သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhasan Char ကျွန်းကို ပြောင်းရွှေ့လိုသူတချို့ရဲ့ သဘောထား


Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့ရန်စောင့်နေ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့ရန်စောင့်နေ (ဒီဇင်ဘာ ၄၊ ၂၀၂၀)

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ် နယ်စပ် Cox's Bazar ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ အကြမ်းဖက် အုပ်စုတစ်ချို့ရဲ့ ဒဏ်ကို မခံနိုင်တော့တာကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရ စီစဉ်ပေးထားတဲ့ Bhasan Char မြေနုကျွန်းကို ပြောင်းရွှေ့ကြတာ ဖြစ်ကြောင်း ရိုဟင်ဂျာ ဒုက္ခသည် တစ်ချို့က ပြောပါတယ်။

“Cox's Bazar ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့ တစ်ချို့ ဖွဲ့ထားပါတယ်။ သူတို့က ကိုယ့်လူမျိုး အချင်းချင်းကို ဖိနှိပ် နေတာပါ။ မြန်မာနိုင်ငံမှာ သူတို့ ဘာမှ မလုပ်ကြပါဘူး။ Cox's Bazar က စခန်းတွေမှာသာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ပြီး ငွေညှစ် နေကြပါတယ်” လို့ Bhasan Char ကျွန်းရောက် ရိုဟင်ဂျာ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Amsar Ullah က VOA ဘင်္ဂလား ဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာ သိန်းနဲ့ချီရှိတဲ့ Cox's Bazar ဒုက္ခသည် စခန်းတွေမှာ မကြာသေးခင် ရက်တွေအတွင်း မီးလောင်မှု တွေဖြစ်ပွားခဲ့သလို လူသတ်မှုတွေနဲ့ လူပျောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာ တော်တော်များများက စခန်း တစ်ခုက နေ နောက်တစ်ခု ရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။

ဒီအပတ်ထဲမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဦးရေ ၃၀၀၀ လောက်ကို တတိယ အသုတ်အဖြစ် Bhasan Char ကျွန်းကို ထပ်မံ ပို့ဆောင်ပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စကို မြန်မာ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ကြာသပတေးနေ့ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်တက္ကသိုလ်သင်တန်း ဆင်းပွဲ တစ်ခုမှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေး ရွှေ့ပြောင်းလာသူတွေ နေရပ်ကို ပြန်နိုင်ရေးအတွက် ဒေသတွင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ရရှိစေဖို့အတွက် ပဋိပက္ခ ဖြစ်ပွားမှုတွေထဲ ပါဝင် ပတ်သက်မှု မရှိဘူးလို့လည်း ဝန်ကြီးချုပ် Sheikh Hasina ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်ထုတ် the Star သတင်းဌာနက ပြောပါတယ်။

ရိုဟင်ဂျာအသုံးအနှုန်းကို မြန်မာအစိုးရကတော့ လက်ခံခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်


.............


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG