သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုလ္ဘိုင္း အင္တာနက္ ဆက္သြယ္မႈ စစ္ေကာင္စီ ျဖတ္ေတာက္


မွတ္တမ္းဓါတ္ပံု ၂၀၁၉ စက္တင္ဘာ ၂၂ ရက္ေန႔က မုိဘိုင္းဖုန္း သံုးေနသူ တဦး

(Zawgyi/Unicode)

စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပြဲေတြ ေန႔ေရာ ညပါ ပံုစံမ်ိဳးစံုနဲ႔ ဆင္ႏႊဲလာခ်ိန္မွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ညပိုင္းမွာ ပုန္းေအာင္း ၿဖိဳခြင္းမႈေတြ ရွိလာေနပါတယ္။ တနလာၤေန႔ ညပိုင္း သပိတ္ဆင္းႏႊဲဖို႔ ျပင္ဆင္ၾကတဲ႔ လွည္းတန္းက ဆႏၵျပသူေတြကို လံုၿခံဳေရး အဖြဲ႔ေတြက ညဦးပိုင္းကေန ညပိုင္း အထိ သံုးႀကိမ္ ပစ္ခတ္ခဲ႔တယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ဗီြအိုေအကို ေျပာပါတယ္။

ဆႏၵျပပြဲေတြရဲ႕ အခ်က္အခ်ာ ေနရာ တခု ျဖစ္တဲ႔ လွည္းတန္းလမ္းဆံုမွာ တနလာၤေန႔ ညက လံုၿခံဳေရး တပ္ဖြဲ႔ ေတြရဲ႕ ကားေတြ မ၀င္ႏုိင္ေအာင္ သဲအိတ္ေတြ ရရာ ပစၥည္းေတြနဲ႔ ေဒသခံေတြ ပိတ္ဆို႔ခဲ႔သလို လမ္းေပၚမွာ မီးေတာက္ေတြလည္း ေတြ႔ရပါတယ္။

လံုၿခံဳေရး တပ္ဖြဲ႔ေတြက လမ္းေပၚမွာ ပစ္ခတ္သံေတြၾကားရခ်ိန္မွာဘဲ ရပ္ကြက္ေန ျပည္သူေတြက မီးေတြ ပိတ္ၿပီး ဆႏၵျပ ေၾကြးေၾကာ္ခဲ႔ၾကပါတယ္။ ညစဥ္ ရွိေနတဲ႔ ထိုင္သပိတ္ ဆင္ႏႊဲမႈကိုေတာ့ တနလာၤေန႔ ညမွာ မေတြ႔ရပါဘူး။ တခ်ိန္တည္းမွာဘဲ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားတဲ႔ လိႈင္သာယာနဲ႔ ေရႊျပည္သာဘက္ကို ဦးတည္ၿပီး စစ္ကား ဒါဇင္နဲ႔ခ်ီ ေမာင္းႏွင္သြားတာကိုလည္း ညေနပိုင္းမွာ ေတြ႔ရပါတယ္။

“နည္းတာမဟုတ္ဘူး ကား ၆ စီး ၊၇ စီး ၊၁၀ စီး၊ ေတာ္ေတာ္မ်ားတယ္။”

တနဂၤေႏြေန႔က လိႈင္သာယာက ဆႏၵျပပြဲေတြကို က်ည္အစစ္သံုးၿပီး စစ္တပ္နဲ႔ ရဲက ပစ္ခတ္တာေၾကာင့္ ဆႏၵျပပြဲေတြ အတြင္း အေသအေပ်ာက္ အမ်ားဆံုးေန႔ ျဖစ္ခဲ႔ေပမယ့္လည္း တနလာၤေန႔မွာ ႏုိင္ငံတ၀န္း လမ္းေပၚထြက္ ဆႏၵျပခဲ႔ၾကပါတယ္။ တနလာၤေန႔မွာ ႏုိင္ငံတ၀န္း ဆႏၵျပပြဲေတြ အတြင္း ေသဆံုးရသူ ၁၁ ဦး ရွိခဲ႔ပါတယ္။

ႏုိင္ငံတ၀န္း ဆႏၵျပပြဲေတြမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ဘက္က က်ည္အစစ္သံုး ပစ္ခတ္မႈ၊ အင္အားသံုး ႏွိမ္နင္းမႈေတြက သတင္းမီဒီယာေတြမွာေရာ ျပည္သူေတြဘက္က လူမႈ ကြန္ရက္ မီဒီယာ Facebook က တိုက္ရိုက္ ထုတ္လႊင့္ ျပသမႈေတြ အထင္အရွားေတြ႔ျမင္ေနၾကရတာပါ။

အာဏာသိမ္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီက ျပည္တြင္း အေျခစိုက္ သတင္းမီဒီယာေတြကို ထုတ္ေ၀ခြင့္ပိတ္ပင္၊ သတင္းသမားေတြကုိ ပစ္မွတ္ထား ဖမ္းဆီးမႈေတြေၾကာင့္ သတင္းထုတ္လႊင့္မႈမွာ အတားအဆီး ျဖစ္ခဲ႔ပါတယ္။ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကေတာ့ အင္တာနက္ ဆက္သြယ္မႈကိုလည္း ပံုစံမ်ိဳးစံုနဲ႔ ပိတ္ပင္ခဲ႔ပါတယ္။ တနလာၤေန႔ ျဖစ္ထြန္းမႈ တခုကေတာ့ မိုလ္ဘိုင္း အင္တာနက္ ဆက္သြယ္မႈကို စစ္တပ္ အုပ္ခ်ဳပ္ေရးေကာင္စီက ပိတ္ပင္ခဲ႔တာပါ။

တိုက္႐ိုက္ လင့္ခ္


............

မိုလ်ဘိုင်း အင်တာနက် ဆက်သွယ်မှု စစ်ကောင်စီ ဖြတ်တောက်

(Unicode)

စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့ရော ညပါ ပုံစံမျိုးစုံနဲ့ ဆင်နွှဲလာချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ညပိုင်းမှာ ပုန်းအောင်း ဖြိုခွင်းမှုတွေ ရှိလာနေပါတယ်။ တနလာၤနေ့ ညပိုင်း သပိတ်ဆင်းနွှဲဖို့ ပြင်ဆင်ကြတဲ့ လှည်းတန်းက ဆန္ဒပြသူတွေကို လုံခြုံရေး အဖွဲ့တွေက ညဦးပိုင်းကနေ ညပိုင်း အထိ သုံးကြိမ် ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။

ဆန္ဒပြပွဲတွေရဲ့ အချက်အချာ နေရာ တခု ဖြစ်တဲ့ လှည်းတန်းလမ်းဆုံမှာ တနလာၤနေ့ ညက လုံခြုံရေး တပ်ဖွဲ့ တွေရဲ့ ကားတွေ မဝင်နိုင်အောင် သဲအိတ်တွေ ရရာ ပစ္စည်းတွေနဲ့ ဒေသခံတွေ ပိတ်ဆို့ခဲ့သလို လမ်းပေါ်မှာ မီးတောက်တွေလည်း တွေ့ရပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက လမ်းပေါ်မှာ ပစ်ခတ်သံတွေကြားရချိန်မှာဘဲ ရပ်ကွက်နေ ပြည်သူတွေက မီးတွေ ပိတ်ပြီး ဆန္ဒပြ ကြွေးကြော်ခဲ့ကြပါတယ်။ ညစဉ် ရှိနေတဲ့ ထိုင်သပိတ် ဆင်နွှဲမှုကိုတော့ တနလာၤနေ့ ညမှာ မတွေ့ရပါဘူး။ တချိန်တည်းမှာဘဲ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာဘက်ကို ဦးတည်ပြီး စစ်ကား ဒါဇင်နဲ့ချီ မောင်းနှင်သွားတာကိုလည်း ညနေပိုင်းမှာ တွေ့ရပါတယ်။

“နည်းတာမဟုတ်ဘူး ကား ၆ စီး ၊၇ စီး ၊၁၀ စီး၊ တော်တော်များတယ်။”

တနင်္ဂနွေနေ့က လှိုင်သာယာက ဆန္ဒပြပွဲတွေကို ကျည်အစစ်သုံးပြီး စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် ဆန္ဒပြပွဲတွေ အတွင်း အသေအပျောက် အများဆုံးနေ့ ဖြစ်ခဲ့ပေမယ့်လည်း တနလာၤနေ့မှာ နိုင်ငံတဝန်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ တနလာၤနေ့မှာ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်း သေဆုံးရသူ ၁၁ ဦး ရှိခဲ့ပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဘက်က ကျည်အစစ်သုံး ပစ်ခတ်မှု၊ အင်အားသုံး နှိမ်နင်းမှုတွေက သတင်းမီဒီယာတွေမှာရော ပြည်သူတွေဘက်က လူမှု ကွန်ရက် မီဒီယာ Facebook က တိုက်ရိုက် ထုတ်လွှင့် ပြသမှုတွေ အထင်အရှားတွေ့မြင်နေကြရတာပါ။

အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီက ပြည်တွင်း အခြေစိုက် သတင်းမီဒီယာတွေကို ထုတ်ဝေခွင့်ပိတ်ပင်၊ သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေကြောင့် သတင်းထုတ်လွှင့်မှုမှာ အတားအဆီး ဖြစ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ အင်တာနက် ဆက်သွယ်မှုကိုလည်း ပုံစံမျိုးစုံနဲ့ ပိတ်ပင်ခဲ့ပါတယ်။ တနလာၤနေ့ ဖြစ်ထွန်းမှု တခုကတော့ မိုလ်ဘိုင်း အင်တာနက် ဆက်သွယ်မှုကို စစ်တပ် အုပ်ချုပ်ရေးကောင်စီက ပိတ်ပင်ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG