သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH အဖဲြ႔နဲ႔ အရင္ ၁၉၉၀ ေရြးေကာက္ပဲြ လႊတ္ေတာ္ကိုယ္စားလွယ္အဖဲြ႔ ဘာေတြကြာျခားလဲ


မွတ္တမ္းဓါတ္ပံု -၂၀၀၉ ၾသဂုတ္လ ၁၃ ရက္ေန႔တုန္းက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးဘိုလွတင့္ အင္ဒိုနီးရွား ဂ်ာကာတာတြင္ သတင္းစာရွင္းလင္းပြဲလုပ္

(Zawgyi/Unicode)

ေဖေဖၚဝါရီလ (၁)ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၀ ေ႐ြးေကာက္ပြဲရလာဒ္နဲ႔ဖြဲ႕စည္း ခဲ့တဲ့ CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ အေနနဲ႔ ႏိုင္ငံတကာနဲ႕ဆက္ဆံေဆာင္ရြက္ေနတဲ့ အခင္းအက်င္းနဲ႔ ၁၉၉၀ ေ႐ြးေကာက္ပြဲအၿပီး ဖြဲ႕စည္းခဲ့တဲ့ ျပည္ပေရာက္ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ရင္ဆိုင္ခဲ့ရတဲ့အေျခအေန ဘယ္လို ကြာျခားခ်က္ေတြရွိေနလဲ။

ျပည္ပအေျခစိုက္ ၁၉၉၀ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ ေျပာခြင့္ရ မိုးကုတ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးဘိုလွတင့္ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။။ ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ (၁) ရက္ေန႔က ျပည္ေထာင္စုလႊြတ္ေတာ္ ေခၚယူမယ့္ေန႔မွာ စစ္အာဏာသိမ္းလိုက္ပါတယ္။ အဲဒီအတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကေန CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ကိုဖြဲ႕စည္းၿပီး ယာယီဝန္ႀကီးေတြ၊ ယာယီဒုသမၼတ ခန႔္အပ္ၿပီး ေဆာင္႐ြက္ေနပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္က စစ္ေကာ္စီ သတင္းစာရွင္းလင္းပြဲမွာ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက CRPH ဆိုတာက အရင္ ၁၉၉၀ ေ႐ြးေကာက္ပြဲတုန္းကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြက CRPH လိုမ်ိဳး ဖြဲ႕စည္းခဲ့တယ္ေပါ့။ ဒါေပမဲ့လည္း တကယ္တမ္းၾကေတာ့ စစ္အစိုးရကပဲ အာဏာကို ရခဲ့တယ္ဆိုၿပီး ႏႈိင္းယွဥ္ၿပီး ေျပာသြားပါတယ္။ ဦးဘိုလွတင့္တို႔ တကယ္တမ္း ၁၉၉၀ ေ႐ြးေကာက္ပြဲ တုန္းက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လႈပ္ရွားခဲ့တဲ့ အေျခအေနနဲ႔ အခု CRPH ကလုပ္ကိုင္ေနတဲ့ အေျခအေနကို ႏႈိင္းယွဥ္ေျပာျပလို႔ ရမလား။

ဦးဘိုလွတင့္။ ။ အေျခအေနေတြေျပာရမယ္ဆိုရင္ အလြန္အင္မတန္ကြာျခားတယ္လို႔ ေျပာရမွာပါ။ ၁၉၉၀ ျပည့္ႏွစ္ ပတ္ဝန္းက်င္မွာတုန္းက စစ္အာဏာရွင္ေတြက အသာစီးရတဲ့ အေနအထားျဖစ္တယ္။ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ေခါင္းေဆာင္ေတြကို အၿမဲတမ္း ဖမ္းဆီးထိန္းသိမ္းထားတယ္။ ေရြးေကာက္ပဲြ မတိုင္ခင္မွာေကာ၊ ေရြးေကာက္ပဲြ ၿပီးတဲ့ေနာက္မွာေရာ ဆက္တိုက္ ဖမ္းဆီးထိန္းသိမ္းထားသလို အၿမဲတမ္း အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္ေတြကိုလည္း ထိန္းခ်ဳပ္ထားခဲ့တဲ့အတြက္ က်ေနာ္တို႔ အားလံုးသိခဲ့ၾကတဲ့ ဂႏၵီ ညီလာခံေတာင္မွ သူတို႔ ခြင့္ျပဳသေလာက္ပဲ လုပ္ခဲ့ရတဲ့ အေနအထား၊ ခ်ဳပ္ၿပီးေျပာရင္ သူတို႔ စစ္အာဏာရွင္ေတြက အသာစီးရခဲ့တဲ့ အေနအထားျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီကေန႔ အေနအထားမွာေတာ့ တကယ့္ ရဲရင့္ျပတ္သားတဲ့ သူရဲေကာင္းစိတ္ဓါတ္အျပည့္အ၀ရွိၾကတဲ့ မ်ဳိးဆက္သစ္လူငယ္ေတြ၊ ျပည္သူ႔၀န္ထမ္းအားလံုး ပါ၀င္တဲ့ CDM လႈပ္ရွားမႈႀကီးနဲ႔ တကြ ရဲရဲေတာက္စိတ္ဓါတ္နဲ႔ ဦးေဆာင္မႈေပးေနတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH အားလံုးက ျပတ္ျပတ္သားသားရွိတယ္။ ႏိုင္ငံကတာကို ထိထိေရာက္ေရာက္ တင္ျပႏိုင္စြမ္းရွိတယ္။ ကမၻာကလည္း ဒါကို သိေနတဲ့အေနအထား၊ ကုိယ့္ဘက္က အသာစီးရေနတဲ့ အေနအထားမွာရွိပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ အရင္အေျခအေနနဲ႔ အလြန္ကြာပါတယ္။ က်ေနာ္တို႔ တုန္းကဆိုရင္ ျပည္သူလူထုနဲ႔ မ်ဳိးဆက္သစ္ေတြ၊ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမွာက္လိုက္တဲ့ ကိုယ္စားလွယ္ေတြ အၿမဲတမ္း စိတ္ဓါတ္ရွိေနေပမဲ့၊ ဒီကေန႕ေခတ္မွာလို ျပည္တြင္းလႈပ္ရွားမႈ အေနအထားမွာေရာ၊ ႏိုင္ငံတကာက သိရွိၿပီးေတာ့ ေထာက္ခံအားေပးတဲ့ေနရာမွာေရာ အင္မတန္ ကြာဟပါတယ္။ ထူးျခားခ်က္တခုကလည္း ဦးေက်ာ္မိုးထြန္းလို ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး အေနနဲ႔ အျမင့္ဆံုး သံအရာရွိတေယာက္က ျပည္သူလူထုဘက္က ရဲရဲ၀င့္၀င့္ ရပ္ခဲ့တာမ်ဳိးဟာ အရင္တုန္းကေရာ၊ ေနာက္သမိုင္းမွာပါ ရွိဖို႔ အင္မတန္မွ ခဲယဥ္းတဲ့ ထူးျခားတဲ့ ျဖစ္စဥ္တခုလို႔ ေျပာရမွာပါ။

အင္ၾကင္းႏိုင္။။ အခုအေျခအေနက ၁၉၈၈ခုနွစ္ စစ္အာဏာသိမ္းတုန္းက ကုလသမဂၢမွာျဖစ္ခဲ့တဲ့ အခင္းအက်င္း အဲဒီတုန္းက ဦးဘိုလွတင့္တုိ႔ ကိုယ္တိုင္လည္း ျပည္ပေရာက္ ညြန္႔ေပါင္းအစိုးရအဖဲြ႔အေနနဲ႔ ရပ္တည္လႈပ္ရွားခဲ့ရတယ္။ အခု အာဏာသိမ္းတဲ့ အခ်ိန္မွာ ျပည္တြင္းမွာ CRPH ကေနၿပီး အမ်ဳိးသားညြန္႔ေပါင္းအစိုးရလိုမ်ဳိးဖဲြ႔ၿပီးေတာ့ သူတို႔လည္း လႈပ္ရွားေဆာင္ရြက္မယ့္ အေနအထားနဲ႔ဦးဘိုလွတင့္တို႔ လုပ္ေဆာင္ခဲ့တဲ့ အခင္းအက်င္းနဲ႔ ဘယ္လိုကြာျခားမႈေတြရွိလဲ။

ဦးဘိုလွတင့္။ ။ အရင္တုန္းက က်ေနာ္တို႔ဆီမွာက စစ္အာဏာရွင္ေတြရဲ႕ အထီးက်န္၀ါဒ က်င့္သံုးမႈ ၊ တိုင္းျပည္ကို ျပည္ပကိုလည္း ထြက္ခြင့္မေပးဘူး ၊ ျပည္ပက ႏိုင္ငံသူ ႏိုင္ငံသားေတြ ကမာၻသူ ကမာၻသားေတြကိုလည္း တိုင္းျပည္ကို လြတ္လြတ္လပ္လပ္ လာခြင့္မေပးတဲ့အခါမွာ က်ေနာ္တို႔ တိုင္းျပည္ဟာ အထီးက်န္ႏိုင္ငံမ်ိဳး ျဖစ္ခဲ့ပါတယ္။ ႏိုင္ငံတကာမွာ ျမန္မာႏိုင္ငံ ျမန္မာျပည္ဟာ ဘယ္မွာလဲလို႔ ေတာ္ေတ္ာေလး ႀကိဳးစားၿပီးမွ သိတဲ့အေနအထားမ်ိဳးရွိတယ္။ ဒီကေန႔မွာေတာ့ ဒီနည္းပညာရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈအရေရာ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ပကတိအေနအထားအရ ပြင့္လင္းလြတ္လပ္တဲ့ လူ႔အဖဲြ႔အစည္းကို လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္မွာ ေဆာင္ရြက္ႏိုင္ခဲ့တဲ့ အေျခအေန အားလံုးမွာေရာ လူငယ္ေတြရဲ႕ ကမာၻ႔နည္းပညာအားလံုးကို adopt လုပ္ၿပီးေတာ့ေပါ့ေနာ္ ျမန္ျမန္ဆန္ဆန္ သြက္သြက္လက္လက္ သတင္းမီဒီယာေတြကပါ တင္ျပႏိုင္တာေတြေရာ ရွိေနတဲ့အတြက္ ကမာၻက ဒီကေန႔ ျမန္မာႏိုင္ငံမွာ ဘာျဖစ္သလဲဆိုတာလည္း သိတယ္ ။ စစ္အာဏာရွင္ေတြက ဘယ္ေလာက္အထိ ယုတ္ၿပီးေတာ့ ၾကမ္းတမ္းရက္စက္တယ္ဆုိတာကိုလည္း ကမာၻက သိတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီကေန႔ အေျခအေန အရပ္ရပ္မွာေတာ့ အင္မတန္မွပဲ ကြာဟပါတယ္။ ဟိုတုန္းက က်ေနာ္တို႔ ႏိုင္ငံတကာကို သြားတဲ့အခါမွာ ျမန္မာႏိုင္ငံကို သိေအာင္လို႔ ေတာ္ေတ္ာေလး ရွင္းမွ ရတဲ့အေျခအေနမွာ အခုအခ်ိန္မွာဆိုရင္ေတာ့ ႏိုင္ငံတကာက မီဒီယာေတြကေနတဆင့္ပဲျဖစ္ျဖစ္ ေန႔စဥ္ေတြ႔ၾကံဳေနရတဲ့ အေျခအေနေတြေပၚမွာ ျမန္မာႏိုင္ငံမွာ ရွိေနတဲ့ အျဖစ္အပ်က္ေတြဟာ တကမာၻလံုးကို ရိုက္ခတ္ေနတာမ်ိဳး ျဖစ္ေနပါတယ္။

အင္ၾကင္းနိုင္။ ။ အခုဆိုရင္ ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူျပီးေနာက္ပိုင္း ရက္ (၄၀) ေက်ာ္ အတြင္းမွာ ျငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို စစ္တပ္ဘက္က ပစ္ခတ္ျဖိဳခြဲ နွိမ္နင္းတဲ့ အတြက္ေၾကာင့္ ကေလးနဲ ့အမ်ိဴးသမီးေတြအပါအ၀င္ လူေပါင္း ၁၃၈ ဦးထက္မနည္းေသဆံုးခဲ့ျပီးျပီဆိုျပီးေတာ့ ကုလသမဂၢဘက္က တနလၤာေန ့က ထုတ္ျပန္ေၾကညာပါတယ္။ အဲလိုအေနအထားမွာ ျမန္မာနိုင္မွာ ကုလသမဂၢ တပ္ေတြ R2P ၀င္လာဖို ့ဆိုျပီး ျပည္သူေတြက ေတာင္းဆိုထားပါတယ္။ ဒီလိုေတာင္းဆုိခ်က္ေတြနဲ ့ပတ္သက္ျပီးေတာ့ ျပိီးခဲ့တဲ့ သီတင္းပတ္ စစ္ေကာင္စီရဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာသြားတာကေတာ့ ျမန္မာနိုင္ငံမွာ R2P ၀င္ေလာက္တဲ့အထိ အေျခအေန မရွိဘူး ေပါ့ေနာ္။ အဲဒီအတြက္ သူတို ့ျမန္မာစစ္တပ္ဘက္ကလည္း R2P အတြက္လည္း ဘာမွ ျပင္ဆင္ထားတာမရွိဘူးဆိုျပီးေတာ့ R2P နဲ ့ပတ္သက္တဲ့ ေမးခြန္းကို တံု ့ျပန္ေျဖၾကားသြားပါတယ္။ ဆိုေတာ့ R2P နဲ ့ပတ္သက္လို ့ဦးဘိုလွတင့္ ရဲ့ အျမင္ ဘယ္လို ရွိပါသလဲရွင့္။

ဦးဘိုလွတင့္။ ။ က်ေနာ္တို ့နိုင္ငံရဲ့ နို္င္ငံေရး ပထ၀ီ၀င္အေနအထားေပါ့ေနာ္။ တရုတ္နိုင္ငံလို ဒီမိုကေရစီနဲ ့လူ ့အခြင့္အေရးကို ေလးစားမွုမရွိတဲ့ အင္အားၾကီးနိုင္ငံတနိုင္ငံရဲ့ အိမ္နီးနားခ်င္းျဖစ္ေနတာ၊ တျခားအဖြဲ ့၀င္နိုင္ငံေတြရဲ့ ၊ အိမ္နီးခ်င္းနိုင္ငံေတြရဲ့ အိမ္တြင္းေရးကို ၀င္ေရာက္မစြတ္ဖက္ေရးမူ non-interference policy လို ့ဆိုျပီးေတာ့မွ ယဥ္ေက်းမွု၊ စီးပြားေရးနဲ ့လူမွုေရးကိစၥေတြကိုသာ ပူးေပါင္းေဆာင္ရြက္တဲ့ အာဆီယံနိုင္ငံေတြရဲ့ အသင္း၀င္ျဖစ္ေနတာ၊ ဒီလိုအခ်က္ေတြဟာ က်ေနာ္တို ့နိုင္ငံရဲ့ ပထ၀ီ၀င္နိုင္ငံေရးအားနည္းခ်က္ေတြျဖစ္ပါတယ္။

နိုင္ငံတကာက ၀င္ေရာက္စြတ္ဖက္ဖို ့ဆိုတာက ကမၻာ့အင္အားၾကီးနိုင္ငံေတြရဲ့ Strategic Interests လို ့ေခၚတဲ့ မဟာဗ်ဴဟာေျမာက္ စိတ္၀င္စားမႈ အေနအထား ျမင့္ျမင့္မားမားရွိတဲ့ ေနရာမ်ိဴးလည္းျဖစ္ရမယ္။ ေနာက္ျပီးေတာ့ ဒီလို၀င္တဲ့အခါမွာလည္းပဲ အဲဒီတိုင္းျပည္ရဲ့ အခ်ိန္တို ့၊ ကုန္က်စားရိတ္တို ့ျမင့္ျမင့္မားမားမရွိပဲနဲ႕ ကူညီေပးလို ့ရတဲ့ အေနအထားမ်ိဴးမွာ ရွိတယ္ဆိုလို ့ရွိရင္ေတာ့ နိုင္ငံတကာမိသားစုဟာ ျမန္ျမန္ဆန္ဆန္ ၀င္ေလ့ရွိပါတယ္။ သို ့ေသာ္ က်ေနာ္တို ့ တုိင္းျပည္မွာကေတာ့ ခုနက တင္ျပတဲ့ အခ်က္ေတြအရ နိုင္ငံတကာဘက္က ေထာက္ခံအားေပးခ်င္တဲ့ ဒီတႏိုင္ငံခ်င္းရဲ့ စိတ္ဓာတ္ေတြ ထက္သန္ေပမယ့္လို ့ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ အဲဒီ တရုတ္တို ့၊ Russia တို ့ရဲ့ ဗီြတိုပါ၀ါသံုးနိုင္တဲ့ အျမဲတမ္းအဖြဲ ့၀င္ျဖစ္ေနတဲ့ အခ်က္တခ်က္က အျမဲတမ္း အဟန္ ့အတားျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္မို ့လို ့ တစ္အခ်က္ကေတာ့ ကုလသမဂၢရဲ႕ တရား၀င္ေပါ့ေနာ္၊ က်ေနာ္တို ့ authorized intervention လို ့ေခၚပါတယ္။ ဒီ R2P လို ့ပဲေျပာေျပာ၊ Humanitarian Intervention လို ့ပဲ ဆိုဆို၊ ကုလသမဂၢကေနျပီးေတာ့ နိုင္ငံတနိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ ျပည္သူလူထုရဲ့ ခံစားခ်က္ေတြ သိပ္ျပီးေတာ့ ၾကီးမားက်ယ္ျပန္ ့လာတယ္ဆိုလို ့ရွိရင္ ၀င္ျပီးေတာ့မွ ထိန္းထိန္းသိမ္းသိမ္းေဆာင္ရြက္ဖို ့အျမဲႀကိဳးစားေလ့ ရွိပါတယ္။ အဲလိုၾကိဳးစားတဲ့အခါမွာ နည္းလမ္းနွစ္လမ္းနဲ ့အျမဲတမ္းၾကိဳးစားပါတယ္။ တလမ္းကေတာ့ Authorized Intervention ဆိုတဲ့ ကမၻာ့ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ၁၅ နိုင္ငံရွိတဲ့အနက္ ၉ နိုင္ငံက ေထာက္ခံတယ္။ အဲဒီ ၉နိုင္ငံထဲမွာ အျမဲတမ္းအဖြဲ ့၀င္ ၅ နုိင္ငံကလည္း ပါတယ္ဆိုရင္ေတာ့ တရား၀င္ျပီးေတာ့ ေဆာင္ရြက္တဲ့ ကိစၥမ်ိဴးျဖစ္ပါတယ္။ ဒါေပမယ့္ Unauthorized Intervention လို ့ေခၚတဲ့ ကိုဆိုဗိုမွာ ေနတိုးက ၀င္ျပီးေဆာင္ရြက္သြားတာမ်ိဴး၊ အီရတ္ေျမာက္ပိုင္းမွာ အေမရိကန္နဲ ့ေနတိုးတို ့က ၀င္ျပီးေတာ့ ေဆာင္ရြက္သြားတာမ်ိဴးေတြက unauthorized intervention တရား၀င္ ကုလသမဂၢရဲ့ ခြင့္ျပဳခ်က္မရွိပဲနဲ ့၀င္ေရာက္ေဆာင္ရြက္တာမ်ိဴး၊ လံုေလာက္တဲ့ အေၾကာင္းျပခ်က္ကို ကိုယ့္ဟာကိုျပျပီးေတာ့ ၀င္ေရာက္ေဆာင္ရြက္တာေတြ ရွိပါတယ္။ ဒါေၾကာင့္မို ့ က်ေနာ္တို ့တိုင္းျပည္မွာ ကုလသမဂၢ R2P မရွိနိုင္ေပမယ့္လို ့အျခား ေသာနည္းလမ္းနဲ ့၊ က်ေနာ္တို ့ကို ေထာက္ခံအားေပးတဲ့ ဒီမိုကေရစီ နဲ ့လူ ့အခြင့္အေရးကို ထိပါးတာ၊ ေစာ္ကားတာကို မခံနိုင္တဲ့ နိုင္ငံတကာ မိသားစုရဲ့ ပူးေပါင္းေဆာင္ရြက္မႈနဲ ့၀င္ေရာက္ေဆာင္ရြက္မႈက မျဖစ္နိုင္ဘူးလို႔ ေျပာလို ့မရဘူးဆိုတာမ်ိဴးေတာ့ က်ေနာ္ေျပာခ်င္ပါတယ္။

ျပည္ပအေျခစိုက္ ၁၉၉၀ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ ေျပာခြင့္ရ မိုးကုတ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးဘိုလွတင့္ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.............

CRPH အဖွဲ့နဲ့ အရင် ၁၉ ၉ ၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဘာတွေကွာခြားလဲ

(Unicode)

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်နဲ့ဖွဲ့စည်း ခဲ့တဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံဆောင်ရွက်နေတဲ့ အခင်းအကျင်းနဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရင်ဆိုင်ခဲ့ရတဲ့အခြေအနေ ဘယ်လို ကွာခြားချက်တွေရှိနေလဲ။

ပြည်ပအခြေစိုက် ၁၉၉၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရ မိုးကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုလှတင့်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ပြည်ထောင်စုလွှွတ်တော် ခေါ်ယူမယ့်နေ့မှာ စစ်အာဏာသိမ်းလိုက်ပါတယ်။ အဲဒီအတွက် လွှတ်တော် ကိုယ်စားလှယ်တွေကနေ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကိုဖွဲ့စည်းပြီး ယာယီဝန်ကြီးတွေ၊ ယာယီဒုသမ္မတ ခန့်အပ်ပြီး ဆောင်ရွက်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်က စစ်ကော်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက CRPH ဆိုတာက အရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေက CRPH လိုမျိုး ဖွဲ့စည်းခဲ့တယ်ပေါ့။ ဒါပေမဲ့လည်း တကယ်တမ်းကြတော့ စစ်အစိုးရကပဲ အာဏာကို ရခဲ့တယ်ဆိုပြီး နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။ ဦးဘိုလှတင့်တို့ တကယ်တမ်း ၁၉၉၀ ရွေးကောက်ပွဲ တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ လှုပ်ရှားခဲ့တဲ့ အခြေအနေနဲ့ အခု CRPH ကလုပ်ကိုင်နေတဲ့ အခြေအနေကို နှိုင်းယှဉ်ပြောပြလို့ ရမလား။

ဦးဘိုလှတင့်။ ။ အခြေအနေတွေပြောရမယ်ဆိုရင် အလွန်အင်မတန်ကွာခြားတယ်လို့ ပြောရမှာပါ။ ၁၉၉၀ ပြည့်နှစ် ပတ်ဝန်းကျင်မှာတုန်းက စစ်အာဏာရှင်တွေက အသာစီးရတဲ့ အနေအထားဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို အမြဲတမ်း ဖမ်းဆီးထိန်းသိမ်းထားတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာကော၊ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာရော ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းထားသလို အမြဲတမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ထိန်းချုပ်ထားခဲ့တဲ့အတွက် ကျနော်တို့ အားလုံးသိခဲ့ကြတဲ့ ဂန္ဒီ ညီလာခံတောင်မှ သူတို့ ခွင့်ပြုသလောက်ပဲ လုပ်ခဲ့ရတဲ့ အနေအထား၊ ချုပ်ပြီးပြောရင် သူတို့ စစ်အာဏာရှင်တွေက အသာစီးရခဲ့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အနေအထားမှာတော့ တကယ့် ရဲရင့်ပြတ်သားတဲ့ သူရဲကောင်းစိတ်ဓါတ်အပြည့်အဝရှိကြတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ ပြည်သူ့ဝန်ထမ်းအားလုံး ပါဝင်တဲ့ CDM လှုပ်ရှားမှုကြီးနဲ့ တကွ ရဲရဲတောက်စိတ်ဓါတ်နဲ့ ဦးဆောင်မှုပေးနေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အားလုံးက ပြတ်ပြတ်သားသားရှိတယ်။ နိုင်ငံကတာကို ထိထိရောက်ရောက် တင်ပြနိုင်စွမ်းရှိတယ်။ ကမ္ဘာကလည်း ဒါကို သိနေတဲ့အနေအထား၊ ကိုယ့်ဘက်က အသာစီးရနေတဲ့ အနေအထားမှာရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အရင်အခြေအနေနဲ့ အလွန်ကွာပါတယ်။ ကျနော်တို့ တုန်းကဆိုရင် ပြည်သူလူထုနဲ့ မျိုးဆက်သစ်တွေ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ အမြဲတမ်း စိတ်ဓါတ်ရှိနေပေမဲ့၊ ဒီကနေ့ခေတ်မှာလို ပြည်တွင်းလှုပ်ရှားမှု အနေအထားမှာရော၊ နိုင်ငံတကာက သိရှိပြီးတော့ ထောက်ခံအားပေးတဲ့နေရာမှာရော အင်မတန် ကွာဟပါတယ်။ ထူးခြားချက်တခုကလည်း ဦးကျော်မိုးထွန်းလို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အနေနဲ့ အမြင့်ဆုံး သံအရာရှိတယောက်က ပြည်သူလူထုဘက်က ရဲရဲဝင့်ဝင့် ရပ်ခဲ့တာမျိုးဟာ အရင်တုန်းကရော၊ နောက်သမိုင်းမှာပါ ရှိဖို့ အင်မတန်မှ ခဲယဉ်းတဲ့ ထူးခြားတဲ့ ဖြစ်စဉ်တခုလို့ ပြောရမှာပါ။

အင်ကြင်းနိုင်။။ အခုအခြေအနေက ၁၉၈၈ခုနှစ် စစ်အာဏာသိမ်းတုန်းက ကုလသမဂ္ဂမှာဖြစ်ခဲ့တဲ့ အခင်းအကျင်း အဲဒီတုန်းက ဦးဘိုလှတင့်တို့ ကိုယ်တိုင်လည်း ပြည်ပရောက် ညွန့်ပေါင်းအစိုးရအဖွဲ့အနေနဲ့ ရပ်တည်လှုပ်ရှားခဲ့ရတယ်။ အခု အာဏာသိမ်းတဲ့ အချိန်မှာ ပြည်တွင်းမှာ CRPH ကနေပြီး အမျိုးသားညွန့်ပေါင်းအစိုးရလိုမျိုးဖွဲ့ပြီးတော့ သူတို့လည်း လှုပ်ရှားဆောင်ရွက်မယ့် အနေအထားနဲ့ဦးဘိုလှတင့်တို့ လုပ်ဆောင်ခဲ့တဲ့ အခင်းအကျင်းနဲ့ ဘယ်လိုကွာခြားမှုတွေရှိလဲ။

ဦးဘိုလှတင့်။ ။ အရင်တုန်းက ကျနော်တို့ဆီမှာက စစ်အာဏာရှင်တွေရဲ့ အထီးကျန်ဝါဒ ကျင့်သုံးမှု ၊ တိုင်းပြည်ကို ပြည်ပကိုလည်း ထွက်ခွင့်မပေးဘူး ၊ ပြည်ပက နိုင်ငံသူ နိုင်ငံသားတွေ ကမ္ဘာသူ ကမ္ဘာသားတွေကိုလည်း တိုင်းပြည်ကို လွတ်လွတ်လပ်လပ် လာခွင့်မပေးတဲ့အခါမှာ ကျနော်တို့ တိုင်းပြည်ဟာ အထီးကျန်နိုင်ငံမျိုး ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ မြန်မာနိုင်ငံ မြန်မာပြည်ဟာ ဘယ်မှာလဲလို့ တော်တေ်ာလေး ကြိုးစားပြီးမှ သိတဲ့အနေအထားမျိုးရှိတယ်။ ဒီကနေ့မှာတော့ ဒီနည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရရော မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိအနေအထားအရ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို လွန်ခဲ့တဲ့ ၅ နှစ်လောက်မှာ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေ အားလုံးမှာရော လူငယ်တွေရဲ့ ကမ္ဘာ့နည်းပညာအားလုံးကို adopt လုပ်ပြီးတော့ပေါ့နော် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် သတင်းမီဒီယာတွေကပါ တင်ပြနိုင်တာတွေရော ရှိနေတဲ့အတွက် ကမ္ဘာက ဒီကနေ့ မြန်မာနိုင်ငံမှာ ဘာဖြစ်သလဲဆိုတာလည်း သိတယ် ။ စစ်အာဏာရှင်တွေက ဘယ်လောက်အထိ ယုတ်ပြီးတော့ ကြမ်းတမ်းရက်စက်တယ်ဆိုတာကိုလည်း ကမ္ဘာက သိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ အခြေအနေ အရပ်ရပ်မှာတော့ အင်မတန်မှပဲ ကွာဟပါတယ်။ ဟိုတုန်းက ကျနော်တို့ နိုင်ငံတကာကို သွားတဲ့အခါမှာ မြန်မာနိုင်ငံကို သိအောင်လို့ တော်တေ်ာလေး ရှင်းမှ ရတဲ့အခြေအနေမှာ အခုအချိန်မှာဆိုရင်တော့ နိုင်ငံတကာက မီဒီယာတွေကနေတဆင့်ပဲဖြစ်ဖြစ် နေ့စဉ်တွေ့ကြုံနေရတဲ့ အခြေအနေတွေပေါ်မှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဖြစ်အပျက်တွေဟာ တကမ္ဘာလုံးကို ရိုက်ခတ်နေတာမျိုး ဖြစ်နေပါတယ်။

အင်ကြင်းနိုင်။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ရက် (၄၀) ကျော် အတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်ဘက်က ပစ်ခတ်ဖြိုခွဲ နှိမ်နင်းတဲ့ အတွက်ကြောင့် ကလေးနဲ့အမျိူးသမီးတွေအပါအဝင် လူပေါင်း ၁၃၈ ဦးထက်မနည်းသေဆုံးခဲ့ပြီးပြီဆိုပြီးတော့ ကုလသမဂ္ဂဘက်က တနင်္လာနေ့က ထုတ်ပြန်ကြေညာပါတယ်။ အဲလိုအနေအထားမှာ မြန်မာနိုင်မှာ ကုလသမဂ္ဂ တပ်တွေ R2P ဝင်လာဖို့ဆိုပြီး ပြည်သူတွေက တောင်းဆိုထားပါတယ်။ ဒီလိုတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတာကတော့ မြန်မာနိုင်ငံမှာ R2P ဝင်လောက်တဲ့အထိ အခြေအနေ မရှိဘူး ပေါ့နော်။ အဲဒီအတွက် သူတို့မြန်မာစစ်တပ်ဘက်ကလည်း R2P အတွက်လည်း ဘာမှ ပြင်ဆင်ထားတာမရှိဘူးဆိုပြီးတော့ R2P နဲ့ပတ်သက်တဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားသွားပါတယ်။ ဆိုတော့ R2P နဲ့ပတ်သက်လို့ဦးဘိုလှတင့် ရဲ့ အမြင် ဘယ်လို ရှိပါသလဲရှင့်။

ဦးဘိုလှတင့်။ ။ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး ပထဝီဝင်အနေအထားပေါ့နော်။ တရုတ်နိုင်ငံလို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လေးစားမှုမရှိတဲ့ အင်အားကြီးနိုင်ငံတနိုင်ငံရဲ့ အိမ်နီးနားချင်းဖြစ်နေတာ၊ တခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အိမ်တွင်းရေးကို ဝင်ရောက်မစွတ်ဖက်ရေးမူ non-interference policy လို့ဆိုပြီးတော့မှ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့လူမှုရေးကိစ္စတွေကိုသာ ပူးပေါင်းဆောင်ရွက်တဲ့ အာဆီယံနိုင်ငံတွေရဲ့ အသင်းဝင်ဖြစ်နေတာ၊ ဒီလိုအချက်တွေဟာ ကျနော်တို့နိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေးအားနည်းချက်တွေဖြစ်ပါတယ်။

နိုင်ငံတကာက ဝင်ရောက်စွတ်ဖက်ဖို့ဆိုတာက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ Strategic Interests လို့ခေါ်တဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု အနေအထား မြင့်မြင့်မားမားရှိတဲ့ နေရာမျိူးလည်းဖြစ်ရမယ်။ နောက်ပြီးတော့ ဒီလိုဝင်တဲ့အခါမှာလည်းပဲ အဲဒီတိုင်းပြည်ရဲ့ အချိန်တို့၊ ကုန်ကျစားရိတ်တို့မြင့်မြင့်မားမားမရှိပဲနဲ့ ကူညီပေးလို့ရတဲ့ အနေအထားမျိူးမှာ ရှိတယ်ဆိုလို့ရှိရင်တော့ နိုင်ငံတကာမိသားစုဟာ မြန်မြန်ဆန်ဆန် ဝင်လေ့ရှိပါတယ်။ သို့သော် ကျနော်တို့ တိုင်းပြည်မှာကတော့ ခုနက တင်ပြတဲ့ အချက်တွေအရ နိုင်ငံတကာဘက်က ထောက်ခံအားပေးချင်တဲ့ ဒီတနိုင်ငံချင်းရဲ့ စိတ်ဓာတ်တွေ ထက်သန်ပေမယ့်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဲဒီ တရုတ်တို့၊ Russia တို့ရဲ့ ဗွီတိုပါဝါသုံးနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်နေတဲ့ အချက်တချက်က အမြဲတမ်း အဟန့်အတားဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ တစ်အချက်ကတော့ ကုလသမဂ္ဂရဲ့ တရားဝင်ပေါ့နော်၊ ကျနော်တို့ authorized intervention လို့ခေါ်ပါတယ်။ ဒီ R2P လို့ပဲပြောပြော၊ Humanitarian Intervention လို့ပဲ ဆိုဆို၊ ကုလသမဂ္ဂကနေပြီးတော့ နိုင်ငံတနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ခံစားချက်တွေ သိပ်ပြီးတော့ ကြီးမားကျယ်ပြန့်လာတယ်ဆိုလို့ရှိရင် ဝင်ပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့အမြဲကြိုးစားလေ့ ရှိပါတယ်။ အဲလိုကြိုးစားတဲ့အခါမှာ နည်းလမ်းနှစ်လမ်းနဲ့အမြဲတမ်းကြိုးစားပါတယ်။ တလမ်းကတော့ Authorized Intervention ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၁၅ နိုင်ငံရှိတဲ့အနက် ၉ နိုင်ငံက ထောက်ခံတယ်။ အဲဒီ ၉နိုင်ငံထဲမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကလည်း ပါတယ်ဆိုရင်တော့ တရားဝင်ပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စမျိူးဖြစ်ပါတယ်။ ဒါပေမယ့် Unauthorized Intervention လို့ခေါ်တဲ့ ကိုဆိုဗိုမှာ နေတိုးက ဝင်ပြီးဆောင်ရွက်သွားတာမျိူး၊ အီရတ်မြောက်ပိုင်းမှာ အမေရိကန်နဲ့နေတိုးတို့က ဝင်ပြီးတော့ ဆောင်ရွက်သွားတာမျိူးတွေက unauthorized intervention တရားဝင် ကုလသမဂ္ဂရဲ့ ခွင့်ပြုချက်မရှိပဲနဲ့ဝင်ရောက်ဆောင်ရွက်တာမျိူး၊ လုံလောက်တဲ့ အကြောင်းပြချက်ကို ကိုယ့်ဟာကိုပြပြီးတော့ ဝင်ရောက်ဆောင်ရွက်တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တိုင်းပြည်မှာ ကုလသမဂ္ဂ R2P မရှိနိုင်ပေမယ့်လို့အခြား သောနည်းလမ်းနဲ့၊ ကျနော်တို့ကို ထောက်ခံအားပေးတဲ့ ဒီမိုကရေစီ နဲ့လူ့အခွင့်အရေးကို ထိပါးတာ၊ စော်ကားတာကို မခံနိုင်တဲ့ နိုင်ငံတကာ မိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဝင်ရောက်ဆောင်ရွက်မှုက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးဆိုတာမျိူးတော့ ကျနော်ပြောချင်ပါတယ်။

ပြည်ပအခြေစိုက် ၁၉၉၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရ မိုးကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုလှတင့်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG