သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့် ကမ္ဘာပေါ်မှာ အလုပ်အကိုင် သန်း ၂၅၀ ကျော်ဆုံးရှုံး


အလုပ်လျှောက်လွှာတင်နေတင်သူများ
အလုပ်လျှောက်လွှာတင်နေတင်သူများ

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူ စုစုပေါင်း ၂၅၅ သန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

၂၀၁၉ နဲ့ နှိုင်းယှဉ်ရင် ပြီးခဲ့တဲ့နှစ်အတွင်း တကမ္ဘာလုံး အလုပ်လုပ်ချိန်ပေါင်းရဲ့ ၈.၈ ရာခိုင်နှုန်းဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတာပါ။ အလုပ်လက်မဲ့ ဖြစ်ရတဲ့ လူ ၂၅၅ သန်း အရေအတွက်က ၂၀၀၉ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့ ငွေကြေး အကြပ်အတည်းကြောင့် အလုပ်ဆုံးရှုံးသူ အရေအတွက်ထက် ၄ ဆနီးပါး ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ၁၉၃၀ နှစ်တွေက ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း အဆိုးရွားဆုံး အကြပ်အတည်း ဖြစ်တယ်လို့ ILO အကြီး အကဲ Guy Ryder က ဗွီဒီယိုရုပ်သံက ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာပြောပါတယ်။

ဒီကပ်ရောဂါကြီး စဖြစ်ခဲ့တဲ့ အချိန် တနှစ်ကျော်အတွင်း အခုထိသေဆုံးသူ ၂.၁ သန်းကျော်ရှိနေပြီး ကမ္ဘာ့စီးပွားရေးကိုအကြီးအကျယ် ရိုက်ခတ်မှု ရှိနေတာပါ။

ကမ္ဘာ တစ်ဝှမ်း အလုပ်လုပ်ချိန်ဆုံးရှုံးတာရဲ့ ထက်ဝက်လောက်က အလုပ်သမားတွေ အလုပ်ချိန်လျှော့ချခံရတဲ့ အပေါ် အခြေခံ တွက်ချက် ထား တာ ဖြစ်တယ်လို့ (ILO) က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ကမ္ဘာတဝှမ်း ထင်မှတ်မထားလောက်အောင် အလုပ်လက်မဲ့ ဦးရေ အရေအတွက် များခဲ့တာလို့လည်း ILO က ပြောပါတယ်။

တရားဝင်စာရင်းတွေအရ ပြီးခဲ့တဲ့နှစ် တကမ္ဘာလုံး အလုပ်လက်မဲ့နှုန်း ၁.၁ ရာခိုင်နှုန်း ထပ်ဆောင်း တိုးမြင့်သွားခဲ့တာကြောင့် အရေအတွက်အား ဖြင့် ၃၃ သန်းကျော် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အလုပ်လက်မဲ့တွေထဲ လူငယ်တွေလည်း ပါဝင်သလို တကမ္ဘာလုံး အတိုင်းအတာနဲ့ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း အလုပ် လက်မဲ့ ဦးရေက ၈.၇ ရာခိုင်နှုန်းရှိပါတယ်။

ဒီနှစ် ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အလုပ်သမားဈေးကွက် ပြန်လည်နလန်ထူလာဖို့ က အချိန်ယူရမှာဖြစ်သလို မညီမျှမှုတွေ၊ မရေရာမှုတွေနဲ့ ရှိနေဦးမှာဖြစ်တယ်လို့ ILO ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


....


(Unicode)








XS
SM
MD
LG