သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ကေန အိႏိၵယနယ္စပ္ခိုလံႈသူ ၅၀၀ နီးပါးရွိလာ


အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ ခိုလံႈလာသူမ်ား။ (မတ္ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ဆႏၵျပတာကို ႏွိမ္နင္းဖမ္းဆီးေနတဲ့လုပ္ရပ္ေၾကာင့္ ခ်င္းျပည္နယ္ကေန အိႏၵိယနိုင္ငံဘက္ကို လူဦးေရ ၅၀၀ နီးပါး ထြက္ေျပးခိုလႈံေနၾကတယ္လို႔ မီဇိုရမ္ျပည္နယ္ ကူညီေရးအဖြဲ႕၀င္ေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္နဲ႔ ထိစပ္ေနတဲ့ မီဇိုရမ္ျပည္နယ္ဘက္မွာ ထြက္ေျပးလာမႈ မ်ားျပားေနေပမဲ့ အိႏၵိယနိုင္ငံ အစိုးရရဲ႕ အကူညီေတြ မရၾကဘူးလို႔ ဆိုပါတယ္။ ဗီြအိုေအ သတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာစစ္တပ္ကေန နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့ျပီးေနာက္ပိုင္း သပိတ္ေမွာက္ဆႏၵျပသူေတြကို ႏွိမ္းနင္းဖမ္းဆီးမႈေတြ ျပဳလုပ္လာလို႔ ခ်င္းျပည္နယ္က ေဒသခံေတြ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္နဲ႔ မဏိပူရျပည္နယ္ကို အမ်ားအျပား တိမ္းေရွာင္လာၾကတာပါ။

လက္ရွိမီဇိုရမ္ျပည္နယ္နဲ႔ မဏိပူရဘက္ကို တိမ္းေရွာင္လာသူ ၅၀၀ ခန္႔ရွိေနျပီလို႔ မီဇိုကူညီေရးအဖြဲ႕၀င္ ကိုရစ္ခ်တ္ကေျပာပါတယ္။

“လူဦးေရကေတာ့ အတိအက်ေျပာရတာ ခက္တယ္။ ဒါေပမဲ့ မဏိပူရနယ္စပ္က က်ေနာ္တို႔ လူေတြကိုေမးတဲ့ပုံစံအရေတာ့ ၅၀၀ နီးပါးရွိၿပီလို႔ေျပာတယ္။ ဒီမီဇိုရမ္ Home Department စာရင္းအရေတာ့ ၃၇၀ ေက်ာ္ရွိတယ္။

မီဇိုရမ္ျပည္နယ္ ျပည္ထဲေရးဌာန မွတ္တမ္းအရ လက္ရွိတြင္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာတဲ့ ျမန္မာႏိုင္ငံသား (Refugee) လူဦးေရ ၃၇၀ ေက်ာ္ ရွိေနၿပီျဖစ္တယ္လို႔ ေဖာ္ျပထားသလို တျခားမဏိပူရဘက္နဲ႔ နယ္စပ္ေတြဘက္က စာရင္းအရ ၅၀၀ ရွိေနတယ္လို႔ ဆိုပါတယ္။

မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာတဲ့ သူေတြအထဲမွာ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵေဖာ္ထုတ္သူေတြနဲ႔ ရဲတပ္ဖြဲ႕ေတြလည္း ပါ၀င္တယ္လို႔ ခိုႏႈမ္းသုန္ ခ်င္းသတင္းဌာနအယ္ဒီတာဆလိုင္းေရာဘတ္က ဆိုပါတယ္။

“အထူးသျဖင့္က မီဇိုရမ္ဘက္ကို ထြက္ေျပးတဲ့သူေတြက ဆႏၵေဖာ္ထုတ္မႈေတြမွာ လမ္းမေပၚထြက္ၿပီးေတာ့ ဆႏၵေဖာ္ထုတ္တာရွိတယ္။ ရဲတပ္ဖြဲ႕ေတြေရာ၊ မီးသတ္တပ္ဖြဲ႕ေတြေရာ အစိုးရ၀န္ထမ္းေတြကလည္း CDM လို႔ေခၚတဲ့ အဲဒီမွာ အမ်ားစု ပူးေပါင္းပါ၀င္လာတာေတြ႕ရတယ္ေပါ့ေလ။ အဲဒီလိုမ်ိဳး CDM လႈပ္ရွားမႈမွာ သူတို႔ ပါ၀င္တဲ့အတြက္ေၾကာင့္မို႔လို႔ သူတို႕ရဲ႕ လုံျခံဳေရးအရ စိုးရိမ္ရတဲ့အေျခအေနျဖစ္လာတယ္။ သူတို႔ကို စစ္ေကာင္စီဘက္ကေန ဖမ္းဆီးအေရးယူမဲ့ဟာမ်ိဳးေတြ သူတို႔စိုးရိမ္တဲ့အတြက္ေၾကာင့္မို႔လို႔ နီးစပ္ရာ မီဇိုရမ္ဘက္ကို သူတို႔ထြက္ေျပးၾကတာေပါ့။ အနည္းဆုံးကေတာ့ ၁၀၀ ေက်ာ္ေလာက္ကေတာ့ ရဲတပ္ဖြဲ႕၀င္ေတြျဖစ္ဖို႔မ်ားပါတယ္။”

အိႏိၵယႏိုင္ငံအစိုးရအေနနဲ႔ တိမ္းေရွာင္လာတဲ့ ျမန္မာႏိုင္ငံသားဒုကၡသည္ေတြကို အကူညီေပးသြားမယ္လို႔ ေျပာဆိုတာ ရွိခဲ့ေပမဲ့ လက္ရွိ တိမ္းေရွာင္လာတဲ့သူေတြ အကူအညီမဲ့ေနတယ္လို႔ မီဇိုကူညီေရးအဖြဲ႕၀င္ ကိုရစ္ခ်တ္ကပဲ ဆက္ေျပာပါတယ္။

“အခုခ်ိန္ထိက အစိုးရအေနနဲ႔ကေတာ့ ဘာမွ ကူညီေဆာင္ရြက္မႈေတြေတာ့ မရွိေသးဘူး။ ဒါေပမဲ့ ၀င္လာတဲ့သူေတြကေတာ့ လက္ခံတဲ့အဆင့္ပဲ ရွိေသးတယ္။ ဒီဘက္မွာ က်ေနာ္တို႔ ဖြဲ႔စည္းထားတဲ့ MGO Democratic Myanmar တို႔ မီဇိုေက်ာင္းသားသမဂၢတို႔နဲ႔ ပူးေပါင္းၿပီးေတာ့မွ အစိုးရကိုေတာ့ နည္းနည္းေတာ့ တြန္းအားေပးထားတယ္။ ၀င္လာတဲ့ စစ္ေျပးဒုကၡသည္ေတြ ေနရာထိုင္းခင္းေတြကအစ ျပင္ဆင္ေပးဖို႔ဆိုတာအတြက္ေပါ့ေနာ္။”

မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာတဲ့သူေတြအေနနဲ႔ နီးစပ္ရာေဆြမ်ိဳးသားခ်င္းေတြမွာပဲ ခိုလံႈေနရတယ္လို႔ ဆိုပါတယ္။

မီဇိုရမ္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္က မတ္လ ၁၅ ရက္ေန႔က အိႏိၵယႏိုင္ငံ ဒုသမၼတ M.Venkaiah Naidu ေနအိမ္မွာ သြားေရာက္ေတြ႕ဆံုၿပီး မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာၾကတဲ့ ျမန္မာႏိ္ုင္ငံသားေတြအေပၚ အေရးတႀကီး အကူအညီ ေထာက္ပံ့မႈမ်ားလိုအပ္ေနသလို လက္ရွိ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာ ျပည္သူေတြခံစားေနရတဲ့ ဒုကၡေတြ အဆံုးသတ္ခ်ဳပ္ၿငိမ္းေစေရးအတြက္ ၾကား၀င္ေဆာင္ရြက္ေပးဖို႕နဲ႔ ျမန္မာ့အေရးနဲ႔ ပတ္သတ္ျပီး အိႏိၵယဗဟိုအစိုးရမူဝါဒကိုလည္း ျပည္လည္သံုးသပ္ဖို႕လိုအပ္ေၾကာင္း တင္ျပခဲ့တယ္လို႔ မီဇိုရမ္ျပည္နယ္ ျပန္ၾကားေရးဌာနကေနထုတ္ျပန္ထားပါတယ္။

ျမန္မာနိုင္ငံမွာ ေဖေဖာ္၀ါရီ ၁ ရက္ေန႔က စစ္တပ္ကေန အာဏာထိန္းသိမ္းခဲ့ျပီးေနာက္ပိုင္း ဆႏၵျပသပိတ္ေမွာက္မႈေတြ ဆက္တိုက္အရွိန္ျမင့္လာသလို လုံျခံဳေရးတပ္ဖြဲ႕ေတြကလည္း သပိတ္ၿဖိဳခြင္းမႈ၊ ဖမ္းဆီးမႈေတြကလည္း တိုးလာေနပါတယ္။

တိမ္းေရွာင္လာတဲ့သူေတြအေနနဲ႔ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တခ်ိဳ႕ နယ္ေျမေတြဘက္ကို တိမ္းေရွာင္မႈေတြ ရွိေနခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချင်းပြည်နယ်ကနေ အိန္ဒိယနယ်စပ်ခိုလှုံသူ ၅၀၀ နီးပါးရှိလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတာကို နှိမ်နင်းဖမ်းဆီးနေတဲ့လုပ်ရပ်ကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံဘက်ကို လူဦးရေ ၅၀၀ နီးပါး ထွက်ပြေးခိုလှုံနေကြတယ်လို့ မီဇိုရမ်ပြည်နယ် ကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ဘက်မှာ ထွက်ပြေးလာမှု များပြားနေပေမဲ့ အိန္ဒိယနိုင်ငံ အစိုးရရဲ့ အကူညီတွေ မရကြဘူးလို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း သပိတ်မှောက်ဆန္ဒပြသူတွေကို နှိမ်းနင်းဖမ်းဆီးမှုတွေ ပြုလုပ်လာလို့ ချင်းပြည်နယ်က ဒေသခံတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရပြည်နယ်ကို အများအပြား တိမ်းရှောင်လာကြတာပါ။

လက်ရှိမီဇိုရမ်ပြည်နယ်နဲ့ မဏိပူရဘက်ကို တိမ်းရှောင်လာသူ ၅၀၀ ခန့်ရှိနေပြီလို့ မီဇိုကူညီရေးအဖွဲ့ဝင် ကိုရစ်ချတ်ကပြောပါတယ်။

“လူဦးရေကတော့ အတိအကျပြောရတာ ခက်တယ်။ ဒါပေမဲ့ မဏိပူရနယ်စပ်က ကျနော်တို့ လူတွေကိုမေးတဲ့ပုံစံအရတော့ ၅၀၀ နီးပါးရှိပြီလို့ပြောတယ်။ ဒီမီဇိုရမ် Home Department စာရင်းအရတော့ ၃၇၀ ကျော်ရှိတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန မှတ်တမ်းအရ လက်ရှိတွင် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသား (Refugee) လူဦးရေ ၃၇၀ ကျော် ရှိနေပြီဖြစ်တယ်လို့ ဖော်ပြထားသလို တခြားမဏိပူရဘက်နဲ့ နယ်စပ်တွေဘက်က စာရင်းအရ ၅၀၀ ရှိနေတယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာတဲ့ သူတွေအထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်သူတွေနဲ့ ရဲတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ခိုနှုမ်းသုန် ချင်းသတင်းဌာနအယ်ဒီတာဆလိုင်းရောဘတ်က ဆိုပါတယ်။

“အထူးသဖြင့်က မီဇိုရမ်ဘက်ကို ထွက်ပြေးတဲ့သူတွေက ဆန္ဒဖော်ထုတ်မှုတွေမှာ လမ်းမပေါ်ထွက်ပြီးတော့ ဆန္ဒဖော်ထုတ်တာရှိတယ်။ ရဲတပ်ဖွဲ့တွေရော၊ မီးသတ်တပ်ဖွဲ့တွေရော အစိုးရဝန်ထမ်းတွေကလည်း CDM လို့ခေါ်တဲ့ အဲဒီမှာ အများစု ပူးပေါင်းပါဝင်လာတာတွေ့ရတယ်ပေါ့လေ။ အဲဒီလိုမျိုး CDM လှုပ်ရှားမှုမှာ သူတို့ ပါဝင်တဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ လုံခြုံရေးအရ စိုးရိမ်ရတဲ့အခြေအနေဖြစ်လာတယ်။ သူတို့ကို စစ်ကောင်စီဘက်ကနေ ဖမ်းဆီးအရေးယူမဲ့ဟာမျိုးတွေ သူတို့စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ နီးစပ်ရာ မီဇိုရမ်ဘက်ကို သူတို့ထွက်ပြေးကြတာပေါ့။ အနည်းဆုံးကတော့ ၁၀၀ ကျော်လောက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ဖို့များပါတယ်။”

အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေကို အကူညီပေးသွားမယ်လို့ ပြောဆိုတာ ရှိခဲ့ပေမဲ့ လက်ရှိ တိမ်းရှောင်လာတဲ့သူတွေ အကူအညီမဲ့နေတယ်လို့ မီဇိုကူညီရေးအဖွဲ့ဝင် ကိုရစ်ချတ်ကပဲ ဆက်ပြောပါတယ်။

“အခုချိန်ထိက အစိုးရအနေနဲ့ကတော့ ဘာမှ ကူညီဆောင်ရွက်မှုတွေတော့ မရှိသေးဘူး။ ဒါပေမဲ့ ဝင်လာတဲ့သူတွေကတော့ လက်ခံတဲ့အဆင့်ပဲ ရှိသေးတယ်။ ဒီဘက်မှာ ကျနော်တို့ ဖွဲ့စည်းထားတဲ့ MGO Democratic Myanmar တို့ မီဇိုကျောင်းသားသမဂ္ဂတို့နဲ့ ပူးပေါင်းပြီးတော့မှ အစိုးရကိုတော့ နည်းနည်းတော့ တွန်းအားပေးထားတယ်။ ဝင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရာထိုင်းခင်းတွေကအစ ပြင်ဆင်ပေးဖို့ဆိုတာအတွက်ပေါ့နော်။”

မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာတဲ့သူတွေအနေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းတွေမှာပဲ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ်က မတ်လ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ ဒုသမ္မတ M.Venkaiah Naidu နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အရေးတကြီး အကူအညီ ထောက်ပံ့မှုများလိုအပ်နေသလို လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် မြန်မာ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေ အဆုံးသတ်ချုပ်ငြိမ်းစေရေးအတွက် ကြားဝင်ဆောင်ရွက်ပေးဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး အိန္ဒိယဗဟိုအစိုးရမူဝါဒကိုလည်း ပြည်လည်သုံးသပ်ဖို့လိုအပ်ကြောင်း တင်ပြခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ပြန်ကြားရေးဌာနကနေထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသပိတ်မှောက်မှုတွေ ဆက်တိုက်အရှိန်မြင့်လာသလို လုံခြုံရေးတပ်ဖွဲ့တွေကလည်း သပိတ်ဖြိုခွင်းမှု၊ ဖမ်းဆီးမှုတွေကလည်း တိုးလာနေပါတယ်။

တိမ်းရှောင်လာတဲ့သူတွေအနေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တချို့ နယ်မြေတွေဘက်ကို တိမ်းရှောင်မှုတွေ ရှိနေခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG