သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ ႏိုင္ငံတကာ အမ်ိဳးသမီးရဲစြမ္းသတိၱဆုရွင္ မျဖိဳးျဖိဳးေအာင္


Phyoe Phyoe Aung, co-founder of the Wings Institute for Reconciliation

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ ကန္႔ကြက္တဲ့ လက္ရွိ ပံုစံမ်ိဳးစံု လႈပ္ရွားမႈေတြမွာ အမ်ိဳးသမီးေတြ ေရွ႕တန္းကေန ရဲရဲ၀ံ့၀ံ့ ဦးေဆာင္ပါ၀င္ေနၾကတာကို ေတြ႔ႏုိင္သလို၊ ဒီိလိုအခ်ိန္မ်ိဳးမွာ အေမရိကန္ႏုိင္ငံျခားေရးဌာနက ႏိုင္ငံတကာ အမ်ိဳးသမီးရဲစြမ္းသတၱိရွင္ဆု သူ႔ကို ခ်ီးျမွင့္ခံရတာဟာ ျမန္မာ့ဒီမိုကေရစီေရး တို္က္ပြဲေတြမွာ ပါ၀င္ေနၾကတဲ့ အမ်ိဳးသမီးေတြ အားလံုးရဲ႕ ကိုယ္စား ဂုဏ္ျပဳခ်ီးျမွင့္တာ ျဖစ္တယ္လို႔ ခံယူတဲ့အေၾကာာင္း ဒီႏွစ္ ၂၀၂၁ ခုႏွစ္အတြက္ ႏိုင္ငံတကာအမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု ခ်ီးျမွင္ခံရသူ မျဖိဳးျဖိဳးေအာင္က ေျပာပါတယ္။ လူ႔အခြင့္အေရးနဲ႔ တရားမ ွ်တေရးအတြက္ ေရွ႕တန္းကေန ရဲရဲ၀ံ့၀ံ့ တိုက္ပြဲ၀င္ေနၾကတဲ့ ကမၻာတ၀ွမ္းက အမ်ိဳးသမီးေတြကို ႏွစ္စဥ္ ဂုဏ္ျပဳေပးအပ္တဲ့ ဒီဆုကို ဒီႏွစ္မွာေတာ့ ျမန္မာႏုိင္ငံက လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူ မျဖိဳးျဖိဳးေအာင္ အပါအ၀င္ ႏုိင္ငံေပါင္း ၁၅ ႏုိင္ငံက အမ်ိဳးသမီး တက္ၾကြလႈပ္ရွားသူ ၂၁ ဦး ရရွိခဲ့တာပါ။ မျဖိဳးျဖိဳးေအာင္ကို ဆက္သြယ္ေမးျမန္းျပီး မခင္ျဖဴေထြးက ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ တင္ဆက္ထားပါတယ္။

အရင္ဆံုးေျပာခ်င္တာကေတာ့ Congratulations ပါ မျဖိဳးျဖိဳးေအာင္။ အထူးကို ဂုဏ္ယူပါတယ္။ အခုလို အေမရိကန္ ႏိုင္ငံျခားေရးဌာနကေန ႏွစ္စဥ္ေပးအပ္တဲ့ ႏိုင္ငံတကာ အမ်ိဳးသမီးရဲစြမ္းသတၱိရွင္ဆုကို ဒီႏွစ္ မျဖိဳးျဖိဳးေအာင္ ခ်ီးျမွင့္ခံရတဲ့အတြက္ ဂုဏ္ယူပါတယ္လို႔ အရင္ဆံုး ေျပာခ်င္ပါတယ္။

ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္။

ဆုိေတာ့ ဒီဆုေပးအပ္ခံရတာနဲ႔ပတ္သက္လုိ႔ ကမၻာတ၀ွမ္း ေနရာေဒသစံုက အမ်ိဳးသမီးေတြ အမ်ားအျပားထဲမွာ ဒီႏွစ္ ကိုယ့္ကို ဘာေၾကာင့္ ေရြးခ်ယ္ ေပးအပ္တာလို႔ ထင္ပါသလဲရွင့္။

“ဟုတ္ကဲ့။ ဒီဆုနဲ႔ပတ္သက္ျပီးေတာ့ ဆုေရြးခ်ယ္ေရးအဖြဲ႔ရဲ႕ စံသတ္မွတ္ခ်က္ေတြကိုေတာ့ က်မ ေသခ်ာေတာ့ မသိထားဘူး။ ဒါေပမဲ့ ဆုရတယ္လို႔ ဒီ ဇန္န၀ါရီလ အေစာပိုင္းတုန္းက အေၾကာင္းၾကားတယ္ေပါ့ေနာ္။ သူတို႔ ဒီဇင္ဘာအတြင္းထဲမွာကို ေရြးထားျပီးသား ျဖစ္ပါလိမ့္မယ္။ ဆိုေတာ့ အေၾကာင္းၾကားတဲ့ေနာက္ပိုင္းမွာ က်မ ဒီဆုနဲ႔ပတ္သက္တဲ့ ဒီဆုရဖူးတဲ့သူေတြ youtube မွာ သူတို႔ အင္တာဗ်ဴးေလးေတြကို က်မ ၾကည့္ျဖစ္တယ္။ ၾကည့္ျဖစ္တဲ့အခါက်ေတာ့ အၾကမ္းမ်ဥ္းအားျဖင့္ေတာ့ က်မ သေဘာေပါက္ရသေလာက္ ကေတာ့ ႏုိင္ငံေရး၊ အမ်ိဳးသမီးေရး စသျဖင့္ ကိစၥရပ္ေတြမွာ ထဲထဲ၀င္၀င္ ပါ၀င္လုပ္ေဆာင္ေနတဲ့ အမ်ိဳးသမီးေတြ။ အဲ့ဒီလုပ္ေဆာင္တဲ့အတြက္ေၾကာင့္မိုလို႔ အာဏာပိုင္အဖြဲ႔အစည္းေတြရဲ႕ အၾကမ္းဖက္တာ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြကို ခံခဲ့ရတယ္။ ဒါေပမဲ့လဲ သူတို႔ယံုၾကည္ရာကို သူတို႔ဆက္ျပီးေတာ့ ႐ုန္းကန္လႈပ္ရွားရင္းနဲ႔ လုပ္ေဆာင္ေနၾကတဲ့ အမ်ိဳးသမီးေတြကို ေပးတယ္လို႔ေတာ့ အၾကမ္းမ်ဥ္းအားျဖင့္၊ ဒီ ဗြီဒီယိုဖိုင္ေလးေတြ ၾကည့္ျခင္းအားျဖင့္၊ သူတို႔အင္တာဗ်ဴးေလးေတြ ၾကည့္ျခင္းအားျဖင့္ အဲ့ဒီလိုေတာ့ က်မ ျမင္ပါတယ္ရွင့္။”

ဒီဆုကို က်မတို႔ ျမန္မာႏုိင္ငံမွာလည္း အရင္က ရခဲ့ဖူးတဲ့သူေတြ ရွိပါတယ္။ မၾကာခင္ကပဲ ဖြဲ႔စည္းလိုက္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ (CRPH) ရဲ႕ ေခတၱႏိုင္ငံျခားေရး၀န္ၾကီး ေဒၚဇင္မာေအာင္ အပါအ၀င္ ေရွ႕ပိုင္းမွာလည္း အမ်ိဳးသမီးတခ်ိဳ႕ ရခဲ့ၾကဖူးတာ ရွိပါတယ္။ ဒီတၾကိမ္မွာ ကိုယ့္ကိုေရြးခ်ယ္ျပီး ေပးတဲ့အေပၚမွာေရာ ဘယ္လိုမ်ား ခံစားရပါလဲ။

“ဆိုေတာ့ ဒီဆုရတယ္ဆိုျပီးေတာ့ က်မကို အေၾကာင္းၾကားတယ္ေပါ့ေနာ္။ ဒီဆုက က်မတို႔ ေရွ႕ပိုင္းမွာ အမ်ိဳးသမီး ၃ ဦးေပါ့ေနာ္။ က်မ တကယ္ေလးစားရတဲ့ တက္ၾကြလႈပ္ရွားတဲ့ အမ်ိဳးသမီး ေခါင္းေဆာင္ေတြ ရခဲ့ဖူးတယ္။ မဇင္မာေအာင္၊ မေမစပယ္ျဖဴ၊ ကရင္အမ်ိဳးသမီး ေနာ္ကေညာေဖာ ေပါ့ေနာ္။ ဆိုေတာ့ ဒီအမ်ိဳးသမီးေတြ မၾကာခင္ ႏွစ္ေတြကမွ ရထားတာေတြ ရွိတယ္။ ဆိုေတာ့ ဒီဆုရတဲ့အခ်ိန္မွာ က်မ အရင္ဆံုး စဥ္းစားမိတာကေတာ့ ဘာလဲဆိုေတာ့ က်မတို႔ တိုင္းျပည္မွာေရာ၊ ႏုိင္ငံတကာမွာေရာ တကယ္ကို ခက္ခက္ခဲခဲ ႐ုန္းကန္လႈပ္ရွားျပီး အေရးကိစၥေတြမွာ ပါ၀င္ၾကတဲ့၊ အမ်ိဳးသမီးကိစၥ၊ ႏုိင္ငံေရးကိစၥ စသျဖင့္ တက္ၾကြလႈပ္ရွားၾကတဲ့ အမ်ိဳးသမီးေတြ အမ်ားအျပား ရွိတယ္။ အဲ့ဒီအထဲကမွ က်မ အေရြးခံရတဲ့အခါက်ေတာ့ က်မစိတ္ထဲမွာ ဘာျဖစ္သလဲဆိုေတာ့ တကယ္ေရာ က်မ ထိုက္တန္ပါ့မလားဆိုတဲ့ စိတ္မ်ိဳးေပါ့ေနာ္။ ဒီဆုက က်မအတြက္ ဖိအားျဖစ္လာတာေပါ့။ ေရွ႕ဆက္ကို က်မ ဒီဆုၾကီး ပုခံုးေပၚတင္ျပီးေတာ့ ေရွ႕ဆက္ လုပ္ရေတာ့မယ့္အခါက်ေတာ့ ငါ တကယ္ထိုက္ထိုက္တန္တန္နဲ႔ ငါလုပ္နုိင္တဲ့အလုပ္ေတြကို ရည္ရြယ္ခ်က္ေတြကို ေပါက္ေျမာက္ေအာင္ လုပ္ေဆာင္ႏုိင္ပါ့မလား ဆိုတဲ့ စိတ္မ်ိဳးေပါ့ေနာ္။ က်မ ခံစားရတာကေတာ့ ပထမဆံုးေပါ့ေနာ္။ ဒီဆုရတဲ့အတြက္ ၀မ္းသာတာကတပိုင္း။ ၀မ္းသာတယ္ဆုိတာက က်မ လုပ္တဲ့အလုပ္အတြက္ က်မကိုသိတဲ့သူ၊ က်မရဲ႕အလုပ္အေပၚမွာ ေလးစားတဲ့ တန္ဖိုးထားတဲ့သူေတြ ရွိတယ္။ ဒါက အေရးၾကီးတယ္လို႔လည္း သူတို႔မွတ္ယူလို႔ ဒီဆုေပးတယ္လို႔လည္း က်မ မွတ္ယူပါတယ္။ တဘက္ကလည္း က်မတို႔တိုင္းျပည္မွာက တကယ့္ကို အလွည့္အေျပာင္း ျဖစ္သြားတဲ့၊ အလွည့္အေျပာင္း ျဖစ္ခဲ့တဲ့အခ်ိန္ ျဖစ္ေနတယ္။ အလွည့္အေျပာင္းျဖစ္တဲ့ အခ်ိန္အတြင္းမွာလည္း တကယ္ကို ထင္ထင္ေပၚေပၚနဲ႔ လႈပ္ရွား ေဆာင္ရြက္ေနတဲ့၊ စျပီးတဲ့ စစ္အာဏာသိမ္းျပီးေနာက္ပိုင္းမွာ ထင္ထင္ေပၚေပၚ လႈပ္ရွား ေဆာင္ရြက္ေနတဲ့ အမ်ိဳးသမီးေခါင္းေဆာင္ေတြ၊ လူငယ္ေတြ လူၾကီးေတြ အစရွိသျဖင့္ အရြယ္မ်ိဳးစံု အမ်ိဳးသမီး ေခါင္းေဆာင္ေတြ ေပၚလာတယ္။ ဆိုေတာ့ ဒီအမ်ိဳးသမီးေတြရဲ႕ ရြတ္ရြတ္ခၽြံခၽြံ တိုက္ပြဲ ၀င္ေနတာေတြကိုလည္း က်မတို႔ သိေနတယ္။ ဒါ တႏုိင္ငံလံုးကလည္း သိေနတယ္။ ျပီးေတာ့ အဲ့ဒီလို ပါ၀င္တဲ့အထဲမွာ အခ်ိဳ႕ အမ်ိဳးသမီးငယ္ေလးေတြ ဆိုရင္ အသက္ပါ ေပးလိုက္ရတယ္ေပါ့ေနာ္။ အဲ့လိုလူေတြ ၾကားထဲမွာ ထပ္ျပီးေတာ့ က်မက စိတ္မေကာင္း ထပ္ျဖစ္တာေပါ့ေနာ္။ စိတ္မေကာင္း ထပ္ျဖစ္တယ္ဆုိတာက ဒီလိုလူေတြ ရွိတယ္။ ဒီလိုလူေတြၾကားထဲမွာ က်မက ဒီဆုကို ရတယ္ဆိုတဲ့ ေၾကညာခံရတဲ့ အခါက်ေတာ့ သူတို႔ကို အားနာတယ္။ စိတ္မေကာင္းျဖစ္မယ္တယ္။ ကိုယ့္ကိုယ္လည္း တကယ္ မလံုမလဲ ခံစားရပါတယ္ ဒီအတြက္ေလ။ အဲ့ဒါေၾကာင့္မို႔လည္း ဒီဆုနဲ႔ပတ္သက္ျပီး အျမဲတမ္း က်မ စိတ္ထဲမွာ ထား ထားတာက ဒါက ျမန္မာျပည္ ဒီမိုကေရစီေရးတိုက္ပြဲေတြမွာ ပါ၀င္ခဲ့တဲ့ အမ်ိဳးသမီးေတြ ကိုယ္စား က်မ လက္ခံရရွိတယ္လို႔ပဲ မွတ္ယူပါတယ္။ ကိုယ္လုပ္ႏုိင္တာကို ဆက္လုပ္ဖို႔ ဖိအားျဖစ္တယ္။ ဆက္လုပ္ဖို႔ က်မ ၾကိဳးစားမွာျဖစ္တယ္။ တဘက္ကလည္း က်မ ဒီဆုက အမ်ိဳးသမီးထုကိုယ္စား လက္ခံရရွိတယ္လို႔ပဲ က်မ အေနနဲ႔ သတ္မွတ္ပါတယ္ရွင့္။"

ေစာေစာက မျဖိဳးျဖိဳးေအာင္ ေျပာသလိုပါပဲ။ ဒါ လက္ရွိ ျမန္မာႏုိင္ငံမွာ အခုဆိုရင္ အလွည့္အေျပာင္း ၾကီးၾကီးမားမား ျဖစ္သြားတဲ့အခါမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လမ္းေပၚထြက္ ဆႏၵျပပဲြေတြ၊ စစ္အုပ္ခ်ဳပ္မႈကို ဖီဆန္ျပီး အလုပ္မဆင္းဘဲ အၾကမ္းမဖက္ CDM လႈပ္ရွာမႈေတြ၊ ပံုစံမိ်ဳးစံုနဲ႔ လႈပ္ရွားေနၾကတဲ့အခ်ိန္မွာ ျမန္မာႏုိင္ငံက အမ်ိဳးသမီးတေယာက္ကို ခုလို ႏုိင္ငံတကာ ရဲစြမ္းသတၱိရွင္ဆု ခ်ီးျမွင့္တယ္ဆုိတာက ႏုိင္ငံတကာ အေနနဲ႔လည္း လက္ရွိ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြကို အာ႐ံုစိုက္ အေလးထားတယ္ ဆုိတာမ်ိဳးလည္း ျမင္ႏိုင္တယ္လို႔ ထင္ပါတယ္။ အခုလို ႏိုင္ငံတကာက အသိအမွတ္ျပဳခံရတဲ့ သူတေယာက္အေနနဲ႔ လက္ရွိ အခုျဖစ္ေနတဲ့ အေျခအေနေတြ အေပၚမွာ ႏုိင္ငံတကာရဲ႕ တံု႔ျပန္မႈေတြ ျမန္မာႏုိင္ငံအတြက္ ဘယ္ေလာက္အထိ လုိအပ္ေနတယ္လို႔ ထင္ပါသလဲ။ ဘယ္လိုဖိအားမ်ိဳးေတြ ဘယ္လို တံု႔ျပန္မႈေတြက ျမန္မာႏုိင္ငံ လက္ရွိသြားေနတဲ့ အေျခအေနအတြက္ အေထာက္အပံ့ ျဖစ္ႏုိင္တယ္လို႔ေရာ ထင္ပါသလဲရွင့္။

“ႏုိင္ငံတကာက ဆက္ျပီးေတာ့ က်မတို႔ကို မ်က္ေျခမပ်က္ ၾကည့္ေနဖို႔ သိပ္ကို အေရးၾကီးပါတယ္။ ကမၻာမွာရွိတဲ့ တိုင္းျပည္တခုက အလြယ္တကူနဲ႔ စစ္အာဏာသိမ္းလို႔ရတယ္။ အလြယ္တကူနဲ႔ လူသားမ်ိဳးႏြယ္ကို အၾကမ္းဖက္မႈ က်ဴးလြန္လို႔ရတယ္။ အလြယ္တကူနဲ႔ ဥပေဒေတြကို ကေျပာင္းကျပန္ လုပ္လို႔ရတယ္ဆိုတဲ့ သာဓကမ်ိဳး တျခား ဘယ္ႏိုင္ငံမွာမွ က်မတို႔မျဖစ္ေစခ်င္ဘူး။ ဒါမ်ိဳးမျဖစ္ေအာင္ က်မတို႔ ဆက္ျပီး ထိန္းေနဖို႔လို္တဲ့အခါက်ေတာ့ က်မ ျမင္တာကေတာ့ ဒီလိုမ်ိဳး အၾကမ္းဖက္မႈေတြ၊ ရက္ရက္စက္စက္ ျဖိဳးခြင္း ႏွိပ္စက္ ညွင္းပမ္းမႈေတြကို လံုး၀ လက္မခံႏိုင္ေၾကာင္း ျပတ္ျပတ္သားသား ေျပာဖို႔လိုတယ္။ ႏုိင္ငံ အက်ိဳးစီးပြားေတြ ၾကည့္တာကိုေလ ွ်ာ့ျပီး ဒါကို ျပတ္ျပတ္သားသား ေျပာဖို႔။ ဖမ္းဆီး ထိန္းသိမ္းခံရတဲ့သူေတြကို ျပန္လည္ လႊတ္ေပးဖို႔ ကိစၥေတြ ေနာက္တခုက လက္နက္ကုိင္ အၾကမ္းဖက္ေျဖရွင္းတာေတြကို ရပ္တန္႔ဖို႔ကိစၥေတြကို ျပတ္ျပတ္သားသားနဲ႔ ရပ္တည္ေပးဖို႔ လိုအပ္တယ္လို႔ က်မ အေနနဲ႔ ထပ္ျပီးေတာ့ တိုက္တြန္းခ်င္တယ္ေပါ့ေနာ္။ ဆိုေတာ့ ဒီေနရာမွာ ကမၻာၾကီးက ဒါကို လက္ပိုက္ၾကည့္ေနမွာ မဟုတ္ဘူးဆိုတာမ်ိဳးကိုလည္း သတိေပးဖို႔လိုအပ္လိမ့္မယ္လို႔ က်မ ျမင္တယ္။ က်မတို႔ အခု ဘာျဖစ္ေနလဲ ဆိုေတာ့ ကိုယ့္တိုင္းျပည္ ကိုယ့္ျပည္တြင္းေရး ျဖစ္တယ္။ ကိုယ္ၾကိဳက္သလို လုပ္လို႔ရတယ္။ ကိုယ့္အိမ္မွာ တံခါးပိတ္ျပီးေတာ့ ႐ိုက္လို႔လည္း ရတယ္။ သတ္လို႔လည္းရတယ္ဆိုတဲ့ သိပ္ကိုဆိုးရြားတဲ့ အၾကမ္းဖက္မႈကို က်ဴးလြန္ျပတာ ေပါ့ေနာ္။ အိမ္တြင္းအၾကမ္းဖက္မႈေတာင္ လက္မခံေတာ့တဲ့ ကမၻာၾကီးျဖစ္ေနျပီ။ ႏုိင္ငံတြင္း အၾကမ္းဖက္မႈကေတာ့ ဘယ္နည္းနဲ႔မွ က်မတို႔ လက္ခံလို႔ မရဘူး။ ႏုိင္ငံတြင္း အၾကမ္းဖက္မႈကို လက္မခံတဲ့ကမၻာၾကီး ျဖစ္ေအာင္လည္း ကမၻာ့ႏုိင္ငံေတြက ဒါကို ၀ိုင္းျပီး ထိန္းသိမ္းဖို႔ေတာ့ မျဖစ္မေန လိုအပ္တယ္လို႔ က်မ အေနနဲ႔ ဒါကို ေျပာခ်င္ပါတယ္။”

မျဖိဳးျဖိဳးေအာင္ ဆိုရင္ ၂၀၀၇ ေရႊ၀ါေရာင္လႈပ္ရွားမႈ၊ ၂၀၁၅ ပညာေရးသပိတ္လို လႈပ္ရွားမႈေတြမွာ ေရွ႕တန္းက ပါ၀င္ခဲ့တဲ့သူတေယာက္ ျဖစ္တယ္။ အခု လက္ရွိ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္ လႈပ္ရွားမႈေတြ မွာလည္း ပါ၀င္ေနတယ္။ လက္ရွိ လႈပ္ရွားမႈထဲမွာဆိုရင္ အမ်ိဳးသမီးေတြ လူငယ္ေတြ အမ်ားၾကီး ေရွ႕တန္းကေန တက္တက္ၾကြၾကြ ပါ၀င္ေနၾကပါတယ္။ ဆိုေတာ့ ဒီလို မ်ိဳးဆက္သစ္ လူငယ္အမ်ိဳးသမီးေတြကုိေရာ ႏုိင္ငံတကာ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု ဂုဏ္ျပဳခ်ီးျမွင့္ခံရတဲ့သူ တေယာက္အေနနဲ႔ သူတို႔ကို ဘယ္လို စိတ္ခြန္အားမ်ိဳး ေပးႏိုင္ပါမလဲ။

“ဒီလႈပ္ရွားမႈမွာေတာ့ တကယ္ကို ျမင္ရတယ္ေပါ့ေနာ္။ အမ်ိဳးသမီးေတြရဲ႕ ဦးေဆာင္မႈေတြ။ အမ်ိဳးသမီးေတြရဲ႕ ဆံုးျဖတ္ခ်က္ ခ်ႏိုင္မႈေတြ။ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ပါ၀င္မႈေတြ။ ဆံုးသြားတဲ့ အမ်ိဳးသမီးငယ္ေလးေတြ ဆိုရင္လည္း ဥပမာ မၾကယ္စင္ လိုမ်ိဳးေပါ့ေနာ္။ သူတို႔ဆိုရင္ သူတို႔ရဲ႕ တက္ၾကြမႈေတြကို ျမင္ရတယ္။ လႈပ္ရွားမႈေတြက ဗြီဒီယိုဖိုင္ေတြ က်န္ခဲ့တဲ့အခါက်ေတာ့ သူတို႔ ဘယ္လို တက္တက္ၾကြၾကြ လႈပ္ရွားၾကတယ္ဆုိတာကို က်မတို႔ ျမင္ရပါတယ္။ ဒါက သူတင္မဟုတ္ဘူး။ တျခား မိန္းခေလးေတြလည္း ရွိတယ္။ ဆိုေတာ့ ဒါေတြကို ၾကည့္ျခင္းအားျဖင့္ ဒီလႈပ္ရွားမႈေတြမွာ အမ်ိဳၚသမီးေတြရဲ႕ ပါ၀င္မႈ ဦးေဆာင္မႈေတြက တကယ္ကို ၾကီးၾကီးမားမား က်မတို႔ ေတြ႔ေနရတာေပါ့ေနာ္။ အရင္က ဒီ ၂၀၀၇ မွာ အတိုင္းအတာ တခုအထိရွိတယ္။ ၂၀၁၅ မွာလည္း အတိုင္းအတာ တခုအထိ ရွိတယ္။ ဒါေပမဲ့ အခုကေတာ့ ပိုျပီးေတာ့ ထဲထဲ၀င္၀င္နဲ႔ မ်ားမ်ားျပားျပား ေတြ႔ရတယ္။ ဒါက တႏုိင္ငံလံုး အတိုင္းအတာနဲ႔လည္း ျဖစ္တာဆိုေတာ့ မ်ားမ်ားစားစား က်မတို႔ေတြ႔လာတယ္။ ေနာက္ျပီးေတာ့ ပအဖ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ ေတြ ဖြဲ႔တဲ့ေနရာမွာလည္း အမ်ိဳးသမီးကိုယ္စားလွယ္ေတြ အမ်ားၾကီး ေတြ႔လာရတာ ရွိတယ္။ ဒါက အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈက ေတာ္ေတာ္ကို အားရစရာ ေကာင္းတဲ့ အေနအထားမ်ိဳး ျဖစ္လာတာေပါ့ေနာ္။ ဒီလို လႈပ္ရွားမႈထဲမွာေတာ့။ ဒါကို က်မတုိ႔က ဆက္ထိန္းထားရမယ္။ ဒီအေျခခံေကာင္းကို ဆက္ျပီးေတာ့ ဆက္ထိန္းသြားေစခ်င္တယ္။ ဒီလႈပ္ရွားမႈေတြ ျပီးသြားလို႔ရွိရင္လည္း ဆက္ျပီးေတာ့ ဒီလုိမ်ိဳးပဲ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ကို ဆက္ထိန္းျပီးေတာ့ ဒီထက္ပိုျပီးေတာ့ အာမခံခ်က္ရွိတဲ့ လမ္းေၾကာင္းေပၚကိုေရာက္ေအာင္ ျမွင့္တင္သြားဖို႔။ ဒါကို ႏုိင္ငံေရးေခါင္းေဆာင္ေတြ ထည့္သြင္းစဥ္းစားဖို႔ လိုအပ္လိမ့္လို႔ က်မ ကေတာ့ ျမင္တယ္။”

ဟုတ္ကဲ့။ ဆိုေတာ့ ဒါက အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈအခန္းက႑က အေရးၾကီးသလို၊ ေရွ႕ေလ ွ်ာက္မွာလည္း ဒီလိုမ်ိဳး ဆက္ျပီး ပါ၀င္ေနႏုိင္ဖို႔ အေရးၾကီးတယ္လို႔ ထင္ပါတယ္။

”ဒီလို အမ်ိဳးသမီးေတြက ႐ုန္းကန္ရတဲ့ေနရာမွာ ပါ၀င္လာတာဟာ တစံုတေယာက္ရဲ႕ တိုက္တြန္းမႈ မဟုတ္ဘူးေပါ့ေနာ္။ အိမ္မွာပဲ ေနတာမ်ိဳး မဟုတ္ဘဲနဲ႔ အိမ္နဲ႔ အတုိက္အခံကို ျဖစ္ျပီးေတာ့ သူတို႔ သာသာယာယာေနရတဲ့ ေနရာမ်ိဳးမွာ သူတို႔ ပါ၀င္တာမဟုတ္ဘဲနဲ႔ ခက္ခက္ခဲခဲ ေနရတဲ့ ေနရာမ်ိဳးမွာ၊ ခက္ခက္ခဲခဲ ရင္ဆိုင္ရတဲ့ ေက်ာ္လႊားရတဲ့၊ ေျဖရွင္းရတဲ့ ေနရာမ်ိဳးေတြမွာ ပါ၀င္လာတဲ့အခါက်ေတာ့ ဒါက ပိုျပီးေတာ့ စိန္ေခၚမႈက ၾကီးတယ္။ စိန္ေခၚမႈၾကီးတဲ့အခ်ိန္မွာ ပါ၀င္လာတာက တကယ္ကို စစ္မွန္တဲ့ သူတို႔ရဲ႕ ႏုိင္ငံေရး အျမင္ေတြ ခံယူခ်က္ေတြ၊ ရင္ဆိုင္ႏုိင္မႈေတြြ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီဟာကို ဆက္ ထိန္းသိမ္းျပီးေတာ့ အမ်ိဳးသမီးေတြရဲ႕ ေရွ႕ေရးအတြက္ အမ်ိဳးသမီးေတြရဲ႕ အေျခအေနေတြကို ဆက္ ထိန္းသိမ္းျပီးေတာ့ ဒီလိုမ်ိဳးပဲ ေနာက္ေနာင္မွာလည္း ႏုိင္ငံေရးအခန္းက႑ေတြမွာ အမ်ိဳးသမီးေတြ ဆက္ျပီးေတာ့ ပါ၀င္ႏုိင္ေအာင္ ႏုိင္ငံေရးေခါင္းေဆာင္ေတြက အေမ ွ်ာ္အျမင္ရွိရွိနဲ႔ လမ္းစဥ္ေတြ ခ်မွတ္ႏုိင္ရင္ေတာ့ ပိုေကာင္းလိမ့္မယ္လို႔ က်မကေတာ့ ျမင္ပါတယ္။”

ဟုတ္ကဲ့ မျဖိဳးျဖိဳးေအာင္ အခုလို အခ်ိန္ေပး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားၾကီး တင္ပါတယ္။
ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========================================

[Unicode Version]
၂၀၂၁ နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိဆုရှင် မဖြိုးဖြိုးအောင် (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်တဲ့ လက်ရှိ ပုံစံမျိုးစုံ လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်နေကြတာကို တွေ့နိုင်သလို၊ ဒီလိုအချိန်မျိုးမှာ အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု သူ့ကို ချီးမြှင့်ခံရတာဟာ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲတွေမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေ အားလုံးရဲ့ ကိုယ်စား ဂုဏ်ပြုချီးမြှင့်တာ ဖြစ်တယ်လို့ ခံယူတဲ့အကြောာင်း ဒီနှစ် ၂၀၂၁ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင်ခံရသူ မဖြိုးဖြိုးအောင်က ပြောပါတယ်။ လူ့အခွင့်အရေးနဲ့ တရားမ ျှတရေးအတွက် ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေကို နှစ်စဉ် ဂုဏ်ပြုပေးအပ်တဲ့ ဒီဆုကို ဒီနှစ်မှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဖြိုးဖြိုးအောင် အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၂၁ ဦး ရရှိခဲ့တာပါ။ မဖြိုးဖြိုးအောင်ကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

အရင်ဆုံးပြောချင်တာကတော့ Congratulations ပါ မဖြိုးဖြိုးအောင်။ အထူးကို ဂုဏ်ယူပါတယ်။ အခုလို အမေရိကန် နိုင်ငံခြားရေးဌာနကနေ နှစ်စဉ်ပေးအပ်တဲ့ နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို ဒီနှစ် မဖြိုးဖြိုးအောင် ချီးမြှင့်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်လို့ အရင်ဆုံး ပြောချင်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ဆိုတော့ ဒီဆုပေးအပ်ခံရတာနဲ့ပတ်သက်လို့ ကမ္ဘာတဝှမ်း နေရာဒေသစုံက အမျိုးသမီးတွေ အများအပြားထဲမှာ ဒီနှစ် ကိုယ့်ကို ဘာကြောင့် ရွေးချယ် ပေးအပ်တာလို့ ထင်ပါသလဲရှင့်။

“ဟုတ်ကဲ့။ ဒီဆုနဲ့ပတ်သက်ပြီးတော့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေကိုတော့ ကျမ သေချာတော့ မသိထားဘူး။ ဒါပေမဲ့ ဆုရတယ်လို့ ဒီ ဇန်နဝါရီလ အစောပိုင်းတုန်းက အကြောင်းကြားတယ်ပေါ့နော်။ သူတို့ ဒီဇင်ဘာအတွင်းထဲမှာကို ရွေးထားပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုတော့ အကြောင်းကြားတဲ့နောက်ပိုင်းမှာ ကျမ ဒီဆုနဲ့ပတ်သက်တဲ့ ဒီဆုရဖူးတဲ့သူတွေ youtube မှာ သူတို့ အင်တာဗျူးလေးတွေကို ကျမ ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့အခါကျတော့ အကြမ်းမျဉ်းအားဖြင့်တော့ ကျမ သဘောပေါက်ရသလောက် ကတော့ နိုင်ငံရေး၊ အမျိုးသမီးရေး စသဖြင့် ကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေ။ အဲ့ဒီလုပ်ဆောင်တဲ့အတွက်ကြောင့်မိုလို့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ခံခဲ့ရတယ်။ ဒါပေမဲ့လဲ သူတို့ယုံကြည်ရာကို သူတို့ဆက်ပြီးတော့ ရုန်းကန်လှုပ်ရှားရင်းနဲ့ လုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေကို ပေးတယ်လို့တော့ အကြမ်းမျဉ်းအားဖြင့်၊ ဒီ ဗွီဒီယိုဖိုင်လေးတွေ ကြည့်ခြင်းအားဖြင့်၊ သူတို့အင်တာဗျူးလေးတွေ ကြည့်ခြင်းအားဖြင့် အဲ့ဒီလိုတော့ ကျမ မြင်ပါတယ်ရှင့်။”

ဒီဆုကို ကျမတို့ မြန်မာနိုင်ငံမှာလည်း အရင်က ရခဲ့ဖူးတဲ့သူတွေ ရှိပါတယ်။ မကြာခင်ကပဲ ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ရဲ့ ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ရှေ့ပိုင်းမှာလည်း အမျိုးသမီးတချို့ ရခဲ့ကြဖူးတာ ရှိပါတယ်။ ဒီတကြိမ်မှာ ကိုယ့်ကိုရွေးချယ်ပြီး ပေးတဲ့အပေါ်မှာရော ဘယ်လိုများ ခံစားရပါလဲ။

“ဆိုတော့ ဒီဆုရတယ်ဆိုပြီးတော့ ကျမကို အကြောင်းကြားတယ်ပေါ့နော်။ ဒီဆုက ကျမတို့ ရှေ့ပိုင်းမှာ အမျိုးသမီး ၃ ဦးပေါ့နော်။ ကျမ တကယ်လေးစားရတဲ့ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီး ခေါင်းဆောင်တွေ ရခဲ့ဖူးတယ်။ မဇင်မာအောင်၊ မမေစပယ်ဖြူ၊ ကရင်အမျိုးသမီး နော်ကညောဖော ပေါ့နော်။ ဆိုတော့ ဒီအမျိုးသမီးတွေ မကြာခင် နှစ်တွေကမှ ရထားတာတွေ ရှိတယ်။ ဆိုတော့ ဒီဆုရတဲ့အချိန်မှာ ကျမ အရင်ဆုံး စဉ်းစားမိတာကတော့ ဘာလဲဆိုတော့ ကျမတို့ တိုင်းပြည်မှာရော၊ နိုင်ငံတကာမှာရော တကယ်ကို ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားပြီး အရေးကိစ္စတွေမှာ ပါဝင်ကြတဲ့၊ အမျိုးသမီးကိစ္စ၊ နိုင်ငံရေးကိစ္စ စသဖြင့် တက်ကြွလှုပ်ရှားကြတဲ့ အမျိုးသမီးတွေ အများအပြား ရှိတယ်။ အဲ့ဒီအထဲကမှ ကျမ အရွေးခံရတဲ့အခါကျတော့ ကျမစိတ်ထဲမှာ ဘာဖြစ်သလဲဆိုတော့ တကယ်ရော ကျမ ထိုက်တန်ပါ့မလားဆိုတဲ့ စိတ်မျိုးပေါ့နော်။ ဒီဆုက ကျမအတွက် ဖိအားဖြစ်လာတာပေါ့။ ရှေ့ဆက်ကို ကျမ ဒီဆုကြီး ပုခုံးပေါ်တင်ပြီးတော့ ရှေ့ဆက် လုပ်ရတော့မယ့်အခါကျတော့ ငါ တကယ်ထိုက်ထိုက်တန်တန်နဲ့ ငါလုပ်နိုင်တဲ့အလုပ်တွေကို ရည်ရွယ်ချက်တွေကို ပေါက်မြောက်အောင် လုပ်ဆောင်နိုင်ပါ့မလား ဆိုတဲ့ စိတ်မျိုးပေါ့နော်။ ကျမ ခံစားရတာကတော့ ပထမဆုံးပေါ့နော်။ ဒီဆုရတဲ့အတွက် ဝမ်းသာတာကတပိုင်း။ ဝမ်းသာတယ်ဆိုတာက ကျမ လုပ်တဲ့အလုပ်အတွက် ကျမကိုသိတဲ့သူ၊ ကျမရဲ့အလုပ်အပေါ်မှာ လေးစားတဲ့ တန်ဖိုးထားတဲ့သူတွေ ရှိတယ်။ ဒါက အရေးကြီးတယ်လို့လည်း သူတို့မှတ်ယူလို့ ဒီဆုပေးတယ်လို့လည်း ကျမ မှတ်ယူပါတယ်။ တဘက်ကလည်း ကျမတို့တိုင်းပြည်မှာက တကယ့်ကို အလှည့်အပြောင်း ဖြစ်သွားတဲ့၊ အလှည့်အပြောင်း ဖြစ်ခဲ့တဲ့အချိန် ဖြစ်နေတယ်။ အလှည့်အပြောင်းဖြစ်တဲ့ အချိန်အတွင်းမှာလည်း တကယ်ကို ထင်ထင်ပေါ်ပေါ်နဲ့ လှုပ်ရှား ဆောင်ရွက်နေတဲ့၊ စပြီးတဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထင်ထင်ပေါ်ပေါ် လှုပ်ရှား ဆောင်ရွက်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ လူငယ်တွေ လူကြီးတွေ အစရှိသဖြင့် အရွယ်မျိုးစုံ အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်လာတယ်။ ဆိုတော့ ဒီအမျိုးသမီးတွေရဲ့ ရွတ်ရွတ်ချွံချွံ တိုက်ပွဲ ဝင်နေတာတွေကိုလည်း ကျမတို့ သိနေတယ်။ ဒါ တနိုင်ငံလုံးကလည်း သိနေတယ်။ ပြီးတော့ အဲ့ဒီလို ပါဝင်တဲ့အထဲမှာ အချို့ အမျိုးသမီးငယ်လေးတွေ ဆိုရင် အသက်ပါ ပေးလိုက်ရတယ်ပေါ့နော်။ အဲ့လိုလူတွေ ကြားထဲမှာ ထပ်ပြီးတော့ ကျမက စိတ်မကောင်း ထပ်ဖြစ်တာပေါ့နော်။ စိတ်မကောင်း ထပ်ဖြစ်တယ်ဆိုတာက ဒီလိုလူတွေ ရှိတယ်။ ဒီလိုလူတွေကြားထဲမှာ ကျမက ဒီဆုကို ရတယ်ဆိုတဲ့ ကြေညာခံရတဲ့ အခါကျတော့ သူတို့ကို အားနာတယ်။ စိတ်မကောင်းဖြစ်မယ်တယ်။ ကိုယ့်ကိုယ်လည်း တကယ် မလုံမလဲ ခံစားရပါတယ် ဒီအတွက်လေ။ အဲ့ဒါကြောင့်မို့လည်း ဒီဆုနဲ့ပတ်သက်ပြီး အမြဲတမ်း ကျမ စိတ်ထဲမှာ ထား ထားတာက ဒါက မြန်မာပြည် ဒီမိုကရေစီရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ ကိုယ်စား ကျမ လက်ခံရရှိတယ်လို့ပဲ မှတ်ယူပါတယ်။ ကိုယ်လုပ်နိုင်တာကို ဆက်လုပ်ဖို့ ဖိအားဖြစ်တယ်။ ဆက်လုပ်ဖို့ ကျမ ကြိုးစားမှာဖြစ်တယ်။ တဘက်ကလည်း ကျမ ဒီဆုက အမျိုးသမီးထုကိုယ်စား လက်ခံရရှိတယ်လို့ပဲ ကျမ အနေနဲ့ သတ်မှတ်ပါတယ်ရှင့်။"

စောစောက မဖြိုးဖြိုးအောင် ပြောသလိုပါပဲ။ ဒါ လက်ရှိ မြန်မာနိုင်ငံမှာ အခုဆိုရင် အလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်သွားတဲ့အခါမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ၊ စစ်အုပ်ချုပ်မှုကို ဖီဆန်ပြီး အလုပ်မဆင်းဘဲ အကြမ်းမဖက် CDM လှုပ်ရှာမှုတွေ၊ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေကြတဲ့အချိန်မှာ မြန်မာနိုင်ငံက အမျိုးသမီးတယောက်ကို ခုလို နိုင်ငံတကာ ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင့်တယ်ဆိုတာက နိုင်ငံတကာ အနေနဲ့လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အာရုံစိုက် အလေးထားတယ် ဆိုတာမျိုးလည်း မြင်နိုင်တယ်လို့ ထင်ပါတယ်။ အခုလို နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ သူတယောက်အနေနဲ့ လက်ရှိ အခုဖြစ်နေတဲ့ အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ လိုအပ်နေတယ်လို့ ထင်ပါသလဲ။ ဘယ်လိုဖိအားမျိုးတွေ ဘယ်လို တုံ့ပြန်မှုတွေက မြန်မာနိုင်ငံ လက်ရှိသွားနေတဲ့ အခြေအနေအတွက် အထောက်အပံ့ ဖြစ်နိုင်တယ်လို့ရော ထင်ပါသလဲရှင့်။

“နိုင်ငံတကာက ဆက်ပြီးတော့ ကျမတို့ကို မျက်ခြေမပျက် ကြည့်နေဖို့ သိပ်ကို အရေးကြီးပါတယ်။ ကမ္ဘာမှာရှိတဲ့ တိုင်းပြည်တခုက အလွယ်တကူနဲ့ စစ်အာဏာသိမ်းလို့ရတယ်။ အလွယ်တကူနဲ့ လူသားမျိုးနွယ်ကို အကြမ်းဖက်မှု ကျူးလွန်လို့ရတယ်။ အလွယ်တကူနဲ့ ဥပဒေတွေကို ကပြောင်းကပြန် လုပ်လို့ရတယ်ဆိုတဲ့ သာဓကမျိုး တခြား ဘယ်နိုင်ငံမှာမှ ကျမတို့မဖြစ်စေချင်ဘူး။ ဒါမျိုးမဖြစ်အောင် ကျမတို့ ဆက်ပြီး ထိန်းနေဖို့လိုတဲ့အခါကျတော့ ကျမ မြင်တာကတော့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ၊ ရက်ရက်စက်စက် ဖြိုးခွင်း နှိပ်စက် ညှင်းပမ်းမှုတွေကို လုံး၀ လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ နိုင်ငံ အကျိုးစီးပွားတွေ ကြည့်တာကိုလေ ျှာ့ပြီး ဒါကို ပြတ်ပြတ်သားသား ပြောဖို့။ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့သူတွေကို ပြန်လည် လွှတ်ပေးဖို့ ကိစ္စတွေ နောက်တခုက လက်နက်ကိုင် အကြမ်းဖက်ဖြေရှင်းတာတွေကို ရပ်တန့်ဖို့ကိစ္စတွေကို ပြတ်ပြတ်သားသားနဲ့ ရပ်တည်ပေးဖို့ လိုအပ်တယ်လို့ ကျမ အနေနဲ့ ထပ်ပြီးတော့ တိုက်တွန်းချင်တယ်ပေါ့နော်။ ဆိုတော့ ဒီနေရာမှာ ကမ္ဘာကြီးက ဒါကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာမျိုးကိုလည်း သတိပေးဖို့လိုအပ်လိမ့်မယ်လို့ ကျမ မြင်တယ်။ ကျမတို့ အခု ဘာဖြစ်နေလဲ ဆိုတော့ ကိုယ့်တိုင်းပြည် ကိုယ့်ပြည်တွင်းရေး ဖြစ်တယ်။ ကိုယ်ကြိုက်သလို လုပ်လို့ရတယ်။ ကိုယ့်အိမ်မှာ တံခါးပိတ်ပြီးတော့ ရိုက်လို့လည်း ရတယ်။ သတ်လို့လည်းရတယ်ဆိုတဲ့ သိပ်ကိုဆိုးရွားတဲ့ အကြမ်းဖက်မှုကို ကျူးလွန်ပြတာ ပေါ့နော်။ အိမ်တွင်းအကြမ်းဖက်မှုတောင် လက်မခံတော့တဲ့ ကမ္ဘာကြီးဖြစ်နေပြီ။ နိုင်ငံတွင်း အကြမ်းဖက်မှုကတော့ ဘယ်နည်းနဲ့မှ ကျမတို့ လက်ခံလို့ မရဘူး။ နိုင်ငံတွင်း အကြမ်းဖက်မှုကို လက်မခံတဲ့ကမ္ဘာကြီး ဖြစ်အောင်လည်း ကမ္ဘာ့နိုင်ငံတွေက ဒါကို ဝိုင်းပြီး ထိန်းသိမ်းဖို့တော့ မဖြစ်မနေ လိုအပ်တယ်လို့ ကျမ အနေနဲ့ ဒါကို ပြောချင်ပါတယ်။”

မဖြိုးဖြိုးအောင် ဆိုရင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၊ ၂၀၁၅ ပညာရေးသပိတ်လို လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့သူတယောက် ဖြစ်တယ်။ အခု လက်ရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှုတွေ မှာလည်း ပါဝင်နေတယ်။ လက်ရှိ လှုပ်ရှားမှုထဲမှာဆိုရင် အမျိုးသမီးတွေ လူငယ်တွေ အများကြီး ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။ ဆိုတော့ ဒီလို မျိုးဆက်သစ် လူငယ်အမျိုးသမီးတွေကိုရော နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဂုဏ်ပြုချီးမြှင့်ခံရတဲ့သူ တယောက်အနေနဲ့ သူတို့ကို ဘယ်လို စိတ်ခွန်အားမျိုး ပေးနိုင်ပါမလဲ။

“ဒီလှုပ်ရှားမှုမှာတော့ တကယ်ကို မြင်ရတယ်ပေါ့နော်။ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက် ချနိုင်မှုတွေ။ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုတွေ။ ဆုံးသွားတဲ့ အမျိုးသမီးငယ်လေးတွေ ဆိုရင်လည်း ဥပမာ မကြယ်စင် လိုမျိုးပေါ့နော်။ သူတို့ဆိုရင် သူတို့ရဲ့ တက်ကြွမှုတွေကို မြင်ရတယ်။ လှုပ်ရှားမှုတွေက ဗွီဒီယိုဖိုင်တွေ ကျန်ခဲ့တဲ့အခါကျတော့ သူတို့ ဘယ်လို တက်တက်ကြွကြွ လှုပ်ရှားကြတယ်ဆိုတာကို ကျမတို့ မြင်ရပါတယ်။ ဒါက သူတင်မဟုတ်ဘူး။ တခြား မိန်းခလေးတွေလည်း ရှိတယ်။ ဆိုတော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီလှုပ်ရှားမှုတွေမှာ အမျိုါ်သမီးတွေရဲ့ ပါဝင်မှု ဦးဆောင်မှုတွေက တကယ်ကို ကြီးကြီးမားမား ကျမတို့ တွေ့နေရတာပေါ့နော်။ အရင်က ဒီ ၂၀၀၇ မှာ အတိုင်းအတာ တခုအထိရှိတယ်။ ၂၀၁၅ မှာလည်း အတိုင်းအတာ တခုအထိ ရှိတယ်။ ဒါပေမဲ့ အခုကတော့ ပိုပြီးတော့ ထဲထဲဝင်ဝင်နဲ့ များများပြားပြား တွေ့ရတယ်။ ဒါက တနိုင်ငံလုံး အတိုင်းအတာနဲ့လည်း ဖြစ်တာဆိုတော့ များများစားစား ကျမတို့တွေ့လာတယ်။ နောက်ပြီးတော့ ပအဖ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေ ဖွဲ့တဲ့နေရာမှာလည်း အမျိုးသမီးကိုယ်စားလှယ်တွေ အများကြီး တွေ့လာရတာ ရှိတယ်။ ဒါက အမျိုးသမီးတွေရဲ့ ပါဝင်မှုက တော်တော်ကို အားရစရာ ကောင်းတဲ့ အနေအထားမျိုး ဖြစ်လာတာပေါ့နော်။ ဒီလို လှုပ်ရှားမှုထဲမှာတော့။ ဒါကို ကျမတို့က ဆက်ထိန်းထားရမယ်။ ဒီအခြေခံကောင်းကို ဆက်ပြီးတော့ ဆက်ထိန်းသွားစေချင်တယ်။ ဒီလှုပ်ရှားမှုတွေ ပြီးသွားလို့ရှိရင်လည်း ဆက်ပြီးတော့ ဒီလိုမျိုးပဲ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဆက်ထိန်းပြီးတော့ ဒီထက်ပိုပြီးတော့ အာမခံချက်ရှိတဲ့ လမ်းကြောင်းပေါ်ကိုရောက်အောင် မြှင့်တင်သွားဖို့။ ဒါကို နိုင်ငံရေးခေါင်းဆောင်တွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လိမ့်လို့ ကျမ ကတော့ မြင်တယ်။”

ဟုတ်ကဲ့။ ဆိုတော့ ဒါက အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍက အရေးကြီးသလို၊ ရှေ့လေ ျှာက်မှာလည်း ဒီလိုမျိုး ဆက်ပြီး ပါဝင်နေနိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

”ဒီလို အမျိုးသမီးတွေက ရုန်းကန်ရတဲ့နေရာမှာ ပါဝင်လာတာဟာ တစုံတယောက်ရဲ့ တိုက်တွန်းမှု မဟုတ်ဘူးပေါ့နော်။ အိမ်မှာပဲ နေတာမျိုး မဟုတ်ဘဲနဲ့ အိမ်နဲ့ အတိုက်အခံကို ဖြစ်ပြီးတော့ သူတို့ သာသာယာယာနေရတဲ့ နေရာမျိုးမှာ သူတို့ ပါဝင်တာမဟုတ်ဘဲနဲ့ ခက်ခက်ခဲခဲ နေရတဲ့ နေရာမျိုးမှာ၊ ခက်ခက်ခဲခဲ ရင်ဆိုင်ရတဲ့ ကျော်လွှားရတဲ့၊ ဖြေရှင်းရတဲ့ နေရာမျိုးတွေမှာ ပါဝင်လာတဲ့အခါကျတော့ ဒါက ပိုပြီးတော့ စိန်ခေါ်မှုက ကြီးတယ်။ စိန်ခေါ်မှုကြီးတဲ့အချိန်မှာ ပါဝင်လာတာက တကယ်ကို စစ်မှန်တဲ့ သူတို့ရဲ့ နိုင်ငံရေး အမြင်တွေ ခံယူချက်တွေ၊ ရင်ဆိုင်နိုင်မှုတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာကို ဆက် ထိန်းသိမ်းပြီးတော့ အမျိုးသမီးတွေရဲ့ ရှေ့ရေးအတွက် အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ဆက် ထိန်းသိမ်းပြီးတော့ ဒီလိုမျိုးပဲ နောက်နောင်မှာလည်း နိုင်ငံရေးအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ဆက်ပြီးတော့ ပါဝင်နိုင်အောင် နိုင်ငံရေးခေါင်းဆောင်တွေက အမေ ျှာ်အမြင်ရှိရှိနဲ့ လမ်းစဉ်တွေ ချမှတ်နိုင်ရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျမကတော့ မြင်ပါတယ်။”

ဟုတ်ကဲ့ မဖြိုးဖြိုးအောင် အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG