သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပင္လယ္ထဲေမ်ာေနတဲ႔ ရိုဟင္ဂ်ာဒုကၡသည္ သေဘၤာ အိႏၵိယကူညီ


အင္ဒိုနီးရွားမွာ ကယ္ဆယ္လိုက္ရတဲ့ ရိုဟင္ဂ်ာေလွတစီး - 2020 (ဓာတ္ပံု-AP)

(Zawgyi/Unicode)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့စ္ ဘဇား ကေန ေဖေဖၚဝါရီလ ၁၁ ရက္ေန႔ ထြက္ခြါၿပီး ကပၸလီပင္လယ္ျပင္ (Andaman Sea) ထဲမွာ ေမ်ာေနတဲ့ သေဘာၤတစင္းကို အိႏၵိယကမ္း႐ိုးတန္းေစာင့္တပ္က အကူအညီေတြ ေပးေနတယ္လို႔ အိႏၵိယ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Anurag Srivastava က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

သေဘာၤေပၚမွာ ကေလးငယ္ေတြ အပါအဝင္ လူေပါင္း ၉၀ ပါလာတာျဖစ္ၿပီး ေဖေဖၚဝါရီ ၁၅ ရက္ေန႔မွာ သေဘာၤစက္ပ်က္ခဲ့တာ ျဖစ္သလို သေဘၤာေပၚမွာ ေသဆံုးေနသူ ၈ ဦးကိုပါ ေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။

" ၂၀၂၁ ေဖေဖၚဝါရီ ၁၁ ရက္က ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ေကာစ္ဘဇားကေန မိန္းကေလးငယ္ ၈ ဦးအပါအဝင္ အမ်ိဳးသမီး ၆၄ ဦး၊ ေယာက်ၤားေလးငယ္ ၅ ဦး အပါအဝင္ အမ်ိဳးသား ၂၆ ဦး လိုက္ပါတဲ့ သေဘၤာဟာ ေဖေဖၚဝါရီလ ၁၅ ရက္မွာ စက္ခ်ိဳ႕ယြင္းၿပီး ပင္လယ္ထဲမွာ ေမ်ာေနတာေတြ႕ရပါတယ္။ အဲဒီအခ်ိန္ကတည္းက သေဘၤာေပၚမွာ ေသဆံုးသူ ၈ ဦးနဲ႔ ေပ်ာက္ဆံုးသူ ၁ ဦး ရွိခဲ့ၿပီး အေျခေန သိပ္ဆိုးေနတာ ေတြ႕ရတဲ့ အတြက္ ကမ္းေျခေစာင့္တပ္ကို က်ေနာ္တို႔ ခ်က္ခ်င္း ေစလႊတ္ၿပီး အစားအစာ၊ ေရနဲ႔ ေဆးဝါး အကူညီေတြ ေပးခဲ့တာ ျဖစ္ၿပီး အဲဒီထဲက ၇ ဦးကိုေတာ့ IV ေဆးရည္ပါ သြင္းေပးခဲ့ရတယ္" လို႔ ေျပာသြားတာပါ။

ဒါ့အျပင္ ဒီသေဘၤာ ေပၚပါ လူ ၄၇ ေယာက္ဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာ UNHCR ကုလသမဂၢ ဒုကၡသည္ ေအဂ်င္စီက ထုတ္ေပးထားတဲ့ မွတ္ပံုတင္ကပ္ေတြ ရွိေၾကာင္းနဲ႔ သူတို႔ဟာ ျမန္မာႏိုင္ငံကေနလာတဲ့ ေရႊ႕ေျပာင္းအေျခခ်သူေတြ ျဖစ္ေၾကာင္းေျပာပါတယ္။

ဒီဒုကၡသည္ေတြကို ကူညီဖို႔ အိႏၵိယအစိုးရက ကမ္း႐ိုးတန္းေစာင့္ သေဘၤာ ၂ စင္းကို ေစလႊတ္ခဲ့သလို ဒီဒုကၡသည္ေတြ ေဘးကင္း လံုျခံဳစြာ ျပန္ႏိုင္ေရးအတြက္လည္း ဘဂၤလားေဒ့ရွ္ အစိုုးရနဲ႔ ေဆြးေႏြးေနေၾကာင္း ေျပာပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္


ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် သင်္ဘော အိန္ဒိယကူညီ

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇား ကနေ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ထွက်ခွါပြီး ကပ္ပလီပင်လယ်ပြင် (Andaman Sea) ထဲမှာ မျောနေတဲ့ သဘောၤတစင်းကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က အကူအညီတွေ ပေးနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Anurag Srivastava က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သဘောၤပေါ်မှာ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၉၀ ပါလာတာဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ သဘောၤစက်ပျက်ခဲ့တာ ဖြစ်သလို သင်္ဘောပေါ်မှာ သေဆုံးနေသူ ၈ ဦးကိုပါ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

" ၂၀၂၁ ဖေဖေါ်ဝါရီ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောစ်ဘဇားကနေ မိန်းကလေးငယ် ၈ ဦးအပါအဝင် အမျိုးသမီး ၆၄ ဦး၊ ယောင်္ကျားလေးငယ် ၅ ဦး အပါအဝင် အမျိုးသား ၂၆ ဦး လိုက်ပါတဲ့ သင်္ဘောဟာ ဖေဖေါ်ဝါရီလ ၁၅ ရက်မှာ စက်ချို့ယွင်းပြီး ပင်လယ်ထဲမှာ မျောနေတာတွေ့ရပါတယ်။ အဲဒီအချိန်ကတည်းက သင်္ဘောပေါ်မှာ သေဆုံးသူ ၈ ဦးနဲ့ ပျောက်ဆုံးသူ ၁ ဦး ရှိခဲ့ပြီး အခြေနေ သိပ်ဆိုးနေတာ တွေ့ရတဲ့ အတွက် ကမ်းခြေစောင့်တပ်ကို ကျနော်တို့ ချက်ချင်း စေလွှတ်ပြီး အစားအစာ၊ ရေနဲ့ ဆေးဝါး အကူညီတွေ ပေးခဲ့တာ ဖြစ်ပြီး အဲဒီထဲက ၇ ဦးကိုတော့ IV ဆေးရည်ပါ သွင်းပေးခဲ့ရတယ်" လို့ ပြောသွားတာပါ။

ဒါ့အပြင် ဒီသင်္ဘော ပေါ်ပါ လူ ၄၇ ယောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ထုတ်ပေးထားတဲ့ မှတ်ပုံတင်ကပ်တွေ ရှိကြောင်းနဲ့ သူတို့ဟာ မြန်မာနိုင်ငံကနေလာတဲ့ ရွှေ့ပြောင်းအခြေချသူတွေ ဖြစ်ကြောင်းပြောပါတယ်။

ဒီဒုက္ခသည်တွေကို ကူညီဖို့ အိန္ဒိယအစိုးရက ကမ်းရိုးတန်းစောင့် သင်္ဘော ၂ စင်းကို စေလွှတ်ခဲ့သလို ဒီဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးနေကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG