[Zawgyi/Unicode]
အာရွအေရွ႕ေျမာက္ပိုင္းခရီးစဥ္ထြက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးတို႔ႏွစ္ဦး ေတာင္ကိုရီယားႏိုင္ငံကို ေရာက္ရွိေနပါၿပီ။ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ေတာင္ကိုရီးယား ႏိုင္ငံျခားေရး ဝန္ႀကီး Chung Eui-yong နဲ႔ ဒီေန႔ ေတြ႔ဆုံပါတယ္။
ဒီမတိုင္ခင္ ဂ်ပန္ႏိုင္ငံမွာရွိေနစဥ္အတြင္း အေမရိကန္-ဂ်ပန္ပူးတဲြေၾကညာခ်က္ထုတ္ျပန္ရာမွာေတာ့တရုတ္ရဲ့ အတင္းအၾကပ္ဖိအားေပးမႈနဲ႔ တင္းမာလာမႈေတြအေပၚ အေမရိကန္ဘက္က တံု႔ျပန္သြားမယ္လို႔ အေမရိကန္ႏိ္ုင္ငံျခားေရး၀န္ႀကီး Blinken က သတိေပးခဲ့ပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ကာကြယ္ေရးဝန္ႀကီး Lloyd Austin တို႔အေနနဲ႔ ဒီေန႔အေစာပိုင္းမွာ ဂ်ပန္ကေနထြက္ခြာခဲ့ၾကတာပါ။ ဒီ့မတိုင္ခင္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi နဲ႔ ကာကြယ္ေရးဝန္ႀကီး Nobuo Kishi တို႔နဲ႔ေတြ႔ၿပီး၊ TPP ေခၚ ပစိဖိတ္တလႊားမဟာမိတ္ျဖစ္မႈကို ထပ္ေလာင္းအတည္ျပဳခဲ့ၾကပါတယ္။
တရုတ္ရဲ့ ပိုမိုတင္းမာစြက္ဖက္လာမႈနဲ႔ ေျမာက္ကိုရီးယားရဲ႕ ပိုမိုရန္လိုလာမႈေတြႀကံဳလာခ်ိန္မွာ၊ ႏွစ္ဘက္ထိပ္ပိုင္းဝန္ႀကီး ႏွစ္ ဦးေပါင္းၿပီးေတြ႔ဆံုတဲ့ “two-Plus-two" ေခၚ အစည္းအေဝးက်င္းပၿပီး တရုတ္အေနနဲ႔ အတင္းအၾကပ္ဖိအားေပး၊ တင္းမာလာလွ်င္၊ သမၼတ Joe Biden အစိုးရအေနနဲ႔ တန္ျပန္တြန္းထုတ္သြားမယ္လို႔ ကတိျပဳေၾကာင္း ပူးတြဲေၾကညာခ်က္ပါထုတ္ခဲ့ပါတယ္။
ဒီမတိုင္ခင္ အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ့ သီးသန္႔ေတြ႔ဆံုမႈ မစခင္ေလးမွာလည္း Blinken က အေမရိကန္နဲ႔ ဂ်ပန္အစိုးရေတြအေနနဲ႔ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒစိုးမိုးေရးေတြအေပၚ ယံုၾကည္ထားတယ္။ ဒါေပမဲ့ ဒီ စံတန္ဖိုးေတြကို တရုတ္အျပင္ ျမန္မာမွာပါ အာရွေဒသထဲ အျခိမ္းေျခာက္ခံေနရတယ္လို႔ ေဝဖန္ခဲ့ပါတယ္။
အဲဒီေနာက္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Motegi ကလည္း တရုတ္ရဲ့ အေရွ႕နဲ႔ေတာင္တရုတ္ပင္လယ္တြင္း လက္ရွိအေျခအေနကို ေျပာင္းဖို႔ စစ္ေရးခ်ဲ႕ထြင္လာမႈေတြကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔အတူ ဆန္႔က်င္တယ္လို႔ေျပာခဲ့ပါတယ္။
ဒီအေပၚ တရုတ္ႏိုင္ငံျခားေရးေျပာခြင့္ရ Zhao Lijian ကေတာ့၊ ဂ်ပန္-အေမရိကန္ဆက္ဆံေရးက ေနာက္တစ္ႏိုင္ငံကို ပစ္မွတ္ထားတာနဲ႔ အက်ိဳးစီးပြားနစ္နာေစတာမ်ိဳး မျဖစ္သင့္ဘူး။ ညီညီညြတ္ညြတ္ ပူးေပါင္းေဆာင္ရြက္ဖို႔သာ အေထာက္အကူျပဳသင့္တယ္လို႔ ျပန္ေျပာခဲ့ပါတယ္။
[Unicode Version]
ကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ တောင်ကိုရီးယားရောက်ရှိ
အာရှအရှေ့မြောက်ပိုင်းခရီးစဉ်ထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နှစ်ဦး တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေပါပြီ။ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Chung Eui-yong နဲ့ ဒီနေ့ တွေ့ဆုံပါတယ်။
ဒီမတိုင်ခင် ဂျပန်နိုင်ငံမှာရှိနေစဉ်အတွင်း အမေရိကန်-ဂျပန်ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာတော့တရုတ်ရဲ့ အတင်းအကြပ်ဖိအားပေးမှုနဲ့ တင်းမာလာမှုတွေအပေါ် အမေရိကန်ဘက်က တုံ့ပြန်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က သတိပေးခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့အနေနဲ့ ဒီနေ့အစောပိုင်းမှာ ဂျပန်ကနေထွက်ခွာခဲ့ကြတာပါ။ ဒီ့မတိုင်ခင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့တွေ့ပြီး၊ TPP ခေါ် ပစိဖိတ်တလွှားမဟာမိတ်ဖြစ်မှုကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
တရုတ်ရဲ့ ပိုမိုတင်းမာစွက်ဖက်လာမှုနဲ့ မြောက်ကိုရီးယားရဲ့ ပိုမိုရန်လိုလာမှုတွေကြုံလာချိန်မှာ၊ နှစ်ဘက်ထိပ်ပိုင်းဝန်ကြီး နှစ် ဦးပေါင်းပြီးတွေ့ဆုံတဲ့ “two-Plus-two" ခေါ် အစည်းအဝေးကျင်းပပြီး တရုတ်အနေနဲ့ အတင်းအကြပ်ဖိအားပေး၊ တင်းမာလာလျှင်၊ သမ္မတ Joe Biden အစိုးရအနေနဲ့ တန်ပြန်တွန်းထုတ်သွားမယ်လို့ ကတိပြုကြောင်း ပူးတွဲကြေညာချက်ပါထုတ်ခဲ့ပါတယ်။
ဒီမတိုင်ခင် အမေရိကန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်တွေ့ဆုံမှု မစခင်လေးမှာလည်း Blinken က အမေရိကန်နဲ့ ဂျပန်အစိုးရတွေအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေအပေါ် ယုံကြည်ထားတယ်။ ဒါပေမဲ့ ဒီ စံတန်ဖိုးတွေကို တရုတ်အပြင် မြန်မာမှာပါ အာရှဒေသထဲ အခြိမ်းခြောက်ခံနေရတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အဲဒီနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi ကလည်း တရုတ်ရဲ့ အရှေ့နဲ့တောင်တရုတ်ပင်လယ်တွင်း လက်ရှိအခြေအနေကို ပြောင်းဖို့ စစ်ရေးချဲ့ထွင်လာမှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဆန့်ကျင်တယ်လို့ပြောခဲ့ပါတယ်။
ဒီအပေါ် တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Zhao Lijian ကတော့၊ ဂျပန်-အမေရိကန်ဆက်ဆံရေးက နောက်တစ်နိုင်ငံကို ပစ်မှတ်ထားတာနဲ့ အကျိုးစီးပွားနစ်နာစေတာမျိုး မဖြစ်သင့်ဘူး။ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့သာ အထောက်အကူပြုသင့်တယ်လို့ ပြန်ပြောခဲ့ပါတယ်။