သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ တတိယအသုတ္ Bhasan Char ကၽြန္း ေျပာင္းေရႊ႕


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္မ်ား Bhasan Char သို႔ ေျပာင္းေရႊ႕တဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ဘဂၤလာေဒ့ရွ္အစိုးရအေနနဲ႔ ရိုဟင္ဂ်ာဒုကၡသည္ တတိယေျမာက္အုပ္စုကို ဘဂၤလားပင္လယ္ေအာ္ထဲက Bhasan Char ကၽြန္း စခန္းသစ္ကို ထပ္ပို႔လိုက္ပါၿပီ။

အခုလိုမပို႔ဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြ တားေနတဲ့အခ်ိန္မွာ ဘဂၤလားေဒ့ရွ္အစိုးရဘက္ကေတာ့ ဒီဒုကၡသည္ ၁,၀၀၀,၀၀၀ ေက်ာ္ကို ျမန္မာႏိုင္ငံျပန္ပို႔ဖို႔ ၾကိဳးပမ္းေနခ်ိန္ အခုေျပာင္းတဲ့ရည္ရြယ္ခ်က္က ဒုကၡသည္ေတြ ပိုေကာင္းတဲ့ အေျခအေနေအာက္မွာ ေနခြင့္ရဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီ အစီအစဥ္ေအာက္မွာ ဒုကၡသည္ေပါင္း ၁,၇၇၈ ဦးကို ေရတပ္သေဘၤာ ၄ စီးနဲ႔ စစ္တေကာင္းၿမိဳ႕ဆိပ္ကမ္းကေန ပို႔ေဆာင္ခဲ့တာလို႔လည္း ဘဂၤလားေဒ့ရွ္ ေရတပ္တပ္မွဴး Mohammad Mozammel Haque က ေျပာပါတယ္။

“က်ေနာ္တို႔အဖြဲ႔အေနနဲ႔ Bhasan Char ကၽြန္းမွာ အသင့္ျပင္ထားပါတယ္။ သူတို႔ ဒီေန႔ အဲ့ဒီကိုေရာက္ရင္ က်ေနာ္တို႔ ဆရာဝန္ေတြက စစ္ေဆးေပးမွာပါ။ သူတို႔အတြက္ အိမ္ေတြ၊ အခန္းေတြနဲ႔ အစစအရာရာ စီစဥ္ထားၿပီးပါၿပီ။ သူတို႔ သီးသန္႔အိမ္ေတြနဲ႔ ေနရမွာပါ။ ေနာက္ ရက္အနည္းငယ္အတြင္းမွာ ခ်က္ၿပီးသား အစားအေသာက္ေတြ ပို႔ေပးမွာပါ။ ေနာက္ရက္အနည္းငယ္ၾကာရင္ က်ေနာ္တို႔ နည္းစနစ္ေအာက္မွာ သူတို႔ကိုယ္တိုင္ ခ်က္ျပဳတ္စားၾကမွာပါ။ သူတို႔ လံုလံုၿခံဳၿခံဳနဲ႔ ဘဝသစ္ကို စႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။” လို႔ေျပာပါတယ္။

ဒါေပမဲ့ လူ႔အခြင့္အေရးအဖြဲ႔ေတြကေတာ့ ျပည္မဘက္ကေန ၂၁ မိုင္ေဝးတဲ့ ဒီ ကၽြန္းဟာ အဓိကအားျဖင့္အရင္တုန္းက လူမေနခဲ့တာအျပင္ ပံုမွန္ မိုးရာသီမွာ ေရႀကီးေလ့ရွိတာမို႔ တခ်ဳိ႕ဒုကၡသည္ေတြ မေျပာင္းခ်င္ဘဲ ဖိအားေပးေျပာင္းခံေနရတယ္လို႔ ေဝဖန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည် တတိယအသုတ် Bhasan Char ကျွန်း ပြောင်းရွှေ့

ဘင်္ဂလာဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည် တတိယမြောက်အုပ်စုကို ဘင်္ဂလားပင်လယ်အော်ထဲက Bhasan Char ကျွန်း စခန်းသစ်ကို ထပ်ပို့လိုက်ပါပြီ။

အခုလိုမပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တားနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ ဒီဒုက္ခသည် ၁,၀၀၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံပြန်ပို့ဖို့ ကြိုးပမ်းနေချိန် အခုပြောင်းတဲ့ရည်ရွယ်ချက်က ဒုက္ခသည်တွေ ပိုကောင်းတဲ့ အခြေအနေအောက်မှာ နေခွင့်ရဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ အစီအစဉ်အောက်မှာ ဒုက္ခသည်ပေါင်း ၁,၇၇၈ ဦးကို ရေတပ်သင်္ဘော ၄ စီးနဲ့ စစ်တကောင်းမြို့ဆိပ်ကမ်းကနေ ပို့ဆောင်ခဲ့တာလို့လည်း ဘင်္ဂလားဒေ့ရှ် ရေတပ်တပ်မှူး Mohammad Mozammel Haque က ပြောပါတယ်။

“ကျနော်တို့အဖွဲ့အနေနဲ့ Bhasan Char ကျွန်းမှာ အသင့်ပြင်ထားပါတယ်။ သူတို့ ဒီနေ့ အဲ့ဒီကိုရောက်ရင် ကျနော်တို့ ဆရာဝန်တွေက စစ်ဆေးပေးမှာပါ။ သူတို့အတွက် အိမ်တွေ၊ အခန်းတွေနဲ့ အစစအရာရာ စီစဉ်ထားပြီးပါပြီ။ သူတို့ သီးသန့်အိမ်တွေနဲ့ နေရမှာပါ။ နောက် ရက်အနည်းငယ်အတွင်းမှာ ချက်ပြီးသား အစားအသောက်တွေ ပို့ပေးမှာပါ။ နောက်ရက်အနည်းငယ်ကြာရင် ကျနော်တို့ နည်းစနစ်အောက်မှာ သူတို့ကိုယ်တိုင် ချက်ပြုတ်စားကြမှာပါ။ သူတို့ လုံလုံခြုံခြုံနဲ့ ဘဝသစ်ကို စနိုင်ဖို့ မျှော်လင့်ထားပါတယ်။” လို့ပြောပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြည်မဘက်ကနေ ၂၁ မိုင်ဝေးတဲ့ ဒီ ကျွန်းဟာ အဓိကအားဖြင့်အရင်တုန်းက လူမနေခဲ့တာအပြင် ပုံမှန် မိုးရာသီမှာ ရေကြီးလေ့ရှိတာမို့ တချို့ဒုက္ခသည်တွေ မပြောင်းချင်ဘဲ ဖိအားပေးပြောင်းခံနေရတယ်လို့ ဝေဖန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG