သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအထည္ခ်ဳပ္အလုပ္သမားေတြကို EU ကပ္ေဘးအေထာက္အပံ့ဆက္ေပးမည္


အထည္ခ်ဳပ္ စက္႐ုံ တခုရဲ႕ ျမင္ကြင္း။ (ဓာတ္ပံု - European Union Myanmar Facebook - ဇူလိုင္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံမွာ အခက္အခဲႀကံဳေနရတဲ့ အထည္ခ်ဳပ္လုပ္ငန္းက အလုပ္သမားေတြကုိ ဥေရာပသမဂၢ EU က ဒီႏွစ္မွာ ယူ႐ိုေငြ ၅,၀၀၀,၀၀၀ ဆက္လက္ ေထာက္ပံ့မယ့္အေၾကာင္း တင္ဆက္ေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံက အထည္အလိပ္နဲ႔ အထည္ခ်ဳပ္က႑က လိုအပ္ခ်က္ရွိေနတဲ့ လုပ္သားေတြကို EU က ဒီႏွစ္ ၂၀၂၁ ခုႏွစ္မွာ ျမန္မာက်ပ္ေငြ ၈ ဘီလီယံ တန္ဖိုးရွိတဲ့ ယူ႐ိုေငြ ၅,၀၀၀,၀၀၀ ထပ္မံေထာက္ပံ့သြားမွာျဖစ္ေၾကာင္း စီမံကိန္းတာ၀န္ရွိသူေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ ယူ႐ုိေငြ ၅,၀၀၀,၀၀၀ ေထာက္ပံ့ခဲ့ၿပီးေနာက္ ဒီႏွစ္မွာလည္း ဆက္လက္ ေထာက္ပံ့သြားဖုိ႔ စီစဥ္ေနတာလုိ႔လည္း EU ရဲ႕ “ျမန္ကူ” လုိ႔ အမည္ေပးထားတဲ့ အကူအညီေပးေရး အစီအစဥ္က Project Manager ေဒၚစုမြန္က ေျပာပါတယ္။

“ျမန္ကူ က EU က ၂၀၂၁ အတြက္ ထပ္ၿပီးေတာ့ ယူ႐ိုေငြ ၅,၀၀၀,၀၀၀ ဆက္လက္ၿပီးေတာ့ ကူညီေဆာင္႐ြက္ ေပးသြားမယ္ေပါ့။ partnet အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့။ ဒီႏွစ္မွာ လူမႈဖူလုံေရး အဖြဲ႕အစည္းေတြနဲ႔ ထပ္မံၿပီးေတာ့ ပူးေပါင္းၿပီးေတာ့ ေဆြးေႏြးမႈေတြ လုပ္ၿပီးေတာ့ စာရင္းသြင္းခ်င္တဲ့ အဖြဲ႕အစည္းမွာ စာရင္းသြင္းခ်င္တဲ့ စက္႐ုံေတြ၊ အေသးစား၊ အလတ္စားေပါ့ေနာ္။ ဒီစက္႐ုံေတြနဲ႔ စက္႐ုံအလုပ္သမားေတြ အတြက္ကိုလည္း “ျမန္ကူ” က စာရင္းသြင္းတဲ့ေနရာမွာ အဆင္ေျပဖို႔အတြက္ကို ေထာက္ပံ့ေၾကးေပးတာမ်ိဳးကို ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္သြားမွာပါ။ ဒါ အစိုးရအဖြဲ႕နဲ႔ ပူးေပါင္း ေဆာက္႐ြက္မယ့္ ထပ္မံၿပီးေတာ့လုပ္ေဆာင္မယ့္ ကိစၥတခုပါပဲ။”

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ႀကံဳခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ ေမကလစၿပီး အထည္ခ်ဳပ္၊ အထည္အလိပ္၊ အိပ္နဲ႔ ဖိနပ္ထုတ္လုပ္ေရး က႑ေတြက ကုိယ္၀န္ေဆာင္ အမ်ဳိးသမီး ၉၀၀ ေလာက္ အပါအ၀င္ အလုပ္အကုိင္ အခက္အခဲႀကံဳေနရတဲ့ အလုပ္သမား ၆၀,၀၀၀ ေက်ာ္အတြက္ယူ႐ိုေငြ ၅,၀၀၀,၀၀၀ သုံးစဲြခဲ့တာပါ။ ဒီတႀကိမ္ ေထာက္ပံ့ေငြကိုလည္း ျမန္ကူအဖဲြ႔ထံ တိုက္႐ိုက္ ေလွ်ာက္ထားႏိုင္သလို မိတ္ဖက္ အလုပ္သမားသမဂၢေတြကေန တဆင့္လည္း ေလွ်ာက္ထားႏိုင္ေၾကာင္း စီမံကိန္းတာ၀န္ရွိသူ ေဒၚစုမြန္က ေျပာပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလမွာ အထည္ခ်ဳပ္လုပ္သား အမ်ားစုအပါအ၀င္ စက္မႈဇုန္ေတြက လုပ္သား ၁၀၀,၀၀၀ ေက်ာ္ အလုပ္ကေန ယာယီရပ္နားခံထားရေၾကာင္း အစိုးရရဲ႕ တရားဝင္စာရင္းေတြက ေဖာ္ျပထားၿပီး အလုပ္သမားသမဂၢေတြကေတာ့ လက္ေတြ႔မွာ ဒီထက္ပုိမ်ားလိမ့္မယ္လုိ႔ ခန္႔မွန္းထားပါတယ္။

အထည္ခ်ဳပ္လုပ္သားေတြ အပါအ၀င္ ကပ္ေရာဂါကာလ အခက္အခဲ ႀကံဳရတဲ့ အလုပ္သမားေတြအတြက္ အလုပ္အကုိင္ အခြင့္အလမ္းေတြ ဖန္တီးႏုိင္ဖုိ႔ လုိအပ္ခ်က္ေတြ ရွိေနတယ္လုိ႔လည္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ CTUM ရဲ႕ ဥကၠ႒ ဦးေမာင္ေမာင္က ေျပာပါတယ္။

“အထူးသျဖင့္ အထည္ခ်ဳပ္လုပ္ငန္းေပါ့ က်ေနာ္တို႔ ရန္ကုန္မွာျမင္ေနရတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြ က်ေနာ္တို႔ လႈိင္သာယာ၊ မဂၤလာဒုံ၊ ေ႐ႊျပည္သာ ဆိုတဲ့ေနရာေတြမွာ ရွိတာကေတာ့ ေတာ္ေတာ္ေလး သက္ေရာက္မႈ ရွိပါတယ္။ အမ်ားစုသည္ ျမန္မာႏိုင္ငံအတြင္းမွာ ေ႐ႊ႕ေျပာင္းလာၿပီး အလုပ္လုပ္တဲ့သူေတြ ျဖစ္ေတာ့ ဒီလူငယ္ေတြဟာ သူတို႔မိဘေတြ ပါလာတာလည္းရွိတယ္။ အဲဒီေတာ့ လုပ္ငန္းမလုပ္ရတဲ့အခ်ိန္မွာ ပံ့ပိုးမႈ အနည္းငယ္ ရရွိေသာ္လည္း သူတို႔အေနနဲ႔ ဒါကိုဆက္လက္ၿပီးေတာ့ လည္ပတ္ဖို႔ဆိုတာက ေမွ်ာ္လင့္ခ်က္ ေတာ္ေတာ္နည္းေနတယ္။ ဒါေၾကာင့္မို႔ က်ေနာ္အလုပ္အကိုင္ ျပန္လည္ရရွိေရး ဆိုတဲ့ေနရာမွာ အလုပ္အကိုင္ကိုလည္း ေျပာင္းလုပ္ဖို႔ဆိုတာကို လိုတယ္ဆိုတဲ့ကိစၥကေတာ့ ပထမဦးဆုံး ေျဖခ်င္ပါတယ္။”

ျမန္မာႏိုင္ငံရဲ႕ အထည္ခ်ဳပ္လုပ္ငန္းေတြမွာ အမ်ိဳးသမီးအမ်ားစု လုပ္ကိုင္ေနၿပီး အေရအတြက္အားျဖင့္ေတာ့ ၇၀၀,၀၀၀ ေလာက္ရွိပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရး အသုံးစရိတ္နည္းေအာင္ ယွဥ္ၿပိဳင္လာမယ့္ အႏၲရာယ္ေၾကာင့္ အာရွက အထည္ခ်ဳပ္လုပ္သား သန္းေပါင္းမ်ားစြာ ဝင္ေငြပိုနိမ့္က်ၿပီး အမ်ိဳးသမီးေတြ ပိုအခက္အခဲႀကံဳႏိုင္တယ္လို႔ ႏိုင္ငံတကာအလုပ္သမားအဖြဲ႕ ILO က ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ သတိေပးထားပါတယ္။ အလုပ္လက္မဲ့ျဖစ္သြားတဲ့ ကမာၻ႔လုပ္သားထုရဲ႕ ၄၀ ရာခိုင္ႏႈန္းဟာ အလုပ္ခြင္ ျပန္မဝင္ႏိုင္ၾကေသးသလုိ၊ ျပန္ဝင္ခြင့္ရမယ္ဆုိရင္ေတာင္မွ အခြင့္အေရးေတြ ဆုံးရႈံးမယ့္အႏၱရာယ္ ရွိေနတယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအထည်ချုပ်အလုပ်သမားတွေကို EU ကပ်ဘေးအထောက်အပံ့ဆက်ပေးမည်

ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ အခက်အခဲကြုံနေရတဲ့ အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေကို ဥရောပသမဂ္ဂ EU က ဒီနှစ်မှာ ယူရိုငွေ ၅,၀၀၀,၀၀၀ ဆက်လက် ထောက်ပံ့မယ့်အကြောင်း တင်ဆက်ပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက အထည်အလိပ်နဲ့ အထည်ချုပ်ကဏ္ဍက လိုအပ်ချက်ရှိနေတဲ့ လုပ်သားတွေကို EU က ဒီနှစ် ၂၀၂၁ ခုနှစ်မှာ မြန်မာကျပ်ငွေ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ ယူရိုငွေ ၅,၀၀၀,၀၀၀ ထပ်မံထောက်ပံ့သွားမှာဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ယူရိုငွေ ၅,၀၀၀,၀၀၀ ထောက်ပံ့ခဲ့ပြီးနောက် ဒီနှစ်မှာလည်း ဆက်လက် ထောက်ပံ့သွားဖို့ စီစဉ်နေတာလို့လည်း EU ရဲ့ “မြန်ကူ” လို့ အမည်ပေးထားတဲ့ အကူအညီပေးရေး အစီအစဉ်က Project Manager ဒေါ်စုမွန်က ပြောပါတယ်။

“မြန်ကူ က EU က ၂၀၂၁ အတွက် ထပ်ပြီးတော့ ယူရိုငွေ ၅,၀၀၀,၀၀၀ ဆက်လက်ပြီးတော့ ကူညီဆောင်ရွက် ပေးသွားမယ်ပေါ့။ partnet အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့။ ဒီနှစ်မှာ လူမှုဖူလုံရေး အဖွဲ့အစည်းတွေနဲ့ ထပ်မံပြီးတော့ ပူးပေါင်းပြီးတော့ ဆွေးနွေးမှုတွေ လုပ်ပြီးတော့ စာရင်းသွင်းချင်တဲ့ အဖွဲ့အစည်းမှာ စာရင်းသွင်းချင်တဲ့ စက်ရုံတွေ၊ အသေးစား၊ အလတ်စားပေါ့နော်။ ဒီစက်ရုံတွေနဲ့ စက်ရုံအလုပ်သမားတွေ အတွက်ကိုလည်း “မြန်ကူ” က စာရင်းသွင်းတဲ့နေရာမှာ အဆင်ပြေဖို့အတွက်ကို ထောက်ပံ့ကြေးပေးတာမျိုးကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဒါ အစိုးရအဖွဲ့နဲ့ ပူးပေါင်း ဆောက်ရွက်မယ့် ထပ်မံပြီးတော့လုပ်ဆောင်မယ့် ကိစ္စတခုပါပဲ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကြုံခဲ့ရပြီးနောက် ပြီးခဲ့တဲ့နှစ် မေကလစပြီး အထည်ချုပ်၊ အထည်အလိပ်၊ အိပ်နဲ့ ဖိနပ်ထုတ်လုပ်ရေး ကဏ္ဍတွေက ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၀၀ လောက် အပါအဝင် အလုပ်အကိုင် အခက်အခဲကြုံနေရတဲ့ အလုပ်သမား ၆၀,၀၀၀ ကျော်အတွက်ယူရိုငွေ ၅,၀၀၀,၀၀၀ သုံးစွဲခဲ့တာပါ။ ဒီတကြိမ် ထောက်ပံ့ငွေကိုလည်း မြန်ကူအဖွဲ့ထံ တိုက်ရိုက် လျှောက်ထားနိုင်သလို မိတ်ဖက် အလုပ်သမားသမဂ္ဂတွေကနေ တဆင့်လည်း လျှောက်ထားနိုင်ကြောင်း စီမံကိန်းတာဝန်ရှိသူ ဒေါ်စုမွန်က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အထည်ချုပ်လုပ်သား အများစုအပါအဝင် စက်မှုဇုန်တွေက လုပ်သား ၁၀၀,၀၀၀ ကျော် အလုပ်ကနေ ယာယီရပ်နားခံထားရကြောင်း အစိုးရရဲ့ တရားဝင်စာရင်းတွေက ဖော်ပြထားပြီး အလုပ်သမားသမဂ္ဂတွေကတော့ လက်တွေ့မှာ ဒီထက်ပိုများလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အထည်ချုပ်လုပ်သားတွေ အပါအဝင် ကပ်ရောဂါကာလ အခက်အခဲ ကြုံရတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် CTUM ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

“အထူးသဖြင့် အထည်ချုပ်လုပ်ငန်းပေါ့ ကျနော်တို့ ရန်ကုန်မှာမြင်နေရတဲ့ အထည်ချုပ်လုပ်ငန်းတွေ ကျနော်တို့ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ ဆိုတဲ့နေရာတွေမှာ ရှိတာကတော့ တော်တော်လေး သက်ရောက်မှု ရှိပါတယ်။ အများစုသည် မြန်မာနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းလာပြီး အလုပ်လုပ်တဲ့သူတွေ ဖြစ်တော့ ဒီလူငယ်တွေဟာ သူတို့မိဘတွေ ပါလာတာလည်းရှိတယ်။ အဲဒီတော့ လုပ်ငန်းမလုပ်ရတဲ့အချိန်မှာ ပံ့ပိုးမှု အနည်းငယ် ရရှိသော်လည်း သူတို့အနေနဲ့ ဒါကိုဆက်လက်ပြီးတော့ လည်ပတ်ဖို့ဆိုတာက မျှော်လင့်ချက် တော်တော်နည်းနေတယ်။ ဒါကြောင့်မို့ ကျနော်အလုပ်အကိုင် ပြန်လည်ရရှိရေး ဆိုတဲ့နေရာမှာ အလုပ်အကိုင်ကိုလည်း ပြောင်းလုပ်ဖို့ဆိုတာကို လိုတယ်ဆိုတဲ့ကိစ္စကတော့ ပထမဦးဆုံး ဖြေချင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီးအများစု လုပ်ကိုင်နေပြီး အရေအတွက်အားဖြင့်တော့ ၇၀၀,၀၀၀ လောက်ရှိပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး အသုံးစရိတ်နည်းအောင် ယှဉ်ပြိုင်လာမယ့် အန္တရာယ်ကြောင့် အာရှက အထည်ချုပ်လုပ်သား သန်းပေါင်းများစွာ ဝင်ငွေပိုနိမ့်ကျပြီး အမျိုးသမီးတွေ ပိုအခက်အခဲကြုံနိုင်တယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO က ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ကမ္ဘာ့လုပ်သားထုရဲ့ ၄၀ ရာခိုင်နှုန်းဟာ အလုပ်ခွင် ပြန်မဝင်နိုင်ကြသေးသလို၊ ပြန်ဝင်ခွင့်ရမယ်ဆိုရင်တောင်မှ အခွင့်အရေးတွေ ဆုံးရှုံးမယ့်အန္တရာယ် ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG