သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကေလးငယ္ ၂ သန္းထက္မနည္း ကိုဗစ္လြန္ကာလ ဆင္းရဲမႈဒဏ္ခံရႏုိင္ေျခရွိ


ကိုဗစ္ကာလ ျမန္မာကို UNICEF ေပးသည့္ အကူအညီ (ေအာက္တိုဘာ ၃ဝ၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ကုိဗစ္ကပ္ေရာဂါႀကံဳေနရတဲ့ ျမန္မာႏုိင္ငံမွာ အခ်ိန္မီျပင္ဆင္မထားႏုိင္ရင္ ေနာက္ထပ္ ကေလး ၂ သန္းေလာက္ ဆင္းရဲမြဲေတမႈဒဏ္ ခံရႏုိင္တဲ့ အႏၱရာယ္ ရွိေနတဲ့အေၾကာင္း ကုလသမဂၢ ကေလးမ်ား ရန္ပုံေငြအဖဲြ႔ UNICEF က သတိေပးလုိက္တဲ့အေၾကာင္း ကိုေဇာ္ထက္ က တင္ဆက္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ မၾကာေသးခင္ႏွစ္ေတြက ဆင္းရဲမြဲေတမႈေလွ်ာ့ခ်ေရး ေအာင္ျမင္မႈေတြ ရွိခဲ့ေပမဲ့ ကပ္ေရာဂါေၾကာင့္ ေနာက္ဆက္တြဲ လူမႈေရး၊ စီးပြားေရး အက်ိဳးဆက္ေတြ ေပၚေပါက္လာရာက ဒီႏွစ္ကုန္ေလာက္မွာ ေနာက္ထပ္ ကေလးငယ္ ၂ သန္းေလာက္ ဆင္းရဲမဲြေတမႈနဲ႔ ရင္ဆုိင္ရႏိုင္တယ္လုိ႔ ျမန္မာႏိုင္ငံ ဗဟိုစာရင္းအင္းအဖြဲ႔၊ ကုလသမဂၢ ဖြ႔ံၿဖိဳးေရးအစီအစဥ္ UNDP တို႔နဲ႔ ပူးတဲြေလ့လာ ဆန္းစစ္ခ်က္မွာ ေတြ႔ရွိခဲ့ေၾကာင္း UNICEF က သတင္းထုတ္ျပန္ခဲ့တာပါ။

ကပ္ေရာဂါကာလမတုိင္ခင္မွာကတည္းက ျမန္မာႏုိင္ငံက ကေလးအားလုံးရဲ႕ ၃ ပုံ ၁ ပုံ၊ လူဦးေရ ၅ သန္းေက်ာ္ဟာ ၀င္ေငြနိမ့္တဲ့ အဆင့္အတန္းမွာ ရွိေနတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။ ႏုိင္ငံတကာ အကူအညီေပးေရး အဖဲြ႔တခုျဖစ္တဲ့ Save the Children ရဲ႕ ကေလးသူငယ္အခြင့္အေရးမ်ား စီမံအုပ္ခ်ဳပ္မႈဌာန အႀကီးတန္း စီမံကိန္းအႀကံေပး ေဒၚဝင္းပပသန္းကလည္း ကပ္ေရာဂါ ေနာက္ဆက္တဲြ ကေလးေတြ ရင္ဆုိင္ရမယ့္ အခက္အခဲေတြ ႀကီးႀကီးမားမား ရွိေနတယ္လုိ႔ ဗြီအိုေအကို ေျပာပါတယ္။

“ ဝင္ေငြနည္းပါးျခင္းက ကေလးေတြကို ေက်ာင္းထြက္ရတာတို႔ အခုဆိုရင္ ေက်ာင္းကမဖြင့္ေသးဘူးေပါ့ေနာ္၊ ေက်ာင္းျပန္ဖြင့္ရင္ ကေလးေတြက ေက်ာင္းျပန္တက္လို႔မရဘဲ လုပ္ငန္းခြင္ထဲ ေရာက္သြားမယ့္ ကေလးေတြ ေတာ္ေတာ္မ်ားမ်ား ရွိတယ္၊ အခု ကိုဗစ္ကာလမွာ ပန္းေရာင္းတဲ့ ကေလးေတြ ဘာေတြဆိုတာ အမ်ားႀကီးျဖစ္လာတယ္၊ အဲဒီေတာ့ ကေလးေတြက အသုံးခ်ခံေတြျဖစ္လာတယ္၊ မိဘရဲ႕ ဝင္ေငြ တေထာင့္တေနရာအတြက္၊ အဲဒီဟာနဲ႔ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြက ကေလးရဲ႕ potential ကို အမ်ားႀကီး ထိခိုက္တယ္ေပါ့။ ဒီမိသားစုဝင္ေငြနဲ႔ poverty ( ႏြမ္းပါးမႈ) ကို ဘယ္လိုတိုက္ထုတ္မလဲ ဒါေတြကလည္း အရမ္းပဲ အေရးႀကီးတယ္ေပါ့။”

သုေတသနစစ္တမ္းအရ တေန႔စာလုံေလာက္တဲ့ အာဟာရ မရတဲ့ ကေလးေတြ ရွိလာတာ၊ ေဆး႐ုံေဆးခန္း မသြားႏိုင္တဲ့ ကေလးေတြ လက္လွမ္းမီတဲ့ က်န္းမာေရး ေစာင့္ေရွာက္ခြင့္ရဖို႔ ဒါေတြလည္း ေနာက္ဆက္တြဲ စိုးရိမ္စရာ အေျခအေနျဖစ္ေၾကာင္း ေဒၚဝင္းပပသန္းက ေထာက္ျပပါတယ္။ ဒါေတြကို က႑အလိုက္ခြဲၿပီး ေျဖရွင္းသြားရမယ္လို႔ ဆိုပါတယ္။
၂၀၁၇ အခ်က္အလက္ရဆိုရင္ တကမာၻလုံးမွာ ကေလးလုပ္သား ၁၅၂ သန္းရွိၿပီး ျမန္မာႏိုင္ငံမွာေတာ့ ကေလးလုပ္သား ၁.၂ သန္းေလာက္ဟာ ေစ်းဆိုင္၊ အိမ္အကူ၊ သားငါးေစ်းေတြနဲ႔ စက္မႈဇုံေတြမွာ အမ်ားဆုံး လုပ္ကိုင္ေနတယ္လို႔ ILO ကေျပာပါတယ္။ ကိုဗစ္ေၾကာင့္ပဲ ကေလးသူငယ္ေတြဟာ လုပ္ငန္းခြင္ေတြဆီ ပိုဦးတည္လာေၾကာင္း ဧရာဝတီတိုင္း ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီဝင္ ဦးျမင့္ေဌးက ေျပာပါတယ္။

“ အဓိက ဒီသက္ေရာက္မႈေၾကာင့္ စာသင္ခန္းဘက္ကို အာ႐ုံမေရာက္ေတာ့ဘူး၊ child rights နဲ႔ၾကည့္ရင္ ကေလးေတြက အခုက ဘယ္လိုျဖစ္ေနလဲ ဆိုေတာ့ အရပ္ေျပာေလး ေျပာရရင္ ေခါင္းစဥ္မဲ့ေနတယ္ ေပါ့ဗ်ာ၊ expedition ရည္႐ြယ္ခ်က္ မဲ့ေနၾကတဲ့ အခ်ိန္မွာ စာသင္ခန္းဘက္ကို ဦးတည္ဖို႔ ဆႏၵမရွိေတာ့ဘူး၊ သင့္ေတာ္ရာ လုပ္ငန္းခြင္ေတြဘက္ကို ဦးတည္သြားတဲ့အတြက္ ျဖစ္ေနၾကတယ္။”

ျမန္မာႏုိင္ငံ ဗဟိုစာရင္းအင္းအဖြဲ႕၊ UNICEF နဲ႔ UNDP တုိ႔ရဲ႕ ေလ့လာခ်က္အရ မိသားစုေတြ အစားအေသာက္ကုိ ေလွ်ာ့စားရတာ၊ စိတ္ဖိစီးမႈ မ်ားလာတာ၊ အမ်ိဳးသမီးေတြ အလုပ္ဝန္ေတြပိုလာတာ၊ ကေလးေတြ ပညာေရးေထာက္ပံ့ဖို႔ မစြမ္းႏိုင္ေတာ့တာ အပါအ၀င္ ကပ္ေရာဂါကာလ အခက္အခဲေတြကို ေတြ႕ရွိခဲ့တာပါ။

သုေတသန ေလ့လာခ်က္ကုိေတာ့ ကပ္ေရာဂါေၾကာင့္ ႐ုိက္ခတ္လာမယ့္ဒဏ္နဲ႔ ၀င္ေငြမညီမွ်မႈေတြကုိ သက္သာရာရေစဖုိ႔ အစုိးရက မူ၀ါဒေတြ ခ်မွတ္ေဆာင္ရြက္ရာမွာ ထိေရာက္မႈရွိေအာင္ အေထာက္အကူျဖစ္ေစဖုိ႔ ရည္ရြယ္တယ္လုိ႔လည္း အဂၤါေန႔က UNICEF ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကေလးေတြရဲ႕ ဘဝတိုးတက္လာဖို႔ အျပည္ျပည္ဆိုင္ရာ ကေလးအလုပ္သမားေရးရာအဖြဲ႕ ( ျမန္မာ) ကလည္း ၂၀၁၃ ေလာက္ကစလို႔ အေမရိကန္ေဒၚလာ ၇၀၀၀၀၀၀ ( ခုနစ္သန္း) ေက်ာ္ ကူညီထားၿပီး အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရး ေအဂ်င္စီ USAID ကလည္း အသက္ေမြးဝမ္းအလုပ္နဲ႔ စားနပ္ရိကၡာ ကူညီတာေတြ ရွိပါတယ္ခင္ဗ်ာ။

........................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ကိုဗစ်ကပ်ရောဂါကြုံနေရတဲ့ မြန်မာနိုင်ငံမှာ အချိန်မီပြင်ဆင်မထားနိုင်ရင် နောက်ထပ် ကလေး ၂ သန်းလောက် ဆင်းရဲမွဲတေမှုဒဏ် ခံရနိုင်တဲ့ အန္တရာယ် ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က သတိပေးလိုက်တဲ့အကြောင်း ကိုဇော်ထက် က တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေက ဆင်းရဲမွဲတေမှုလျှော့ချရေး အောင်မြင်မှုတွေ ရှိခဲ့ပေမဲ့ ကပ်ရောဂါကြောင့် နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး အကျိုးဆက်တွေ ပေါ်ပေါက်လာရာက ဒီနှစ်ကုန်လောက်မှာ နောက်ထပ် ကလေးငယ် ၂ သန်းလောက် ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့နဲ့ ပူးတွဲလေ့လာ ဆန်းစစ်ချက်မှာ တွေ့ရှိခဲ့ကြောင်း UNICEF က သတင်းထုတ်ပြန်ခဲ့တာပါ။

ကပ်ရောဂါကာလမတိုင်ခင်မှာကတည်းက မြန်မာနိုင်ငံက ကလေးအားလုံးရဲ့ ၃ ပုံ ၁ ပုံ၊ လူဦးရေ ၅ သန်းကျော်ဟာ ဝင်ငွေနိမ့်တဲ့ အဆင့်အတန်းမှာ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ Save the Children ရဲ့ ကလေးသူငယ်အခွင့်အရေးများ စီမံအုပ်ချုပ်မှုဌာန အကြီးတန်း စီမံကိန်းအကြံပေး ဒေါ်ဝင်းပပသန်းကလည်း ကပ်ရောဂါ နောက်ဆက်တွဲ ကလေးတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေ ကြီးကြီးမားမား ရှိနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ဝင်ငွေနည်းပါးခြင်းက ကလေးတွေကို ကျောင်းထွက်ရတာတို့ အခုဆိုရင် ကျောင်းကမဖွင့်သေးဘူးပေါ့နော်၊ ကျောင်းပြန်ဖွင့်ရင် ကလေးတွေက ကျောင်းပြန်တက်လို့မရဘဲ လုပ်ငန်းခွင်ထဲ ရောက်သွားမယ့် ကလေးတွေ တော်တော်များများ ရှိတယ်၊ အခု ကိုဗစ်ကာလမှာ ပန်းရောင်းတဲ့ ကလေးတွေ ဘာတွေဆိုတာ အများကြီးဖြစ်လာတယ်၊ အဲဒီတော့ ကလေးတွေက အသုံးချခံတွေဖြစ်လာတယ်၊ မိဘရဲ့ ဝင်ငွေ တထောင့်တနေရာအတွက်၊ အဲဒီဟာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ကလေးရဲ့ potential ကို အများကြီး ထိခိုက်တယ်ပေါ့။ ဒီမိသားစုဝင်ငွေနဲ့ poverty ( နွမ်းပါးမှု) ကို ဘယ်လိုတိုက်ထုတ်မလဲ ဒါတွေကလည်း အရမ်းပဲ အရေးကြီးတယ်ပေါ့။”

သုတေသနစစ်တမ်းအရ တနေ့စာလုံလောက်တဲ့ အာဟာရ မရတဲ့ ကလေးတွေ ရှိလာတာ၊ ဆေးရုံဆေးခန်း မသွားနိုင်တဲ့ ကလေးတွေ လက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်ရဖို့ ဒါတွေလည်း နောက်ဆက်တွဲ စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း ဒေါ်ဝင်းပပသန်းက ထောက်ပြပါတယ်။ ဒါတွေကို ကဏ္ဍအလိုက်ခွဲပြီး ဖြေရှင်းသွားရမယ်လို့ ဆိုပါတယ်။
၂၀၁၇ အချက်အလက်ရဆိုရင် တကမ္ဘာလုံးမှာ ကလေးလုပ်သား ၁၅၂ သန်းရှိပြီး မြန်မာနိုင်ငံမှာတော့ ကလေးလုပ်သား ၁.၂ သန်းလောက်ဟာ ဈေးဆိုင်၊ အိမ်အကူ၊ သားငါးဈေးတွေနဲ့ စက်မှုဇုံတွေမှာ အများဆုံး လုပ်ကိုင်နေတယ်လို့ ILO ကပြောပါတယ်။ ကိုဗစ်ကြောင့်ပဲ ကလေးသူငယ်တွေဟာ လုပ်ငန်းခွင်တွေဆီ ပိုဦးတည်လာကြောင်း ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောပါတယ်။

“ အဓိက ဒီသက်ရောက်မှုကြောင့် စာသင်ခန်းဘက်ကို အာရုံမရောက်တော့ဘူး၊ child rights နဲ့ကြည့်ရင် ကလေးတွေက အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ အရပ်ပြောလေး ပြောရရင် ခေါင်းစဉ်မဲ့နေတယ် ပေါ့ဗျာ၊ expedition ရည်ရွယ်ချက် မဲ့နေကြတဲ့ အချိန်မှာ စာသင်ခန်းဘက်ကို ဦးတည်ဖို့ ဆန္ဒမရှိတော့ဘူး၊ သင့်တော်ရာ လုပ်ငန်းခွင်တွေဘက်ကို ဦးတည်သွားတဲ့အတွက် ဖြစ်နေကြတယ်။”

မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့၊ UNICEF နဲ့ UNDP တို့ရဲ့ လေ့လာချက်အရ မိသားစုတွေ အစားအသောက်ကို လျှော့စားရတာ၊ စိတ်ဖိစီးမှု များလာတာ၊ အမျိုးသမီးတွေ အလုပ်ဝန်တွေပိုလာတာ၊ ကလေးတွေ ပညာရေးထောက်ပံ့ဖို့ မစွမ်းနိုင်တော့တာ အပါအဝင် ကပ်ရောဂါကာလ အခက်အခဲတွေကို တွေ့ရှိခဲ့တာပါ။

သုတေသန လေ့လာချက်ကိုတော့ ကပ်ရောဂါကြောင့် ရိုက်ခတ်လာမယ့်ဒဏ်နဲ့ ဝင်ငွေမညီမျှမှုတွေကို သက်သာရာရစေဖို့ အစိုးရက မူဝါဒတွေ ချမှတ်ဆောင်ရွက်ရာမှာ ထိရောက်မှုရှိအောင် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း အင်္ဂါနေ့က UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးတွေရဲ့ ဘဝတိုးတက်လာဖို့ အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမားရေးရာအဖွဲ့ ( မြန်မာ) ကလည်း ၂၀၁၃ လောက်ကစလို့ အမေရိကန်ဒေါ်လာ ၇၀၀၀၀၀၀ ( ခုနစ်သန်း) ကျော် ကူညီထားပြီး အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID ကလည်း အသက်မွေးဝမ်းအလုပ်နဲ့ စားနပ်ရိက္ခာ ကူညီတာတွေ ရှိပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG