သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္ေတြ ဆႏၵထည္႔သြင္းစဥ္းစားၾကဖို႔ အာနန္ေကာ္မရွင္၀င္တိုက္တြန္း


Bhasan Char ကၽြန္းသို႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား ေျပာင္းေရႊ႕သည့္ ျမင္ကြင္း။ (ဒီဇင္ဘာ ၄၊ ၂၀၂၀)

ရခိုင္ျပည္နယ္ ပဋိပကၡအတြင္း တရားမွ်တမႈေတြရဖို႔ ေဖာ္ထုတ္တဲ့အခါမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံခဲ့ရတဲ့ ဒုကၡသည္ေတြရဲ႕အသံေတြကို နားေထာင္ေပးၾကဖို႔နဲ႔ ေနရပ္ျပန္ေရး ဒုကၡသည္ေတြရဲ႕သေဘာထားေတြကိုလည္း ေမးပါလို႔ ကိုဖီအာနန္ေကာ္မရွင္အဖြဲ႔ဝင္တဦးက တိုက္တြန္းလို္က္ပါတယ္။ အခုဆိုရင္ ရိုဟင္ဂ်ာဒုကၡသည္ေတြဟာ ေနရပ္ရင္းကိုလည္း ျပန္ခြင့္မရေသး စခန္းေတြထဲမွာလည္း ေနထိုင္ရက်ပ္တည္းခက္ခဲလာတဲ့အတြက္ ပင္လယ္ထဲကကၽြန္းဆီကို သြားၾကဖို႔ ဆံုးျဖတ္ေနၾကရတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ အေသးစိတ္ကို VOA ျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ရခိုင္ျပည္နယ္အၾကမ္းဖက္ပဋိပကၡေတြအတြင္း ရိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့တယ္ဆိုတဲ့စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံ ႏုိင္ငံတကာတရားခံုရံုး ICJ မွာ တရားရင္ဆိုင္ေနရတာ ဇန္နဝါရီလ ၂၃ရက္ေန႔ကဆိုရင္ တနွစ္တင္းတင္းျပည့္သြားပါၿပီ။ ဒုကၡသည္ေတြအတြက္ တရားမွ်တမႈေတြ ေဖာ္ေဆာင္နုိင္ၿပီလား- သက္ဆုိင္တဲ့တာဝန္ရွိသူေတြအေနနဲ႔ ဆံုးရံႈးနစ္နာမႈေတြကို အေလးထားေဆာင္ရြက္ေပးႏုိင္ပါသလားဆိုတာကိုေတာ့ ကုလအတြင္းေရးမွဴး ခ်ဳပ္ေဟာင္း ကိုဖီအာနန္ဦးေဆာင္ခဲ့တဲ့ ရခိုင္ျပည္နယ္အေရး အၾကံေပးေကာ္မတီအဖြဲ႔ဝင္တဦးျဖစ္ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရးအဖြဲ႔ (Religion for Peace) အဖြဲ႔ဝင္လည္းျဖစ္တဲ့ ဦးေအးလြင္က အခုလိုသံုးသပ္ပါတယ္။

" အျပည္ျပည္ဆိုင္ရာအဖြဲ႔အစည္းအမ်ိဳးမ်ိဳးကေန ဒီျဖစ္စဥ္ၾကီးမွာ အင္မတန္ ဝမ္းနည္းဖြယ္ရာျဖစ္ရပ္ေတြျဖစ္ခဲ့ တယ္ဆိုတာ ေျပာေနၾကတယ္။ ပထမပိုင္းမွာေတာ့ က်ေနာ္တို႔ဘက္က ဖုံးဖံုးဖိဖိေလးပဲ တုံ႔ျပန္တယ္။ ေနာက္ပိုင္းမွာေတာ့ စံုစမ္းစစ္ေဆးမႈေတြလုပ္တယ္ အထူးသျဖင့္ တပ္မေတာ္ဘက္ကဆိုရင္ အထူးစံုစမ္းစစ္ေဆးမႈေတြလုပ္ၿပီး စစ္ခုံရံုးနဲ႔ စစ္ေလာက္ေအာင္ အေထာက္အထားေတြေတြ႔ခဲ့တယ္ဆိုၿပီး တခုၿပီးတခုေဖာ္ထုတ္ေနတယ္။ အဲ့ေတာ့ ဒါက ဘာကိုျပသလဲဆိုရင္ အဲ့ဒီ့မွာ အနိဌာရံုေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာ ဘယ္လိုမွ အျငင္းပြားလို႔မရဘူး။ဘယ္ေလာက္အတိုင္းအတာအထိျဖစ္ခဲ့လဲ စြပ္စြဲခ်က္ေတြဟာ ျပင္းျပင္းထန္ထန္ စြပ္စြဲလို႔ရမလား ဘယ္လိုျဖစ္ခဲ့တယ္ဆိုတာကိုေတာ့ တရားဥပေဒခံုရံုးက သူ႔ဥပေဒေၾကာင္းအရ ဆံုးျဖတ္ဖို႔ လိုအပ္ပါတယ္။ ဘာကို က်ေနာ္ေျပာခ်င္လဲဆိုေတာ့ ကမာၻကိုသက္ေသျပခ်င္ရင္ က်ေနာ္တို႔ ျမန္မာျပည္ ရခုိင္ျပည္နယ္မွာ မေျပးႏုိင္ပဲနဲ႔ က်န္ခဲ့ရတဲ့သူေတြရဲ႕ဘဝအေျခအေန၊ သူတို႔ကို ဘာေတြမ်ား လုပ္ေပးေနသလဲ။ အဲ့ေတာ့ ေျမျပင္အေျခအေနမွာ တစံုတရာေသာေျပာင္းလဲမႈ "အေရြ႔ေလး" ရွိခဲ့တယ္ဆိုရင္ ထြက္ေျပးလာတဲ့ သူေတြမွာလည္း ယံုၾကည္စိတ္ခ်မႈက နည္းနည္းေလး တက္လာမွာေပါ့ေလ။ အဲ့တာေလးေတာ့ က်ေနာ္ တကယ္အေလးအနက္ေျပာခ်င္ပါတယ္။"

သိန္းခ်ီထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး စီစဥ္ေဆာင္ရြက္တဲ့အခါမွာလည္း ဒီဒုကၡသည္ေတြရဲ႕ေတာင္းဆိုခ်က္ သူတို႔ဘဝေတြ အသက္ေတြ အာမခံခ်က္ေပးႏိုင္ဖို႔အေရး ဒုကၡသည္ေတြရဲ႕ အသံေတြကိုလည္းနားေထာင္ေပးေစခ်င္တယ္လို႔ ဦးေအးလြင္ကတုိက္တြန္းပါတယ္။

" ျမန္မာႏုိင္ငံအစိုးရေရာ ဘဂၤလားေဒ့ရွ္အစိုးရေရာ ကုလသမဂၢေရာ အျပည္ျပည္ဆုိင္ရာ အဖြဲ႔အစည္း အသီးသီးကေရာက အားလံုးဝိုင္းဝန္းၿပီး လုပ္ေနၾကတယ္ ဆိုတာသိရလို႔ က်ေနာ္တို႔ ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္။ သို႔ေသာ္ အေရးၾကီးဆံုးအခ်က္ျဖစ္တဲ့ ကာယကံရွင္ေတြရဲ႕အခန္းက႑က ေပ်ာက္ေနပါတယ္ခင္ဗ်။ ကာယကံရွင္မ်ားရဲ႕ဆႏၵ ၊ ကာယကံရွင္မ်ားကို အေရးတယူေမးျမန္းၿပီးေတာ့ ဘယ္လိုဆိုတာ ထိထိေရာက္ေရာက္မရွိဘူး။ သူတို႔ရဲ႕ Voices ေပါ့ေလ Voice of the Voiceless အသံေပ်ာက္ေနေသာသူမ်ားရဲ႕ အသံကို နားေထာင္ေပးပါ အေျဖက အဲ့ဒီ့မွာရွိပါတယ္လို႔ က်ေနာ္ အေလးအနက္ေျပာခ်င္ပါတယ္ခင္ဗ်ာ။'

ဘဂၤလားေဒ့ရွ္ေရာက္ဒုကၡသည္ေတြက တသန္းေက်ာ္လာၿပီး ေနထုိင္စားေသာက္ေရးအခက္အခဲျဖစ္လာတဲ့အျပင္ ေနရပ္ရင္းျပန္ဖို႔ကလည္း မေရရာတဲ့အတြက္ ဒုကၡသည္ေတြဟာ ဘဂၤလားေဒ့ရွ္အစိုးရ စီစဥ္ေပးထားတဲ့ ပင္လယ္ထဲကကၽြန္း ဘာဆန္ခ်ာကၽြန္းဆီကို ေျပာင္းဖို႔စဥ္းစားလိုက္ၾကတယ္လို႔ဘာလုခါလီ ဒုကၡသည္စခန္း က ႐ုိဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္ကေျပာပါတယ္။

" ရိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးကေရာ ဆာနာၿမိဳ႕နယ္ဒုကၡသည္စခန္းေတြကေရာ ဘာဆန္ခ်ာကၽြန္းကို ဇန္နဝါရီလ ၂၇ရက္ေန႔ မွာ လူဦးေရသံုးေထာင္နီးပါးေျပာင္းေရႊ႕ဖို႔အစီအစဥ္ရွိေနပါတယ္။ ဒုကၡသည္ေတြက ျပန္ဖို႔ကလည္း လမ္းမျမင္တဲ့အတြက္ေၾကာင့္ရယ္ ဒုကၡသည္စခန္းေတြထဲမွာလည္း ေျပလည္မႈမရွိတဲ့အတြက္ ေနေရးထုိင္ေရး စားေသာက္ေရး မ်ိဳးစံုအခက္ၾကံဳေနရတဲ့အတြက္ ဘာဆန္ခ်ာကၽြန္းပဲသြားေတာ့မယ္လို႔ ဆံုးျဖတ္လိုက္ၾကတာေတြ႔ရတယ္ခင္ဗ်။ ဒုကၡသည္ေတြက ေရြးစရာလမ္းလဲမရွိတဲ့အတြက္ေၾကာင့္ပါ။ ဒုကၡသည္အကုန္လံုးက ႏုိင္ငံတကာခုံရံုး ICJ ကေန တရားမွ်တမႈရဖို႔ ေစာင့္ေမွ်ာ္ေနၾကတာ ေနာက္ ေဘးကင္းလံုျခံဳစြာျပန္ႏုိင္ေရးကိုပဲ လိုလားေနၾကတာပါ။"

ဒီရက္ပိုင္း တတိယအသုတ္ကၽြန္းေျပာင္းဖို႔ လူစုခြဲေနရာခ်ထားႏိုင္ဖို႔အေရး စခန္းတာဝန္ခံေတြ စီစဥ္ေနၾကတယ္လို႔လည္း ရိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္ကလည္းေျပာျပပါတယ္။

"တတိယအသုတ္သြားၾကဖို႔ျပင္ေနၾကတယ္လို႔ က်ေနာ္တို႔ စခန္းတာဝန္ခံေတြဆီကေန ၾကားသိရတယ္။ စခန္းအဖြဲ႔ေခါင္းေဆာင္ေတြမွာ စာရင္းေတြေပးသြင္းေနၾကတယ္။ စာရင္းသြင္းထားတဲ့သူေတြကို ဘာဆန္ခ်ာကၽြန္းကိုေခၚသြားဖို႔ျပင္ေနတယ္လို႔ က်ေနာ္တို႔သိရတယ္။"

ဇန္နဝါရီလ ၂၅ရက္ေန႔က က်င္းပခဲ့တဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ႏိုင္ငံအလိုက္လူ႔အခြင့္အေရး အေျခအေန ပံုမွန္သံုးသပ္ေဆြးေႏြးပဲြ UPR အစည္းအေဝးမွာ ရိုဟင္ဂ်ာေတြအပါအဝင္ လူနည္းစုမ်ိဳးႏြယ္စုေတြရဲ႕ လူ႔အခြင့္အေရးအေျခအေနေတြဟာ စိုးရိမ္စရာ အေျခအေန ရွိေနေသးတယ္ဆိုတာ ေထာက္ျပခဲ့ၾကပါတယ္။ ရိုဟင္ဂ်ာဆိုတဲ့ နာမည္ကို မသံုးႏႈန္းတဲ့ျမန္မာအစိုးရဘက္ကေတာ့ ဒီလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအေပၚ အခ်က္အလက္ခိုင္ခိုင္မာမာနဲ႔ တိုင္ၾကားလာရင္ တုံ႔ျပန္ကိုင္တြယ္ခဲ့သလို လံုျခံဳေရးတာ၀န္ရွိသူေတြ အျပစ္က်ဴးလြန္မႈအေပၚမွာလည္း ခံုရံုးဖဲြ႕အေရးယူတာေတြရွိခဲ့ပါတယ္လို႔ ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

(Unicode)

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တရားမျှတမှုတွေရဖို့ ဖော်ထုတ်တဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့အသံတွေကို နားထောင်ပေးကြဖို့နဲ့ နေရပ်ပြန်ရေး ဒုက္ခသည်တွေရဲ့သဘောထားတွေကိုလည်း မေးပါလို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်တဦးက တိုက်တွန်းလိုက်ပါတယ်။ အခုဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေရပ်ရင်းကိုလည်း ပြန်ခွင့်မရသေး စခန်းတွေထဲမှာလည်း နေထိုင်ရကျပ်တည်းခက်ခဲလာတဲ့အတွက် ပင်လယ်ထဲကကျွန်းဆီကို သွားကြဖို့ ဆုံးဖြတ်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ အသေးစိတ်ကို VOA မြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အကြမ်းဖက်ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ မြန်မာနိုင်ငံ နိုင်ငံတကာတရားခုံရုံး ICJ မှာ တရားရင်ဆိုင်နေရတာ ဇန်နဝါရီလ ၂၃ရက်နေ့ကဆိုရင် တနှစ်တင်းတင်းပြည့်သွားပါပြီ။ ဒုက္ခသည်တွေအတွက် တရားမျှတမှုတွေ ဖော်ဆောင်နိုင်ပြီလား- သက်ဆိုင်တဲ့တာဝန်ရှိသူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို အလေးထားဆောင်ရွက်ပေးနိုင်ပါသလားဆိုတာကိုတော့ ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မတီအဖွဲ့ဝင်တဦးဖြစ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Religion for Peace) အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးအေးလွင်က အခုလိုသုံးသပ်ပါတယ်။

" အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးကနေ ဒီဖြစ်စဉ်ကြီးမှာ အင်မတန် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တွေဖြစ်ခဲ့ တယ်ဆိုတာ ပြောနေကြတယ်။ ပထမပိုင်းမှာတော့ ကျနော်တို့ဘက်က ဖုံးဖုံးဖိဖိလေးပဲ တုံ့ပြန်တယ်။ နောက်ပိုင်းမှာတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်တယ် အထူးသဖြင့် တပ်မတော်ဘက်ကဆိုရင် အထူးစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး စစ်ခုံရုံးနဲ့ စစ်လောက်အောင် အထောက်အထားတွေတွေ့ခဲ့တယ်ဆိုပြီး တခုပြီးတခုဖော်ထုတ်နေတယ်။ အဲ့တော့ ဒါက ဘာကိုပြသလဲဆိုရင် အဲ့ဒီ့မှာ အနိဌာရုံတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်လိုမှ အငြင်းပွားလို့မရဘူး။ဘယ်လောက်အတိုင်းအတာအထိဖြစ်ခဲ့လဲ စွပ်စွဲချက်တွေဟာ ပြင်းပြင်းထန်ထန် စွပ်စွဲလို့ရမလား ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ တရားဥပဒေခုံရုံးက သူ့ဥပဒေကြောင်းအရ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာကို ကျနော်ပြောချင်လဲဆိုတော့ ကမ္ဘာကိုသက်သေပြချင်ရင် ကျနော်တို့ မြန်မာပြည် ရခိုင်ပြည်နယ်မှာ မပြေးနိုင်ပဲနဲ့ ကျန်ခဲ့ရတဲ့သူတွေရဲ့ဘဝအခြေအနေ၊ သူတို့ကို ဘာတွေများ လုပ်ပေးနေသလဲ။ အဲ့တော့ မြေပြင်အခြေအနေမှာ တစုံတရာသောပြောင်းလဲမှု "အရွေ့လေး" ရှိခဲ့တယ်ဆိုရင် ထွက်ပြေးလာတဲ့ သူတွေမှာလည်း ယုံကြည်စိတ်ချမှုက နည်းနည်းလေး တက်လာမှာပေါ့လေ။ အဲ့တာလေးတော့ ကျနော် တကယ်အလေးအနက်ပြောချင်ပါတယ်။"

သိန်းချီထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်တဲ့အခါမှာလည်း ဒီဒုက္ခသည်တွေရဲ့တောင်းဆိုချက် သူတို့ဘဝတွေ အသက်တွေ အာမခံချက်ပေးနိုင်ဖို့အရေး ဒုက္ခသည်တွေရဲ့ အသံတွေကိုလည်းနားထောင်ပေးစေချင်တယ်လို့ ဦးအေးလွင်ကတိုက်တွန်းပါတယ်။

" မြန်မာနိုင်ငံအစိုးရရော ဘင်္ဂလားဒေ့ရှ်အစိုးရရော ကုလသမဂ္ဂရော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကရောက အားလုံးဝိုင်းဝန်းပြီး လုပ်နေကြတယ် ဆိုတာသိရလို့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ သို့သော် အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကာယကံရှင်တွေရဲ့အခန်းကဏ္ဍက ပျောက်နေပါတယ်ခင်ဗျ။ ကာယကံရှင်များရဲ့ဆန္ဒ ၊ ကာယကံရှင်များကို အရေးတယူမေးမြန်းပြီးတော့ ဘယ်လိုဆိုတာ ထိထိရောက်ရောက်မရှိဘူး။ သူတို့ရဲ့ Voices ပေါ့လေ Voice of the Voiceless အသံပျောက်နေသောသူများရဲ့ အသံကို နားထောင်ပေးပါ အဖြေက အဲ့ဒီ့မှာရှိပါတယ်လို့ ကျနော် အလေးအနက်ပြောချင်ပါတယ်ခင်ဗျာ။'

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေက တသန်းကျော်လာပြီး နေထိုင်စားသောက်ရေးအခက်အခဲဖြစ်လာတဲ့အပြင် နေရပ်ရင်းပြန်ဖို့ကလည်း မရေရာတဲ့အတွက် ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ပေးထားတဲ့ ပင်လယ်ထဲကကျွန်း ဘာဆန်ချာကျွန်းဆီကို ပြောင်းဖို့စဉ်းစားလိုက်ကြတယ်လို့ဘာလုခါလီ ဒုက္ခသည်စခန်း က ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ကပြောပါတယ်။

" ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးကရော ဆာနာမြို့နယ်ဒုက္ခသည်စခန်းတွေကရော ဘာဆန်ချာကျွန်းကို ဇန်နဝါရီလ ၂၇ရက်နေ့ မှာ လူဦးရေသုံးထောင်နီးပါးပြောင်းရွှေ့ဖို့အစီအစဉ်ရှိနေပါတယ်။ ဒုက္ခသည်တွေက ပြန်ဖို့ကလည်း လမ်းမမြင်တဲ့အတွက်ကြောင့်ရယ် ဒုက္ခသည်စခန်းတွေထဲမှာလည်း ပြေလည်မှုမရှိတဲ့အတွက် နေရေးထိုင်ရေး စားသောက်ရေး မျိုးစုံအခက်ကြုံနေရတဲ့အတွက် ဘာဆန်ချာကျွန်းပဲသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ကြတာတွေ့ရတယ်ခင်ဗျ။ ဒုက္ခသည်တွေက ရွေးစရာလမ်းလဲမရှိတဲ့အတွက်ကြောင့်ပါ။ ဒုက္ခသည်အကုန်လုံးက နိုင်ငံတကာခုံရုံး ICJ ကနေ တရားမျှတမှုရဖို့ စောင့်မျှော်နေကြတာ နောက် ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးကိုပဲ လိုလားနေကြတာပါ။"

ဒီရက်ပိုင်း တတိယအသုတ်ကျွန်းပြောင်းဖို့ လူစုခွဲနေရာချထားနိုင်ဖို့အရေး စခန်းတာဝန်ခံတွေ စီစဉ်နေကြတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်ကလည်းပြောပြပါတယ်။

"တတိယအသုတ်သွားကြဖို့ပြင်နေကြတယ်လို့ ကျနော်တို့ စခန်းတာဝန်ခံတွေဆီကနေ ကြားသိရတယ်။ စခန်းအဖွဲ့ခေါင်းဆောင်တွေမှာ စာရင်းတွေပေးသွင်းနေကြတယ်။ စာရင်းသွင်းထားတဲ့သူတွေကို ဘာဆန်ချာကျွန်းကိုခေါ်သွားဖို့ပြင်နေတယ်လို့ ကျနော်တို့သိရတယ်။"

ဇန်နဝါရီလ ၂၅ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံအလိုက်လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ UPR အစည်းအဝေးမှာ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုမျိုးနွယ်စုတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ စိုးရိမ်စရာ အခြေအနေ ရှိနေသေးတယ်ဆိုတာ ထောက်ပြခဲ့ကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို မသုံးနှုန်းတဲ့မြန်မာအစိုးရဘက်ကတော့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားလာရင် တုံ့ပြန်ကိုင်တွယ်ခဲ့သလို လုံခြုံရေးတာဝန်ရှိသူတွေ အပြစ်ကျူးလွန်မှုအပေါ်မှာလည်း ခုံရုံးဖွဲ့အရေးယူတာတွေရှိခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG