သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီးေလာင္သြားတဲ့စခန္းထဲက ရုိဟင္ဂ်ာဒုကၡသည္ေတြ စား၀တ္ေနေရး အခက္ႀကံဳ


မီးေလာင္သြားတဲ့ ေကာ့ဇ္ဘဇားက ရိုဟင္ဂ်ာဒုကၡသည္စခန္း အိမ္ရာတခ်ိဳ႕

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ ေကာ့ဇ္ဘဇားက ရိုဟင္ဂ်ာဒုကၡသည္စခန္းထဲ အိမ္ရာနဲ႔ခ်ီ မီးေလာင္ကၽြမ္းလို႔ ေထာင္ခ်ီတဲ့ မီးေဘးဒဏ္သင့္ဒုကၡသည္အမ်ားအျပား ရာသီဥတုဒဏ္နဲ႔ ေနထုိင္ေရး စားနပ္ရိကၡာပိုင္း အေတာ့္ကို အခက္ေတြ႔ေနၾကတယ္လို႔ ရိုဟင္ဂ်ာဒုကၡသည္ေတြကေျပာပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ရခုိင္ေျမာက္ပိုင္းကေန အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္လာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္ သိန္းခ်ီခိုလံႈေနထိုင္တဲ့ ေကာ့ဇ္ဘာဇားခရိုင္တြင္း ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲက Nayapara Camp ရိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ ဇန္နဝါရီလ ၁၄ရက္ေန႔ ၾကာသပေတးေန႔ မနက္ပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့တာပါ။

ဒီမီးေလာင္မႈေၾကာင့္ ဒုကၡသည္ေတြ ခိုလံႈေနထိုင္တဲ့ စင္တာေတြနဲ႔ ယာယီတဲအိမ္ေလးေပါင္း ၅၅၀ ေက်ာ္ မီးေလာင္ကၽြမ္းခဲ့ၿပီး လူေပါင္း ၃၅၀၀ မီးေဘးဒဏ္သင့္ခဲ့ရတယ္လို႔(UNHCR) ကုလသမဂၢ ဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းၾကီးရံုးက သတင္းထုတ္ျပန္ထားၿပီး မီးေဘးသင့္ ဒုကၡသည္ေတြကို ကုလသမဂၢ နဲ႔ ဘဂၤလားေဒ့ရွ္အစိုးရ တာဝန္ရွိသူေတြဘက္က ကူညီေစာင့္ေရွာက္ေပးေနပါတယ္။

ဒါေပမဲ့လို႔ ေကာ့ဇ္ဘဇားမွာ ရာသီဥတုျပင္းတဲ့ ေဆာင္းရာသီခ်ိန္ ခိုလံႈတဲ့ေနရာေတြအကုန္ မီးေလာင္ပ်က္စီးသြားလို႔ ဒုကၡသည္ေတြ ေတာ္ေတာ္ေလး ေနထိုင္စားေသာက္ေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔ ဘာလုခါလီ ဒုကၡသည္စခန္း အမွတ္ ၉ မွာေနတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္ေခၚ ဦးအီစလံက သူသိထားသမွ် ေျပာျပပါတယ္။

" အခုက သူတို႔က မီးေလာင္တဲ့ေနရာမွာပဲ ယာယီတဲေလးေတြ ထိုးၿပီးေနထိုင္ေနၾကတယ္ဆိုၿပီးေတာ့ မီးေလာင္ခံရတဲ့သူတဦးက ေျပာျပပါတယ္။ သူတို႔မွာ အရင္တုန္းကရွိခဲ့တဲ့ စုေဆာင္းခဲ့တဲ့ အိမ္သံုးပစၥည္းနဲ႔ စားနပ္ရိကၡာေတြ အပါအဝင္ အကုန္လံုးက မီးေလာင္ဆံုးရႈံးသြားခဲ့ပါတယ္ခင္ဗ်။ မီးေဘးမွာ အကုန္လံုးပါသြားပါတယ္။ အခုသူတို႔ၾကံဳေနရတဲ့အခက္အခဲက ေနအိမ္အေဆာက္အဦးနဲ႔ ျပန္လည္ေနထိုင္ေရး အတြက္ေရာ ေနာက္စားနပ္ရိကၡာပိုင္းေရာ ေနာက္ ေဆာင္းရာသီကာလဆိုေတာ့ သူတို႔မွာ အဝတ္အထည္ေတြလည္း မရွိဘူး ေစာင္လည္းမရွိဘူး အဲ့လို သူတို႔ေတာ္ေတာ္ေလး အခက္ၾကံဳေနၾကရပါတယ္။ လတ္တေလာေတာ့ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းၾကီးရံုး UNHCRနဲ႔ တျခား NGOsေတြကေတာ့ အဲ့ဒီ့မီးေဘးသင့္ ဒုကၡသည္ေတြကို စီစဥ္ေဆာင္ရြက္ ေပးေနတာေတြ႔ရတယ္ ဘဂၤလားေဒ့ရွ္အစိုးရဘက္ကလည္းပါဝင္ကူညီေပးေနပါတယ္။"

လူအစုလိုက္အျပံဳလုိက္ ျပြတ္သိပ္ေနထိုင္ရာ ဒုကၡသည္စခန္းထဲ ေနာက္ထပ္ ဒီလိုမီးမေတာ္တဆေလာင္ကၽြမ္းမႈ ထပ္မျဖစ္ပြားေစရေအာင္ အခုဆိုရင္ စခန္းတိုင္းမွာ မီးသတိေပး ႏိုးေဆာ္ေပးေနတာေတြနဲ႔ အေရးေပၚ မီးၿငိွမ္းသတ္ႏုိင္ေရး မီးသတ္ဘူးေတြ လိုက္လံထားေပးၿပီး စခန္းတာဝန္ခံေတြ နဲ႔ စခန္းေခါင္းေဆာင္ေတြ က လိုက္လံပညာေပးေနၾကတယ္လို႔လည္း ဒုကၡသည္ဦးေက်ာ္ျမင့္ကေျပာျပပါတယ္။

" ၾကာသပေတးေန႔ ဇန္နဝါရီ၁၄ မနက္ ၂နာရီေလာက္စၿပီး မီးေလာင္ကၽြမ္းတာ ေနအိမ္အလံုးေပါင္း ၅၅၀ေလာင္ကၽြမ္းပ်က္စီးသြားတယ္။ ေစ်းဆိုင္ေတြလည္း ၁၀၀ေက်ာ္ပါဝင္တယ္။ ေနာက္စာသင္ေက်ာင္းေတြနဲ႔ ဘာသာေရးအေဆာက္အဦးေတြပါ ပါသြားပါတယ္။ အခု IOM ကေန မေတာ္တဆ မီးေလာင္မႈမျဖစ္ေအာင္ စခန္းတိုင္းမွာ လိုက္ၿပီး ႏိုးေဆာ္ေပးေနပါတယ္။မီးသတ္တဲ့ဗူးေတြ အခုအေဆာင္တိုင္းမွာ လိုက္ကပ္ေပးတယ္ ေနာက္ အေဆာင္ေတြကိုလည္း လိုက္ၿပီး မီးသတိေပးေၾကညာခ်က္ေတြ ကပ္ေပးတာရွိတယ္။ခ်က္ျပဳတ္ခ်ိန္ ရယ္ ေနအိမ္ထဲမွာ မီးခြက္ထြန္းတာတို႔ကိုလည္း ေနာက္ မီးကို တျခားအသံုးျပဳတာရွိရင္ သတိရွိရွိနဲ႔ မီးကို ကိုင္တြယ္ေဆာင္ရြက္ဖို႔ စခန္းတိုင္းက လူေတြကို လိုက္ၿပီးႏိုးေဆာ္ေနၾကပါတယ္။"

အိမ္ေတြထဲက ဂတ္စ္အိုးေတြပါ ေပါက္ကြဲေလာင္ကၽြမ္းလို႔ ပ်က္စီးဆံုးရံႈးမႈမ်ားခဲ့တဲ့ ဒီဒုကၡသည္စခန္းထဲ မီးလာင္ကၽြမ္းမႈ ဘာေၾကာင့္ျဖစ္သလဲဆိုတာကိုေတာ့ စခန္းလံုျခံဳေရးတာဝန္ရွိသူေတြက စံုစမ္းေနပါတယ္။ ဒီမီးေလာင္ကြၽမ္းမႈက ႏွစ္ေပါင္းမ်ားစြာ ဆင္းရဲဒုကၡအခက္အခဲေတြ ရင္ဆိုင္ေနရတဲ့ ႐ိုဟင္ဂ်ာေတြအတြက္ေတာ့ ေနာက္ထပ္ ဆိုး႐ြားတဲ့ ထိခိုက္ဆုံးရႈံးမႈႀကီးျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္အေျခစိုက္ Save the Children အဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။ ဒီဒုကၡသည္ေတြကို အျမန္ဆံုး ေနရပ္ရင္းျပန္ေခၚပါလို႔ ဘဂၤလားေဒ့ရွ္ဘက္က တုိက္တြန္းေနေပမဲ့လို႔ ရိုဟင္ဂ်ာဆိုတဲ့ အသံုးကိုလက္ခံမထားတဲ့ျမန္မာအစိုးရဘက္ကေတာ့ ျပန္လည္လက္ခံေရးေႏွာင့္ေႏွးေနဆဲအေျခအေနမွာရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မီးလောင်သွားတဲ့စခန်းထဲက ရိုဟင်ဂျာဒုက္ခသည်တွေ စားဝတ်နေရေးအခက်ကြုံ

(Unicode)

ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ အိမ်ရာနဲ့ချီ မီးလောင်ကျွမ်းလို့ ထောင်ချီတဲ့ မီးဘေးဒဏ်သင့်ဒုက္ခသည်အများအပြား ရာသီဥတုဒဏ်နဲ့ နေထိုင်ရေး စားနပ်ရိက္ခာပိုင်း အတော့်ကို အခက်တွေ့နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းချီခိုလှုံနေထိုင်တဲ့ ကော့ဇ်ဘာဇားခရိုင်တွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက Nayapara Camp ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၁၄ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

ဒီမီးလောင်မှုကြောင့် ဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ စင်တာတွေနဲ့ ယာယီတဲအိမ်လေးပေါင်း ၅၅၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး လူပေါင်း ၃၅၀၀ မီးဘေးဒဏ်သင့်ခဲ့ရတယ်လို့(UNHCR) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်ထားပြီး မီးဘေးသင့် ဒုက္ခသည်တွေကို ကုလသမဂ္ဂ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေဘက်က ကူညီစောင့်ရှောက်ပေးနေပါတယ်။

ဒါပေမဲ့လို့ ကော့ဇ်ဘဇားမှာ ရာသီဥတုပြင်းတဲ့ ဆောင်းရာသီချိန် ခိုလှုံတဲ့နေရာတွေအကုန် မီးလောင်ပျက်စီးသွားလို့ ဒုက္ခသည်တွေ တော်တော်လေး နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ခေါ် ဦးအီစလံက သူသိထားသမျှ ပြောပြပါတယ်။

" အခုက သူတို့က မီးလောင်တဲ့နေရာမှာပဲ ယာယီတဲလေးတွေ ထိုးပြီးနေထိုင်နေကြတယ်ဆိုပြီးတော့ မီးလောင်ခံရတဲ့သူတဦးက ပြောပြပါတယ်။ သူတို့မှာ အရင်တုန်းကရှိခဲ့တဲ့ စုဆောင်းခဲ့တဲ့ အိမ်သုံးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ အပါအဝင် အကုန်လုံးက မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်ခင်ဗျ။ မီးဘေးမှာ အကုန်လုံးပါသွားပါတယ်။ အခုသူတို့ကြုံနေရတဲ့အခက်အခဲက နေအိမ်အဆောက်အဦးနဲ့ ပြန်လည်နေထိုင်ရေး အတွက်ရော နောက်စားနပ်ရိက္ခာပိုင်းရော နောက် ဆောင်းရာသီကာလဆိုတော့ သူတို့မှာ အဝတ်အထည်တွေလည်း မရှိဘူး စောင်လည်းမရှိဘူး အဲ့လို သူတို့တော်တော်လေး အခက်ကြုံနေကြရပါတယ်။ လတ်တလောတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCRနဲ့ တခြား NGOsတွေကတော့ အဲ့ဒီ့မီးဘေးသင့် ဒုက္ခသည်တွေကို စီစဉ်ဆောင်ရွက် ပေးနေတာတွေ့ရတယ် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်းပါဝင်ကူညီပေးနေပါတယ်။"

လူအစုလိုက်အပြုံလိုက် ပြွတ်သိပ်နေထိုင်ရာ ဒုက္ခသည်စခန်းထဲ နောက်ထပ် ဒီလိုမီးမတော်တဆလောင်ကျွမ်းမှု ထပ်မဖြစ်ပွားစေရအောင် အခုဆိုရင် စခန်းတိုင်းမှာ မီးသတိပေး နိုးဆော်ပေးနေတာတွေနဲ့ အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေး မီးသတ်ဘူးတွေ လိုက်လံထားပေးပြီး စခန်းတာဝန်ခံတွေ နဲ့ စခန်းခေါင်းဆောင်တွေ က လိုက်လံပညာပေးနေကြတယ်လို့လည်း ဒုက္ခသည်ဦးကျော်မြင့်ကပြောပြပါတယ်။

" ကြာသပတေးနေ့ ဇန်နဝါရီ၁၄ မနက် ၂နာရီလောက်စပြီး မီးလောင်ကျွမ်းတာ နေအိမ်အလုံးပေါင်း ၅၅၀လောင်ကျွမ်းပျက်စီးသွားတယ်။ ဈေးဆိုင်တွေလည်း ၁၀၀ကျော်ပါဝင်တယ်။ နောက်စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေပါ ပါသွားပါတယ်။ အခု IOM ကနေ မတော်တဆ မီးလောင်မှုမဖြစ်အောင် စခန်းတိုင်းမှာ လိုက်ပြီး နိုးဆော်ပေးနေပါတယ်။မီးသတ်တဲ့ဗူးတွေ အခုအဆောင်တိုင်းမှာ လိုက်ကပ်ပေးတယ် နောက် အဆောင်တွေကိုလည်း လိုက်ပြီး မီးသတိပေးကြေညာချက်တွေ ကပ်ပေးတာရှိတယ်။ချက်ပြုတ်ချိန် ရယ် နေအိမ်ထဲမှာ မီးခွက်ထွန်းတာတို့ကိုလည်း နောက် မီးကို တခြားအသုံးပြုတာရှိရင် သတိရှိရှိနဲ့ မီးကို ကိုင်တွယ်ဆောင်ရွက်ဖို့ စခန်းတိုင်းက လူတွေကို လိုက်ပြီးနိုးဆော်နေကြပါတယ်။"

အိမ်တွေထဲက ဂတ်စ်အိုးတွေပါ ပေါက်ကွဲလောင်ကျွမ်းလို့ ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ဒီဒုက္ခသည်စခန်းထဲ မီးလာင်ကျွမ်းမှု ဘာကြောင့်ဖြစ်သလဲဆိုတာကိုတော့ စခန်းလုံခြုံရေးတာဝန်ရှိသူတွေက စုံစမ်းနေပါတယ်။ ဒီမီးလောင်ကျွမ်းမှုက နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေအတွက်တော့ နောက်ထပ် ဆိုးရွားတဲ့ ထိခိုက်ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Save the Children အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဒုက္ခသည်တွေကို အမြန်ဆုံး နေရပ်ရင်းပြန်ခေါ်ပါလို့ ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းနေပေမဲ့လို့ ရိုဟင်ဂျာဆိုတဲ့ အသုံးကိုလက်ခံမထားတဲ့မြန်မာအစိုးရဘက်ကတော့ ပြန်လည်လက်ခံရေးနှောင့်နှေးနေဆဲအခြေအနေမှာရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG