သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ခိုလှုံဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၄၀၀ ကျော်ထဲ ရဲနဲ့ မီးသတ်ဝန်ထမ်း အများဆုံးပါဝင်


အိန္ဒိယမှာ ခိုလှုံဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသားများ
အိန္ဒိယမှာ ခိုလှုံဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသားများ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဆန္ဒပြဆန့်ကျင်သူတွေကို အကြမ်းဖက် နှိမ်နင်းနေချိန်မှာပဲ ဖေဖေါ်ဝါရီ လကုန်လောက်က စပြီး မြန်မာနိုင်ငံကနေ အိမ်နီးချင်း အိန္ဒိယ ဘက်ကို ထွက်ပြေး ခိုလှုံလာသူ ၄၀၀ ကျော် ရှိနေပါပြီ။ ဒီအထဲမှာ ရဲဝန်ထမ်း အများအပြားပါဝင်နေတယ်လို့ အိန္ဒိယရဲအရာရှိတဦးက တနင်္လာနေ့မှာ ပြောပါတယ်။

သောကြာနေ့ကတော့ နယ်စပ်ကျော်ဖြတ် ထွက်ပြေးလာသူပေါင်း ၁၁၆ ယောက် ရှိနေတယ်လို့ မီဇိုရမ်ပြည်နယ်က ရဲအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ထွက်ပြေးလာသူတွေထဲမှာ ရဲနဲ့ မီးသတ်သမားတွေ ပါဝင်ပြီး တချို့က အဝတ်အစားအနည်းငယ်ကလွဲလို့ ဘာမှ မယူနိုင်ပဲထွက် ပြေးလာကြတာပါ။

“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ အပြစ်မရှိတဲ့ လူတွေ၊ ရာဇဝတ်မှုမကျူးလွန်တဲ့ လူတွေကို သေနတ်နဲ့ ပစ်တာ ရိုက်နှက်တာတွေ မလုပ်နိုင်လို့ ထွက်ပြေးလာတာ ဖြစ်ကြောင်း” ထွက်ပြေးလာတဲ့ ရဲအရာရှိ Foursi က ပြောသွားတာပါ။

အိန္ဒိယ ဗဟိုအစိုးရကတော့ တဖက်နိုင်ငံက လူတွေ အလုံးအရင်းနဲ့ ဝင်မလာအောင် တားဆီးဖို့ ဒေသ အာဏာပိုင်တွေကိုညွှန်ကြား ထားတာ ဖြစ်ပေမယ့် ၂ နိုင်ငံ နယ်စပ်ဒေသဟာ တောတောင် ထူထပ်တဲ့ အတွက် ထွက်ပြေးလာသူတွေကို တားဆီးဖို့ခက်ခဲနေတာပါ။

အိန္ဒိယဘက်ကို မကြာသေးခင်ကမှ ထွက်ပြေးလာတဲ့အုပ်စုတွေထဲမှာ လူပေါင်း တရာလောက် ပါဝင်တဲ့ အုပ်စုကိုတော့ မီဇိုရမ်ပြည်နယ်ထဲက Champhai ဒေသက ရွာတရွာမှာ နေထိုင်ဖို့ စီစဉ်ပေးထား တာ ဖြစ်ပါတယ်။


.............


(Unicode)






XS
SM
MD
LG