သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာဒုကၡသည္ တတိယအသုတ္ Bhasan Char ကၽြန္းကုိ ေျပာင္းေရႊ႕


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္မ်ား Bhasan Char သို႔ ေျပာင္းေရႊ႕ေနထိုင္တဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox's Bazar ေဒသ စခန္းေတြထဲမွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြထဲက တတိယအသုတ္ကို Bhasan Char ကၽြန္းေပၚ ေျပာင္းေရႊ႕ေနတဲ့အေၾကာင္း VOA ျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးထားပါတယ္။

အၾကမ္းဖက္ပဋိပကၡေတြၾကား နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္အႏၱရာယ္စိုးရိမ္ရလို႔ ရခိုင္ေျမာက္ပိုင္းကေန အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္ေျပးသြားၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္ တသန္းေက်ာ္ ခုိလံႈေနထိုင္တဲ့ ဒုကၡသည္စခန္းေတြမွာ လူဦးေရထူထပ္မ်ားျပားလြန္းလာလို႔ ဘဂၤလားေဒ့ရွ္အစိုးရက ဘာဆန္ခ်ာကၽြန္းဆီ လူစုခြဲၿပီး အသုတ္လိုက္ ေရႊ႕ေျပာင္းေနရာခ်ေပးေနတာ သံုးၾကိမ္ရွိၿပီျဖစ္ပါတယ္။

ပင္လယ္ထဲက ဘာဆန္ခ်ာကၽြန္းေပၚကို တတိယအသုတ္ ေျပာင္းေရႊ႕ေပးဖို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြနဲ႔ စခန္းတာဝန္ခံေတြက ေကာ့ဇ္ဘဇားခရိုင္ထဲက ဒုကၡသည္စခန္းအသီးသီးကေန ဒုကၡသည္ ၃၅၀၀ ကို Ukhia နဲ႔စစ္တေကာင္း ၿမိဳ႕ေတြက ခိုလံႈေရးစခန္းေတြဆီ ေခၚေဆာင္သြားခဲ့တာျဖစ္ပါတယ္။ ဇန္နဝါရီလ ၂၉ရက္ေန႔ ေသာၾကာေန႔မွာေတာ့ စစ္တေကာင္းၿမိဳ႕ကေန ဘာဆာခ်ာကၽြန္းဆီ တတိယအသုတ္ ၃၅၀၀ ထဲက လူ ၁၇၇၈ စတင္ပို႔ေဆာင္ပါတယ္။ ဘာလုခါလီဒုကၡသည္စခန္းမွာေနထိုင္တဲ့ ရိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္ေခၚ ဦးအီစလံက တတိယအသုတ္ ထြက္ခြာသြားၾကတဲ့ ေနာက္ဆံုးရအေျခအေနေျပာျပပါတယ္။

"ဟုတ္ကဲ့ စစ္တေကာင္းကေန ဘာဆန္ခ်ာကၽြန္းကို စတင္ထြက္ခြာေနၾကပါၿပီ။ ၂၇ရက္နဲ႔ ၂၈ရက္ေတြမွာ ဒုကၡသည္စခန္းအားလံုး စုစုေပါင္း စခန္းအသီးသီးက လူေပါင္း ၃၅၀၀ေလာက္ပါဝင္သြားတယ္လို႔သိရပါတယ္။ သူတို႔ေတြက ပထမဆံုးကေတာ့ Ukhia ၿမိဳ႕ကိုသြားတယ္ Ukhia ၿမိဳ႕မွာ စုေပါင္းထားတယ္။ Ukhia ၿမိဳ႕မွာ တညအိပ္ၿပီးေတာ့ ေနာက္တေန႔ မနက္ ၂၈ရက္ေန႔ ညေနပိုင္းမွာ Chittagong ၿမိဳ႕ကို ဆက္ထြက္ခြာပါတယ္။ ေနာက္ စစ္တေကာင္းၿမိဳ႕ကေန ေသာၾကာေန႔မနက္ပိုင္း (ဇန္နဝါရီလ ၂၉)ရက္ေန႔ မွာေတာ့ စစ္တေကာင္းကေန ဘာဆန္ခ်ာကၽြန္းကို သေဘၤာၾကီးေတြနဲ႔ထြက္ခြာသြားေၾကာင္း အဲ့ဒီ့ကိုလုိက္ပါသြားတဲ့ဒုကၡသည္တဦးစီက သတင္းရရွိပါတယ္ခင္ဗ်။ အခုသြားတဲ့လူေတြက မိမိဆႏၵအေလ်ာက္သြားၾကတဲ့သူေတြျဖစ္ၿပီး ဒုကၡသည္အေဟာင္း အမ်ားစုပါဝင္ၾကပါတယ္ခင္ဗ်။ ဘာဆန္ခ်ာကၽြန္းကို လူေတြသြားဖို႔ေရြးရတဲ့ အေၾကာင္းရင္းကေတာ့ ျမန္မာအစိုးရဘက္က အခုေလးႏွစ္ျပည့္လာတာေတာင္ ျပန္လည္ေခၚယူေရး လုပ္ငန္းစဥ္ေတြ မစတင္ႏုိင္ေသးေတာ့ လူေတြမွာ ေရြးစရာလမ္းမရွိေတာ့ ဘာဆန္ခ်ာကၽြန္းကို သြားၾကရတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္ခင္ဗ်ာ။ "

မိသားစုလိုက္ေျပာင္းသြားၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္အမ်ားစုက ကိုယ့္သေဘာဆႏၵနဲ႔ ေျပာင္းေရႊ႕သြားၾက တာျဖစ္ၿပီး စခန္းေတြထဲမွာစားဝတ္ေနေရးနဲ႔ ေနထုိင္ေရးအခက္ခဲလည္းရွိတဲ့အတြက္ အဓိက အလုပ္အကိုင္ေတြ ရဖို႔ေမွ်ာ္လင့္ခ်က္ေတြနဲ႔ သြားၾကတာလို႔ ကုတုပေလာင္စခန္းအမွတ္(၁)က ရိုဟင္ဂ်ာဒုကၡသည္ ကိုကာေမလ္ ကလည္း ေျပာျပပါတယ္။

"ကုတုပေလာင္ဒုကၡသည္စခန္းအပါအဝင္ စခန္းအားလံုးက ဒီတေခါက္မွာဆိုရင္ လူေပါင္း ၃၅၀၀ ေျပာင္းေရႊ႕သြားၾကတယ္။ သူတို႔စိတ္သေဘာထားနဲ႔သူတို႔သြားၾကတာရွိတယ္။ဒါေပမဲ့ အတင္းအဓမၼ ဘဂၤလားေဒ့ရွ္အစိုးရ ဘာတခုမွ မလုပ္ပါဘူး။ တခ်ိဳ႕လူေတြအတြက္ ဒီမွာက စားဝတ္ေနေရး ေတာ္ေတာ္ေလး အခက္အခဲရွိတယ္။ ဘဂၤလားေဒ့ရွ္အစိုးရအစီအစဥ္နဲ႔ က်ေနာ္တို႔ ဆီ ဆား ဆန္ ငရုတ္ ၾကက္သြန္ အေျခခံစားေသာက္ကုန္ပဲရတယ္။ဒီပတ္ပတ္လည္ေလးထဲမွာ လူဦးေရ ၁၀သိန္းနီးပါးေနရတာဆိုေတာ့ ေတာ္ေတာ္ေလး ေနထိုင္ရခက္ခဲတယ္။အလုပ္အကိုင္ အခြင့္အလမ္းဆိုတာလည္း ဘာတခုမွမရွိဘူး ဆိုၿပီးအဲ့ဒီ့မွာသြားေနရင္ အလုပ္အကိုင္ေလးေတာ့ရမယ္ဆိုၿပီး သြားေနၾကတာပဲလို႔။က်ေနာ္တို႔က်ေတာ့လည္း အဲ့ဒီ့ကိုမသြားပါဘူး။ တျခားတေနရာကိုေျပာင္းေရႊ႕သြားၿပီးေနထိုင္ဖို႔အတြက္ က်ေနာ္တို႔က လာေနတာမဟုတ္ပါဘူး။ ေခတၱခဏ ကိုယ့္၏အသက္ကို ကယ္တင္ႏုိင္ဖို႔ ဒီဘက္ႏုိင္ငံကို ယာယီပဲေရာက္ေနတာပါ။ ကိုယ့္ႏိုင္ငံပဲ ကိုယ္သြားမွာလို႔ က်ေနာ္တို႔ကေတာ့ ဆံုးျဖတ္ခ်က္ခ်ၿပီးသားရွိပါတယ္။"

ေကာ့ဇ္ဘဇားခရိုင္ထဲက ဒုကၡသည္စခန္းအသီးသီးကေနျပီးခဲ့တဲ့ ၂၀၂၀ ဒီဇင္ဘာလ ၄ ရက္ေန႔ကစလို႔ ပထမဆံုးအသုတ္အျဖစ္နဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေပါင္း ၁,၆၄၂ ဦးကို Bhasan Char ကၽြန္းမွာ ေျပာင္းေရႊ႕ေနရာခ်ထားေပးၿပီးျဖစ္ပါတယ္။ ဒုတိယအသုတ္အျဖစ္ (၁၈၀၄) ဦးကို၂၀၂၀ဒီဇင္ဘာလ ၂၈ရက္ေန႔မွာ ေျပာင္းေရႊ႕ေပးခဲ့ၿပီး ဒီတၾကိမ္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္ေန႔မွာေတာ့တတိယအသုတ္ လူေပါင္း (၃၅၀၀) ကို ကၽြန္းဆီကို ပို႔ေဆာင္ေပးေနတာျဖစ္ပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြျပန္လည္လက္ခံေရး ကုလသမဂၢ ဘဂၤလားေဒ့ရွ္အစိုးရတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္ လို႔ေျပာဆိုထားေပမဲ့ ဒုကၡသည္ေတြ ေနရပ္ရင္းျပန္ႏိုင္ေရးအတြက္ကေတာ့ မေရမရာျဖစ္ေနဆဲပါ။

တိုက္႐ိုက္ လင့္ခ္


.............

ရိုဟင်ဂျာဒုက္ခသည် တတိယအသုတ် Bhasan Char ကျွန်းကို ပြောင်းရွှေ့

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသ စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တတိယအသုတ်ကို Bhasan Char ကျွန်းပေါ် ပြောင်းရွှေ့နေတဲ့အကြောင်း VOA မြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးထားပါတယ်။

အကြမ်းဖက်ပဋိပက္ခတွေကြား နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ ရခိုင်မြောက်ပိုင်းကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေထူထပ်များပြားလွန်းလာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဘာဆန်ချာကျွန်းဆီ လူစုခွဲပြီး အသုတ်လိုက် ရွှေ့ပြောင်းနေရာချပေးနေတာ သုံးကြိမ်ရှိပြီဖြစ်ပါတယ်။

ပင်လယ်ထဲက ဘာဆန်ချာကျွန်းပေါ်ကို တတိယအသုတ် ပြောင်းရွှေ့ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ စခန်းတာဝန်ခံတွေက ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအသီးသီးကနေ ဒုက္ခသည် ၃၅၀၀ ကို Ukhia နဲ့စစ်တကောင်း မြို့တွေက ခိုလှုံရေးစခန်းတွေဆီ ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၉ရက်နေ့ သောကြာနေ့မှာတော့ စစ်တကောင်းမြို့ကနေ ဘာဆာချာကျွန်းဆီ တတိယအသုတ် ၃၅၀၀ ထဲက လူ ၁၇၇၈ စတင်ပို့ဆောင်ပါတယ်။ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ခေါ်ဦးအီစလံက တတိယအသုတ် ထွက်ခွာသွားကြတဲ့ နောက်ဆုံးရအခြေအနေပြောပြပါတယ်။

"ဟုတ်ကဲ့ စစ်တကောင်းကနေ ဘာဆန်ချာကျွန်းကို စတင်ထွက်ခွာနေကြပါပြီ။ ၂၇ရက်နဲ့ ၂၈ရက်တွေမှာ ဒုက္ခသည်စခန်းအားလုံး စုစုပေါင်း စခန်းအသီးသီးက လူပေါင်း ၃၅၀၀လောက်ပါဝင်သွားတယ်လို့သိရပါတယ်။ သူတို့တွေက ပထမဆုံးကတော့ Ukhia မြို့ကိုသွားတယ် Ukhia မြို့မှာ စုပေါင်းထားတယ်။ Ukhia မြို့မှာ တညအိပ်ပြီးတော့ နောက်တနေ့ မနက် ၂၈ရက်နေ့ ညနေပိုင်းမှာ Chittagong မြို့ကို ဆက်ထွက်ခွာပါတယ်။ နောက် စစ်တကောင်းမြို့ကနေ သောကြာနေ့မနက်ပိုင်း (ဇန်နဝါရီလ ၂၉)ရက်နေ့ မှာတော့ စစ်တကောင်းကနေ ဘာဆန်ချာကျွန်းကို သင်္ဘောကြီးတွေနဲ့ထွက်ခွာသွားကြောင်း အဲ့ဒီ့ကိုလိုက်ပါသွားတဲ့ဒုက္ခသည်တဦးစီက သတင်းရရှိပါတယ်ခင်ဗျ။ အခုသွားတဲ့လူတွေက မိမိဆန္ဒအလျောက်သွားကြတဲ့သူတွေဖြစ်ပြီး ဒုက္ခသည်အဟောင်း အများစုပါဝင်ကြပါတယ်ခင်ဗျ။ ဘာဆန်ချာကျွန်းကို လူတွေသွားဖို့ရွေးရတဲ့ အကြောင်းရင်းကတော့ မြန်မာအစိုးရဘက်က အခုလေးနှစ်ပြည့်လာတာတောင် ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်တွေ မစတင်နိုင်သေးတော့ လူတွေမှာ ရွေးစရာလမ်းမရှိတော့ ဘာဆန်ချာကျွန်းကို သွားကြရတဲ့ အကြောင်းရင်းဖြစ်ပါတယ်ခင်ဗျာ။ "

မိသားစုလိုက်ပြောင်းသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အများစုက ကိုယ့်သဘောဆန္ဒနဲ့ ပြောင်းရွှေ့သွားကြ တာဖြစ်ပြီး စခန်းတွေထဲမှာစားဝတ်နေရေးနဲ့ နေထိုင်ရေးအခက်ခဲလည်းရှိတဲ့အတွက် အဓိက အလုပ်အကိုင်တွေ ရဖို့မျှော်လင့်ချက်တွေနဲ့ သွားကြတာလို့ ကုတုပလောင်စခန်းအမှတ်(၁)က ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ် ကလည်း ပြောပြပါတယ်။

"ကုတုပလောင်ဒုက္ခသည်စခန်းအပါအဝင် စခန်းအားလုံးက ဒီတခေါက်မှာဆိုရင် လူပေါင်း ၃၅၀၀ ပြောင်းရွှေ့သွားကြတယ်။ သူတို့စိတ်သဘောထားနဲ့သူတို့သွားကြတာရှိတယ်။ဒါပေမဲ့ အတင်းအဓမ္မ ဘင်္ဂလားဒေ့ရှ်အစိုးရ ဘာတခုမှ မလုပ်ပါဘူး။ တချို့လူတွေအတွက် ဒီမှာက စားဝတ်နေရေး တော်တော်လေး အခက်အခဲရှိတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအစီအစဉ်နဲ့ ကျနော်တို့ ဆီ ဆား ဆန် ငရုတ် ကြက်သွန် အခြေခံစားသောက်ကုန်ပဲရတယ်။ဒီပတ်ပတ်လည်လေးထဲမှာ လူဦးရေ ၁၀သိန်းနီးပါးနေရတာဆိုတော့ တော်တော်လေး နေထိုင်ရခက်ခဲတယ်။အလုပ်အကိုင် အခွင့်အလမ်းဆိုတာလည်း ဘာတခုမှမရှိဘူး ဆိုပြီးအဲ့ဒီ့မှာသွားနေရင် အလုပ်အကိုင်လေးတော့ရမယ်ဆိုပြီး သွားနေကြတာပဲလို့။ကျနော်တို့ကျတော့လည်း အဲ့ဒီ့ကိုမသွားပါဘူး။ တခြားတနေရာကိုပြောင်းရွှေ့သွားပြီးနေထိုင်ဖို့အတွက် ကျနော်တို့က လာနေတာမဟုတ်ပါဘူး။ ခေတ္တခဏ ကိုယ့်၏အသက်ကို ကယ်တင်နိုင်ဖို့ ဒီဘက်နိုင်ငံကို ယာယီပဲရောက်နေတာပါ။ ကိုယ့်နိုင်ငံပဲ ကိုယ်သွားမှာလို့ ကျနော်တို့ကတော့ ဆုံးဖြတ်ချက်ချပြီးသားရှိပါတယ်။"

ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအသီးသီးကနေပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ပထမဆုံးအသုတ်အဖြစ်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁,၆၄၂ ဦးကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့နေရာချထားပေးပြီးဖြစ်ပါတယ်။ ဒုတိယအသုတ်အဖြစ် (၁၈၀၄) ဦးကို၂၀၂၀ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ပြောင်းရွှေ့ပေးခဲ့ပြီး ဒီတကြိမ် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့တတိယအသုတ် လူပေါင်း (၃၅၀၀) ကို ကျွန်းဆီကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေပြန်လည်လက်ခံရေး ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ်အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ် လို့ပြောဆိုထားပေမဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးအတွက်ကတော့ မရေမရာဖြစ်နေဆဲပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG