သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေပေါ် အင်အားသုံးနှိမ်နင်းတာရပ်ဖို့ ကန်သံအမတ်ကြီးတောင်းဆို


Thomas L. Vajda,
Thomas L. Vajda,

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေအပေါ် ရဲနဲ့စစ်တပ်က အင်အားသုံးနှိမ်နှင်းနေတာကြောင့် လူပေါင်း ၄၉ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ လုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်ဖို့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Thomas Vajda က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သံအမတ်ကြီး Vajda နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ မတ်လ ၅ ရက် ဒီကနေ့မှာ တယ်လီဖုန်းဆက်ပြောဆိုချိန်အတွင်း အဲဒီလိုတိုက်တွန်းလိုက်တာဖြစ်ကြောင်း ရန်ကုန် အမေရိကန်သံရုံးက ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့၊ ထပ်ပြီးဖမ်းဆီးမှုတွေမလုပ်ဖို့၊ ဆက်သွယ်ရေးတွေ ဖြတ်တောက်တာမျို းဆက်မလုပ်ဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့လည်း သံအမတ်ကြီး Vajda ကတိုက်တွန်းတောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေကိုရော၊ နိုင်ငံတကာရဲ့ဖယ်ကြဉ်မှုကြောင့် နိုင်ငံစီးပွားရေးထိခိုက်လာနိုင်တာကိုလည်း သံအမတ်ကြီးက တယ်လီဖုန်းဆက်ပြောဆိုချိန်အတွင်း အထူးအလေးပေးပြောကြားခဲ့ပြီး မြန်မာစစ်တပ်အနေနဲ့ လက်ရှိသွားနေတဲ့လမ်းကြောင်းကနေ နောက်ပြန်လှည့်ဖို့လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့မတ်လ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

...................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}




XS
SM
MD
LG