သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္စခန္းတြင္းေလာင္တဲ႔မီး ရိႈ႕မီး ဟုတ္-မဟုတ္ စံုစမ္းဆဲ


မွတ္တမ္းဓါတ္ပံု-၂၀၂၁ ဇန္န၀ါရီ ၁၄ ရက္က ရိုဟင္ဂ်ာဒုကၡသည္စခန္း မီးေလာင္ခဲ့

(Zawgyi/Unicode)

ဘဂၤလားေဒရွ္႕ ႏုိင္ငံ ရိုဟင္ဂ်ာ ဒုကၡသည္ စခန္းတြင္း မီးေလာင္မႈမွာ ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပံုေငြ အဖြဲ႔ UNICEF ရဲ႕ ေက်ာင္း ၄ ခု မီးေလာင္ ပ်က္စီးခဲ႔ေၾကာင္း အဂၤါေန႔မွာ တာ၀န္ရွိသူေတြက ေျပာဆိုလုိက္ၿပီး UNICEF ကေတာ့ ဒါက ရိႈႈ႕မီး ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။ မီးေလာင္ခ်ိန္မွာ ေက်ာင္းတြင္းမွာေတာ့ ေက်ာင္းသားေတြ မရွိခဲ႔ပါဘူး။

ဒီေက်ာင္းေတြကို ဘယ္သူက တိုက္ခိုက္ႏုိင္ေျခ ရွိသလဲဆိုတာ ရွင္းရွင္းလင္းလင္း မရွိေပမယ့္လည္း လူ တသန္းေလာက္ရွိတဲ႔ ဒုကၡသည္ စခန္းမွာ ဒီလပိုင္းေတြ အတြင္း လံုၿခံဳေရး အေျခအေန ဆိုးေနတယ္လို႔ AFP သတင္းက ေဖာ္ျပပါတယ္။ ဓာတ္ေငြ႔မီးဖို႔ကေန စခဲ႔တဲ႔ မီးေလာင္မႈေၾကာင့္ စခန္းေတြ အတြင္းက ၀ါးအိမ္ေပါင္း ရာနဲ႔ခ်ီ မီးထဲပါသြားပါတယ္။

UNICEF ဘက္က ရိႈ႕မီးလို႔ စြပ္စြဲထားေပမယ့္လည္း ဘဂၤလားေဒရွ္႕ရဲ႕ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Razwan Hayat ကေတာ့ တမင္ မီးရိႈ႕မႈလို႔ မယူဆေၾကာင္း၊ ဒါေပမယ့္ စံုစမ္းစစ္ေဆးေနေၾကာင္း AFP ကို ေျပာပါတယ္။ ဒီစာသင္ေက်ာင္းေတြက အခုိင္အခံ႔ ေဆာက္လုပ္ထားတာ မဟုတ္ဘဲ မီးေလာင္လြယ္တဲ႔ ပစၥည္းေတြနဲ႔ ေဆာက္လုပ္ထားတာပါလို႔လည္း သူက ေျပာပါတယ္။

ဒါေပမယ့္လည္း UNICEF ဘက္ကေတာ့ ေက်ာင္းေတြကို မီးရိႈ႕မႈ ျဖစ္တယ္လို႔ တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။ တုိက္ခိုက္ ဖ်က္စီးခံရမႈကို ဆန္းစစ္ဖို႔ မိတ္ဖက္ အဖြဲ႔ေတြနဲ႔ အတူ ေဆာင္ရြက္ေနၿပီး စာသင္ခန္းေတြ ျပန္ေဆာက္ဖို႔လည္း လုပ္ေနေၾကာင္း တြစ္တာမွာ ေဖာ္ျပခဲ႔ပါတယ္။

၂၀၁၇ ခုႏွစ္အတြင္း ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးခုိလံႈေနရတဲ႔ ဒီဒုကၡသည္ေတြကို ျမန္မာဘက္က လက္ခံမယ္လို႔ ေျပာထားေပမယ့္လည္း ရိုဟင္ဂ်ာဆိုတဲ႔ အသံုးကိုေတာ့ လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်းလောင်တဲ့မီး ရှို့မီး ဟုတ်-မဟုတ် စုံစမ်းဆဲ

(Unicode)

ဘင်္ဂလားဒေရှ့် နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင်း မီးလောင်မှုမှာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ကျောင်း ၄ ခု မီးလောင် ပျက်စီးခဲ့ကြောင်း အင်္ဂါနေ့မှာ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး UNICEF ကတော့ ဒါက ရှိုှု့မီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ မီးလောင်ချိန်မှာ ကျောင်းတွင်းမှာတော့ ကျောင်းသားတွေ မရှိခဲ့ပါဘူး။

ဒီကျောင်းတွေကို ဘယ်သူက တိုက်ခိုက်နိုင်ခြေ ရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပေမယ့်လည်း လူ တသန်းလောက်ရှိတဲ့ ဒုက္ခသည် စခန်းမှာ ဒီလပိုင်းတွေ အတွင်း လုံခြုံရေး အခြေအနေ ဆိုးနေတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ဓာတ်ငွေ့မီးဖို့ကနေ စခဲ့တဲ့ မီးလောင်မှုကြောင့် စခန်းတွေ အတွင်းက ဝါးအိမ်ပေါင်း ရာနဲ့ချီ မီးထဲပါသွားပါတယ်။

UNICEF ဘက်က ရှို့မီးလို့ စွပ်စွဲထားပေမယ့်လည်း ဘင်္ဂလားဒေရှ့်ရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Razwan Hayat ကတော့ တမင် မီးရှို့မှုလို့ မယူဆကြောင်း၊ ဒါပေမယ့် စုံစမ်းစစ်ဆေးနေကြောင်း AFP ကို ပြောပါတယ်။ ဒီစာသင်ကျောင်းတွေက အခိုင်အခံ့ ဆောက်လုပ်ထားတာ မဟုတ်ဘဲ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာပါလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့်လည်း UNICEF ဘက်ကတော့ ကျောင်းတွေကို မီးရှို့မှု ဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ တိုက်ခိုက် ဖျက်စီးခံရမှုကို ဆန်းစစ်ဖို့ မိတ်ဖက် အဖွဲ့တွေနဲ့ အတူ ဆောင်ရွက်နေပြီး စာသင်ခန်းတွေ ပြန်ဆောက်ဖို့လည်း လုပ်နေကြောင်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခိုလှုံနေရတဲ့ ဒီဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံမယ်လို့ ပြောထားပေမယ့်လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးကိုတော့ လက်မခံပါဘူး။

XS
SM
MD
LG