သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ ကယ္ယူထားတဲ့ ႐ိုဟင္ဂ်ာ ၈၁ဦး လက္ခံဖို႔ ဘဂၤလားေဒ့ရွ္ျငင္းဆန္


ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး A. K. Abdul Momen

အိႏၵိယႏိုင္ငံက ကယ္တင္ထားတဲ့ ႐ိုဟင္ဂ်ာမြတ္ဆလင္ဒုကၡသည္ ၈၁ ေယာက္ကို လက္ခံဖို႔ ဘဂၤလားေဒ့ရွ္မွာ ဘာတာဝန္မွမရွိဘူးလို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး A. K. Abdul Momen ကေျပာပါတယ္။

အဲဒီ႐ိုဟင္ဂ်ာေတြဟာ အန္ဒမန္ပင္လယ္ထဲမွာ သီတင္းႏွစ္ပတ္ ေလွနဲ႔ေမ်ာေနခဲ့ၿပီးတဲ့ေနာက္ အိႏၵိယက ကယ္တင္ထားတာပါ။

ငါးဖမ္းေလွတစ္စင္းနဲ႔ ေမ်ာေနတဲ့သူေတြထဲမွာ ေသဆုံးသူ ၈ ေယာက္လည္းပါၿပီး ဘဂၤလားေဒ့ရွ္က ျပန္လက္ခံဖို႔ အိႏၵိယ ကမ္းေျခေစာင့္တပ္ဖြဲ႔က ႀကိဳးစားခဲ့တယ္လို႔ အိႏၵိယတာဝန္ရွိသူေတြက ေသာၾကာေန႔က ေျပာပါတယ္။

ဒုကၡသည္ေတြကို ေရနဲ႔အစားအစာေတြေပးၿပီး ေကြၽးေမြးေစာင့္ေရွာက္ထားေပမယ့္ လက္ခံထားဖို႔ေတာ့ အိႏၵိယမွာ အစီအစဥ္မရွိပါဘူး။

ဒါေပမယ့္လည္း အနီးဆုံးႏိုင္ငံျဖစ္တဲ့ အိႏၵိယ ဒါမွမဟုတ္ ႐ိုဟင္ဂ်ာေတြ ထြက္လာခဲ့တဲ့ မူရင္း ျမန္မာႏိုင္ငံက ျပန္လက္ခံဖို႔ ဘဂၤလားေဒ့ရွ္က ေမ ွ်ာ္လင့္တယ္လို႔ ဝန္ႀကီး Momen က ႐ိုက္တာသတင္းဌာနကို ေသာၾကာေန႔ေႏွာင္းပိုင္းမွာေျပာခဲ့ပါတယ္။

"သူတို႔ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြ မဟုတ္ဘဲ တကယ္တမ္းက ျမန္မာႏိုင္ငံသားေတြပါ။ ဘဂၤလားေဒ့ရွ္ ေရျပင္ပိုင္နက္ကေန မိုင္ ၁,၁၀၀ အကြာမွာ သူတို႔ကို ေတြ႕ခဲ့ရတာျဖစ္ၿပီး သူတို႔ကိုလက္ခံဖို႔ က်ေနာ္တို႔မွာ ဘာတာဝန္မွ မရွိပါဘူး" လို႔ အေမရိကန္မွာေရာက္ေနတဲ့ ဝန္ႀကီး Momen ကေျပာပါတယ္။

"သူတို႔ဟာ အိႏၵိယပိုင္နက္ကေန ၉၁ မိုင္အကြာ၊ ျမန္မာပိုင္နက္ကေန ၂၀၁ မိုင္အကြာမွာ ရွိေနၾကတာပါ" လို႔ ဝန္ႀကီး Momen ကဆိုၿပီး ဒုကၡသည္ေတြကို တျခားႏုိင္ငံေတြနဲ႔ အဖြဲ႔အစည္းေတြကလည္း ေစာင့္ေရွာက္သင့္တယ္လို႔ေျပာပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး အိႏိၵယႏုိင္ငံျခားေရးဌာနဘက္က တုံ႔ျပန္ခ်က္ ထြက္မလာေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


Unicode

အိန္ဒိယနိုင်ငံက ကယ်တင်ထားတဲ့ ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည် ၈၁ ယောက်ကို လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်မှာ ဘာတာဝန်မှမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A. K. Abdul Momen ကပြောပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ အန်ဒမန်ပင်လယ်ထဲမှာ သီတင်းနှစ်ပတ် လှေနဲ့မျောနေခဲ့ပြီးတဲ့နောက် အိန္ဒိယက ကယ်တင်ထားတာပါ။

ငါးဖမ်းလှေတစ်စင်းနဲ့ မျောနေတဲ့သူတွေထဲမှာ သေဆုံးသူ ၈ ယောက်လည်းပါပြီး ဘင်္ဂလားဒေ့ရှ်က ပြန်လက်ခံဖို့ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ကြိုးစားခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက သောကြာနေ့က ပြောပါတယ်။

ဒုက္ခသည်တွေကို ရေနဲ့အစားအစာတွေပေးပြီး ကျွေးမွေးစောင့်ရှောက်ထားပေမယ့် လက်ခံထားဖို့တော့ အိန္ဒိယမှာ အစီအစဉ်မရှိပါဘူး။

ဒါပေမယ့်လည်း အနီးဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယ ဒါမှမဟုတ် ရိုဟင်ဂျာတွေ ထွက်လာခဲ့တဲ့ မူရင်း မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်က မေ ျှာ်လင့်တယ်လို့ ဝန်ကြီး Momen က ရိုက်တာသတင်းဌာနကို သောကြာနေ့နှောင်းပိုင်းမှာပြောခဲ့ပါတယ်။

"သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ မဟုတ်ဘဲ တကယ်တမ်းက မြန်မာနိုင်ငံသားတွေပါ။ ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက်ကနေ မိုင် ၁,၁၀၀ အကွာမှာ သူတို့ကို တွေ့ခဲ့ရတာဖြစ်ပြီး သူတို့ကိုလက်ခံဖို့ ကျနော်တို့မှာ ဘာတာဝန်မှ မရှိပါဘူး" လို့ အမေရိကန်မှာရောက်နေတဲ့ ဝန်ကြီး Momen ကပြောပါတယ်။

"သူတို့ဟာ အိန္ဒိယပိုင်နက်ကနေ ၉၁ မိုင်အကွာ၊ မြန်မာပိုင်နက်ကနေ ၂၀၁ မိုင်အကွာမှာ ရှိနေကြတာပါ" လို့ ဝန်ကြီး Momen ကဆိုပြီး ဒုက္ခသည်တွေကို တခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကလည်း စောင့်ရှောက်သင့်တယ်လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဌာနဘက်က တုံ့ပြန်ချက် ထွက်မလာသေးပါဘူး။

#Rohingya #IndiaBangladesh #MyanamrBangladesh #Refugee #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG