သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊ႕ေျပာင္းလုပ္သား အေရး မူ၀ါဒေတြ ျပဳျပင္ေျပာင္းလဲဖို႔ ကမၻာ့ဘဏ္ တိုက္တြန္း


(Zawgyi/ Unicode)


COVID-19 ကပ္ေဘး ကာလ အတြင္း ျမန္မာ အမ်ားစု ေရႊ႕ေျပာင္း အလုပ္လုပ္ကိုင္ရာ ထိုင္းနဲ႔ မေလးရွားကေန လုပ္သား အမ်ားအျပား ဌာေနျပန္လာေနၾကပါတယ္။ ဒီလူေတြ အတြက္ အလုပ္သမား အခြင့္အေရးနဲ႔ အညီ ျပည္ပမွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ျပန္ရႏုိင္ဖို႔ အလားအလာေတြကို ဒီသီတင္းပတ္ စီးပြားေရး က႑မွာ သိဂၤ ီထုိက္ တင္ျပထားပါတယ္။

မေအးေအးထြန္း ။ ။ ဟိုဘက္က အလုပ္က အဆင္မေျပလို႔ အဲဒါေၾကာင့္မို႔ ျပန္လာတာပါ။

သိဂၤ ီထုိက္ ။ ။ အလုပ္ အဆင္မေျပတာဆိုတာက အလုပ္က နားလိုက္တာလား။ လုပ္ငန္း ရပ္သြားလို႔လား။ ဒါမွ မဟုတ္ရင္ ရတဲ႔ ၀င္ေငြက အဆင္မေျပေတာ့လို႔လားရွင့္။

မေအးေအးထြန္း ။ ။ အလုပ္က ရပ္ေနတာရွင့္။ အလုပ္က ဖြင့္လိုက္၊ ပိတ္လုိက္ ဆိုေတာ့ အဆင္မေျပဘူးရွင့္။ အဲဒါ ရွာတဲ႔ဟာကို ျပန္စားလိုက္။ ပိတ္တဲ႔ အခ်ိန္ ကိုယ္စုထားတဲ႔ဟာ ကိုယ္ရွာထားတဲ႔ဟာကို ျပန္သံုးရတယ္။ အဲလို ဆိုေတာ့ ဘယ္လိုမွ ေနဖို႔က အဆင္မေျပဘူး။ သူမ်ားႏုိင္ငံမွာ ဆိုေတာ့ေလ။ အဲဒါေၾကာင့္ မို႔လို ျပန္လာလိုက္တာ။

သိဂၤ ီထုိက္ ။ ။ အိမ္ကို ျပန္ၾကမွာေပါ့ေနာ္။ အိမ္ျပန္ေတာ့ေရာ ဘာဆက္လုပ္ဖို႔ စီစဥ္ထားပါလဲ။

မေအးေအးထြန္း ။ ။ အခု ေလာေလာဆယ္ေတာ့ ဘာအလုပ္မွ မရွိေသးဘူး။ အရင္းအႏွီးရွိမွ ရမွာေလ။ ျမန္မာႏုိင္ငံထဲမွာ အလုပ္က ရွားတယ္ေလ။ အဲဒါေၾကာင့္မို႔ ဘာမွေတာ့ မစဥ္းစားရေသးဘူးရွင့္။

သိဂၤ ီထုိက္ ။ ။ ျမန္မာႏုိင္ငံမွာ အလုပ္လုပ္တာနဲ႔ ထိုင္းဘက္မွာ အလုပ္လုပ္တာနဲ႔ အဓိက ဘာေတြ ကြာပါလဲ။ ဘာေၾကာင့္ ထိုင္းဘက္မွာ အလုပ္လုပ္ခ်င္တာလဲ။

မေအးေအးထြန္း ။ ။ အဓိက ကေတာ့ ၀င္ေငြေပါ႔။ အရမ္းကြာတာကိုး။

မေအးေအးထြန္းပါ။ သူက ရွမ္းျပည္ ေျမာက္ပိုင္းမွာ ေနပါတယ္။ ထုိင္းႏုိင္ငံမွာ တရားမ၀င္ အလုပ္လုပ္သူပါ။ ရွမ္းျပည္ ေျမာက္ပိုင္းမွာ အလုပ္အကိုင္ ရွားပါးတာေၾကာင့္ေရာ လုပ္ခ လစာ ကြာဟတာေၾကာင့္ေရာ ထိုင္းမွာ အလုပ္လုပ္ဖို႔ ေရြးခ်ယ္တာ ျဖစ္ၿပီး အေျခအေနေတြ ျပန္ေကာင္းတာနဲ႔ ထုိင္းႏုိင္ငံမွာ ျပန္ၿပီး အလုပ္လုပ္လိုသူ ျဖစ္ပါတယ္။

COVID -19 ကပ္ေဘးကာလနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ေအာက္တိုဘာလ အတြင္းက ထုတ္တဲ႔ ကမၻာ့ဘဏ္ရဲ႕ Labor Mobility as a Jobs Strategy for Myanmar – လုပ္သား ေရႊ႕ေျပာင္းသြားလာႏုိင္စြမ္းက ျမန္မာ့ အလုပ္အကိုင္ ဖန္တီးေရး မဟာဗ်ဴဟာ တရပ္လို႔ ဆိုတဲ႔ အဲဒီ စစ္တမ္းမွာ ေရႊ႕ေျပာင္း လုပ္သားေတြ တရား၀င္ လုပ္သားေတြ အျဖစ္နဲ႔ အလုပ္အကိုင္ ပိုၿပီး လြယ္လြယ္ ရေစဖို႔ အစိုးရဘက္က ေဆာင္ရြက္ဖို႔ တိုက္တြန္းထားပါတယ္။
တရားမ၀င္ အလုပ္လုပ္သူေတြဟာ တရား၀င္ အလုပ္လုပ္သူေတြေလာက္ လုပ္ခ လစာ မရတာမ်ိဳး၊ အခြင့္အေရး ခ်ိဳးေဖာက္ခံရရင္ တိုင္ၾကားႏုိင္တဲ႔ အခြင့္အလမ္းမ်ိဳး နည္းပါးတာကိုလည္း ေထာက္ျပထားပါတယ္။ အလုပ္ရွာသူနဲ႔ အလုပ္ရွင္ၾကား ခ်ိတ္ဆက္ေပးမယ့္ ပုဂၢလိက အလုပ္အကိုင္ ရွာေဖြေရး က႑ ပိုၿပီး ဖြံ႔ၿဖိဳးဖို႔ လိုသလို အစိုးရဘက္ကလည္း ထိန္းေက်ာင္းဖို႔ လိုအပ္တယ္လို႔ အစီရင္ခံစာက ေဖာ္ျပပါတယ္။

လတ္တေလာ ထုိင္းနဲ႔ မေလးရွားဘက္က ျပည္ေတာ္ ျပန္လာသူေတြ အေနနဲ႔ မူလ အလုပ္အကိုင္ေတြကို ျပန္ရဖို႔ေရာ အလားအလာ ရွိပါသလား ဆိုတာကို မေလးရွား အေျခစိုက္ ျမန္မာ ျမန္မာ လူမႈကူညီေရး အသင္းက ဦးစန္း၀င္းက ေျပာျပထားပါတယ္။

ဦးစန္း၀င္း ။ ။ အရင္ကေတာ့ CI (သက္ေသခံလက္မွတ္) ေလွ်ာက္ၿပီးလို႔ ရွိရင္ ၅ ႏွစ္ ျပန္၀င္ခြင့္ မရွိဘူးလို႔ မေလးရွား အစိုးရက သတ္မွတ္ထားတယ္။ ဒါေပမယ့္ ဒီ ကပ္ေရာဂါ ကာလမွာေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ျပန္သြားၾကမယ့္ သူေတြေရာ ေနာက္တႀကိမ္ လာခ်င္လို႔ ရွိရင္ သက္ဆိုင္ရာ ေအဂ်င္စီေတြနဲ႔ သူေဌးေတြနဲ႔ ေလွ်ာက္ၿပီးလို႔ ရွိရင္ ျပန္၀င္လို႔ ရပါတယ္ ဆိုၿပီးေတာ့ ေၾကညာထားပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္ ။ ။ မေလးရွားက ေနလည္း အေတာ္မ်ားမ်ား ျပန္ေနၾကတယ္ ဆိုေတာ့ လက္ရွိ အလုပ္အကိုင္ အေျခအေန အဲဒါ သိခ်င္ပါတယ္။

ဦးစန္း၀င္း ။ ။ မေလးရွား အလုပ္အကိုင္ အေျခအေနကေတာ့ လက္ရွိ COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးေတာ့ က်တယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ျပည္ပႏိုင္ငံေတြက ေနၿပီးေတာ့ က်ေနာ္တို႔ ဒီ မေလးရွားကို ကုန္ပစၥည္းေတြ ပို႔တာ မရွိဘူး။ ေလယာဥ္ အ၀င္အထြက္ေတြ မရွိဘူး။ ပစၥည္း ပို႔ဖို႔ သေဘာၤေတြကလည္း ၾကန္႔ၾကာတယ္။ အခုအခ်ိန္မွာ လည္ပတ္ဖို႔ အတြက္က အခက္အခဲ ရွိတယ္။ အဲဒါေၾကာင့္ တခ်ိဳ႕ ကုမၸဏီေတြ ပိတ္လုိက္ရတာေတြ ရွိေတာ့ တခ်ိဳ႕ ကုမၸဏီေတြ Overtime ေတြ ေလွ်ာ့ခ်လိုက္တာ ရွိတယ္။ အဲဒါေၾကာင့္ အလုပ္သမား ေတာ္ေတာ္မ်ားမ်ားက မလုပ္ခ်င္ၾကေတာ့ဘူး။ အဲဒါေၾကာင့္ ႏွစ္ျပည့္တဲ႔ဟာေတြရွိတယ္၊ တခ်ိဳ႕ကေတာ့ ကုမၸဏီ ေဒ၀ါလီ ခံရတာေတြ ရွိတယ္။ အဲဒါေၾကာင့္ ကိုယ့္ႏုိင္ငံကိုယ္ ျပန္ၾကတာပါ။

သိဂၤ ီထုိက္ ။ ။ အခု ေလာေလာဆယ္ မေလးရွားမွာ ျမင္ရတဲ႔ အခင္းအက်င္း ဆိုလို႔ ရွိရင္ အလုပ္သမားမ်ားဟာ အေတာ္ ဒုကၡေရာက္ၾကပါတယ္။ ဆိုေတာ့ ေနာက္တခါ ေပါ့ေလ။ COVID-19 ၿပီးသြားတဲ႔ အခ်ိန္ ပိုၿပီးလည္း ေကာင္းသြားတဲ႔ အခ်ိန္မွာ ျပန္လာၾကမယ့္ လုပ္သားေတြ အတြက္ ေဆာင္ရန္၊ ေရွာင္ရန္ ဦးစန္း၀င္း အေနနဲ႔ ဘယ္လိုမ်ား အႀကံေပးလိုပါလဲ။

ဦးစန္း၀င္း ။ ။ က်ေနာ္တို႔ ေနာက္တခါေပါ့ေလ ျပန္လာမယ့္ သူေတြကေတာ့ ဒီ မေလးရွားရဲ႕ စီးပြားေရး လုပ္ငန္း တခုဟာ ႏုိင္ငံ တႏုိင္ငံရဲ႕ စီးပြားေရး လုပ္ငန္း တခုဟာ သစ္ပင္ စိုက္သလိုဘဲေပါ့။ ခ်က္ခ်င္း စိုက္ၿပီး အသီးအပြင့္ ရဖို႔ ဆိုတာကေတာ့ မလြယ္ဘူးေပါ့။ ဒါေၾကာင့္မို႔ ေနာက္တခါ ဒီ မေလးရွားကုိ ျပန္လာမယ့္ သူေတြ အေနနဲ႔ မေလးရွားရဲ႕ စီးပြားေရး လုပ္ငန္းစဥ္ေတြ ေနေရး ထုိင္ေရး စားေရး ေသာက္ေရး လစာႏႈန္းထားေတြကို ေသခ်ာ ေလ႔လာၿပီးမွ ျပန္လာသင့္ပါတယ္။
ဒီလို မဟုတ္ဘဲနဲ႔ တန္းျပန္လာမယ္၊ ႏုိင္ငံျခားေရာက္ရင္ ၿပီးေရာ ဆိုၿပီး ျပန္လာမယ္ဆိုရင္ အခက္အခဲေတြနဲ႔ ေတြ႔သြားႏုိင္ပါတယ္။ ဘာျဖစ္လုိ႔လဲ ဆိုေတာ့ တကမၻာလံုးမွာ စီးပြားေရး အၾကပ္ဆုိက္တယ္ေလ ဒီ ကပ္ေရာဂါပိုးေၾကာင့္။ အဲဒါေၾကာင့္ ေသခ်ာကို စိစစ္ၿပီး ျပန္သင့္ပါတယ္။

သိဂၤ ီထုိက္ ။ ။ ဒီ COVID-19 ၿပီးသြားရင္ေရာ မေလးရွားကို ျမန္မာ အလုပ္သမားေတြ အရင္လိုဘဲ လာလို႔ ရႏုိင္တဲ႔ အခြင့္အလမ္းေရာ ရွိပါေသးလား။

ဦးစန္း၀င္း ။ ။ အစိုးရရဲ႕ သတ္မွတ္ခ်က္ အရေတာ့ ေၾကညာထားတာဘဲ။ ျပန္လာလို႔ ရတယ္ဆိုေတာ့။ ဒီေတာ့ သူတို႔ ကုမၸဏီေတြရဲ႕ လစ္ဟာခ်က္ေတြက အမ်ားႀကီး ရွိတယ္ေလ။ အလုပ္သမား ဆိုတာကေတာ့ သူမ်ားႏုိင္ငံ အလုပ္လုပ္ဖု႔ိ ေခၚတဲ႔ အေထြေထြ လုပ္သားဆိုေတာ့ ပညာရွင္ေတြမွ မဟုတ္ဘဲနဲ႔။ အေထြေထြ လုပ္သားဆိုေတာ့ တကယ့္ တိုးတက္တဲ႔ ႏုိင္ငံေတြမွာ လိုအပ္ေနတာဘဲေလ။ လိုအပ္ေတာ့ သူတို႔ကေတာ့ ေခၚမွာဘဲ။ ဒါေပမယ့္ ကိုယ့္အေနနဲ႔ ေရရွည္ အေနနဲ႔ ေကာင္း မေကာင္းကိုေတာ့ ခ်င့္ခ်ိန္ၿပီး လာသင့္ပါတယ္။

သိဂၤ ီထုိက္ ။ ။ ဦးစန္း၀င္း ေက်းဇူးတင္ပါတယ္။
ျပည္ေတာ္ျပန္ ျမန္မာ လုပ္သားေတြ အေနနဲ႔ ျပည္ပကို ျပန္ထြက္ၿပီး အလုပ္လုပ္ၾကမယ္ဆိုရင္ အေျခအေန အရပ္ရပ္ကို သံုးသပ္ဖို႔ ဦးစန္း၀င္းက တိုက္တြန္းသြားတာပါ။

ျမန္မာႏုိင္ငံမွာ မိသားစုေတြ အတြက္ အဓိက မွီခိုတဲ႔ အလုပ္အကိုင္ေပါင္း ၂၄ သန္း ရွိေပမယ့္လည္း အလုပ္အကိုင္ေကာင္းကေတာ့ နည္းတယ္လုိ႔ ကမၻာ့ဘဏ္က ေထာက္ျပပါတယ္။ ျပည္ပ ထြက္ အလုပ္လုပ္မယ့္သူေတြ အတြက္ အစိုးရရဲ႕ မူ၀ါဒပိုင္းဆိုင္ရာ အားနည္းခ်က္ေတြကိုလည္း ေထာက္ျပထားတဲ႔ အထဲမွာေတာ့ ျပည္ပေရာက္ ျမန္မာေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္တဲ႔ မူ၀ါဒ မရွိတဲ႔ အခ်က္လည္း ပါ၀င္ပါတယ္။ ဒါ႔အျပင္ ျပည္ပမွာ အလုပ္ရသြားတဲ႔ ျမန္မာ လုပ္သားေတြကို ကူညီေပးတဲ႔ အစီအစဥ္လည္း မရွိဘူးလို႔ ကမၻာ့ဘဏ္ရဲ႕ လုပ္သား ေရႊ႕ေျပာင္းႏုိင္စြမ္းက ျမန္မာ့ အလုပ္အကိုင္ ဖန္တီးေရး မဟာဗ်ဴဟာ တရပ္ ဆိုတဲ႔ အစီရင္ခံစာက ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)
ရွှေ့ပြောင်းလုပ်သား အရေး မူဝါဒတွေ ပြုပြင်ပြောင်းလဲဖို့ ကမ္ဘာ့ဘဏ် တိုက်တွန်း


COVID-19 ကပ်ဘေး ကာလ အတွင်း မြန်မာ အများစု ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ရာ ထိုင်းနဲ့ မလေးရှားကနေ လုပ်သား အများအပြား ဌာနေပြန်လာနေကြပါတယ်။ ဒီလူတွေ အတွက် အလုပ်သမား အခွင့်အရေးနဲ့ အညီ ပြည်ပမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ရနိုင်ဖို့ အလားအလာတွေကို ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ သိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မအေးအေးထွန်း ။ ။ ဟိုဘက်က အလုပ်က အဆင်မပြေလို့ အဲဒါကြောင့်မို့ ပြန်လာတာပါ။

သိင်္ဂ ီထိုက် ။ ။ အလုပ် အဆင်မပြေတာဆိုတာက အလုပ်က နားလိုက်တာလား။ လုပ်ငန်း ရပ်သွားလို့လား။ ဒါမှ မဟုတ်ရင် ရတဲ့ ဝင်ငွေက အဆင်မပြေတော့လို့လားရှင့်။

မအေးအေးထွန်း ။ ။ အလုပ်က ရပ်နေတာရှင့်။ အလုပ်က ဖွင့်လိုက်၊ ပိတ်လိုက် ဆိုတော့ အဆင်မပြေဘူးရှင့်။ အဲဒါ ရှာတဲ့ဟာကို ပြန်စားလိုက်။ ပိတ်တဲ့ အချိန် ကိုယ်စုထားတဲ့ဟာ ကိုယ်ရှာထားတဲ့ဟာကို ပြန်သုံးရတယ်။ အဲလို ဆိုတော့ ဘယ်လိုမှ နေဖို့က အဆင်မပြေဘူး။ သူများနိုင်ငံမှာ ဆိုတော့လေ။ အဲဒါကြောင့် မို့လို ပြန်လာလိုက်တာ။

သိင်္ဂ ီထိုက် ။ ။ အိမ်ကို ပြန်ကြမှာပေါ့နော်။ အိမ်ပြန်တော့ရော ဘာဆက်လုပ်ဖို့ စီစဉ်ထားပါလဲ။

မအေးအေးထွန်း ။ ။ အခု လောလောဆယ်တော့ ဘာအလုပ်မှ မရှိသေးဘူး။ အရင်းအနှီးရှိမှ ရမှာလေ။ မြန်မာနိုင်ငံထဲမှာ အလုပ်က ရှားတယ်လေ။ အဲဒါကြောင့်မို့ ဘာမှတော့ မစဉ်းစားရသေးဘူးရှင့်။

သိင်္ဂ ီထိုက် ။ ။ မြန်မာနိုင်ငံမှာ အလုပ်လုပ်တာနဲ့ ထိုင်းဘက်မှာ အလုပ်လုပ်တာနဲ့ အဓိက ဘာတွေ ကွာပါလဲ။ ဘာကြောင့် ထိုင်းဘက်မှာ အလုပ်လုပ်ချင်တာလဲ။

မအေးအေးထွန်း ။ ။ အဓိက ကတော့ ဝင်ငွေပေါ့။ အရမ်းကွာတာကိုး။

မအေးအေးထွန်းပါ။ သူက ရှမ်းပြည် မြောက်ပိုင်းမှာ နေပါတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်သူပါ။ ရှမ်းပြည် မြောက်ပိုင်းမှာ အလုပ်အကိုင် ရှားပါးတာကြောင့်ရော လုပ်ခ လစာ ကွာဟတာကြောင့်ရော ထိုင်းမှာ အလုပ်လုပ်ဖို့ ရွေးချယ်တာ ဖြစ်ပြီး အခြေအနေတွေ ပြန်ကောင်းတာနဲ့ ထိုင်းနိုင်ငံမှာ ပြန်ပြီး အလုပ်လုပ်လိုသူ ဖြစ်ပါတယ်။

COVID -19 ကပ်ဘေးကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင် အောက်တိုဘာလ အတွင်းက ထုတ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ Labor Mobility as a Jobs Strategy for Myanmar – လုပ်သား ရွှေ့ပြောင်းသွားလာနိုင်စွမ်းက မြန်မာ့ အလုပ်အကိုင် ဖန်တီးရေး မဟာဗျူဟာ တရပ်လို့ ဆိုတဲ့ အဲဒီ စစ်တမ်းမှာ ရွှေ့ပြောင်း လုပ်သားတွေ တရားဝင် လုပ်သားတွေ အဖြစ်နဲ့ အလုပ်အကိုင် ပိုပြီး လွယ်လွယ် ရစေဖို့ အစိုးရဘက်က ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

တရားမဝင် အလုပ်လုပ်သူတွေဟာ တရားဝင် အလုပ်လုပ်သူတွေလောက် လုပ်ခ လစာ မရတာမျိုး၊ အခွင့်အရေး ချိုးဖောက်ခံရရင် တိုင်ကြားနိုင်တဲ့ အခွင့်အလမ်းမျိုး နည်းပါးတာကိုလည်း ထောက်ပြထားပါတယ်။ အလုပ်ရှာသူနဲ့ အလုပ်ရှင်ကြား ချိတ်ဆက်ပေးမယ့် ပုဂ္ဂလိက အလုပ်အကိုင် ရှာဖွေရေး ကဏ္ဍ ပိုပြီး ဖွံ့ဖြိုးဖို့ လိုသလို အစိုးရဘက်ကလည်း ထိန်းကျောင်းဖို့ လိုအပ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

လတ်တလော ထိုင်းနဲ့ မလေးရှားဘက်က ပြည်တော် ပြန်လာသူတွေ အနေနဲ့ မူလ အလုပ်အကိုင်တွေကို ပြန်ရဖို့ရော အလားအလာ ရှိပါသလား ဆိုတာကို မလေးရှား အခြေစိုက် မြန်မာ မြန်မာ လူမှုကူညီရေး အသင်းက ဦးစန်းဝင်းက ပြောပြထားပါတယ်။

ဦးစန်းဝင်း ။ ။ အရင်ကတော့ CI (သက်သေခံလက်မှတ်) လျှောက်ပြီးလို့ ရှိရင် ၅ နှစ် ပြန်ဝင်ခွင့် မရှိဘူးလို့ မလေးရှား အစိုးရက သတ်မှတ်ထားတယ်။ ဒါပေမယ့် ဒီ ကပ်ရောဂါ ကာလမှာတော့ အကြောင်း အမျိုးမျိုးကြောင့် ပြန်သွားကြမယ့် သူတွေရော နောက်တကြိမ် လာချင်လို့ ရှိရင် သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ သူဌေးတွေနဲ့ လျှောက်ပြီးလို့ ရှိရင် ပြန်ဝင်လို့ ရပါတယ် ဆိုပြီးတော့ ကြေညာထားပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ မလေးရှားက နေလည်း အတော်များများ ပြန်နေကြတယ် ဆိုတော့ လက်ရှိ အလုပ်အကိုင် အခြေအနေ အဲဒါ သိချင်ပါတယ်။

ဦးစန်းဝင်း ။ ။ မလေးရှား အလုပ်အကိုင် အခြေအနေကတော့ လက်ရှိ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးတော့ ကျတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်ပနိုင်ငံတွေက နေပြီးတော့ ကျနော်တို့ ဒီ မလေးရှားကို ကုန်ပစ္စည်းတွေ ပို့တာ မရှိဘူး။ လေယာဉ် အဝင်အထွက်တွေ မရှိဘူး။ ပစ္စည်း ပို့ဖို့ သဘောၤတွေကလည်း ကြန့်ကြာတယ်။ အခုအချိန်မှာ လည်ပတ်ဖို့ အတွက်က အခက်အခဲ ရှိတယ်။ အဲဒါကြောင့် တချို့ ကုမ္ပဏီတွေ ပိတ်လိုက်ရတာတွေ ရှိတော့ တချို့ ကုမ္ပဏီတွေ Overtime တွေ လျှော့ချလိုက်တာ ရှိတယ်။ အဲဒါကြောင့် အလုပ်သမား တော်တော်များများက မလုပ်ချင်ကြတော့ဘူး။ အဲဒါကြောင့် နှစ်ပြည့်တဲ့ဟာတွေရှိတယ်၊ တချို့ကတော့ ကုမ္ပဏီ ဒေဝါလီ ခံရတာတွေ ရှိတယ်။ အဲဒါကြောင့် ကိုယ့်နိုင်ငံကိုယ် ပြန်ကြတာပါ။

သိင်္ဂ ီထိုက် ။ ။ အခု လောလောဆယ် မလေးရှားမှာ မြင်ရတဲ့ အခင်းအကျင်း ဆိုလို့ ရှိရင် အလုပ်သမားများဟာ အတော် ဒုက္ခရောက်ကြပါတယ်။ ဆိုတော့ နောက်တခါ ပေါ့လေ။ COVID-19 ပြီးသွားတဲ့ အချိန် ပိုပြီးလည်း ကောင်းသွားတဲ့ အချိန်မှာ ပြန်လာကြမယ့် လုပ်သားတွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ဦးစန်းဝင်း အနေနဲ့ ဘယ်လိုများ အကြံပေးလိုပါလဲ။

ဦးစန်းဝင်း ။ ။ ကျနော်တို့ နောက်တခါပေါ့လေ ပြန်လာမယ့် သူတွေကတော့ ဒီ မလေးရှားရဲ့ စီးပွားရေး လုပ်ငန်း တခုဟာ နိုင်ငံ တနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်း တခုဟာ သစ်ပင် စိုက်သလိုဘဲပေါ့။ ချက်ချင်း စိုက်ပြီး အသီးအပွင့် ရဖို့ ဆိုတာကတော့ မလွယ်ဘူးပေါ့။ ဒါကြောင့်မို့ နောက်တခါ ဒီ မလေးရှားကို ပြန်လာမယ့် သူတွေ အနေနဲ့ မလေးရှားရဲ့ စီးပွားရေး လုပ်ငန်းစဉ်တွေ နေရေး ထိုင်ရေး စားရေး သောက်ရေး လစာနှုန်းထားတွေကို သေချာ လေ့လာပြီးမှ ပြန်လာသင့်ပါတယ်။
ဒီလို မဟုတ်ဘဲနဲ့ တန်းပြန်လာမယ်၊ နိုင်ငံခြားရောက်ရင် ပြီးရော ဆိုပြီး ပြန်လာမယ်ဆိုရင် အခက်အခဲတွေနဲ့ တွေ့သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကမ္ဘာလုံးမှာ စီးပွားရေး အကြပ်ဆိုက်တယ်လေ ဒီ ကပ်ရောဂါပိုးကြောင့်။ အဲဒါကြောင့် သေချာကို စိစစ်ပြီး ပြန်သင့်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီ COVID-19 ပြီးသွားရင်ရော မလေးရှားကို မြန်မာ အလုပ်သမားတွေ အရင်လိုဘဲ လာလို့ ရနိုင်တဲ့ အခွင့်အလမ်းရော ရှိပါသေးလား။

ဦးစန်းဝင်း ။ ။ အစိုးရရဲ့ သတ်မှတ်ချက် အရတော့ ကြေညာထားတာဘဲ။ ပြန်လာလို့ ရတယ်ဆိုတော့။ ဒီတော့ သူတို့ ကုမ္ပဏီတွေရဲ့ လစ်ဟာချက်တွေက အများကြီး ရှိတယ်လေ။ အလုပ်သမား ဆိုတာကတော့ သူများနိုင်ငံ အလုပ်လုပ်ဖု့ိ ခေါ်တဲ့ အထွေထွေ လုပ်သားဆိုတော့ ပညာရှင်တွေမှ မဟုတ်ဘဲနဲ့။ အထွေထွေ လုပ်သားဆိုတော့ တကယ့် တိုးတက်တဲ့ နိုင်ငံတွေမှာ လိုအပ်နေတာဘဲလေ။ လိုအပ်တော့ သူတို့ကတော့ ခေါ်မှာဘဲ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ရေရှည် အနေနဲ့ ကောင်း မကောင်းကိုတော့ ချင့်ချိန်ပြီး လာသင့်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဦးစန်းဝင်း ကျေးဇူးတင်ပါတယ်။

ပြည်တော်ပြန် မြန်မာ လုပ်သားတွေ အနေနဲ့ ပြည်ပကို ပြန်ထွက်ပြီး အလုပ်လုပ်ကြမယ်ဆိုရင် အခြေအနေ အရပ်ရပ်ကို သုံးသပ်ဖို့ ဦးစန်းဝင်းက တိုက်တွန်းသွားတာပါ။

မြန်မာနိုင်ငံမှာ မိသားစုတွေ အတွက် အဓိက မှီခိုတဲ့ အလုပ်အကိုင်ပေါင်း ၂၄ သန်း ရှိပေမယ့်လည်း အလုပ်အကိုင်ကောင်းကတော့ နည်းတယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။ ပြည်ပ ထွက် အလုပ်လုပ်မယ့်သူတွေ အတွက် အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ထောက်ပြထားတဲ့ အထဲမှာတော့ ပြည်ပရောက် မြန်မာတွေနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့ မူဝါဒ မရှိတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပြည်ပမှာ အလုပ်ရသွားတဲ့ မြန်မာ လုပ်သားတွေကို ကူညီပေးတဲ့ အစီအစဉ်လည်း မရှိဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ လုပ်သား ရွှေ့ပြောင်းနိုင်စွမ်းက မြန်မာ့ အလုပ်အကိုင် ဖန်တီးရေး မဟာဗျူဟာ တရပ် ဆိုတဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

XS
SM
MD
LG