[Zawgyi/Unicode]
ကိုဗစ္ကပ္ေရာဂါကာလ စက္႐ုံအလုပ္႐ုံေတြမွာ ေရာဂါကူးစက္မႈကုိ ထိန္းခ်ဳပ္ဖုိ႔အတြက္ အလုပ္သမားေတြကုိ ပုိးသတ္ေဆးပက္ဖ်န္းေနတာေတြ ရွိေနတဲ့အေပၚ အလုပ္သမားေရး လႈပ္ရွားသူေတြနဲ႔ က်န္းမာေရးပညာရွင္ေတြ စုိးရိမ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။
ကပ္ေရာဂါေၾကာင့္ စက္႐ုံအလုပ္႐ုံေတြ ယာယီပိတ္ခဲ့ၿပီးေနာက္ ျပန္ဖြင့္ခ်ိန္မွာ ေရာဂါကူးစက္မႈကုိ ကာကြယ္ဖုိ႔ အလုပ္သမားေတြကုိ တုိက္႐ုိက္ ပိုးသတ္ေဆးဖ်န္းတာမ်ိဳးေတြေၾကာင့္ က်န္းမာေရး ထိခုိက္မွာ စုိးရိမ္ေနၾကပါတယ္။
ျမန္မာႏိုင္ငံ ကုန္ထုတ္လုပ္မႈနဲ႔ စက္မႈလက္မႈ အလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ရဲ႕ ညႇိႏႈိင္းေရးမွဴး မႏွင္းသဇင္က ရန္ကုန္က စက္႐ုံတခ်ိဳ႕မွာ လူတစ္ကိုယ္စာ အခန္းငယ္ေလးေတြထဲကို ဝင္ၿပီး အဲ့ဒီထဲမွာ ပိုးသတ္ေဆးဖ်န္းေပးတာမ်ိဳးရွိေနၿပီး တခ်ဳိ႕ေနရာေတြမွာ က်န္းမာေရး လမ္းညႊန္ခ်က္နဲ႔ မညီတာေတြ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။
“သူတို႔ကေတာ့ ပိုးသတ္ေဆးကိုေတာ့ ဖ်န္းတာက ပိုးသတ္ေဆးပုံးနဲ႔ ဖ်န္းတာေတာ့ မဟုတ္ဘူးေပါ့။ စက္႐ုံအဝင္ဝကို ဝင္ၿပီဆိုတာနဲ႔ အခန္းေလးေတြ လုပ္ထားတယ္။ လုပ္ထားတာမွာမွ အေပၚကေနၿပီး ေတာ့ ေရပိုက္ကလိုမ်ိဳးေပါ့ေနာ္။ အမ်ားႀကီးေတာ့ မဟုတ္ဘူး၊ သူတို႔က အဲ့လိုဖ်န္းတာ။ က်မကေတာ့ ကိုယ္သိတဲ့ စက္႐ုံေလာက္ဆိုရင္ေတာ့ ၃ ႐ုံေလာက္ေတာ့ ရွိတယ္။ အလုပ္သမားေတြက မသိၾကဘူး။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ေပါ့ေနာ္။ ခႏၶာကိုယ္ေပၚကို တိုက္႐ိုက္ဖ်န္းတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး မသိၾကဘူး။ မသိလို႔ တိုင္ၾကားမႈ မျပဳလုပ္တာပါ။ အဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတ္မွတ္ခ်က္ေတြနဲ႔ မညီဘူးဆိုတဲ့ဟာေတြကို က်မတို႔ အဖြဲ႕ခ်ဳပ္ကေနၿပီးေတာ့ ေဖာ္ျပထားၿပီးသား ေပါ့ေနာ္။ ဘယ္ကို တိုင္ရမလဲဆိုတဲ့ဟာကို လုပ္သမားေတြက မသိတာ၊ ဒါေၾကာင့္မို႔လို႔ က်မတို႔ဆီကို ဆက္သြယ္ပါဆိုၿပီး ေျပာေနတာ။ က်မတို႔ကို ဆက္သြယ္လာလို႔ရွိရင္ က်မတို႔က ဒါနဲ႔ ပတ္သက္ၿပီး က်န္းမာေရး ဝန္ႀကီးဌာနကို က်မတို႔က တိုင္ရမယ္။”
က်န္းမာေရး၀န္ႀကီးဌာနကေတာ့ ပိုးသတ္ေဆးေတြကို လူကိုယ္ခႏၶာေပၚကို တိုက္႐ိုက္ ျဖန္းတာမ်ိဳးဟာ အႏၱရာယ္ရွိတဲ့အတြက္ မလုပ္ဖုိ႔လည္း ညႊန္ၾကားထားပါတယ္။ ဒါေၾကာင့္လည္း က်န္းမာေရးလမ္းညႊန္ခ်က္နဲ႔ မညီတဲ့ လုပ္ရပ္မ်ဳိးေတြ ေတြ႔ရွိတယ္ဆုိရင္ တုိင္ၾကားသြားမယ္လုိ႔လည္း မႏွင္းသဇင္က ေျပာပါတယ္။
“က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေအာက္မွာ မပါဘဲနဲ႔ ဒီလုပ္ငန္းရွင္ေတြက မိမိသေဘာဆႏၵနဲ႔ ေဆးေတြ ဖ်န္းတာေတြ၊ မိမိသေဘာဆႏၵနဲ႔ လူခႏၶာကိုယ္ကို ေဆးဖ်န္းတဲ့ ကိစၥရပ္ေတြကို ကြၽန္မတို႔ကေတာ့ ဒီဟာနဲ႔ ပတ္သက္ၿပီး ဘာလုပ္ေဆာင္သြားမလဲဆိုရင္၊ တိုင္ၾကားလာတဲ့ အလုပ္သမားေတြေပါ့ေနာ္။ ဒါမ်ိဳးရွိတယ္ဆိုရင္ က်န္းမာေရးဝန္ႀကီးဌာနကို က်မတို႔က ဒီလို အခ်က္အလက္ေတြ ေပးပို႔မယ္။ ေပးပို႔ၿပီးေတာ့ ဒီစက္႐ုံကိုေပါ့ေနာ္။ ဘယ္လို အေရးယူေဆာင္႐ြက္မလဲဆိုတာေတာ့ အစိုးရကပဲ ျဖစ္ပါလိမ့္မယ္။ က်မတို႔က ဒီကေန ဒီလို က်န္းမာေရးဝန္ႀကီးဌာန လမ္းၫႊန္ခ်က္ေတြနဲ႔ မညီတာေတြကိုေတာ့ အခ်က္အလက္ေတြ ေပးပို႔သြားပါမယ္။”
ကိုဗစ္ကပ္ေရာဂါ ကာလအတြင္း ျပန္ဖြင့္ၾကတဲ့ စက္႐ုံ အလုပ္႐ုံေတြအတြက္ က်န္းမာေရးဝန္ႀကီးဌာနက လိုက္နာရမယ့္ လမ္းၫႊန္ခ်က္ေတြ ထုတ္ျပန္ထားၿပီး သတ္မွတ္ခ်က္ အဆင့္ေတြနဲ႔ ညီတဲ့ စက္႐ုံေတြကို ျပန္ဖြင့္ခြင့္ေပးခဲ့တာပါ။
စက္႐ုံ အလုပ္႐ုံေတြမွာ ကိုဗစ္ကို ကာကြယ္ႏိုင္ဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ လမ္းၫႊန္ခ်က္ေတြကို အတိအက်လိုက္နာၿပီး ဝန္ထမ္းေတြလုပ္သားေတြကို အကာအကြယ္ေတြ စနစ္တက် ဝတ္ဆင္ခိုင္းတာ၊ တစ္ဦးနဲ႔ တစ္ဦး သတ္မွတ္အကြာအေဝးအတိုင္း ခပ္ခြာခြာေနတာမ်ိဳးကသာ ကိုဗစ္ကို အဓိက ကာကြယ္ႏိုင္မွာျဖစ္တယ္လို႔ အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာျမင့္ဦးက ေျပာပါတယ္။ ခႏၶာကုိယ္ေပၚ တုိက္႐ုိက္ပုိးသတ္ေဆးဖ်န္းတဲ့ လုပ္ရပ္မ်ဳိးကေတာ့ က်န္းမာေရးအတြက္ အႏၱရာယ္မ်ားတယ္လုိ႔လည္း ဆုိပါတယ္။
“အဓိကကေတာ့ အမ်ားစု သုံးေနၾကတဲ့ ကလိုရင္းပါတဲ့ဟာေပါ့၊ ဒါအစြန္းခြၽတ္ေဆးေတြ အစြန္းေတြကိုေတာင္မွ ခြၽတ္ႏိုင္တဲ့ အဓိပၸာယ္ရွိတယ္။ ဘာပဲေျပာေျပာ လူ႔ကိုယ္ခႏၶာအတြက္ေတာ့ အဆိပ္အေတာက္ ျဖစ္ေစတဲ့ ပစၥည္းလို႔ သတ္မွတ္ထားတဲ့ အတြက္ေၾကာင့္ ခႏၶာကိုယ္ေပၚကို ဖ်န္းတာကိုေတာ့ အတတ္ႏိုင္ဆုံးေရွာင္ၾကဥ္ပါ။ အရက္ပ်ံပါတာကို လက္မွာပြတ္တာေလာက္ကေတာ့ ဒါကေတာ့ သဘာဝက်တယ္။ အဲ့ဒါေတာင္မွ ၁၀၀ ရာခိုင္ႏႈန္း အရက္ပ်ံကို မပြတ္ခိုင္းဘူး။ ၅၀ ရာခိုင္ႏႈန္းတို႔၊ ၇၀ ရာခိုင္ႏႈန္းတို႔ အဲ့ေလာက္ပဲ။ ဒီအရက္ပ်ံေတြက အမ်ားႀကီး ပါးစပ္ထဲ ဝင္သြားရင္ လူကို ေသေစႏိုင္တယ္ေပါ့။ သူတို႔ က Methanol ေတြေလ။ ေသာက္လို႔ရတဲ့ အရက္မဟုတ္ဘူး။ အဲ့လို အမႈန္ေတြ ေန႔စဥ္ဖ်န္ေနမယ္၊ ပါးစပ္ထဲဝင္မယ္ဆိုရင္လည္း အႏၲရာယ္ရွိတယ္၊ မ်က္လုံးထဲ ဝင္မယ္ဆိုရင္လည္း အႏၲရာယ္ရွိတယ္။ ပိုးသတ္ေဆးဆိုတာ လူကို ဖ်န္းရမယ့္ဟာမ်ိဳး မဟုတ္ပါဘူး။ လူက အကာအကြယ္ပစၥည္းေတြ ဝတ္လို႔ရပါတယ္။ အၿမဲတမ္းေျပာတယ္။ လက္အိတ္စြပ္လို႔ရပါတယ္၊ အဲ့လိုမ်ိဳးေတြေပါ့။ လမ္းမေပၚဖ်န္းတာ၊ ေလထဲကို မႈတ္ထုတ္တာေတာင္မွ သဘာဝမက်ဘူးေျပာထားတာ ဒီေဆးေတြကို လူ႔ကိုယ္ခႏၶာမွာသုံးလို႔ ကိုဗစ္ကာကြယ္ေရးကို မထိေရာက္တဲ့ အျပင္ လူကိုလည္း အဆိပ္အေတာက္ျဖစ္ေစႏိုင္တယ္ေပါ့ေနာ္။”
က်န္းမာေရးသတ္မွတ္ေတြနဲ႔ ကိုက္ညီမႈရွိတဲ့ စက္႐ုံေတြကို ေအာက္တိုဘာလ ၁၂ ရက္ေန႔ကစၿပီး ျပန္ဖြင့္ခြင့္ျပဳထားတာပါ။ ဒီလို ျပန္ဖြင့္ခြင့္ျပဳလိုက္ၿပီးတဲ့ေနာက္ စက္႐ုံတခ်ိဳ႕မွာ ကိုဗစ္ကူးစက္မႈတခ်ိဳ႕ ေတြ႕ခဲ့ရတာေတြ ရွိပါတယ္။
ရန္ကုန္တိုင္းမွာ အမ်ားစုအပါအဝင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ တိုးလာေနခ်ိန္မွာပဲ ကုန္ထုတ္လုပ္ငန္းေတြကို အစိုးရက ျပန္လုပ္ခြင့္ျပဳလိုက္တာေၾကာင့္ စိုးရိမ္မႈေတြလည္း ထြက္ေပၚေနပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ကပ္ေရာဂါေၾကာင့္ တိုင္းျပည္စီးပြားေရး ထိခိုက္ေနခ်ိန္မွာ ကုန္ထုတ္လုပ္ငန္းေတြကို အခ်ိန္ၾကာၾကာ ရပ္ဆိုင္းထားမယ္ဆိုရင္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ အတူ ေနာက္ဆက္တြဲ အလုပ္သမားေတြရဲ႕ ဘဝရပ္တည္မႈကိုပါ ထိခိုက္လာႏိုင္တယ္လို႔ ေျပာဆိုထားပါတယ္။ ဒါေပမဲ့လည္း လုပ္ငန္းေတြကို ျပန္လည္ပတ္ရာမွာ ေရာဂါအႏၲရာယ္ ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို တိတိက်က် လိုက္နာဖို႔ လိုအပ္တယ္လို႔လည္း သတိေပးထားပါတယ္။
[Unicode Version]
စက်ရုံအလုပ်ရုံတွင်း ရောဂါထိန်းချုပ်ရေး အလုပ်သမားတချို့စိုးရိမ်
ကိုဗစ်ကပ်ရောဂါကာလ စက်ရုံအလုပ်ရုံတွေမှာ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် အလုပ်သမားတွေကို ပိုးသတ်ဆေးပက်ဖျန်းနေတာတွေ ရှိနေတဲ့အပေါ် အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။
ကပ်ရောဂါကြောင့် စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ခဲ့ပြီးနောက် ပြန်ဖွင့်ချိန်မှာ ရောဂါကူးစက်မှုကို ကာကွယ်ဖို့ အလုပ်သမားတွေကို တိုက်ရိုက် ပိုးသတ်ဆေးဖျန်းတာမျိုးတွေကြောင့် ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်ရဲ့ ညှိနှိုင်းရေးမှူး မနှင်းသဇင်က ရန်ကုန်က စက်ရုံတချို့မှာ လူတစ်ကိုယ်စာ အခန်းငယ်လေးတွေထဲကို ဝင်ပြီး အဲ့ဒီထဲမှာ ပိုးသတ်ဆေးဖျန်းပေးတာမျိုးရှိနေပြီး တချို့နေရာတွေမှာ ကျန်းမာရေး လမ်းညွှန်ချက်နဲ့ မညီတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“သူတို့ကတော့ ပိုးသတ်ဆေးကိုတော့ ဖျန်းတာက ပိုးသတ်ဆေးပုံးနဲ့ ဖျန်းတာတော့ မဟုတ်ဘူးပေါ့။ စက်ရုံအဝင်ဝကို ဝင်ပြီဆိုတာနဲ့ အခန်းလေးတွေ လုပ်ထားတယ်။ လုပ်ထားတာမှာမှ အပေါ်ကနေပြီး တော့ ရေပိုက်ကလိုမျိုးပေါ့နော်။ အများကြီးတော့ မဟုတ်ဘူး၊ သူတို့က အဲ့လိုဖျန်းတာ။ ကျမကတော့ ကိုယ်သိတဲ့ စက်ရုံလောက်ဆိုရင်တော့ ၃ ရုံလောက်တော့ ရှိတယ်။ အလုပ်သမားတွေက မသိကြဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက်ဖျန်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မသိကြဘူး။ မသိလို့ တိုင်ကြားမှု မပြုလုပ်တာပါ။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ မညီဘူးဆိုတဲ့ဟာတွေကို ကျမတို့ အဖွဲ့ချုပ်ကနေပြီးတော့ ဖော်ပြထားပြီးသား ပေါ့နော်။ ဘယ်ကို တိုင်ရမလဲဆိုတဲ့ဟာကို လုပ်သမားတွေက မသိတာ၊ ဒါကြောင့်မို့လို့ ကျမတို့ဆီကို ဆက်သွယ်ပါဆိုပြီး ပြောနေတာ။ ကျမတို့ကို ဆက်သွယ်လာလို့ရှိရင် ကျမတို့က ဒါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနကို ကျမတို့က တိုင်ရမယ်။”
ကျန်းမာရေးဝန်ကြီးဌာနကတော့ ပိုးသတ်ဆေးတွေကို လူကိုယ်ခန္ဓာပေါ်ကို တိုက်ရိုက် ဖြန်းတာမျိုးဟာ အန္တရာယ်ရှိတဲ့အတွက် မလုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးလမ်းညွှန်ချက်နဲ့ မညီတဲ့ လုပ်ရပ်မျိုးတွေ တွေ့ရှိတယ်ဆိုရင် တိုင်ကြားသွားမယ်လို့လည်း မနှင်းသဇင်က ပြောပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အောက်မှာ မပါဘဲနဲ့ ဒီလုပ်ငန်းရှင်တွေက မိမိသဘောဆန္ဒနဲ့ ဆေးတွေ ဖျန်းတာတွေ၊ မိမိသဘောဆန္ဒနဲ့ လူခန္ဓာကိုယ်ကို ဆေးဖျန်းတဲ့ ကိစ္စရပ်တွေကို ကျွန်မတို့က တော့ ဒီဟာနဲ့ ပတ်သက်ပြီး ဘာလုပ်ဆောင်သွားမလဲဆိုရင်၊ တိုင်ကြားလာတဲ့ အလုပ်သမားတွေပေါ့နော်။ ဒါမျိုးရှိတယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနကို ကျမတို့က ဒီလို အချက်အလက်တွေ ပေးပို့မယ်။ ပေးပို့ပြီးတော့ ဒီစက်ရုံကိုပေါ့နော်။ ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာတော့ အစိုးရကပဲ ဖြစ်ပါလိမ့်မယ်။ ကျမတို့က ဒီကနေ ဒီလို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့ မညီတာတွေကိုတော့ အချက်အလက်တွေ ပေးပို့သွားပါမယ်။”
ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြန်ဖွင့်ကြတဲ့ စက်ရုံ အလုပ်ရုံတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက လိုက်နာရမယ့် လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပြီး သတ်မှတ်ချက် အဆင့်တွေနဲ့ ညီတဲ့ စက်ရုံတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့တာပါ။
စက်ရုံ အလုပ်ရုံတွေမှာ ကိုဗစ်ကို ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာပြီး ဝန်ထမ်းတွေလုပ်သားတွေကို အကာအကွယ်တွေ စနစ်တကျ ဝတ်ဆင်ခိုင်းတာ၊ တစ်ဦးနဲ့ တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေတာမျိုးကသာ ကိုဗစ်ကို အဓိက ကာကွယ်နိုင်မှာဖြစ်တယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ရပ်မျိုးကတော့ ကျန်းမာရေးအတွက် အန္တရာယ်များတယ်လို့လည်း ဆိုပါတယ်။
“အဓိကကတော့ အများစု သုံးနေကြတဲ့ ကလိုရင်းပါတဲ့ဟာပေါ့၊ ဒါအစွန်းချွတ်ဆေးတွေ အစွန်းတွေကိုတောင်မှ ချွတ်နိုင်တဲ့ အဓိပ္ပာယ်ရှိတယ်။ ဘာပဲပြောပြော လူ့ကိုယ်ခန္ဓာအတွက်တော့ အဆိပ်အတောက် ဖြစ်စေတဲ့ ပစ္စည်းလို့ သတ်မှတ်ထားတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ပေါ်ကို ဖျန်းတာကိုတော့ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။ အရက်ပျံပါတာကို လက်မှာပွတ်တာလောက်ကတော့ ဒါကတော့ သဘာဝကျတယ်။ အဲ့ဒါတောင်မှ ၁၀၀ ရာခိုင်နှုန်း အရက်ပျံကို မပွတ်ခိုင်းဘူး။ ၅၀ ရာခိုင်နှုန်းတို့၊ ၇၀ ရာခိုင်နှုန်းတို့ အဲ့လောက်ပဲ။ ဒီအရက်ပျံတွေက အများကြီး ပါးစပ်ထဲ ဝင်သွားရင် လူကို သေစေနိုင်တယ်ပေါ့။ သူတို့ က Methanol တွေလေ။ သောက်လို့ရတဲ့ အရက်မဟုတ်ဘူး။ အဲ့လို အမှုန်တွေ နေ့စဉ်ဖျန်နေမယ်၊ ပါးစပ်ထဲဝင်မယ်ဆိုရင်လည်း အန္တရာယ်ရှိတယ်၊ မျက်လုံးထဲ ဝင်မယ်ဆိုရင်လည်း အန္တရာယ်ရှိတယ်။ ပိုးသတ်ဆေးဆိုတာ လူကို ဖျန်းရမယ့်ဟာမျိုး မဟုတ်ပါဘူး။ လူက အကာအကွယ်ပစ္စည်းတွေ ဝတ်လို့ရပါတယ်။ အမြဲတမ်းပြောတယ်။ လက်အိတ်စွပ်လို့ရပါတယ်၊ အဲ့လိုမျိုးတွေပေါ့။ လမ်းမပေါ်ဖျန်းတာ၊ လေထဲကို မှုတ်ထုတ်တာတောင်မှ သဘာဝမကျဘူးပြောထားတာ ဒီဆေးတွေကို လူ့ကိုယ်ခန္ဓာမှာသုံးလို့ ကိုဗစ်ကာကွယ်ရေးကို မထိရောက်တဲ့ အပြင် လူကိုလည်း အဆိပ်အတောက်ဖြစ်စေနိုင်တယ်ပေါ့နော်။”
ကျန်းမာရေးသတ်မှတ်တွေနဲ့ ကိုက်ညီမှုရှိတဲ့ စက်ရုံတွေကို အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုထားတာပါ။ ဒီလို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီးတဲ့နောက် စက်ရုံတချို့မှာ ကိုဗစ်ကူးစက်မှုတချို့ တွေ့ခဲ့ရတာတွေ ရှိပါတယ်။
ရန်ကုန်တိုင်းမှာ အများစုအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာနေချိန်မှာပဲ ကုန်ထုတ်လုပ်ငန်းတွေကို အစိုးရက ပြန်လုပ်ခွင့်ပြုလိုက်တာကြောင့် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်နေချိန်မှာ ကုန်ထုတ်လုပ်ငန်းတွေကို အချိန်ကြာကြာ ရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းတွေကို ပြန်လည်ပတ်ရာမှာ ရောဂါအန္တရာယ် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။