သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြေတြမွာ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြေသဆံုးတဲ့အထိ အင္အားသံုးဖိႏွိပ္မႈ လက္ခံႏိုင္စရာမရွိ (UNFPA)


ေဖေဖာ္ဝါရီလ၉ရက္ေန႔ ေနျပည္ေတာ္က ဆႏၵျပပြဲၿဖိဳခြဲမႈအတြင္း ဦးေခါင္းကို ေသနတ္ထိမွန္ခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ အတြက္ ဆႏၵျပသူေတြ ဆုေတာင္းပြဲက်င္းပ (ေဖေဖာ္၀ါရီ၂၀ ရက္ ၂၀၂၁ )

(Zawgyi/Unicode)

ျမန္မာ့ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပြဲေတြ အတြင္း အင္အား အလြန္အကြ်ံသံုးသံုးၿပီး စစ္တပ္နဲ႔ လံုၿခံဳေရး တပ္ဖြဲ႔ေတြက ႏွိမ္နင္းေနတာနဲ႔ အတူပဲ က်ားမ ကြဲျပားမႈ အေပၚ အေျခခံတဲ႔ အၾကမ္းဖက္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ ထိပါး ေစာ္ကားမႈဆိုင္ရာ အစီရင္ခံခ်က္ေတြနဲ႔ စိုးရိမ္ စရာ ပိုမ်ားလာေၾကာင္း ကုလသမဂၢ လူဦးေရ ရန္ပံုေငြ အဖြဲ႔ရဲ႕ အမႈေဆာင္ ညႊန္ၾကားေရးမွဴးက တနလာၤေန႔မွာ ေျပာဆိုပါတယ္။

အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြကို ၿခိမ္းေျခာက္မႈ၊ ထိပါးေစာ္ကားမႈ၊ ေသဆံုးဒဏ္ရာ ရေစတဲ႔ အထိ အင္အားသံုးမႈ၊ အၾကမ္းဖက္မႈ မွန္သမွ်ဟာ လက္ခံႏုိင္စရာ မရွိဘူးလို႔လည္း ကုလသမဂၢ လူဦးေရ ရန္ပံုေငြ အဖြဲ႔ အမႈေဆာင္ ညႊန္ၾကားေရးမွဴးက ေျပာဆိုထားပါတယ္။

ဆက္ၿပီး ဖမ္းဆီး ခ်ဳပ္ေႏွာင္မႈဆိုင္ရာ သတင္းေတြ၊ ဖမ္းခံထားရသူေတြရဲ႕ အေျခအေန၊ ေနာက္ ျပည္သူ႔ ေဆးရံုေတြကို လံုၿခံဳေရး တပ္ဖြဲ႔ေတြ ၀င္ေရာက္ ေနရာယူတဲ႔ အေျခအေနေတြကို အထူးဘဲ စိုးရိမ္ေၾကာင္း UNFPA က ေျပာဆိုထားပါတယ္။

ျမန္မာ စစ္တပ္နဲ႔ လံုၿခံဳေရး တပ္ဖြဲ႔ေတြ အေနနဲ႔ ေနာက္ထပ္ အၾကမ္းဖက္မႈေတြ မျဖစ္ေအာင္ ခ်က္ခ်င္းဘဲ ထိန္းထိန္းသိမ္းသိမ္း ရွိဖို႔နဲ႔ ျမန္မာ အမ်ိဳးသမီးေတြ၊ လူငယ္ေတြရဲ႕ က်န္းမာေရးနဲ႔ လူ႔အခြင့္အေရး၊ အကာအကြယ္ေပးႏိုင္ေရးကို ဦးစားေပး ေဆာင္ရြက္ဖို႔လည္း ကုလသမဂၢ အဖြဲ႔ UNFPA က ေတာင္းဆိုထားပါတယ္။


............

စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေသေဆုံးတဲ့အထိ အင်အားသုံးဖိနှိပ်မှု လက်ခံနိုင်စရာမရှိ (UNFPA)

(Unicode)

မြန်မာ့ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အတွင်း အင်အား အလွန်အကျွံသုံးသုံးပြီး စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက နှိမ်နင်းနေတာနဲ့ အတူပဲ ကျားမ ကွဲပြားမှု အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုဆိုင်ရာ အစီရင်ခံချက်တွေနဲ့ စိုးရိမ် စရာ ပိုများလာကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက တနလာၤနေ့မှာ ပြောဆိုပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ခြိမ်းခြောက်မှု၊ ထိပါးစော်ကားမှု၊ သေဆုံးဒဏ်ရာ ရစေတဲ့ အထိ အင်အားသုံးမှု၊ အကြမ်းဖက်မှု မှန်သမျှဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။

ဆက်ပြီး ဖမ်းဆီး ချုပ်နှောင်မှုဆိုင်ရာ သတင်းတွေ၊ ဖမ်းခံထားရသူတွေရဲ့ အခြေအနေ၊ နောက် ပြည်သူ့ ဆေးရုံတွေကို လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက် နေရာယူတဲ့ အခြေအနေတွေကို အထူးဘဲ စိုးရိမ်ကြောင်း UNFPA က ပြောဆိုထားပါတယ်။ မြန်မာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်အောင် ချက်ချင်းဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိဖို့နဲ့ မြန်မာ အမျိုးသမီးတွေ၊ လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး၊ အကာအကွယ်ပေးနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂ အဖွဲ့ UNFPA က တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG