[Zawgyi/Unicode]
အိႏိၵယႏိုင္ငံေရာက္ ရိုဟင္ဂ်ာဒုကၡသည္ေတြကို ျမန္မာႏိုင္ငံျပန္ပို႔ေရး အစီအစဥ္ ရပ္တန္႔ေပးဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေတာင္းဆိုလိုက္ပါတယ္။
အိႏိၵယႏိုင္ငံ ေျမာက္ပိုင္း Jammu ၿမိဳ႕မွာ ေနထိုင္တဲ့ ရိုဟင္ဂ်ာမြတ္ဆလင္ ဒုကၡသည္ ၂၂၀ ေလာက္ကို ျမန္မာႏိုင္ငံျပန္ပုိ႔မယ္လို႔ အိႏိၵယရဲတပ္ဖြဲ႔က ေၾကညာခ်က္ထုတ္ၿပီးတဲ့ေနာက္ အခုလိုေတာင္းဆိုတာပါ။
HRW လို႔အတိုေကာက္ေခၚတဲ့ လူ႔အခြင့္အေရးေစာင္ၾကည့္ေရး ႏိုင္ငံတကာအဖြဲ႔ႀကီးရဲ့ ေတာင္အာရွဆိုင္ရာ ညႊန္ၾကားေရးမွဴး Meenakshi Ganguly က ဒီျပန္ပို႔မယ့္ အစီအစဥ္ေၾကာင့္ အရင္သူတို႔ကို ဖိႏွိပ္ခဲ့တဲ့ စစ္အုပ္စုလက္ခုပ္ထဲ ျပန္ထည့္ေပးလိုက္သလိုျဖစ္သြားလိမ့္မယ္လို႔ ေထာက္ျပလိုက္ပါတယ္။
အခုလို အိႏိၵယရဲတပ္ဖြဲ႔ေၾကညာခ်က္ေၾကင့္ ျမန္မာႏိုင္ငံကေန အိႏိၵယႏုိင္ငံဘက္ကို ထြက္ေျပး ခိုလႈံခဲ့တဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြအၾကားမွာလည္း စိုးရိမ္ထိတ္လန္႔မႈေတြျဖစ္ေပၚလာခဲ့ပါတယ္။
Jammu ၿမိဳ႕က ဆင္းရဲသားရပ္ကြက္မွာ ေနထိုင္ေနတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြကို ဝိုင္းဝန္းဖမ္းဆီးၿပီး ျမန္မာႏိုင္ငံကို ျပန္ပို႔ေတာ့မယ္လို႔ အိႏၵိယရဲေတြက ေျပာထားတာပါ။
ဒါေပမဲ့ ဒုကၡသည္ေတြဘက္ကေတာ့ ျပန္ပို႔ခံရရင္ သူတို႔အတြက္ အသက္အႏၱရာယ္ႀကီးလြန္းတာေၾကာင့္ ျပန္မပို႔ဖို႔ အိႏိၵယအစုိးရကို ေတာင္းဆိုထားပါတယ္။
ရိုဟင္ဂ်ာဒုကၡသည္ေတြအေနနဲ႔ အၾကမ္းဖက္ခံရမႈနဲ႔ ဆင္းရဲမႈေတြေၾကာင့္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး နယ္စပ္က ဘဂၤလားေဒ့ရွ္ႏိုင္ငံအျပင္ အိႏိၵယကိုလည္း ထြက္ေျပးခဲ့ၾကရာမွာ ၿပီးခဲ့တဲ့ႏွစ္စာရင္းအရ အိႏိၵယမွာ ခိုလံႈေနသူေပါင္း ၄၀,၀၀၀ ခန္႔ရွိၿပီး ဒီအထဲကမွ ၆,၅၀၀ ခန္႔က အခု Jammu မွာရွိေနတာပါ။
ျမန္မာ စစ္တပ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္ကေတာ့ ဒီ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံထားပါဘူး။
[Unicode Version]
ရိုဟင်ဂျာတွေကို ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို တောင်းဆို
အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေး အစီအစဉ် ရပ်တန့်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Jammu မြို့မှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည် ၂၂၀ လောက်ကို မြန်မာနိုင်ငံပြန်ပို့မယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြီးတဲ့နောက် အခုလိုတောင်းဆိုတာပါ။
HRW လို့အတိုကောက်ခေါ်တဲ့ လူ့အခွင့်အရေးစောင်ကြည့်ရေး နိုင်ငံတကာအဖွဲ့ကြီးရဲ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ဒီပြန်ပို့မယ့် အစီအစဉ်ကြောင့် အရင်သူတို့ကို ဖိနှိပ်ခဲ့တဲ့ စစ်အုပ်စုလက်ခုပ်ထဲ ပြန်ထည့်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ထောက်ပြလိုက်ပါတယ်။
အခုလို အိန္ဒိယရဲတပ်ဖွဲ့ကြေညာချက်ကြေင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအကြားမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။
Jammu မြို့က ဆင်းရဲသားရပ်ကွက်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝိုင်းဝန်းဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့တော့မယ်လို့ အိန္ဒိယရဲတွေက ပြောထားတာပါ။
ဒါပေမဲ့ ဒုက္ခသည်တွေဘက်ကတော့ ပြန်ပို့ခံရရင် သူတို့အတွက် အသက်အန္တရာယ်ကြီးလွန်းတာကြောင့် ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ အကြမ်းဖက်ခံရမှုနဲ့ ဆင်းရဲမှုတွေကြောင့် ဆယ်စုနှစ်တွေနဲ့ချီပြီး နယ်စပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အိန္ဒိယကိုလည်း ထွက်ပြေးခဲ့ကြရာမှာ ပြီးခဲ့တဲ့နှစ်စာရင်းအရ အိန္ဒိယမှာ ခိုလှုံနေသူပေါင်း ၄၀,၀၀၀ ခန့်ရှိပြီး ဒီအထဲကမှ ၆,၅၀၀ ခန့်က အခု Jammu မှာရှိနေတာပါ။
မြန်မာ စစ်တပ်အုပ်ချုပ်ရေးကောင်စီဘက်ကတော့ ဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားပါဘူး။