သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ စစ္တပ္စီးပြါးေရးတို႔ကို ကန္ ကုန္သြယ္ေရးအမည္မည္းစာရင္းမွာ ထည္႔သြင္း


ျမန္မာ့စီးပြားေရးဦးပိုင္လီမီတက္ ၂၀၁၆ (ဓာတ္ပံု-AFP)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ ၁ရက္ စစ္တပ္က အာဏာသိမ္းခဲ့တာအတြက္ ျမန္မာကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ျပည္ထဲေရးဌာနေတြအျပင္ ထိပ္တန္းျမန္မာစစ္တပ္ရဲ႕ စီးပြါးေရးလုပ္ငန္းႀကီးေတြကို ကုန္သြယ္ေရးဆိုင္ရာ အမည္မည္းစာရင္းထဲ ထည့္သြင္းၿပီး အေမရိကန္က ဒဏ္ခတ္မႈ အသစ္ေတြ ခ်မွတ္လိုက္ေၾကာင္း ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။

ျမန္မာစစ္တပ္အသံုးျပဳမယ့္ ပစၥည္းတင္ပို႔ခြင့္ကို ကန္႔သတ္လိုက္တာျဖစ္ၿပီး အေမရိကန္ကုမၸဏီေတြ အတြက္ ျမန္မာစစ္တပ္ကို ပစၥည္းတခ်ိဳ႕တင္ပို႔ခြင့္လိုင္စင္ ကန္႔သတ္မႈေတြလုပ္လိုက္တာပါ။

ဒါဟာ ျမန္မာႏိုင္ငံမွာ ၂၀၂၀ ႏိုဝင္ဘာေရြးေကာက္ပြဲ အႏိုင္ရ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သား အစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ဆႏၵျပတဲ့ ျပည္သူေတြကို စစ္တပ္အာဏာပိုင္ေတြက အၾကမ္းဖက္ႏွိမ္နင္းမႈေတြတိုးလာတာ အတြက္ အေရးယူလိုက္တာျဖစ္ပါတယ္။

ႏိုင္ငံတလႊား ဆႏၵျပသူေတြကို ရဲေတြက မ်က္ရည္ယိုဗံုးေတြ၊ ေသနတ္ေတြနဲ႔ ပစ္ခတ္ၿဖိဳခြဲခဲ့တဲ့အတြက္ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစရင္ အခုခ်ိန္အထိ လူေပါင္း ၅၄ ဦးထက္မနည္း ေသဆံုးခဲ့ရတယ္လို႔ ကုလသမဂၢစာရင္းေတြမွာ ေဖၚျပထားသလို သတင္းေထာက္ ၂၉ ဦးအပါအဝင္ လူေပါင္း ၁၇၀၀ ေက်ာ္ အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ကို ေနာက္ထပ္အေရးယူမႈေတြ ခ်မွတ္ႏိုင္ဖို႔ ျပန္လည္သံုးသပ္ေနတယ္လို႔လည္း အေမရိကန္ ကူးသန္းေရာင္းဝယ္ေရးဌာနေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္


ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ စစ်တပ်စီးပွါးရေးတို့ကို ကန် ကုန်သွယ်ရေးအမည်မည်းစာရင်းမှာ ထည့်သွင်း

(Unicode)
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းခဲ့တာအတွက် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဌာနတွေအပြင် ထိပ်တန်းမြန်မာစစ်တပ်ရဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေကို ကုန်သွယ်ရေးဆိုင်ရာ အမည်မည်းစာရင်းထဲ ထည့်သွင်းပြီး အမေရိကန်က ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။

မြန်မာစစ်တပ်အသုံးပြုမယ့် ပစ္စည်းတင်ပို့ခွင့်ကို ကန့်သတ်လိုက်တာဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေ အတွက် မြန်မာစစ်တပ်ကို ပစ္စည်းတချို့တင်ပို့ခွင့်လိုင်စင် ကန့်သတ်မှုတွေလုပ်လိုက်တာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းမှုတွေတိုးလာတာ အတွက် အရေးယူလိုက်တာဖြစ်ပါတယ်။

နိုင်ငံတလွှား ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစရင် အခုချိန်အထိ လူပေါင်း ၅၄ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂစာရင်းတွေမှာ ဖေါ်ပြထားသလို သတင်းထောက် ၂၉ ဦးအပါအဝင် လူပေါင်း ၁၇၀၀ ကျော် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကို နောက်ထပ်အရေးယူမှုတွေ ချမှတ်နိုင်ဖို့ ပြန်လည်သုံးသပ်နေတယ်လို့လည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG