သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားမဝင္ ဝင္ေရာက္တဲ့ျမန္မာေတြကို တားျမစ္ဖို႔ အိႏၵိယျပည္ထဲေရး အမိန္႔ထုတ္


အိႏိၵယ-ျမန္မာနယ္စပ္ ျမင္ကြင္း။ (ဇန္နဝါရီ ၂၅၊ ၂၀၁၂)

[Zawgyi/Unicode]

အိႏိၵယအစိုးရရဲ႕ ျပည္ထဲေရးဝန္ၾကီးဌာနက နယ္စပ္အေျခစိုက္လက္နက္ကိုင္တပ္ဖဲြ႔ေတြကို ျမန္မာႏိုင္ငံသားေတြ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္လာမွာကို တားဆီးဖုိ႔အတြက္ အမိန္႔ထုတ္ျပန္ထားတဲ့အေျခအေနနဲ႔ ဒီအမိန္႔အေပၚ အိႏိၵယေရာက္ ျမန္မာေတြရဲ့ အျမင္ကို တင္ျပပါမယ္။

ျမန္မာႏိုင္ငံရဲ့ လက္ရိွ ႏိုင္ငံေရးအေျခအေနအရ ျမန္မာႏိုင္ငံက ရဲတပ္ဖဲြ႔၀င္အခ်ိဳ႕ အိႏိၵယႏိုင္ငံဘက္ကို တိမ္းေရွာင္ခိုလံႈတဲ့သတင္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ အိႏိၵယႏိုင္ငံ ဗဟိုအစိုးရရဲ့ ျပည္ထဲေရး၀န္ၾကီးဌာနက နယ္စပ္လႈပ္ရွား အာသံရိုင္ဖယ္ေခၚ အိႏိၵယလက္နက္ကိုင္တပ္ေတြကို ညႊန္ၾကားလုိက္တာပါ။

ဒီညႊန္ၾကားခ်က္မွာေတာ့ တရားဝင္ဗီဇာနဲ႔ ခရီးသြားလာခြင့္ မရိွတဲ့့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ အိႏိၵယနယ္ေျမကို လံုး၀ အဝင္မခံဖုိ႔ ပါရိွတာျဖစ္ပါတယ္။

ဒီညႊန္ၾကားခ်က္နဲ႔ပတ္သက္ၿပီး နယူးေဒလီၿမိဳ႕မွာ ဒုကၡသည္အျဖစ္ ေနထိုင္တဲ့ ျမန္မာႏိုင္ငံက ဦးညိဳထြန္းက သူ႔အျမင္ကို အခုလုိ ေျပာပါတယ္။

“က်ေနာ္ျမင္တာေတာ့ သူတို႔ကေတာ့ ရာဂ်စ္ဂႏၵီတုန္းကလုိ ျဖစ္မွာေတာ့ မဟုတ္ဘူး။ ဗဟိုအစိုးရက ဒီ ဘီေဂ်ပီ အစိုးရ တက္လာၿပီးကတည္းကိုကလည္း ေနာက္ထပ္ ဒုကၡသည္ေတြ ၀င္လာတာကို မၾကိဳက္ဖူးေပါ့ဗ်ာ။ ေလာေလာဆယ္ရွိေနတဲ့ ရိုဟင္ဂ်ာအပါအ၀င္ က်ေနာ္တုိ႔ေတာင္ ျပန္ပို႔ဖုိ႔ စဥ္းစားေနတာကိုး။ ေနာက္ထပ္ အမ်ားၾကီး ေရာက္လာမွာကို မလိုလားတဲ့ သေဘာရိွတယ္။ က်ေနာ္ျမင္တာကေတာ့ဗ်ာ... အဲဒီလို အၾကီးဆံုး ဒီမုိကေရစီႏိုင္ငံအေနနဲ႔ေရာ၊ အိမ္နီးခ်င္းႏိုင္ငံအေနနဲ႔ေရာ၊ လူသားခ်င္းစာနာတဲ့ ရႈေဒါင့္ကေနေရာ နည္းနည္းေတာ့ စဥ္းစားသင့္တယ္လုိ႔ ထင္တာပဲ။ ၀င္လာရင္ လံုး၀ၿပီး ပိတ္ထားတာမဟုတ္ဘဲ ယာယီအားျဖင့္ေတာ့ ခိုလႈံခြင့္ေပးဖုိ႔ေတာ့ လုိတယ္။”

၁၉၈၈ ခုႏွစ္ကေတာ့ ရာဂ်စ္ဂႏၵီဦးေဆာင္တဲ့ Congress I အစိုးရလက္ထက္ကေတာ့ အိႏိၵယႏိုင္ငံကို တိမ္းေရွာင္လာတာေတြ ရိွခဲ့တာပါ။ လက္ရိွမွာေတာ့ အိႏိၵယႏိုင္ငံမွာ BJP ပါတီက အာဏာရေနတာျဖစ္ပါတယ္။

နယူးေဒလီေရာက္ျမန္မာဒုကၡသည္ေတြအေနနဲ႔ကေတာ့ လက္ရိွ ျမန္မာႏိုင္ငံအေျခအေနနဲ႔႔ ပတ္သက္ၿပီး အိႏိၵယအစိုးရအေနနဲ႔ အခ်က္ ၄ ခ်က္ကိုေဆာင္ရြက္ေပးဖုိ႔ ေမတၱာရပ္ခံဖုိ႔ စီစဥ္ေနေၾကာင္းလည္း ဦးညိဳထြန္းက ဆက္ေျပာပါတယ္။

“အရင္တုန္းကေတာ့ ဆႏၵျပတယ္ဆုိရင္ေတာ့ ၀န္ၾကီးခ်ဳပ္ရံုးကို က်ေနာ္တို႔ ေတာင္းဆိုခ်က္ေတြ၊ statement ေတြ ပို႔တာေတာ့ ရိွတယ္။ က်ေနာ္တုိ႔ အဲဒီလုိမ်ိဳး စာပို႔ဖို႔ေတာ့ စဥ္းစားေနတယ္။ ေလာေလာဆယ္ စစ္အစိုးရ အာဏာသိမ္းထားတာကို မေထာက္ခံဖုိ႔ေပါ့။ ေနာက္တစ္ခုကေတာ့ က်န္တဲ့ ႏိုင္ငံၾကီးေတြလုိပဲ သူတုိ႔နဲ႔ ပူးေပါင္းေဆာင္ရြက္တာကို မလုပ္ဖုိ႔၊ ေနာက္တစ္ခုက စစ္ေရးနဲ႔႔ ပတ္သက္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္ေနတာေတြ၊ စစ္လက္နက္ပစၥည္း ေထာက္ပံ့ေနတာေတြ ရပ္ဆုိင္းထားဖုိ႔၊ ေနာက္ဆံုးကေတာ့ အထဲမွာ မေနႏိုင္လုိ႔ ထြက္ေျပးလာတဲ့သူေတြကို ခုိလႈံခြင့္ေပးဖုိ႔၊ အေထာက္အပံ့ ေပးဖုိ႔ ဆုိတာ အဓိက အဲဒီအခ်က္ေတြ က်ေနာ္တုိ႔ ေတာင္းဆုိမယ္လို႔.... ေတာင္းဆုိမယ္ဆုိတာထက္ ေမတၱာရပ္ခံဖို႔ စဥ္းစားထားတာပဲ။”

ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္နဲ႔ ဆက္စပ္ေနတဲ့ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကေတာ့ ျမန္မာဘက္ကေန အိႏၵိယဘက္ကို ထြက္ေျပးလာၾကသူေတြကို ယာယီ ခိုလံႈေရး ေဆာင္ရြက္ေပးသြားဖို႔ ရိွေနေၾကာင္း ျပည္နယ္အၾကီးအကဲ Zoramthanga ရိုက္တာ သတင္းဌာနကို ေျပာဆိုထားပါတယ္။

ျမန္မာႏိုင္ငံက ခ်င္းျပည္နယ္၊ စစ္ကိုင္းတုိင္းတို႔နဲ႔ ဆက္စပ္ေနတဲ့ မဏိပူရျပည္နယ္ရဲ့ အေျခအေနနဲ႔႔ပတ္သက္လုိ႔ေတာ့ မဏိပူရျပည္နယ္ ၿမိဳ ႔ေတာ္ အင္ဖာမွာ ေနထိုင္တဲ့ ကိုသိန္းက အခုလို သံုးသပ္ေျပာဆုိပါတယ္။

“မီဇိုရမ္နဲ႔ မတူတာက BJP အစိုးရပဲ မဏိပူမွာက။ ခုနက မီဇိုရမ္က်ေတာ့ MNF အစိုးရျဖစ္ေနတာ။ အဲဒီအတြက္ ဒီမွာက်ေတာ့ ဗဟိုအစိုးရရဲ့ ေပၚလစီကို နည္းနည္း ထိေရာက္ရမယ့္ သေဘာရိွတယ္။ အဲဒီ အစိုးရအေနနဲ႔ လက္မခံရင္လည္း ဒီက ဒီမုိကေရစီႏိုင္ငံျဖစ္တဲ့အတြက္ လူမ်ိဳးစုေတြက လက္ခံမယ္လုိ႔ ေျပာရင္လည္း လူမ်ိဳးစုေတြက သူ႔ ဧရိယာမွာ သူလက္ခံႏိုင္တယ္။”

အိႏိၵယႏိုင္ငံမွာ ဖဲြ႔စည္းပံုအေျခခံဥပေဒအရ ဗဟိုအစိုးရ၊ ျပည္နယ္အစိုးရဆုိၿပီး သတ္မွတ္ထားရာမွာ မဏိပူရျပည္နယ္က ဗဟိုအစိုးရနဲ႔ ပါတီတစ္ခုတည္းျဖစ္ၿပီး မီဇိုရမ္ကေတာ့ ပါတီမတူတာေၾကာင့္ ကဲြလဲြႏိုင္ေၾကာင္း၊ မဏိပူရျပည္နယ္က နယ္စပ္ဧရိယာေတြဟာ မီဇို၊ ဇိုမီး၊ ကူကီး စတဲ့ လူမ်ိဳးစုေတြ အမ်ားစုေနထိုင္တာေၾကာင့္ သူတို႔ရဲ့ ဆံုးျဖတ္ခ်က္က အဓိက က်ႏိုင္ေၾကာင္း ေျပာဆိုတာပါ။

အိႏိၵယႏိုင္ငံ နယူးေဒလီၿမိဳ႕မွာ ေလာေလာဆယ္ ျမန္မာႏိုင္ငံက တုိင္းရင္းသားဒုကၡသည္ ၃,၀၀၀ ေလာက္နဲ႔ ဂ်မူး၊ ကက္ရွ္မီးယားနဲ႔ ဟိုက္ဒရာဘတ္ စတဲ့ ျပည္နယ္ေတြမွာ ရိုဟင္ဂ်ာေခၚ ရခိုင္ျပည္နယ္က ဒုကၡသည္ ၂၀,၀၀၀ ေလာက္ ေနထိုင္ေနသလို နယ္စပ္ျပည္နယ္ေတြျဖစ္တဲ့ မီဇိုရမ္နဲ႔ မဏိပူရျပည္နယ္ေတြမွာလည္း ၁၉၈၈ ခုႏွစ္ ဒီမုိကေရစီေရးလႈပ္ရွားမႈအၿပီး ေရာက္ရိွေနထိုင္တဲ့ ေက်ာင္းသား မိသားစုေတြလည္း ရိွေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရားမဝင် ဝင်ရောက်တဲ့မြန်မာတွေကို တားမြစ်ဖို့ အိန္ဒိယပြည်ထဲရေး အမိန့်ထုတ်

အိန္ဒိယအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက နယ်စပ်အခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တွေကို မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှာကို တားဆီးဖို့အတွက် အမိန့်ထုတ်ပြန်ထားတဲ့အခြေအနေနဲ့ ဒီအမိန့်အပေါ် အိန္ဒိယရောက် မြန်မာတွေရဲ့ အမြင်ကို တင်ပြပါမယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်အချို့ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်ခိုလှုံတဲ့သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက နယ်စပ်လှုပ်ရှား အာသံရိုင်ဖယ်ခေါ် အိန္ဒိယလက်နက်ကိုင်တပ်တွေကို ညွှန်ကြားလိုက်တာပါ။

ဒီညွှန်ကြားချက်မှာတော့ တရားဝင်ဗီဇာနဲ့ ခရီးသွားလာခွင့် မရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိန္ဒိယနယ်မြေကို လုံး၀ အဝင်မခံဖို့ ပါရှိတာဖြစ်ပါတယ်။

ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး နယူးဒေလီမြို့မှာ ဒုက္ခသည်အဖြစ် နေထိုင်တဲ့ မြန်မာနိုင်ငံက ဦးညိုထွန်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျနော်မြင်တာတော့ သူတို့ကတော့ ရာဂျစ်ဂန္ဒီတုန်းကလို ဖြစ်မှာတော့ မဟုတ်ဘူး။ ဗဟိုအစိုးရက ဒီ ဘီဂျေပီ အစိုးရ တက်လာပြီးကတည်းကိုကလည်း နောက်ထပ် ဒုက္ခသည်တွေ ဝင်လာတာကို မကြိုက်ဖူးပေါ့ဗျာ။ လောလောဆယ်ရှိနေတဲ့ ရိုဟင်ဂျာအပါအဝင် ကျနော်တို့တောင် ပြန်ပို့ဖို့ စဉ်းစားနေတာကိုး။ နောက်ထပ် အများကြီး ရောက်လာမှာကို မလိုလားတဲ့ သဘောရှိတယ်။ ကျနော်မြင်တာကတော့ဗျာ... အဲဒီလို အကြီးဆုံး ဒီမိုကရေစီနိုင်ငံအနေနဲ့ရော၊ အိမ်နီးချင်းနိုင်ငံအနေနဲ့ရော၊ လူသားချင်းစာနာတဲ့ ရှုဒေါင့်ကနေရော နည်းနည်းတော့ စဉ်းစားသင့်တယ်လို့ ထင်တာပဲ။ ဝင်လာရင် လုံးဝပြီး ပိတ်ထားတာမဟုတ်ဘဲ ယာယီအားဖြင့်တော့ ခိုလှုံခွင့်ပေးဖို့တော့ လိုတယ်။”

၁၉၈၈ ခုနှစ်ကတော့ ရာဂျစ်ဂန္ဒီဦးဆောင်တဲ့ Congress I အစိုးရလက်ထက်ကတော့ အိန္ဒိယနိုင်ငံကို တိမ်းရှောင်လာတာတွေ ရှိခဲ့တာပါ။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာ BJP ပါတီက အာဏာရနေတာဖြစ်ပါတယ်။

နယူးဒေလီရောက်မြန်မာဒုက္ခသည်တွေအနေနဲ့ကတော့ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အချက် ၄ ချက်ကိုဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံဖို့ စီစဉ်နေကြောင်းလည်း ဦးညိုထွန်းက ဆက်ပြောပါတယ်။

“အရင်တုန်းကတော့ ဆန္ဒပြတယ်ဆိုရင်တော့ ဝန်ကြီးချုပ်ရုံးကို ကျနော်တို့ တောင်းဆိုချက်တွေ၊ statement တွေ ပို့တာတော့ ရှိတယ်။ ကျနော်တို့ အဲဒီလိုမျိုး စာပို့ဖို့တော့ စဉ်းစားနေတယ်။ လောလောဆယ် စစ်အစိုးရ အာဏာသိမ်းထားတာကို မထောက်ခံဖို့ပေါ့။ နောက်တစ်ခုကတော့ ကျန်တဲ့ နိုင်ငံကြီးတွေလိုပဲ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာကို မလုပ်ဖို့၊ နောက်တစ်ခုက စစ်ရေးနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာတွေ၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့နေတာတွေ ရပ်ဆိုင်းထားဖို့၊ နောက်ဆုံးကတော့ အထဲမှာ မနေနိုင်လို့ ထွက်ပြေးလာတဲ့သူတွေကို ခိုလှုံခွင့်ပေးဖို့၊ အထောက်အပံ့ ပေးဖို့ ဆိုတာ အဓိက အဲဒီအချက်တွေ ကျနော်တို့ တောင်းဆိုမယ်လို့၊ တောင်းဆိုမယ်ဆိုတာထက် မေတ္တာရပ်ခံဖို့ စဉ်းစားထားတာပဲ။”

မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကတော့ မြန်မာဘက်ကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာကြသူတွေကို ယာယီ ခိုလှုံရေး ဆောင်ရွက်ပေးသွားဖို့ ရှိနေကြောင်း ပြည်နယ်အကြီးအကဲ Zoramthanga ရိုက်တာ သတင်းဌာနကို ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ ဆက်စပ်နေတဲ့ မဏိပူရပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ မဏိပူရပြည်နယ် မြို့တော် အင်ဖာမှာ နေထိုင်တဲ့ ကိုသိန်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

“မီဇိုရမ်နဲ့ မတူတာက BJP အစိုးရပဲ မဏိပူမှာက။ ခုနက မီဇိုရမ်ကျတော့ MNF အစိုးရဖြစ်နေတာ။ အဲဒီအတွက် ဒီမှာကျတော့ ဗဟိုအစိုးရရဲ့ ပေါ်လစီကို နည်းနည်း ထိရောက်ရမယ့် သဘောရှိတယ်။ အဲဒီ အစိုးရအနေနဲ့ လက်မခံရင်လည်း ဒီက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် လူမျိုးစုတွေက လက်ခံမယ်လို့ ပြောရင်လည်း လူမျိုးစုတွေက သူ့ ဧရိယာမှာ သူလက်ခံနိုင်တယ်။”

အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရဆိုပြီး သတ်မှတ်ထားရာမှာ မဏိပူရပြည်နယ်က ဗဟိုအစိုးရနဲ့ ပါတီတစ်ခုတည်းဖြစ်ပြီး မီဇိုရမ်ကတော့ ပါတီမတူတာကြောင့် ကွဲလွဲနိုင်ကြောင်း၊ မဏိပူရပြည်နယ်က နယ်စပ်ဧရိယာတွေဟာ မီဇို၊ ဇိုမီး၊ ကူကီး စတဲ့ လူမျိုးစုတွေ အများစုနေထိုင်တာကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက်က အဓိက ကျနိုင်ကြောင်း ပြောဆိုတာပါ။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လောလောဆယ် မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည် ၃,၀၀၀ လောက်နဲ့ ဂျမူး၊ ကက်ရှ်မီးယားနဲ့ ဟိုက်ဒရာဘတ် စတဲ့ ပြည်နယ်တွေမှာ ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က ဒုက္ခသည် ၂၀,၀၀၀ လောက် နေထိုင်နေသလို နယ်စပ်ပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်နဲ့ မဏိပူရပြည်နယ်တွေမှာလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုအပြီး ရောက်ရှိနေထိုင်တဲ့ ကျောင်းသား မိသားစုတွေလည်း ရှိနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG