သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေပြန်ပို့ရေး နိုင်ငံတကာဖိအားနဲ့ အောင်မြင်ဖို့ ဘင်္ဂလားဒေ့ရှ် ယုံကြည်


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်ပေါက်နေပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိုလည်း နိုင်ငံတကာက မျက်ခြေမပြတ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

“ရိုဟင်ဂျာအရေးအတွက် ရေရှည်ပြေလည်စေမယ့် အဖြေရှာနိုင်ဖို့ အမေရိကန်ကို ရောက်ရှိနေတာဖြစ်ပြီး၊ မြန်မာနိုင်ငံက ဖန်တီးခဲ့တဲ့ ပြဿနာကို ဖြေရှင်းဖို့ မြန်မာနိုင်ငံမှာ အဓိက တာဝန်ရှိကြောင်း”ဝါရှင်တန်ဒီစီကို ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen က ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုတွေ အရင်တုန်းက အောင်မြင်မှု မရခဲ့ပေမဲ့ အခုအချိန်မှာ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားတွေနဲ့ ဝိုင်းဝန်းကြိုးပမ်းမယ်ဆိုရင်္င အောင်မြင်မှုရဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးသွားခဲ့ကြတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံပေမဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာအာဏာပိုင်တွေနဲ့ အဆက်အသွယ်မရပေမဲ့ သဘောတူညီချက်တွေကို လေးစားလိုက်နာမယ့်အကြောင်း မြန်မာစစ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားတယ်လို့ သိရှိထားရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG