၢ ျဖစ္တဲ့ ITUC အျပည္ျပည္ဆိုင္ရာ အလုပ္သမားသမဂၢအဖြဲ႔ႀကီးက မတ္လ ၁၁ ရက္ ေန႔စြဲနဲ႔ အစီရင္ခံစာ တေစာင္ ILO ကိုတင္သြင္းခဲ့တာျဖစ္ပါတယ္။

အာဏာသိမ္းထားတ့ဲ စစ္တပ္ကို ဆန္႔က်င္ဆႏၵျပတဲ့ ေဒသခံေတြကို စစ္တပ္နဲ႔ရဲက မ်က္ရည္ယိုဗံုးေတြ ေသနတ္ေတြနဲ႔ ပစ္ခတ္ေနတာ ျဖစ္ၿပီး တနဂၤေႏြေန႔က ရန္ကုန္မွာ ဒါဇင္နဲ႔ခ်ီ ေသဆံုးခဲ့ရၿပီး တ႐ုတ္ပိုင္ စက္ရံု အမ်ားအျပားလည္း မီးရႈိ႕ခံရပါတယ္။

အခုလို အာဏာပိုင္ေတြဘက္က အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ ရွိေနေပမယ့္ တနလၤာေန႔မွာ လည္း ဆႏၵျပမႈေတြ ဆက္ရွိေနသလို ပစ္ခတ္မႈေတြည္း ရွိေနၿပီး ၆ ဦးထက္မနည္း ေသဆံုးခဲ့ရတာပါ။ ဒီလို အေျခေနေအာက္မွာ စစ္တပ္အာဏာပိုင္ေတြကို အၾကမ္းမဖက္ပဲ ဆန္႔က်င္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ အလုပ္သမားေတြကို ၿခိမ္းေျခာက္မႈေတြရွိေၾကာင္း တိုင္ၾကားစာေတြလည္း ရရွိတယ္လို႔ ILO ကေျပာပါတယ္။

စစ္တပ္အာဏာပိုင္ေတြက လြတ္လပ္စြာေျပာဆိုခြင့္၊ စုေဝးခြင့္ေတြကို ပိတ္ပင္သလို လူမႈမီဒီယာေတြကို ပိတ္ပင္တာနဲ႔ CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ ျမန္မာ အလုပ္သမားသမဂၢေတြနဲ႔ အလုပ္သမား အဖြဲ႔အစည္းေပါင္း ၁၆ ခု ကိုပါ တရားမဝင္ အဖြဲ႔အစည္း အျဖစ္ေၾကညာခဲ့တယ္လို႔ လည္း ေျပာပါတယ္။

အခုလို ဖိႏွိပ္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္လာတာ နဲ႔ ပတ္သက္ၿပီး ITCU က မတ္လ ၅ ရက္ေန႔မွာ ILO ဆီ တိုင္ၾကားလႊာ တင္သြင္းခဲ့တာ ျဖစ္ၿပီး ဒါကို မတ္လ ၂၂ ရက္ေန႔မွာ ILO က ျပန္လွန္ သံုးသပ္ဖို႔ ရွိေၾကာင္းလည္း ေျပာပါတယ္။

အလုပ္သမားေတြအေပၚ ၿခိမ္းေျခာက္ ေႏွာက္ယွက္မႈေတြ ရပ္ဆိုင္းၿပီး ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရ ျပန္ျဖစ္လာေစဖို႔ ILO အႀကီးအကဲ Guy Ryder က ၿပီးခဲ့တဲ့ လတုန္းကပဲ ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုထားတာပါ။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ဖမ်းဆီးဖိနှိပ်ခံရမှု ILO သုံးသပ်မည်

(Unicode)

မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ အဖမ်းဆီးခံနေရသလို နေအိမ်တွေမှာ လာရောက်ရှာဖွေ အနှောက်အယှက်ပေးတာတွေခံနေရပြီး တချို့ကတော့ ကြောက်ပြီးပုန်းအောင်း နေကြရတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO က ပြောပါတယ်။

ဖေဖေါ်ဝါရီတရက် အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်က အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာ ကန့်သတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေတယ်လို့ ကမ္ဘာ့အကြီးဆုံး အလုပ်သမားသမဂ္ဂ ဖြစ်တဲ့ ITUC အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ကြီးက မတ်လ ၁၁ ရက် နေ့စွဲနဲ့ အစီရင်ခံစာ တစောင် ILO ကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ဒေသခံတွေကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးတွေ သေနတ်တွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပြီး တနင်္ဂနွေနေ့က ရန်ကုန်မှာ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး တရုတ်ပိုင် စက်ရုံ အများအပြားလည်း မီးရှို့ခံရပါတယ်။

အခုလို အာဏာပိုင်တွေဘက်က အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိနေပေမယ့် တနင်္လာနေ့မှာ လည်း ဆန္ဒပြမှုတွေ ဆက်ရှိနေသလို ပစ်ခတ်မှုတွေည်း ရှိနေပြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ရတာပါ။ ဒီလို အခြေနေအောက်မှာ စစ်တပ်အာဏာပိုင်တွေကို အကြမ်းမဖက်ပဲ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အလုပ်သမားတွေကို ခြိမ်းခြောက်မှုတွေရှိကြောင်း တိုင်ကြားစာတွေလည်း ရရှိတယ်လို့ ILO ကပြောပါတယ်။

စစ်တပ်အာဏာပိုင်တွေက လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးခွင့်တွေကို ပိတ်ပင်သလို လူမှုမီဒီယာတွေကို ပိတ်ပင်တာနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ မြန်မာ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမား အဖွဲ့အစည်းပေါင်း ၁၆ ခု ကိုပါ တရားမဝင် အဖွဲ့အစည်း အဖြစ်ကြေညာခဲ့တယ်လို့ လည်း ပြောပါတယ်။

အခုလို ဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာ နဲ့ ပတ်သက်ပြီး ITCU က မတ်လ ၅ ရက်နေ့မှာ ILO ဆီ တိုင်ကြားလွှာ တင်သွင်းခဲ့တာ ဖြစ်ပြီး ဒါကို မတ်လ ၂၂ ရက်နေ့မှာ ILO က ပြန်လှန် သုံးသပ်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။

အလုပ်သမားတွေအပေါ် ခြိမ်းခြောက် နှောက်ယှက်မှုတွေ ရပ်ဆိုင်းပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်ဖြစ်လာစေဖို့ ILO အကြီးအကဲ Guy Ryder က ပြီးခဲ့တဲ့ လတုန်းကပဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG