(Zawgyi/Unicode)
.......................
ဖမ်းဆီးခံသတင်းသမားတစ်ဦး တွေ့ကြုံခဲ့ရသမ ျှ
(Unicode)
သတင်းမီဒီယာသမားတွေအနေနဲ့ ဆန္ဒပြပွဲနဲ့ ဖြိုခွဲတဲ့အခြေအနေကို သတင်းရယူတာမှာ မထင်မှတ်ဘဲ ဖမ်းဆီးခံရမယ့်အရေးကို ရှောင်ရှားနိုင်ဖို့ ပိုပြီး သတိထားဖို့လိုတယ်လို့ မကြာသေးခင်က ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ အလွတ်သတင်းထောက်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။
စစ်တပ်နဲ့ရဲက ပစ်မှတ်ထားတဲ့ အခြေအနေကိုရော ဒလန်လို့ အထင်ခံရမယ့် အခြေအနေကိုပါ ရင်ဆိုင်နေရပြီး ကိုယ့်ရဲ့ သတင်းအလုပ်ကို စိတ်ချလက်ချလုပ်ဖို့ အခက်အခဲဖြစ်နေရပေမယ့် ဆက်လုပ်သွားမှာပဲလို့လည်း ပြန်လွတ်လာတဲ့ အလွတ်သတင်းထောက် ကိုသစ်မြတ်ဇော်က ပြောပါတယ်။
သူဖမ်းဆီးခံရတဲ့နေ့က ဖြစ်ပျက်ခဲ့သမ ျှနဲ့ ကြုံတွေ့ခဲ့ရသမ ျှအကြောင်း ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။