(Zawgyi / Unicode)
ဘဂၤလားေဒ့ရွ္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို အသုတ္လိုက္ Bhsan Char ကၽြန္းေပၚ ေျပာင္းေရႊ႕ေပးေနရာမွာ အခု စေနေန႔မွာလည္း ေနာက္ထပ္ ဒုကၡသည္ ၁,၄၀၀ ေက်ာ္ကို ေရႊ႕ေျပာင္းခဲ့ပါတယ္။ ျမန္မာျပည္ျပန္ေရး ေႏွာင့္ေႏွးေနသလို စားဝတ္ေနေရးေတြပါ ခက္ခဲလာတာေၾကာင့္ သူတို႔အတြက္ ေရြးခ်ယ္စရာမရွိဘဲ ေျပာင္းေရႊ႕ခံေနရတာလို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ေနာက္ဆံုးအေျခအေနကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ စံုစမ္းေမးျမန္း တင္ျပထားပါတယ္။
ျမန္မာျပည္က ထြက္ေျပးလာတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ၁ သန္းေက်ာ္ ခုိလံႈေနထိုင္တဲ့ ဒုကၡသည္စခန္းေတြမွာ လူဦးေရ ထူထပ္မ်ားျပားလြန္းလာလို႔ ဘဂၤလားေဒ့ရွ္ အစိုးရက Bhasan Char ကၽြန္းဆီ လူစုခြဲၿပီး အသုတ္လိုက္ ေရႊ႕ေျပာင္းေနရာခ်ေပးေနတာ ၂၀၂၀ ႏွစ္ကုန္ပိုင္းကစလို႔ အခုဆို သံုးႀကိမ္ရွိၿပီ ျဖစ္ပါတယ္။ ၂၀၂၁ ႏွစ္ ႏွစ္ဆန္းပိုင္းမွာပို႔တဲ့ တတိယအႀကိမ္ အသုတ္အတြက္ ၃,၅၀၀ ထဲက ဇန္နဝါရီလ ၂၉ ရက္ေန႔ ေသာၾကာေန႔က ပထမအုပ္စု လူေပါင္း ၁,၇၀၀ ေက်ာ္၊ ဇန္နဝါရီ ၃၀ ရက္ေန႔ စေနေန႔မွာ ဒုတိယအုပ္စု လူေပါင္း ၁,၄၀၀ ေက်ာ္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ စစ္တေကာင္းကမ္းေျခကေန Bhasan Char ကၽြန္းဆီကို ေရႊ႕ေျပာင္းေနၾကတာပါ။ ေနာက္ဆံုးအေျခအေနကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့္ဇ္ဘဇားခ႐ုိင္ ဘာလုခါလီ ဒုကၡသည္စခန္းက ဦးေက်ာ္ျမင့္က ေျပာျပပါတယ္။
"ဇန္နဝါရီလ ၂၉ ရက္ေန႔နဲ႔ ဇန္နဝါရီလ ၃၀ ႏွစ္ေခါက္ စုစုေပါင္း လူဦးေရ ၃,၀၀၀ ေက်ာ္ ပုိ႔ပါတယ္။ ႏွစ္သုတ္ခြဲပို႔ပါတယ္။ ၂၉ ရက္ေန႔က တသုတ္၊ ၃၀ ရက္ေန႔က တသုတ္ေပါ့။ အဲ့ဒီ့လူေတြထဲမွာ ၂၀၁၂ ကတည္းက ထြက္ေျပးလာတဲ့သူေတြ အမ်ားစု ပါဝင္ပါတယ္။ ေနာက္ ၂၀၁၆-၂၀၁၇ နယ္ေျမရွင္းလင္းေရးကာလ ထြက္ေျပးလာတဲ့သူေတြလည္း ပါဝင္ပါတယ္။ အဓိကကေတာ့ဗ်ာ က်ေနာ္တို႔ ဒုကၡသည္ေတြ ျမန္မာႏုိင္ငံကေန ေမာင္းထုတ္ခံရတာ ေလးႏွစ္ရွိသြားပါၿပီ။ ဒီကေန႔အခ်ိန္အထိေတာ့ မွန္ကန္တဲ့လမ္းေၾကာင္းအတိုင္း ဒီဒုကၡသည္ေတြကို ျပန္လည္လက္ခံဖို႔အတြက္ ဘာတခုမွ လုပ္ေဆာင္တာ မရွိတဲ့အတြက္ လူေတြက ေရြးစရာလမ္းမရွိလို႔ ဒုကၡသည္စခန္းထဲမွာလည္း စားဝတ္ေနရး မေျပလည္ အလုပ္အကိုင္လည္း ရွားပါးမႈေၾကာင့္ Bhasan Char ကၽြန္းကို သြားကုန္ၾကတာ ေတြ႔ေနရပါတယ္ခင္ဗ်။"
Bhasan Char ကၽြန္းကို သြားမယ့္သူေတြကို ေထာက္ပံ့ေငြေၾကးေပးတဲ့အျပင္ အလုပ္အကိုင္ အခြင့္အလမ္းလည္း ရွိတယ္လို႔ စခန္းတာဝန္ခံေတြနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရဘက္က ေျပာခဲ့တယ္လို႔လည္း ဦးေက်ာ္ျမင့္က ေျပာျပပါတယ္။
"ဘဂၤလားေဒ့ရွ္ အစိုးရဘက္ကေန စခန္းတာဝန္ခံေတြကေနတဆင့္ ေျပာထားတာ အခုသြားမယ့္သူေတြကို တဦးခ်င္းအလိုက္ သူတို႔က ဒါကာေငြ ၅,၀၀၀ ေပးမယ္။ ေနအိမ္ေတြကိုလည္း မိသားစု လံုလံုေလာက္ေလာက္ ေနထိုင္ဖို႔အတြက္ သူတို႔က စီစဥ္ေပးမယ္။ အလုပ္အကိုင္ ဖန္တီးေပးမယ္။ ေနာက္ စီးပြာေးရး ငါးဖမ္းလုပ္ငန္းလိုမ်ိဳး လုပ္ငန္းေတြ ေနာက္ တျခားအလုပ္အကိုင္ေတြ ဖန္တီးေပးမယ္ဆိုၿပီးေတာ့ စခန္းတာဝန္ခံေတြက ေျပာပါတယ္။ ဒါေပမယ့္ Bhasan Char ကၽြန္းက အသက္အႏၱရာယ္ရွိေတာ့ Bhasan Char ကၽြန္းကို လူအမ်ားစုက အရင္က သြားလိုတဲ့စိတ္ မရွိခဲ့ၾကပါဘူး။"
႐ုိဟင္ဂ်ာဒုကၡသည္ အမ်ားစုကေတာ့ ေနရပ္ရင္းကိုပဲ ျပန္လိုၾကတာပါ။ ဒီသီတင္းပတ္ေတြအတြင္း ျမန္မာႏုိင္ငံတြင္း ႏိုင္ငံေရးအေျခအေန တင္းမာေနတာကိုလည္း သူတို႔ေတြ စုိးရိမ္တႀကီး ေစာင့္ၾကည့္ေနၾကတယ္လို႔ ဦးေက်ာ္ျမင့္က ဗြီအိုေအကို ေျပာပါတယ္။
႐ုိဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရနဲ႔ ဒုကၡသည္ေတြ ျပန္လည္ေခၚယူေရး အစီအစဥ္ေတြ ေႏွာင့္ေႏွးေနခ်ိန္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာဘက္က ႐ုိဟင္ဂ်ာေတြ ဒီကၽြန္းကိုေျပာင္းတာ မိမိတို႔ဆႏၵအေလ်ာက္ ေရႊ႕ေျပာင္းတာမ်ိဳးပဲ ျဖစ္ေစခ်င္တယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရကို တိုက္တြန္းထားပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၀ ဒီဇင္ဘာလ ၄ ရက္ေန႔ကစလို႔ Bhasan Char ကၽြန္းဆီ ပထမဆံုးအသုတ္အျဖစ္နဲ႔ ႐ုိဟင္ဂ်ာ ဒုကၡသည္ေပါင္း ၁,၆၄၂ ဦး၊ ဒုတိယအသုတ္အျဖစ္ ၁,၈၀၄ ဦးကို ၂၀၂၀ ဒီဇင္ဘာလ ၂၈ ရက္ေန႔မွာ ေျပာင္းေရႊ႕ေပးခဲ့တာပါ။ ဒီတႀကိမ္ ၂၀၂၁ ခုႏွစ္မွာေတာ့ တတိယအသုတ္ကို ဇန္နဝါရီ ၂၉ ရက္ေန႔မွာ လူ ၁,၇၀၀ ေက်ာ္ တႀကိမ္၊ ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ လူ ၁,၄၀၀ ေက်ာ္ တႀကိမ္ လူအုပ္စုေတြခြဲၿပီး Bhasan Char ကၽြန္းဆီ ပို႔ေဆာင္ေပးေနတာ ျဖစ္ပါတယ္။
-------------------------
(Unicode)
ရိုဟင်ဂျာဒုက္ခသည် ၁,၄၀၀ ကျော်ကို Bhasan Char ကျွန်း ထပ်မံပြောင်းရွှေ့
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို အသုတ်လိုက် Bhsan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးနေရာမှာ အခု စနေနေ့မှာလည်း နောက်ထပ် ဒုက္ခသည် ၁,၄၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ မြန်မာပြည်ပြန်ရေး နှောင့်နှေးနေသလို စားဝတ်နေရေးတွေပါ ခက်ခဲလာတာကြောင့် သူတို့အတွက် ရွေးချယ်စရာမရှိဘဲ ပြောင်းရွှေ့ခံနေရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် စုံစမ်းမေးမြန်း တင်ပြထားပါတယ်။
မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ထူထပ်များပြားလွန်းလာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက Bhasan Char ကျွန်းဆီ လူစုခွဲပြီး အသုတ်လိုက် ရွှေ့ပြောင်းနေရာချပေးနေတာ ၂၀၂၀ နှစ်ကုန်ပိုင်းကစလို့ အခုဆို သုံးကြိမ်ရှိပြီ ဖြစ်ပါတယ်။ ၂၀၂၁ နှစ် နှစ်ဆန်းပိုင်းမှာပို့တဲ့ တတိယအကြိမ် အသုတ်အတွက် ၃,၅၀၀ ထဲက ဇန်နဝါရီလ ၂၉ ရက်နေ့ သောကြာနေ့က ပထမအုပ်စု လူပေါင်း ၁,၇၀၀ ကျော်၊ ဇန်နဝါရီ ၃၀ ရက်နေ့ စနေနေ့မှာ ဒုတိယအုပ်စု လူပေါင်း ၁,၄၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကမ်းခြေကနေ Bhasan Char ကျွန်းဆီကို ရွှေ့ပြောင်းနေကြတာပါ။ နောက်ဆုံးအခြေအနေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့်ဇ်ဘဇားခရိုင် ဘာလုခါလီ ဒုက္ခသည်စခန်းက ဦးကျော်မြင့်က ပြောပြပါတယ်။
"ဇန်နဝါရီလ ၂၉ ရက်နေ့နဲ့ ဇန်နဝါရီလ ၃၀ နှစ်ခေါက် စုစုပေါင်း လူဦးရေ ၃,၀၀၀ ကျော် ပို့ပါတယ်။ နှစ်သုတ်ခွဲပို့ပါတယ်။ ၂၉ ရက်နေ့က တသုတ်၊ ၃၀ ရက်နေ့က တသုတ်ပေါ့။ အဲ့ဒီ့လူတွေထဲမှာ ၂၀၁၂ ကတည်းက ထွက်ပြေးလာတဲ့သူတွေ အများစု ပါဝင်ပါတယ်။ နောက် ၂၀၁၆-၂၀၁၇ နယ်မြေရှင်းလင်းရေးကာလ ထွက်ပြေးလာတဲ့သူတွေလည်း ပါဝင်ပါတယ်။ အဓိကကတော့ဗျာ ကျနော်တို့ ဒုက္ခသည်တွေ မြန်မာနိုင်ငံကနေ မောင်းထုတ်ခံရတာ လေးနှစ်ရှိသွားပါပြီ။ ဒီကနေ့အချိန်အထိတော့ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ဘာတခုမှ လုပ်ဆောင်တာ မရှိတဲ့အတွက် လူတွေက ရွေးစရာလမ်းမရှိလို့ ဒုက္ခသည်စခန်းထဲမှာလည်း စားဝတ်နေရး မပြေလည် အလုပ်အကိုင်လည်း ရှားပါးမှုကြောင့် Bhasan Char ကျွန်းကို သွားကုန်ကြတာ တွေ့နေရပါတယ်ခင်ဗျ။"
Bhasan Char ကျွန်းကို သွားမယ့်သူတွေကို ထောက်ပံ့ငွေကြေးပေးတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းလည်း ရှိတယ်လို့ စခန်းတာဝန်ခံတွေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြောခဲ့တယ်လို့လည်း ဦးကျော်မြင့်က ပြောပြပါတယ်။
"ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကနေ စခန်းတာဝန်ခံတွေကနေတဆင့် ပြောထားတာ အခုသွားမယ့်သူတွေကို တဦးချင်းအလိုက် သူတို့က ဒါကာငွေ ၅,၀၀၀ ပေးမယ်။ နေအိမ်တွေကိုလည်း မိသားစု လုံလုံလောက်လောက် နေထိုင်ဖို့အတွက် သူတို့က စီစဉ်ပေးမယ်။ အလုပ်အကိုင် ဖန်တီးပေးမယ်။ နောက် စီးပွာေးရး ငါးဖမ်းလုပ်ငန်းလိုမျိုး လုပ်ငန်းတွေ နောက် တခြားအလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုပြီးတော့ စခန်းတာဝန်ခံတွေက ပြောပါတယ်။ ဒါပေမယ့် Bhasan Char ကျွန်းက အသက်အန္တရာယ်ရှိတော့ Bhasan Char ကျွန်းကို လူအများစုက အရင်က သွားလိုတဲ့စိတ် မရှိခဲ့ကြပါဘူး။"
ရိုဟင်ဂျာဒုက္ခသည် အများစုကတော့ နေရပ်ရင်းကိုပဲ ပြန်လိုကြတာပါ။ ဒီသီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ တင်းမာနေတာကိုလည်း သူတို့တွေ စိုးရိမ်တကြီး စောင့်ကြည့်နေကြတယ်လို့ ဦးကျော်မြင့်က ဗွီအိုအေကို ပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေး အစီအစဉ်တွေ နှောင့်နှေးနေချိန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က ရိုဟင်ဂျာတွေ ဒီကျွန်းကိုပြောင်းတာ မိမိတို့ဆန္ဒအလျောက် ရွှေ့ပြောင်းတာမျိုးပဲ ဖြစ်စေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ Bhasan Char ကျွန်းဆီ ပထမဆုံးအသုတ်အဖြစ်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁,၆၄၂ ဦး၊ ဒုတိယအသုတ်အဖြစ် ၁,၈၀၄ ဦးကို ၂၀၂၀ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြောင်းရွှေ့ပေးခဲ့တာပါ။ ဒီတကြိမ် ၂၀၂၁ ခုနှစ်မှာတော့ တတိယအသုတ်ကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ လူ ၁,၇၀၀ ကျော် တကြိမ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လူ ၁,၄၀၀ ကျော် တကြိမ် လူအုပ်စုတွေခွဲပြီး Bhasan Char ကျွန်းဆီ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။