သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္ေတြ ဇြန္လမွာ ဌာေနျပန္ႏိုင္ဖို႔ ဘဂၤလားေဒ႔ရွ္ေမွ်ာ္လင္႔


၂၀၂၁ ဇန္န၀ါရီလ ၁၄ ရက္ေန႔က မီးေလာင္သြားတဲ့ ရိုဟင္ဂ်ာဒုကၡသည္စခန္း

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္နယ္စပ္ ဒုကၡသည္စခန္းမွာ ခုိလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ပုိ႔ေရး တတိယအႀကိမ္ေျမာက္ ႀကဳိးပမ္းမႈကုိ လာမယ့္ ဇြန္လထဲမွာ အေကာင္အထည္ေဖၚႏိုင္လိမ့္မယ္လို႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနပါတယ္။ ေသာင္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြကို ျမန္မာျပည္ဖက္ ျပန္ပို႔ဖို႔ ျပင္ဆင္ေနတာပါ။

႐ုိဟင္ဂ်ာေတြကို ေနရပ္ျပန္ပို႔ေရး ဘဂၤလားေဒ့ရွ္-ျမန္မာ ေဆြးေႏြးပြဲေတြ အခ်ိန္အေတာ္ၾကာ ရပ္ဆုိင္းေနခ့ဲရာက တရုတ္အစိုးရရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ ဇန္နဝါရီလ(၁၉)ရက္ေန႔မွာ အြန္လိုင္းကတဆင့္ (၃)ႏို္င္ငံ ေဆြးေႏြးပဲြ လုပ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ သူတို႔ရဲ႕အသက္လုံၿခဳံေရး အာမခံခ်က္ ၊ အေျခခံ ႏိုင္ငံသားအခြင့္အေရး အျပည့္ဝ ရရွိမႈ၊ ဆုံး႐ႈံးနစ္နာခဲ့ရ တာေတြအတြက္ တရားမွ်တစြာ ေဆာင္ရြက္ေပးမႈ မရွိပဲနဲ႔ေတာ့ သူတို႔ရဲ႕ေနရပ္ ရခုိင္ျပည္နယ္ကို မျပန္လိုေသးေၾကာင္း ရိုဟင္ဂ်ာေတြက ထုတ္ေဖၚ ေျပာဆိုၾကပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

ေနရပ္ျပန္ေရး အစီအစဥ္ကို ၿပီးခဲ့တဲ့ မတ္လထဲ ျပန္စဖို႔ ဘဂၤလားေဒ့ရွ္ဘက္က တိုက္တြန္းခဲ့ေပမယ့္ စီစဥ္ေဆာင္ရြက္ရမယ့္ အေျခအေနေ ေတြေၾကာင့္ အခ်ိန္ပုိလိုေၾကာင္း ျမန္မာဘက္က အေၾကာင္းျပန္ၾကားခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတြင္းဝန္ Masud Bin Momen က အဂၤါေန႔ စည္းေဝးပဲြမွာ ေျပာသြားပါတယ္။

တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရး ဒုတိယဝန္ႀကီး Luo Zhaohui ဦးေဆာင္တဲ့ မိနစ္ ၉၀ ၾကာ အြန္လိုင္း စည္းေဝးပဲြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႏိုင္ငံျခားေရးဌာန အတြင္းဝန္ Masud Bin Momen နဲ႔အတူ ျမန္မာ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဒုတိယ၀န္ႀကီး ဦးေဟာက္ဒုိဆြမ္းလည္း တက္ေရာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရိုဟင်ဂျာဒုက္ခသည်တွေ ဇွန်လမှာ ဌာနေပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်မျှော်လင့်

(Unicode)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး တတိယအကြိမ်မြောက် ကြိုးပမ်းမှုကို လာမယ့် ဇွန်လထဲမှာ အကောင်အထည်ဖေါ်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ဖက် ပြန်ပို့ဖို့ ပြင်ဆင်နေတာပါ။

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆွေးနွေးပွဲတွေ အချိန်အတော်ကြာ ရပ်ဆိုင်းနေခဲ့ရာက တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဇန်နဝါရီလ(၁၉)ရက်နေ့မှာ အွန်လိုင်းကတဆင့် (၃)နိုင်ငံ ဆွေးနွေးပွဲ လုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အသက်လုံခြုံရေး အာမခံချက် ၊ အခြေခံ နိုင်ငံသားအခွင့်အရေး အပြည့်ဝ ရရှိမှု၊ ဆုံးရှုံးနစ်နာခဲ့ရ တာတွေအတွက် တရားမျှတစွာ ဆောင်ရွက်ပေးမှု မရှိပဲနဲ့တော့ သူတို့ရဲ့နေရပ် ရခိုင်ပြည်နယ်ကို မပြန်လိုသေးကြောင်း ရိုဟင်ဂျာတွေက ထုတ်ဖေါ် ပြောဆိုကြပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

နေရပ်ပြန်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ မတ်လထဲ ပြန်စဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းခဲ့ပေမယ့် စီစဉ်ဆောင်ရွက်ရမယ့် အခြေအနေေ တွေကြောင့် အချိန်ပိုလိုကြောင်း မြန်မာဘက်က အကြောင်းပြန်ကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က အင်္ဂါနေ့ စည်းဝေးပွဲမှာ ပြောသွားပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Luo Zhaohui ဦးဆောင်တဲ့ မိနစ် ၉၀ ကြာ အွန်လိုင်း စည်းဝေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဌာန အတွင်းဝန် Masud Bin Momen နဲ့အတူ မြန်မာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းလည်း တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG