သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု ကန်သံအမတ်ကြီး မြန်မာဒုတိယ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေး


အမေရိကန် သံအမတ်ကြီး Thomas Vajda
အမေရိကန် သံအမတ်ကြီး Thomas Vajda

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေအပေါ် စိုးရိမ်ကြောင်း အမေရိကန် သံအမတ်ကြီးက မြန်မာဒုတိယစစ်ခေါင်းဆောင်ကို ပြောဆိုလိုက်ပါတယ်။ အမေရိကန် သံအမတ်ကြီး Thomas Vajda ရဲ့တယ်လီဖုန်းကနေ ပြောဆိုချက် အပေါ်မှာတော့ မြန်မာစစ်တပ်က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မူးကြီးစိုးဝင်း က ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဝင်းမင်းက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မူးကြီးစိုးဝင်းကို တွေ့ရတဲ့ အဓိကအကြောင်းရင်းကို မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးပြောခွင့်ရ Aryani Manring က

“ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က စစ်တပ်အနေနဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နေတာတွေကို တကယ့်ကို အမြန်ဆုံး ရပ်တန့်ပေးရေး အဓိက တိုက်တွန်းဖို့ပါ။ ကျွန်မတို့အနေနဲ့ ရက်ရက်စက်စက်ဖြစ်ခဲ့တာတွေ တွေ့ရတာများလွန်းနေပါပြီ။”

မြန်မာနိုင်ငံစစ်တပ် အင်အားသုံးနှိမ်နှင်းနေတာကြောင့် လူပေါင်း ၄၉ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ သံအမတ်ကြီး Vajda က ထည့်ပြောခဲ့တဲ့ ဒီဆွေးနွေးပွဲထဲ အဓိကအရေးပါတဲ့အချက်ကိုမေးရာမှာ ပြောခွင့်ရ Manring ကပဲ

“အခု အာဏာသိမ်းမူက ရှေ.ဆက်သွားလို့မရနိုင်ဘူးလို့ အမေရိကန်ရဲ့ မူဝါဒမှာ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ဒီအဓိကအချက်ကို သံအမတ်ကြီး ကလည်း ထပ်သေချာအောင် ပြောခဲ့ ပါသေးတယ်။ ဒီအချက်က သိတဲ့အတိုင်း၊ သမ္မတကြီး Joe Biden အနေနဲ့ အောက်ခြေအဆင့်ဆင့်ကို မှာထားပြီးသားလဲဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ သံအမတ်ကြီး Vajda က အာဏာသိမ်းမူကြောင့် ရှေ.ဆက် စီးပွားရေးထိခိုက်မူနဲ့ နိုင်ငံတကာ အထီးကျန်မူဖြစ်လာမှာကိုလည်း သတိပေးခဲ့ကာ၊ ရှေ.ဆက်မတိုးဘဲ၊ နောက်ပြန်လှည့်ဖို့ပြောခဲ့တာက ဘာကိုဆိုလိုပါလဲလို့မေးရာမှာ Manring ကဆက်ပြီး

“ဒါက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို ပြန်ဖော်ပေးဖို့ပါ။ အဲ့ဒီတော့ ကျွန်မတို့ စပြောခဲ့တဲအချက်တွေဖြစ်တဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နေတာရပ်ဖို့ မတရားဖမ်းဆီး ထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ဖို့ အားလုံး အကြုံးဝင်ပါတယ်။”

အခုလို မြန်မာစစ်တပ်ဘက်က ပြန်တုံ့ပြန်ခဲ့တာကို တပ်က ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ကြားခဲ့ရပုံကို ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်နေတဲ့ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဥဂ္ဂါမြတ် က

“သံအမတ်ကြီးကို သူတို့ကတော့ ဥပဒေနဲ့အညီ လုံခြုံရေးအနိမ့်ဆုံးနဲ့ ဆောင်ရွက်နေတယ်လို့တော့ ပြန်ဖြေတယ်လို့တော့ ကြားတင်ခင်ဗျ။”

ဒီအပေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီကလည်း ဒါက အရင်က ထုံးစံအတိုင်း ဥပဒေ မချိုးဖောက်ဘူး အင်အားအလွန်အကျွံ မသုံးဘူးလို့ ပြောတာပါပဲလို့ ဆိုပါတယ်။

“စတင် အာဏာသိမ်းစဉ်ကတည်းက သူတို့ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ကို ချိုးဖောက်ပြီးဖြစ်တယ် ။ သူတို့ အခုပြောနေတာ အကုန်လုံးကလည်း ဥပဒေနဲ့ မညီဘူး။”

အဲဒီတော့ အခုလို စစ်တပ်ဘက်က ပြန်ဖြေရှင်းလာတာကို ဘယ်လို တုံ့ပြန်ချင်ပါသလဲလို့ မေးရာမှာ လက်ရှိ Generation Z ဖြစ်တဲ့ ကိုဥဂ္ဂါမြတ် က

“ဒါကတော့ လိမ်နေတာပဲလေခင်ဗျ ကျနော်တို့ကတော့ မြေပြင်မှာဆိုရင် လူတွေ သေတဲ့ Record တွေလည်း သက်သေတွေလည်း ရှိနေတယ်။သူတို့ ကိုယ်တိုင် အင်အားအလုံးအရင်းနဲ့ ဆန္ဒပြအုပ်စုတွေကို ဖြိုခွဲနေတာလည်း တွေ့တယ်လေ ၊ ပြီးတော့ ရာဘာကျည်တွေလည်း မဟုတ်ပဲနဲ့ ကျည်ဆံအစစ်တွေနဲ့ ပစ်နေတယ် ဆိုတာက သက်သေတွေလည်း ရှိနေပြီ။”

ကိုဂျင်မီကလည်း ပြည်သူကိုရော နိုင်ငံတကာကိုပါ လိမ်ဖို့ ခက်သွားပြီလို့ ဆိုပါတယ်။

“လူတယောက်ချင်းစီရဲ့လက်ထဲမှာ မိုဘိုင်းဖုန်းတွေရှိတယ် အထောက်အထားတွေရော ဗွီဒီယို မှတ်တမ်းတွေရော ဒီ စနိက်ပါတွေကို အသုံးပြုပြီးတော့ လူတွေခေါင်းကိုချိန်ပြီးတော့ ပစ်တဲ့မှတ်တမ်းတွေရှိတယ်။”

ဒီနေရာမှာ ရှေ့မှာဆက်ပြီး အရေးကြီးတာကိုတော့ ဆေးတက္ကသိုလ် ၂ နောက်ဆုံးနှစ် ဆေးကျောင်းသားဖြစ်တဲ့ ကိုဥဂ္ဂါမြတ် က

“ဒီလိုမျိုး အကျမ်းဖက် ဖြိုခွဲနေတာ ဆက်ရှိနေမှာဖြစ်တဲ့အတွက် စိုးရိမ်နေကြတယ်ပေါ့နော် ဒီအပေါ်မှာ နိုင်ငံတကာက ဖိအားတွေပေးဖို့အတွက်ပဲ ကျနော်တို့ ဆန္ဒပြ ပြည်သူတွေမျှော်လင့်တယ်ခင်ဗျ။”

ဒါ့အပြင် ဖိနှိပ်မှုတွေလုပ်နေတဲ့ တပ်မတော်အပေါ်ကို ကိုဂျင်မီက

“တပ်မတော် တပ်မတော်ဆိုပြီးတော့ သိမ်းကျုံးပြီးပြောနေတာ ကျနော်ရင်နာတယ်ခင်ဗျ။ အမှန်အတိုင်းပြောရင်တော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို အခြေခံပြီးတော့ တပ်မတော်ကို ဆွဲသုံးနေတဲ့ ကိစ္စက အင်မတန် စိတ်မကောင်းပါဘူး။”

တကယ်တော့ မြန်မာနိုင်ငံမှာ အခုလို အသေအပြောက်များနေတဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်ဖြိုခွဲမှုတွေအပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေဘက်မှာလည်း စိုးရိမ်မှုတွေ ပိုတိုးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)
















ဒီနရောမှာ ရှေ့မှာဆကျပွီး အရေးကွီးတာကိုတော့ ဆေးတက်ကသိုလျ ၂ နောကျဆုံးနှဈ ဆေးကြောငျးသားဖွဈတဲ့ ကိုဥဂ်ဂါမွတျ က





XS
SM
MD
LG