သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလုပ္အကိုင္ရရိွေရးနဲ႔ ဖြံ႔ၿဖိဳးေရး


Myanmar laborers work in a garment factory on the outskirts of Yangon.
အလုပ္အကိုင္ရရိွေရးနဲ႔ ဖြ႔ံၿဖိဳးေရး
please wait

No media source currently available

0:00 0:05:10 0:00
တိုက္႐ိုက္ လင့္ခ္

မြန်မာပြည်လို နိုင်ငံမျိုးမှာ စီးပွားရေးတည်ငြိမ်ပြီး ပြည်သူ့ဝန်ဆောင်မှုတွေ လုပ်နိုင်ဖို့အတွက် နိုင်ငံပိုင်လုပ်ငန်းကဏ္ဍဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမဲ့ အလုပ်အကိုင် (၁) သန်းလောက်သာ နိုင်ငံပိုင်ကဏ္ဍရှိပြီး ပုဂ္ဂလိကလုပ်ငန်းကဏ္ဍမှာ (၃၃) သန်း ရှိနေတယ်လို့ မကြာမီကထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ‘ပဋိပက္ခကြားက အသွင်ကူးပြောင်းမှု’ စာတမ်းမှာ ဖော်ပြထားပါတယ်။ အလုပ်သမားဦးရေရဲ့ (၃) ရာခိုင်နှုန်းသာ နိုင်ငံပိုင်လုပ်ငန်းမှာ လုပ်နေတဲ့သဘော ဖြစ်ပါတယ်။ မြို့ပြမှာ စုပြုံနေကြတဲ့ အသေးစားလုပ်ငန်းတွေမှာလည်း ပုဂ္ဂလိကကဏ္ဍက အများဆုံးဖြစ်နေပါတယ်။

အလုပ်သမား (၅) ယောက်ထက်မပိုတဲ့ ပုဂ္ဂလိကလုပ်ငန်းက (၇၂) ရာခိုင်နှုန်း ရှိပါတယ်။ ဒီအထဲမှာ၂၀၁၁ စီးပွားရေးအသွင်ကူးပြောင်းတော့မှ တည်ထောင်တဲ့လုပ်ငန်းက (၆၀) ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်း သုံးပုံတစ်ပုံနဲ့ အလုပ်သမားဦးရေတဝက်ကျော်ဟာ ရန်ကုန်နဲ့ မန္တလေးမှာ အခြေချနေကြပါတယ်။ ကျွမ်းကျင်လုပ်သား၊ တီထွင်ကြံဆမှုနဲ့ ဈေးကွက်ရှိမယ်ဆိုရင် ပုဂ္ဂလိကလုပ်ငန်းတွေ စုပြုံနေတဲ့အကျိုးကို ခံစားနိုင်ပါတယ်။ သက်တမ်းနုတဲ့လုပ်ငန်းတွေ ရှင်သန်နိုင်မယ့် အခြေအနေကို ဖန်တီးပေးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ရိုးရာကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်း အများဆုံးဖြစ်ပါတယ်။

လုပ်သားဦးရေရဲ့ (၃၅) ရာခိုင်နှုန်း (သို့မဟုတ်) ရှစ်သန်းခွဲလောက်ဟာ မိရိုးဖလာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြပါတယ်။ လုပ်ခစား လယ်ယာအလုပ်သမား ဦးရေကလည်း (၄) သန်းနီးပါး ရှိပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာ အလုပ်သမား (၂) သန်းခွဲကျော်ရှိပြီး အိမ်ထောင်စုလက်လီလုပ်ငန်းမှာ အလုပ်သမား (၆) သန်းကျော် ရှိပါတယ်။ အလုပ်ရုံ၊ စက်ရုံကြီးတွေမှာ အလုပ်သမား (၂) သန်းနီးပါး ရှိပါတယ်။ မြန်မာအလုပ်သမား (၃) ရာခိုင်နှုန်းကိုသာ အဆင့်မီလုပ်သား (သို့မဟုတ်) မန်နေဂျာလို့ သတ်မှတ်နိုင်ပါတယ်။ ကျန်တဲ့လုပ်သားတွေကို ကျွမ်းကျင်မှုနည်းတဲ့ အခြေခံလုပ်ခစားအဖြစ် သတ်မှတ်ပါတယ်။ လုပ်ခနိမ့်ကျပေမယ့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားတာကိုကြည့်ရင် လုပ်အားရဲ့ ကုန်ထုတ်နှုန်း နိမ့်ကျတာကို တွေ့နိုင်ပါတယ်။ ဒေသဆိုင်ရာမှာ ကုန်ထုတ်နှုန်းအနိမ့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ မှာ အနည်းဆုံးလုပ်ခကို တိုးမြှင့်လိုက်တဲ့နောက်ပိုင်း အထည်ချုပ်လုပ်ငန်းမှာလည်း ကုန်ထုတ်မှုစရိတ် မြင့်မားတဲ့အတွက် လုပ်ခအများဆုံးရတဲ့ ကမ္ဘာ့အထည်ချုပ်လုပ်ငန်းထဲ ပါဝင်လာပါတယ်။ ကျေးလက်နဲ့ ပဋိပက္ခဖြစ်ရာဒေသက အမျိုးသမီးတွေဟာ လုပ်ခကောင်းကောင်းမရကြပါဘူး။ လယ်ယာလုပ်ငန်းမှာ အမျိုးသမီးနေ့စားလုပ်ခဟာ အမျိုးသားလုပ်ခရဲ့ တဝက်သာ ရှိပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးမှာ မြန်မာ့လုပ်ငန်းတွေ ပါဝင်မှု အလွန်နည်းပါတယ်။ မြန်မာ ပုဂ္ဂလိကလုပ်ငန်း (၅) ရာခိုင်နှုန်းလောက်ကသာ နိုင်ငံခြားပို့ကုန်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေပါတယ်။ ပို့ကုန်လုပ်ငန်းမှာ ပါဝင်တဲ့ ဒေသခံကုမ္ပဏီ ကမ္ဘောဒီးယား (၁၄) ရာခိုင်နှုန်း၊ ဗီယက်နမ်မှာ(၁၈) ရာခိုင်နှုန်း ရှိပါတယ်။ အရှေ့အာရှဒေသမှာ သွင်းကုန်ပစ္စည်းသုံးစွဲသူ (၄၁) ရာခိုင်နှုန်း ရှိပေမယ့် မြန်မာမှာ (၂၈) ရာခိုင်နှုန်းသာ ရှိပါတယ်။

မြန်မာပြည်မှာ နိုင်ငံခြားပိုင်နဲ့ နိုင်ငံခြားဖက်စပ်ကုမ္ပဏီ အနည်းငယ်ရှိပါတယ်။ လုပ်ငန်းအားလုံးရဲ့ (၁) ရာခိုင်နှုန်းသာ ဖြစ်ပေမယ့် အလုပ်အကိုင်ပေးတဲ့နေရာမှာ ဒေသခံကုမ္ပဏီတွေထက်သာတယ်လို့ ဆိုပါတယ် (၁၀) နှစ်အောက် လုပ်သက်ရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်သမား (၂၀) ရာခိုင်နှုန်းကို နိုင်ငံခြားပိုင်ကုမ္ပဏီတွေက အလုပ်ပေးထားတာ တွေ့ရပါတယ်။ နိုင်ငံခြားပိုင်လုပ်ငန်းတွေဟာ လုပ်ခများများပေးနိုင်သလို ကုန်ထုတ်လုပ်မှုစွမ်းအင်လည်း မြှင့်မားကြပါတယ်။ အရင်ကတော့ နိုင်ငံခြားလုပ်ငန်းတွေဟာ သဘာဝသယံဇာတ ထုတ်ယူရေးနဲ့ ဈေးကွက်ဖန်တီးရေးကိုသာ စိတ်ဝင်စားခဲ့ပေမယ့် စီးပွားရေးဒဏ်ခတ်မှု ရုတ်သိမ်းလိုက်တဲ့နောက်ပိုင်းမှာ ကုန်ထုတ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နံှလာကြပါတယ်။ ဒါကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်သန်ဖို့ ပိုပြီးလိုအပ်လာပါတယ်။

အစိုးရရဲ့ မြေယာပိုင်ဆိုင်မှုစနစ်ကြောင့် အဆက်အသွယ်မကောင်းတဲ့ ပုဂ္ဂလိကလုပ်ငန်းများမှာ အခက်အခဲ ရှိပါတယ်။ လျှပ်စစ်ဓါတ်အား မှန်မှန်မရတာဟာလည်း လုပ်ငန်းစွမ်းရည်ကို ကျဆင်းစေပါတယ်။ ကျွမ်းကျင်လုပ်သားရှားပါးမှု၊ သယ်ယူပို့ဆောင်ခမြှင့်မားမှု၊ အခွန်ကိစ္စမရေရာမှု၊ အကောက်ခွန် လုပ်ထုံးလုပ်နည်း ရှုတ်ထွေးမှု စတာတွေဟာ ပုဂ္ဂလိကလုပ်ငန်းကို အကျပ်အတည်း ဖြစ်စေပါတယ်။ နိုင်ငံရေးအခြေအနေ မရေရာတာကိုလည်း ပုဂ္ဂလိကလုပ်ငန်းတွေ ထည့်သွင်းစဉ်းစားကြပါတယ်။ နိုင်ငံရေးအခြေအနေ မရေရာတာကြောင့် ငွေဖလှယ်နှုန်း မတည်ငြိမ်တာကိုလည်း မြင်ကြပါတယ်။

စည်းမျဉ်းဥပဒေတွေ ပြဌာန်းပြီး လိုက်နာအောင် မလုပ်နိုင်တာဟာလည်း အစိုးရရဲ့ အားနည်းချက် ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဥပဒေမဲ့ တင်သွင်းမှုနဲ့ ထုတ်လုပ်မှုတွေ လုပ်နေကြတာလို့ ထောက်ပြကြပါတယ်။ အခြေခံကျွမ်းကျင်မှုရှိတဲ့ အလုပ်သမား မရနိုင်တာဟာ ပုဂ္ဂလိကလုပ်ငန်းအတွက် ဒုတိယအကြီးဆုံး ပြဿနာ ဖြစ်ပါတယ်။ အလုပ်သမားလောကမှာ အရည်အသွေးမရှိ ဖြစ်နေတာဟာ ပညာရေးစနစ်နဲ့လည်း သက်ဆိုင်တယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ထောက်ပြထားပါတယ်။

==ZawGyi==


ျမန္မာျပည္လို ႏုိင္ငံမ်ဳိးမွာ စီးပြားေရးတည္ၿငိမ္ၿပီး ျပည္သူ႔ဝန္ေဆာင္မႈေတြ လုပ္ႏုိင္ဖို႔အတြက္ ႏုိင္ငံပိုင္လုပ္ငန္းက႑ဟာ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ပါတယ္။ ဒါေပမဲ့ အလုပ္အကိုင္ (၁) သန္းေလာက္သာ ႏုိင္ငံပိုင္က႑ရိွၿပီး ပုဂၢလိကလုပ္ငန္းက႑မွာ (၃၃) သန္း ရိွေနတယ္လို႔ မၾကာမီကထုတ္ျပန္တဲ့ ကမာၻ႔ဘဏ္အုပ္စုရဲ ႔ ‘ပဋိပကၡၾကားက အသြင္ကူးေျပာင္းမႈ’ စာတမ္းမွာ ေဖာ္ျပထားပါတယ္။ အလုပ္သမားဦးေရရဲ ႔ (၃) ရာခိုင္ႏႈန္းသာ ႏုိင္ငံပိုင္လုပ္ငန္းမွာ လုပ္ေနတဲ့သေဘာ ျဖစ္ပါတယ္။ ၿမိဳ ႔ျပမွာ စုၿပံဳေနၾကတဲ့ အေသးစားလုပ္ငန္းေတြမွာလည္း ပုဂၢလိကက႑က အမ်ားဆံုးျဖစ္ေနပါတယ္။

အလုပ္သမား (၅) ေယာက္ထက္မပိုတဲ့ ပုဂၢလိကလုပ္ငန္းက (၇၂) ရာခိုင္ႏႈန္း ရိွပါတယ္။ ဒီအထဲမွာ၂၀၁၁ စီးပြားေရးအသြင္ကူးေျပာင္းေတာ့မွ တည္ေထာင္တဲ့လုပ္ငန္းက (၆၀) ရာခိုင္ႏႈန္းေလာက္ ပါဝင္ပါတယ္။ ပုဂၢလိကလုပ္ငန္း သံုးပံုတစ္ပံုနဲ႔ အလုပ္သမားဦးေရတဝက္ေက်ာ္ဟာ ရန္ကုန္နဲ႔ မႏၱေလးမွာ အေျခခ်ေနၾကပါတယ္။ ကၽြမ္းက်င္လုပ္သား၊ တီထြင္ႀကံဆမႈနဲ႔ ေစ်းကြက္ရိွမယ္ဆိုရင္ ပုဂၢလိကလုပ္ငန္းေတြ စုၿပံဳေနတဲ့အက်ဳိးကို ခံစားႏုိင္ပါတယ္။ သက္တမ္းႏုတဲ့လုပ္ငန္းေတြ ရွင္သန္ႏုိင္မယ့္ အေျခအေနကို ဖန္တီးေပးဖို႔လည္း လိုအပ္တယ္လို႔ ဆုိပါတယ္။ ရိုးရာက႑မွာ ပုဂၢလိကလုပ္ငန္း အမ်ားဆံုးျဖစ္ပါတယ္။

လုပ္သားဦးေရရဲ ႔ (၃၅) ရာခိုင္ႏႈန္း (သို႔မဟုတ္) ရွစ္သန္းခြဲေလာက္ဟာ မိရိုးဖလာ လယ္ယာလုပ္ငန္း လုပ္ကိုင္ေနၾကပါတယ္။ လုပ္ခစား လယ္ယာအလုပ္သမား ဦးေရကလည္း (၄) သန္းနီးပါး ရိွပါတယ္။ အေသးစား၊ အလတ္စား လုပ္ငန္းေတြမွာ အလုပ္သမား (၂) သန္းခြဲေက်ာ္ရိွၿပီး အိမ္ေထာင္စုလက္လီလုပ္ငန္းမွာ အလုပ္သမား (၆) သန္းေက်ာ္ ရိွပါတယ္။ အလုပ္ရံု၊ စက္ရံုႀကီးေတြမွာ အလုပ္သမား (၂) သန္းနီးပါး ရိွပါတယ္။ ျမန္မာအလုပ္သမား (၃) ရာခိုင္ႏႈန္းကိုသာ အဆင့္မီလုပ္သား (သို႔မဟုတ္) မန္ေနဂ်ာလို႔ သတ္မွတ္ႏုိင္ပါတယ္။ က်န္တဲ့လုပ္သားေတြကို ကၽြမ္းက်င္မႈနည္းတဲ့ အေျခခံလုပ္ခစားအျဖစ္ သတ္မွတ္ပါတယ္။ လုပ္ခနိမ့္က်ေပမယ့္ ကုန္ထုတ္လုပ္မႈစရိတ္ ျမင့္မားတာကိုၾကည့္ရင္ လုပ္အားရဲ ႔ ကုန္ထုတ္ႏႈန္း နိမ့္က်တာကို ေတြ႔ႏိုင္ပါတယ္။ ေဒသဆုိင္ရာမွာ ကုန္ထုတ္ႏႈန္းအနိမ့္ဆံုး ျဖစ္တယ္လို႔ ဆုိပါတယ္။

၂၀၁၈ မွာ အနည္းဆံုးလုပ္ခကို တုိးျမွင့္လိုက္တဲ့ေနာက္ပိုင္း အထည္ခ်ဳပ္လုပ္ငန္းမွာလည္း ကုန္ထုတ္မႈစရိတ္ ျမင့္မားတဲ့အတြက္ လုပ္ခအမ်ားဆံုးရတဲ့ ကမာၻ႔အထည္ခ်ဳပ္လုပ္ငန္းထဲ ပါဝင္လာပါတယ္။ ေက်းလက္နဲ႔ ပဋိပကၡျဖစ္ရာေဒသက အမ်ဳိးသမီးေတြဟာ လုပ္ခေကာင္းေကာင္းမရၾကပါဘူး။ လယ္ယာလုပ္ငန္းမွာ အမ်ဳိးသမီးေန႔စားလုပ္ခဟာ အမ်ဳိးသားလုပ္ခရဲ ႔ တဝက္သာ ရိွပါတယ္။ ကမာၻ႔ကုန္သြယ္ေရးမွာ ျမန္မာ့လုပ္ငန္းေတြ ပါဝင္မႈ အလြန္နည္းပါတယ္။ ျမန္မာ ပုဂၢလိကလုပ္ငန္း (၅) ရာခိုင္ႏႈန္းေလာက္ကသာ ႏုိင္ငံျခားပို႔ကုန္လုပ္ငန္းမွာ ပါဝင္ပတ္သက္ေနပါတယ္။ ပို႔ကုန္လုပ္ငန္းမွာ ပါဝင္တဲ့ ေဒသခံကုမၸဏီ ကေမာၻဒီးယား (၁၄) ရာခိုင္ႏႈန္း၊ ဗီယက္နမ္မွာ(၁၈) ရာခိုင္ႏႈန္း ရိွပါတယ္။ အေရွ ႔အာရွေဒသမွာ သြင္းကုန္ပစၥည္းသံုးစြဲသူ (၄၁) ရာခိုင္ႏႈန္း ရိွေပမယ့္ ျမန္မာမွာ (၂၈) ရာခိုင္ႏႈန္းသာ ရိွပါတယ္။

ျမန္မာျပည္မွာ ႏုိင္ငံျခားပိုင္နဲ႔ ႏိုင္ငံျခားဖက္စပ္ကုမၸဏီိ အနည္းငယ္ရိွပါတယ္။ လုပ္ငန္းအားလံုးရဲ ႔ (၁) ရာခိုင္ႏႈန္းသာ ျဖစ္ေပမယ့္ အလုပ္အကိုင္ေပးတဲ့ေနရာမွာ ေဒသခံကုမၸဏီေတြထက္သာတယ္လို႔ ဆိုပါတယ္ (၁၀) ႏွစ္ေအာက္ လုပ္သက္ရိွတဲ့ လုပ္ငန္းေတြမွာ အလုပ္သမား (၂၀) ရာခိုင္ႏႈန္းကို ႏုိင္ငံျခားပိုင္ကုမၸဏီေတြက အလုပ္ေပးထားတာ ေတြ႔ရပါတယ္။ ႏုိင္ငံျခားပိုင္လုပ္ငန္းေတြဟာ လုပ္ခမ်ားမ်ားေပးႏုိင္သလို ကုန္ထုတ္လုပ္မႈစြမ္းအင္လည္း ျမွင့္မားၾကပါတယ္။ အရင္ကေတာ့ ႏိုင္ငံျခားလုပ္ငန္းေတြဟာ သဘာဝသယံဇာတ ထုတ္ယူေရးနဲ႔ ေစ်းကြက္ဖန္တီးေရးကိုသာ စိတ္ဝင္စားခဲ့ေပမယ့္ စီးပြားေရးဒဏ္ခတ္မႈ ရုတ္သိမ္းလိုက္တဲ့ေနာက္ပိုင္းမွာ ကုန္ထုတ္လုပ္ငန္းနဲ႔ ခရီးသြားလုပ္ငန္းေတြမွာ ရင္းႏီွးျမဳပ္ႏံွလာၾကပါတယ္။ ဒါေၾကာင့္ ပုဂၢလိကလုပ္ငန္းရွင္သန္ဖို႔ ပိုၿပီးလိုအပ္လာပါတယ္။

အစိုးရရဲ ႔ ေျမယာပိုင္ဆိုင္မႈစနစ္ေၾကာင့္ အဆက္အသြယ္မေကာင္းတဲ့ ပုဂၢလိကလုပ္ငန္းမ်ားမွာ အခက္္အခဲ ရိွပါတယ္။ လွ်ပ္စစ္ဓါတ္အား မွန္မွန္မရတာဟာလည္း လုပ္ငန္းစြမ္းရည္ကို က်ဆင္းေစပါတယ္။ ကၽြမ္းက်င္လုပ္သားရွားပါးမႈ၊ သယ္ယူပို႔ေဆာင္ချမွင့္မားမႈ၊ အခြန္ကိစၥမေရရာမႈ၊ အေကာက္ခြန္ လုပ္ထံုးလုပ္နည္း ရႈတ္ေထြးမႈ စတာေတြဟာ ပုဂၢလိကလုပ္ငန္းကို အက်ပ္အတည္း ျဖစ္ေစပါတယ္။ ႏိုင္ငံေရးအေျခအေန မေရရာတာကိုလည္း ပုဂၢလိကလုပ္ငန္းေတြ ထည့္သြင္းစဥ္းစားၾကပါတယ္။ ႏိုင္ငံေရးအေျခအေန မေရရာတာေၾကာင့္ ေငြဖလွယ္ႏႈန္း မတည္ၿငိမ္တာကိုလည္း ျမင္ၾကပါတယ္။

စည္းမ်ဥ္းဥပေဒေတြ ျပဌာန္းၿပီး လိုက္နာေအာင္ မလုပ္ႏုိင္တာဟာလည္း အစိုးရရဲ ႔ အားနည္းခ်က္ ျဖစ္ပါတယ္။ ဒါကို အခြင့္ေကာင္းယူၿပီး ဥပေဒမဲ့ တင္သြင္းမႈနဲ႔ ထုတ္လုပ္မႈေတြ လုပ္ေနၾကတာလို႔ ေထာက္ျပၾကပါတယ္။ အေျခခံကၽြမ္းက်င္မႈရိွတဲ့ အလုပ္သမား မရႏုိင္တာဟာ ပုဂၢလိကလုပ္ငန္းအတြက္ ဒုတိယအႀကီးဆံုး ျပႆနာ ျဖစ္ပါတယ္။ အလုပ္သမားေလာကမွာ အရည္အေသြးမရိွ ျဖစ္ေနတာဟာ ပညာေရးစနစ္နဲ႔လည္း သက္ဆိုင္တယ္လို႔ ကမာၻ႔ဘဏ္အုပ္စုက ေထာက္ျပထားပါတယ္။

XS
SM
MD
LG