သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီေရး QUAD ေခါင္းေဆာင္ေတြ ဦးစားေပးမည္


အေမရိကန္၊ ဂ်ပန္၊ ၾသစေၾတးလ်နဲ႔ အိႏၵိယ ထိပ္သီးေဆြးေႏြးပြဲ Quad (ဓာတ္ပံု-AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ ျပန္လည္ေပၚထြန္းလာေအာင္ အျမန္ဆုံးႀကိဳးပမ္းဖို႔ လိုအပ္ေနေၾကာင္း အေမရိကန္ အပါအ၀င္ ၄ ႏိုင္ငံလုံျခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈအဖဲြ႕ QUAD ေခါင္းေဆာင္ေတြ ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ျမန္မာျပည္သူေတြကို ကာလၾကာရွည္ အားေပးေထာက္ခံလာခဲ့ၾကတဲ့ ႏိုင္ငံေတြ အေနနဲ႔ ဒီမိုကေရစီ ျပန္လည္ေပၚထြန္းလာဖို႔၊ ဒီမိုကေရစီစနစ္ရဲ႕ ၾကံ့ၾကံ့ခံႏိုင္စြမ္းေတြ ခိုင္မာအားေကာင္းေအာင္ ဦးစားေပး ေဆာင္ရြက္ဖို႔ အေရးတႀကီး လိုအပ္ေနေၾကာင္း အေမရိကန္၊ ဂ်ပန္၊ ၾသစေၾတးလ်နဲ႔ အိႏၵိယႏိုင္ငံ ေခါင္းေဆာင္ေတြရဲ႕ ေသာၾကာေန႔က အြန္လိုင္းေဆြးေႏြးမႈအၿပီး ပူးတဲြ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာဆိုထားတာပါ။

ေသာၾကာေန႔က အြန္လိုင္းေတြ႕ဆုံမႈအတြင္း ျမန္မာႏိုင္ငံက အေျခအေနေတြ အပါအ၀င္ ေဒသတြင္း အေရးႀကီးတဲ့ ကိစၥေတြကို ေဆြးေႏြးခဲ့ေၾကာင္းလည္း အေမရိကန္ အမ်ဳိးသားလုံျခံဳေရး အၾကံေပး Jake Sullivan က ေျပာပါတယ္။
“ေဆြးေႏြးပဲြအတြင္း ေတာင္နဲ႔ အေရွ႕တ႐ုတ္ ပင္လယ္ျပင္ေတြမွာ လြတ္လပ္စြာ ေရေၾကာင္းသြားလာခြင့္၊ ေျမာက္ကိုရီးယား ႏ်ဴကလီးယားအေရးနဲ႔ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ အၾကမ္းဖက္ ဖိႏွိပ္မႈေတြ အပါအ၀င္ ေဒသတြင္းက အဓိက ကိစၥေတြကို ေခါင္းေဆာင္ေတြ ေဆြးေႏြးၾကပါတယ္။” လို႔ အေမရိကန္ အမ်ဳိးသားလုံျခံဳေရး အၾကံေပးက ေသာၾကာေန႔ ဝါရွင္တန္က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

ဂ်ပန္၀န္ႀကီးခ်ဳပ္ Yoshihide Suga ကလည္း ျမန္မာႏိုင္ငံက အေျခအေနအေပၚ အလြန္အမင္း စိုးရိမ္တဲ့ သေဘာထားကို ေဆြးေႏြးပဲြအတြင္း ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈ အတြက္ တန္ဘိုးထားတဲ့အေၾကာင္း အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi က အေလးထား ေျပာၾကားခဲ့တယ္လို႔လည္း အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးက ေသာၾကာေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အရပ္သား အစိုးရေခါင္းေဆာင္ေတြကို ဖမ္းဆီးဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္၊ ျပည္တြင္း၊ ျပည္ပ ဆန္႔က်င္ကန္႔ကြက္မႈေတြ ေပၚေပါက္ေနတာပါ။ ျမန္မာႏိုင္ငံအ၀န္း အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားသူေတြကို အာဏာပိုင္ေတြက အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ ၾကံဳေနရတဲ့ အတြက္လည္း ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအ၀န္းက သတိေပးေနပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့ဒီမိုကရေစီရေး QUAD ခေါင်းဆောင်တွေ ဦးစားပေးမည်

(Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ထွန်းလာအောင် အမြန်ဆုံးကြိုးပမ်းဖို့ လိုအပ်နေကြောင်း အမေရိကန် အပါအဝင် ၄ နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ QUAD ခေါင်းဆောင်တွေ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကာလကြာရှည် အားပေးထောက်ခံလာခဲ့ကြတဲ့ နိုင်ငံတွေ အနေနဲ့ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းလာဖို့၊ ဒီမိုကရေစီစနစ်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေ ခိုင်မာအားကောင်းအောင် ဦးစားပေး ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံ ခေါင်းဆောင်တွေရဲ့ သောကြာနေ့က အွန်လိုင်းဆွေးနွေးမှုအပြီး ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားတာပါ။

သောကြာနေ့က အွန်လိုင်းတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံက အခြေအနေတွေ အပါအဝင် ဒေသတွင်း အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။
“ဆွေးနွေးပွဲအတွင်း တောင်နဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွေမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ မြောက်ကိုရီးယား နျူကလီးယားအရေးနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ အပါအဝင် ဒေသတွင်းက အဓိက ကိစ္စတွေကို ခေါင်းဆောင်တွေ ဆွေးနွေးကြပါတယ်။” လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးက သောကြာနေ့ ဝါရှင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ကလည်း မြန်မာနိုင်ငံက အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်တဲ့ သဘောထားကို ဆွေးနွေးပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အတွက် တန်ဘိုးထားတဲ့အကြောင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi က အလေးထား ပြောကြားခဲ့တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သား အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်၊ ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်နေတာပါ။ မြန်မာနိုင်ငံအဝန်း အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့ အတွက်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG