သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ-ဘဂၤလား-တရုတ္ ေဆြးေႏြးမႈ ႏွင့္ ရိုဟင္ဂ်ာဒုကၡသည္တို႔ ေမွာ္မွန္းခ်က္


(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး အခက္အခဲႀကဳံေနရတာေတြကို ေျဖရွင္းႏိုင္ဖို႕ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္ သုံးႏိုင္ငံ အစိုးရတာဝန္ရွိသူေတြ ေဆြးေႏြးတဲ့အေပၚမွာ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ႀကိဳဆိုလိုက္ပါတယ္။ ေနရပ္ျပန္မယ့္သူတို႔အတြက္ လုံၿခဳံမႈ အသက္အာမခံခ်က္ရွိၿပီး အေျခခံႏိုင္ငံသား အခြင့္အေရး အျပည့္အဝရရွိဖို႔ နဲ႔ ဆုံးရႈံးနစ္နာမႈေတြအတြက္ တရားမွ်တေရးေဆာင္႐ြက္ေပးပါလို႔လည္း ေတာင္းဆိုၾကပါတယ္။ ဗြီအိုေအသတင္းေထာက္ ဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ဘဂၤလားေဒ့ရွ္ ကိုေရာက္ေနတဲ့ သိန္းနဲ႔ခ်ီတဲ့႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအတြက္ ျမန္မာ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ သေဘာတူခဲ့ေပမယ့္ ခုအခ်ိန္အထိ ျဖစ္မလာတဲ့အေပၚမွာ တ႐ုတ္ႏိုင္ငံဘက္က ၾကား၀င္ေဆာင္ရြက္လာတဲ့ သေဘာျဖစ္ပါတယ္။ ဇန္နဝါရီလ ၁၉ ရက္ေန႔မွာေတာ့ တ႐ုတ္-ျမန္မာ-ဘဂၤလားေဒ့ရွ္ ဒု ၀န္ႀကီးအဆင့္ အြန္လိ္ုင္းေဆြးေႏြးပဲြ လုပ္ၿပီး၊ ဒုကၡသည္ေနရပ္ျပန္ေရးကိစၥေတြကို ေဆြးေႏြးခဲ့ပါတယ္။

အခုလိုမ်ိဳး သူတို႔ေနရပ္ျပန္ေရး တ႐ုတ္ႏိုင္ငံပါ ပါဝင္ေဆြးေႏြးညႇိႏႈိင္းအေျဖရွာတဲ့အေပၚ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ က ႀကိဳဆိုလိုက္ပါတယ္။ ေနရပ္ျပန္ေရးစီစဥ္ၾကတဲ့အခ်ိန္ ဒုကၡသည္ေတြ တစိုက္မတ္မတ္ ေတာင္းဆိုခဲ့တဲ့ အခ်က္ေတြကို အဓိက ထည့္သြင္းစဥ္းစားေပးပါလို႔ လည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေတာင္းဆိုတဲ့အေၾကာင္း႔ ႐ိုဟင္ဂ်ာဒုကၡသည္တဦးျဖစ္တဲ့ ဦးမိုဟာမက္က ေျပာပါတယ္။

"အရင္က ေတာင္းဆိုထားတဲ့အတုိင္း က်ေနာ္တို႔ ဆက္ေတာင္းဆိုသြားမွာပါ ႏိုင္ငံသားအခြင့္အေရး ျပန္ရပါမယ္။ အျပည့္အဝ ရခ်င္ပါတယ္။ ေနာက္တခုက က်ေနာ္တို႔ရဲ႕ဆံုးရံႈးနစ္နာမႈေတြပါ ဆံုးရံႈးနစ္နာမႈဆိုတာက က်ေနာ္တို႔ ဥစၥာပစၥည္းေတြ ေနာက္အသက္ေတြအတြက္ က်ေနာ္တို႔ တရားမွ်တမႈလိုခ်င္တယ္။ၿပီးရင္ က်ေနာ္တို႔ လြတ္လြတ္လပ္လပ္ သြားလာေရး တန္းတူညီမွ်အခြင့္အေရး လိုခ်င္တယ္။ ေနာက္ က်ေနာ္တို႔ရဲ႕ အသက္ အာမခံခ်က္ကို အဓိကထားတယ္။ က်ေနာ္တို႔အတြက္ အသက္အာမခံခ်က္ေပးဖို႔လိုခ်င္တယ္။က်ေနာ္တို႔ ေအးခ်မ္းမႈကိုပဲလိုခ်င္ပါတယ္ အဲ့တာေတြကိုပဲ က်ေနာ္တို႔ အဓိက ေတာင္းဆိုပါတယ္။ ေနာက္ၿပီး က်ေနာ္တို႔ရဲ႕ မူလေနရာကိုပဲသြားခ်င္ပါတယ္ မူလဇာတိေနရာကုိပဲ ျပန္ခ်င္တာပါ တျခားေနရာေတြIDP ကမ့္တို႔ တျခားအနီးစပ္ဆံုးေနရာတို႔ တျခား က်ေနာ္တို႔ ဘာကိုမွစိတ္မဝင္စားပါဘူး အဓိကေျပာခ်င္တာ က်ေနာ္တို႔ေနခဲ့တဲ့မူလေနရာကိုပဲကိုယ့္ေမြးရပ္ ကိုယ့္ေနရပ္ကိုပဲသြားခ်င္ပါတယ္။"

ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ဒီသုံးပြင့္ဆိုင္ေဆြးေႏြးမႈေတြကေန ေနရပ္ျပန္ေရး တကယ္ လက္ေတြ႕က်တဲ့ လုပ္ငန္းစဥ္ေတြ ျဖစ္ႏိုင္လာႏိုင္ဖို႔ကိုလည္း ဒုကၡသည္ေတြက ေမွ်ာ္လင့္ပါတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္တဦးျဖစ္တဲ့ ဦးမိုဟာမက္က ေျပာပါတယ္။

" က်ေနာ္တို႔ကေတာ့ ေမွ်ာ္လင့္ပါတယ္။ ဘာျဖစ္လို႔ဆိုေတာ့ က်ေနာ္တို႔က ႏုိင္ငံတကာကို ICJ မွာေရာ ICC မွာေရာ ကုလသမဂၢမွာေရာ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ အကုန္လံုးက က်ေနာ္တို႔ခံစားခဲ့တဲ့ ဆံုးရံႈးနစ္နာခဲ့ရတာေတြကို ဒုကၡသည္ေတြအားလံုးဘက္က တင္ျပထားတာေတြရွိပါတယ္။ အဲ့တာကို လိုက္ေလ်ာၿပီးေတာ့ ျမန္မာအစိုးရဘက္က ေရွ႕ဆက္ၿပီးေတာ့ အေကာင္အထည္ေဖာ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ရခုိင္ျပည္နယ္မွာရွိတဲ့ မ်ိဳးႏြယ္စု အကုန္လံုးက ေအးေအးခ်မ္းခ်မ္းပဲေနခ်င္တယ္။ အဲ့တာကို က်ေနာ္တို႔ ေမွ်ာ္လည္း ေမွ်ာ္ပါတယ္။ အကုန္လံုးျပန္ခြင့္ရၿပီး အခြင့္အေရးေတြ တန္းတူရဖို႔ ေမွ်ာ္လင့္ပါတယ္။

ဒုကၡသည္တသန္းေက်ာ္ေလာက္ရွိလာေနတဲ့ သိန္းခ်ီတဲ့ ဒုကၡသည္ေတြ စုေဝးေနထုိင္ရာ လူဦးေရ ထူထပ္ၾကပ္ညႇပ္ၿပီး ေနထိုင္ေနၾကရတဲ့ ဒုကၡသည္စခန္းေတြထဲမွာ က်န္းမာေရးေစာင့္ေရွာက္မႈ ေနထိုင္ေရးအပါဝင္ ရာသီဥတုေဘးစတဲ့ အခက္အခဲစိန္ေခၚမႈမ်ိဳးစုံနဲ႔ရင္ဆိုင္ေနၾကရတာမို႔ ေနရပ္ရင္းကိုလည္း အျမန္ျပန္လိုၾကတာလို႔ ရိုဟင္ဂ်ာဒုကၡသည္ မိုဟာမက္ကေျပာပါတယ္။ သူတို႔တင္မဟုတ္ပဲ ျမန္မာျပည္ ရခုိင္ျပည္နယ္ထဲမွာ ကမ့္ေတြထဲ ကန္႔သတ္ေနရတဲ့သူေတြကိုပါ ေနရပ္ျပန္ေရး ကူညီေပးေစခ်င္တယ္လို႔ေတာင္းဆိုပါတယ္။

" က်ေနာ္တို႔ ကမ့္ထဲမွာ အၾကာၾကီးမေနခ်င္ဘူး ခင္ဗ် က်ေနာ္တို႔ ျမန္မာႏိုင္ငံထဲမွာ ၂၀၁၂တုန္းကတည္းက ကမ့္ေတြထဲမွာေနတဲ့သူေတြေရာ တျခားေနရာေတြမွာ ေနရပ္စြန္႔ခြာ ေနရတဲ့သူေတြ အရင္ဆံုးဦးစားေပး သူတို႔မူလေနရပ္ေတြကိုပဲ ျပန္ပို႔ၿပီးကိုယ့္ေနရပ္ကိုပို႔ေစခ်င္တယ္။ သူတို႔အခြင့္အေရးအရင္ရၿပီးမွ က်ေနာ္တို႔အခြင့္အေရးကိုေတာင္းခ်င္တယ္။ သူတို႔ကိုအာမခံခ်က္ေပးၿပီးမွ က်ေနာ္တို႔ကိုေခၚရင္လည္း အဆင္ေျပတယ္။ ရခိုင္မွာ က်ေနာ္တို႔ ရခုိင္မူဆလင္ရိုဟင္ဂ်ာ တမ်ိဳးတည္းမဟုတ္ဘူး။ ခမီရွိတယ္ သက္ ရွိတယ္။ ေနာက္ၿပီးေတာ့ ခမီ ရွိတယ္။ သူတို႔ေတြလည္း ဒီလိုဒုကၡေတြနဲ႔ရင္ဆိုင္ေနရတယ္။ သူတို႔ကိုလည္း ဘာမွအကာအကြယ္ မေပးဘူး အခုထိ။သူတို႔ကို မူလေနရာေတြမွာ အရင္ဆံုးေနရာခ်ထားေပးၿပီးမွ က်ေနာ္တို႔ကိုလည္း ေခၚရင္လည္း က်ေနာ္တို႔က ပိုအယံုအၾကည္ရွိမယ္။ျမန္မာအစိုးရကို ဘယ္လို ယံုၾကည္ေပးရမလဲ ဆိုတာလည္းက်ေနာ္တို႔ဒုကၡသည္ေတြအတြက္ေတာ့ ေတာ္ေတာ္စိတ္ဆင္းရဲစရာပဲ။ က်ေနာ္တို႔အတြက္ အသက္အာမခံမရွိရင္ ဘယ္လိုျပန္သြားၿပီးေတာ့ ေနၾကမလဲ အဲ့တာလည္းစဥ္းစားေနရတယ္ လူေတြက။ ဒီလူေတြက ကမ့္ထဲမွာလည္းေနခ်င္ၾကတာမဟုတ္ဘူး။ဘဂၤလားမွာလည္းမေနခ်င္ဘူး။ လူေတြက ျမန္မာျပည္ကုိပဲ ျပန္ခ်င္တယ္။ ျမန္မာျပည္ကိုပဲျပန္ခ်င္ ကိုယ့္ေနရပ္ကိုပဲျပန္ခ်င္တာ အဲ့တာကိုပဲ လူေတြကေျပာေနၾကတာ။"

အခုလို ေနရပ္ျပန္လိုတဲ့ ဒုကၡသည္ေတြေနရပ္ျပန္ေရး ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးမႈေတြျဖစ္ လာဖို႔ တ႐ုတ္ႏိုင္ငံ ဘက္ကေန ၾကား၀င္ေဆာင္ရြက္ေပးတာျဖစ္ၿပီး ဒီလို အကူအညီေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းလည္း ျမန္မာဒုတိယႏိုင္ငံျခားေရး၀န္ႀကီး ဦးေဟာက္ဒိုဆြမ္းကအဂၤါေန႔က က်င္းပတဲ့ အြန္လိုင္းေဆြးေနြးပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္မယ့္ အေျခအေနေတြ ဖန္တီးေပးဖုိ႔ ထပ္မံ တုိက္တြန္းခဲ့သလုိ၊ ေဆြးေႏြးမႈေတြအေပၚ သတိနဲ႔အေကာင္းျမင္ သေဘာထားေၾကာင္းလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန အတြင္း၀န္ကုိ ကုိးကားၿပီး ဘဂၤလားေဒ့ရွ္ သတင္းေတြမွာ ေဖာ္ျပပါတယ္။ျမန္မာ အာဏာပုိင္ေတြကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳေပမဲ့ ဒုကၡသည္ေတြကုိ ျပန္လည္ လက္ခံဖုိ႔ ကတိျပဳထားၿပီး ဘဂၤလားေဒ့ရွ္နဲ႔ေရာ ကုလသမဂၢနဲ႔ပါ သီးျခားလက္မွတ္ေရးထုိး သေဘာတူထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခက်အခဲကြုံနေရတာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးနိုင်ငံ အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးတဲ့အပေါ်မှာရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလိုက်ပါတယ်။ နေရပ်ပြန်မယ့်သူတို့အတွက် လုံခြုံမှု အသက်အာမခံချက်ရှိပြီး အခြေခံနိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိဖို့ နဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတရေးဆောင်ရွက်ပေးပါလို့လည်း တောင်းဆိုကြပါတယ်။ ဗွီအိုအေသတင်းထောက် ဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ကိုရောက်နေတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူခဲ့ပေမယ့် ခုအချိန်အထိ ဖြစ်မလာတဲ့အပေါ်မှာ တရုတ်နိုင်ငံဘက်က ကြားဝင်ဆောင်ရွက်လာတဲ့ သဘောဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒု ဝန်ကြီးအဆင့် အွန်လိုင်းဆွေးနွေးပွဲ လုပ်ပြီး၊ ဒုက္ခသည်နေရပ်ပြန်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အခုလိုမျိုး သူတို့နေရပ်ပြန်ရေး တရုတ်နိုင်ငံပါ ပါဝင်ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေ က ကြိုဆိုလိုက်ပါတယ်။ နေရပ်ပြန်ရေးစီစဉ်ကြတဲ့အချိန် ဒုက္ခသည်တွေ တစိုက်မတ်မတ် တောင်းဆိုခဲ့တဲ့ အချက်တွေကို အဓိက ထည့်သွင်းစဉ်းစားပေးပါလို့ လည်း ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုတဲ့အကြောင်း့ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးမိုဟာမက်က ပြောပါတယ်။

"အရင်က တောင်းဆိုထားတဲ့အတိုင်း ကျနော်တို့ ဆက်တောင်းဆိုသွားမှာပါ နိုင်ငံသားအခွင့်အရေး ပြန်ရပါမယ်။ အပြည့်အဝ ရချင်ပါတယ်။ နောက်တခုက ကျနော်တို့ရဲ့ဆုံးရှုံးနစ်နာမှုတွေပါ ဆုံးရှုံးနစ်နာမှုဆိုတာက ကျနော်တို့ ဥစ္စာပစ္စည်းတွေ နောက်အသက်တွေအတွက် ကျနော်တို့ တရားမျှတမှုလိုချင်တယ်။ပြီးရင် ကျနော်တို့ လွတ်လွတ်လပ်လပ် သွားလာရေး တန်းတူညီမျှအခွင့်အရေး လိုချင်တယ်။ နောက် ကျနော်တို့ရဲ့ အသက် အာမခံချက်ကို အဓိကထားတယ်။ ကျနော်တို့အတွက် အသက်အာမခံချက်ပေးဖို့လိုချင်တယ်။ကျနော်တို့ အေးချမ်းမှုကိုပဲလိုချင်ပါတယ် အဲ့တာတွေကိုပဲ ကျနော်တို့ အဓိက တောင်းဆိုပါတယ်။ နောက်ပြီး ကျနော်တို့ရဲ့ မူလနေရာကိုပဲသွားချင်ပါတယ် မူလဇာတိနေရာကိုပဲ ပြန်ချင်တာပါ တခြားနေရာတွေIDP ကမ့်တို့ တခြားအနီးစပ်ဆုံးနေရာတို့ တခြား ကျနော်တို့ ဘာကိုမှစိတ်မဝင်စားပါဘူး အဓိကပြောချင်တာ ကျနော်တို့နေခဲ့တဲ့မူလနေရာကိုပဲကိုယ့်မွေးရပ် ကိုယ့်နေရပ်ကိုပဲသွားချင်ပါတယ်။"

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဒီသုံးပွင့်ဆိုင်ဆွေးနွေးမှုတွေကနေ နေရပ်ပြန်ရေး တကယ် လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်နိုင်လာနိုင်ဖို့ကိုလည်း ဒုက္ခသည်တွေက မျှော်လင့်ပါတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးမိုဟာမက်က ပြောပါတယ်။

" ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျနော်တို့က နိုင်ငံတကာကို ICJ မှာရော ICC မှာရော ကုလသမဂ္ဂမှာရော နိုင်ငံတကာအဖွဲ့အစည်းတွေ အကုန်လုံးက ကျနော်တို့ခံစားခဲ့တဲ့ ဆုံးရှုံးနစ်နာခဲ့ရတာတွေကို ဒုက္ခသည်တွေအားလုံးဘက်က တင်ပြထားတာတွေရှိပါတယ်။ အဲ့တာကို လိုက်လျောပြီးတော့ မြန်မာအစိုးရဘက်က ရှေ့ဆက်ပြီးတော့ အကောင်အထည်ဖော်မယ်လို့ မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မျိုးနွယ်စု အကုန်လုံးက အေးအေးချမ်းချမ်းပဲနေချင်တယ်။ အဲ့တာကို ကျနော်တို့ မျှော်လည်း မျှော်ပါတယ်။ အကုန်လုံးပြန်ခွင့်ရပြီး အခွင့်အရေးတွေ တန်းတူရဖို့ မျှော်လင့်ပါတယ်။

ဒုက္ခသည်တသန်းကျော်လောက်ရှိလာနေတဲ့ သိန်းချီတဲ့ ဒုက္ခသည်တွေ စုဝေးနေထိုင်ရာ လူဦးရေ ထူထပ်ကြပ်ညှပ်ပြီး နေထိုင်နေကြရတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု နေထိုင်ရေးအပါဝင် ရာသီဥတုဘေးစတဲ့ အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေကြရတာမို့ နေရပ်ရင်းကိုလည်း အမြန်ပြန်လိုကြတာလို့ ရိုဟင်ဂျာဒုက္ခသည် မိုဟာမက်ကပြောပါတယ်။ သူတို့တင်မဟုတ်ပဲ မြန်မာပြည် ရခိုင်ပြည်နယ်ထဲမှာ ကမ့်တွေထဲ ကန့်သတ်နေရတဲ့သူတွေကိုပါ နေရပ်ပြန်ရေး ကူညီပေးစေချင်တယ်လို့တောင်းဆိုပါတယ်။

" ကျနော်တို့ ကမ့်ထဲမှာ အကြာကြီးမနေချင်ဘူး ခင်ဗျ ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ၂၀၁၂တုန်းကတည်းက ကမ့်တွေထဲမှာနေတဲ့သူတွေရော တခြားနေရာတွေမှာ နေရပ်စွန့်ခွာ နေရတဲ့သူတွေ အရင်ဆုံးဦးစားပေး သူတို့မူလနေရပ်တွေကိုပဲ ပြန်ပို့ပြီးကိုယ့်နေရပ်ကိုပို့စေချင်တယ်။ သူတို့အခွင့်အရေးအရင်ရပြီးမှ ကျနော်တို့အခွင့်အရေးကိုတောင်းချင်တယ်။ သူတို့ကိုအာမခံချက်ပေးပြီးမှ ကျနော်တို့ကိုခေါ်ရင်လည်း အဆင်ပြေတယ်။ ရခိုင်မှာ ကျနော်တို့ ရခိုင်မူဆလင်ရိုဟင်ဂျာ တမျိုးတည်းမဟုတ်ဘူး။ ခမီရှိတယ် သက် ရှိတယ်။ နောက်ပြီးတော့ ခမီ ရှိတယ်။ သူတို့တွေလည်း ဒီလိုဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်။ သူတို့ကိုလည်း ဘာမှအကာအကွယ် မပေးဘူး အခုထိ။သူတို့ကို မူလနေရာတွေမှာ အရင်ဆုံးနေရာချထားပေးပြီးမှ ကျနော်တို့ကိုလည်း ခေါ်ရင်လည်း ကျနော်တို့က ပိုအယုံအကြည်ရှိမယ်။မြန်မာအစိုးရကို ဘယ်လို ယုံကြည်ပေးရမလဲ ဆိုတာလည်းကျနော်တို့ဒုက္ခသည်တွေအတွက်တော့ တော်တော်စိတ်ဆင်းရဲစရာပဲ။ ကျနော်တို့အတွက် အသက်အာမခံမရှိရင် ဘယ်လိုပြန်သွားပြီးတော့ နေကြမလဲ အဲ့တာလည်းစဉ်းစားနေရတယ် လူတွေက။ ဒီလူတွေက ကမ့်ထဲမှာလည်းနေချင်ကြတာမဟုတ်ဘူး။ဘင်္ဂလားမှာလည်းမနေချင်ဘူး။ လူတွေက မြန်မာပြည်ကိုပဲ ပြန်ချင်တယ်။ မြန်မာပြည်ကိုပဲပြန်ချင် ကိုယ့်နေရပ်ကိုပဲပြန်ချင်တာ အဲ့တာကိုပဲ လူတွေကပြောနေကြတာ။"

အခုလို နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေဖြစ် လာဖို့ တရုတ်နိုင်ငံ ဘက်ကနေ ကြားဝင်ဆောင်ရွက်ပေးတာဖြစ်ပြီး ဒီလို အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဟောက်ဒိုဆွမ်းကအင်္ဂါနေ့က ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ ထပ်မံ တိုက်တွန်းခဲ့သလို၊ ဆွေးနွေးမှုတွေအပေါ် သတိနဲ့အကောင်းမြင် သဘောထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။မြန်မာ အာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ ကတိပြုထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားလက်မှတ်ရေးထိုး သဘောတူထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG